မင်္ဂလာပါခင်ဗျာ ။
၂၃.၁၀.၂၀၁၁ တနင်္ဂနွေ နေ့ ဘောလုံးပွဲတွေ အကြောင်း ရေးပါမယ် ။
ပွဲချိန်တွေ နဲ့ အသင်းတွေကတော့
၇:၀၀ အာဆင်နယ်  –  စတုတ်
။      ဖူဟမ်  –  အဲဗာတန်
။      မန်ယူ  –  မန်စီးတီး
၈:၃၀  ဘလက်ဘန်း  –  စပါး
၉:၃၀  ကျူပီအာ  –  ချဲဆီး
၅:၀၀ လက်ချီ  –  အေစီ
၇:၃၀  ကယ်ဂလီရာရီ  –  နာပိုလီ
။       အင်တာ  –  ချီယေဗို
။       ပါးမား  –  အတ်တလန်တာ
။       ရိုးမား  –  ပါလာမို
။       ဆီနာ  –  စီဆီနာ
။       အူဒီနီး  –  နိုဗာရာ
၁:၁၅  ဘိုလော့နာ  –  လာဇီယို
၎:၃၀  ဘက်တစ်  –  ဗယ်လကာနို
၈:၃၀  ဆိုစီဒက်  –  ဂီတာဖေး
၁၀:၃၀  အိုဆာစူနာ  –  ဇာရာဂိုဇာ
။         အသလက်တီကို  –  မာယော့ကာ
၀၀:၃၀  ဗလင်စီယာ  –  ဘီဘာအို
၂:၃၀  ဗီလာရီးရဲ  –  လီဗန်တေး
မနေ့ က ကျွန်တော် သုံးပွဲ ခန့် မှန်းရာမှ သုံးပွဲလုံး ရှုံးပါတယ် ။
ဒီနေ့ တနင်္ဂနွေ ပွဲစဉ်တွေ ထဲက အကောင်းဆုံး ဖြစ်မယ် ထင်တဲ့ ၃ ပွဲကို ခန့် မှန်းကြည့်ရာမှာ
ပါးမား (၁၁)  –  အတ်တလန်တာ(၁၅)
ပါးမားအသင်းဟာ ၆ပွဲကစားအပြီး ၃ ပွဲနိုင် ၊ ၃ ပွဲရှုံး ရမှတ် ၉ မှတ် နဲ့ အဆင့် ၁၁ ပါ ။
အတ်တလန်တာ အသင်းကတော့ ၆ ပွဲကစားအပြီး ၃ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၁ ပွဲအရှုံး နဲ့  ရမှတ် ၅ မှတ်ရရှိထားပါတယ် ။ အမှန်က ၁၁ မှတ် ရရှိရမှာပါ ။
ပြီးခဲ့တဲ့ ရာသီ က ပြစ်ဒဏ်ကြောင့် အမှတ်လျှော့ ခံထားရလို့ ပါ ။
ပါးမားအသင်းဟာ ပြီးခဲ့တဲ့ အပတ်ပွဲစဉ်မှာ နာပိုလီ အသင်းကို ၂-၁ နဲ့ နိုင်ထားပြီး အတ်တလန်တာ အသင်းကတော့ အူဒီနီး အသင်းကို ၀-၀ သရေကျထားပါတယ် ။
နှစ်သင်းစလုံး ခြေစွမ်းပြနေကြပေမယ့် ၊ အနိုင်ရယူလိုစိတ်မှာ အတ်တလန်တာ အသင်းက ပိုတာမို့ ၊ အတ်တလန်တာ အသင်းကို ပဲ အားပေးပါမယ် ။
——————-xxx——————-
ဖူဟမ်(၁၆)   –   အဲဗာတန်(၁၇)
ဖူဟမ်အသင်းဟာ ၈ပွဲကစားအပြီး ၁ ပွဲနိုင် ၊ ၄ ပွဲသရေ ၊ ၃ ပွဲရှုံး ၊ ရမှတ် ၇ မှတ်ပါ
အဲဗာတန်အသင်းကတော့ ၇ ပွဲပဲ ကန်ရသေးပြီး ၂ ပွဲနိုင် ၊ ၁ ပွဲသရေ ၊ ၄ ပွဲရှုံး ၊ ရမှတ် ၇မှတ်ပါပဲ ။
ပရီးမီးယားလိဂ်မှာတော့ ဒီနှစ်သင်းစလုံး ဟာ ခြေစွမ်းကျနေတယ် လို့ ပြောလို့ ရပါတယ် ။
ဒီနှစ်သင်း အနေအထားကို ယှဉ်ကြည့်ရင် ဖူဟမ်အသင်းက ကြာသပတေး နေ့ က ယူအီးအက်ဖ်အေ ပွဲစဉ် အဖြစ် ဝစ်စလာကာရာကော အသင်းနဲ့ အဝေးကွင်း မှာ သွားကန်ထားရတဲ့ အတွက် ပွဲပန်းမယ့် အနေအထားပါ ။
ဈေးဖွင့်လှစ်မှု အနေအထားအရ ဖူဟမ်အသင်းက သရေ ဆိုရင် အပြည့်နီးပါး ပေးဆပ်ရမှာ ဖြစ်တဲ့ အတွက် ၊ သရေတော့ အောက်ထစ်ကန်နိုင်တဲ့ အဲဗာတန် ကို အားပေးပါမယ် ။
——————-xxx——————-
ဘက်တစ်(၇)  –  ဗယ်လကာနို(၁၆)
ဘက်တစ်အသင်းဟာ ၇ပွဲကန်အပြီးမှာ ၄ပွဲနိုင် ၊ ၃ ပွဲရှုံး နဲ့ ရမှတ် ၁၂ မှတ် ရရှိထားပါတယ် ။
ဗယ်လကာနို အသင်းကတော့ ၇ပွဲအပြီး ၁ ပွဲနိုင်၊၃ပွဲသရေ ၊ ၃ပွဲ အရှုံး နဲ့ ရမှတ် ၆မှတ် ရရှိထားပါတယ် ။
ဘက်တစ်အသင်းဟာ ရာသီစ ပွဲစဉ်တွေမှာ တောက်လျှောက်ခြေစွမ်းပြကစားခဲ့သော်လည်း ပြီးခဲ့တဲ့ ပွဲစဉ်၃ ပွဲ လုံးမှာတော့ ရှုံးထားပါတယ် ။
၂သင်းလုံး နိုင်ပွဲပျောက်နေတာချင်း တူပေမယ့် ၊ ဘက်တစ်က ဗယ်လကာနိုထက် ခြေစွမ်းပိုကောင်းပါတယ် ။
နိုင်ပွဲ ကို အိမ်ကွင်း မှာ ပြန်ရှာမယ့် ဘက်တစ်အသင်းကို အားပေးပါမယ် ။
——————-xxx——————-
———————— ဘောလုံးပွဲချစ်သူတိုင်း အောင်မြင်မှုများ သိမ်းပိုက်နိုင်ကြပါစေ ————————
About မောင် ပေ
မောင် ပေ has written 396 post in this Website..