တရားသူကြီးအိပ်မက်

myohtatOctober 23, 20111min14513

တရားသူကြီး လုပ်စားလာတာ ကြာပြီ … ညကမက်တဲ့ အိပ်မက်မျိုး တစ်ခါမှမမက်ဘူးဘူး …
ကျုပ်အိပ်မက်က .. ဒီလိုဗျ … ကျုပ်က တရားရုံးမှာအမှု့တစ်ခုကိုစီရင်ရတယ်ဗျာ .. တရားလို တရားခံနဲ့
သက်သေတွေရှေ့မှာ … ကျုပ်ထိုင်တဲ့စားပွဲရှေ့က အဝတ်စနီလေးနဲ့ပတ်ထားတဲ့ ကျမ်းကျိန်လွှာကိုကျုပ်ကကောက်ကိုင်ပြီး …
ကျွန်ုပ်စစ်ဆေးနေသောအမှု့နှင့်ပါတ်သက်ပြီး ကျွန်ုပ်သည် … မှန်ကန်စွာဖြင့် တရားမျှတစွာအဆုံးအဖြတ်ပေးပါမည် …
မမှန်မကန်ဆုံးဖြတ်ပါက ကျမ်းစာတွင်ပါသော ဘေးဆိုးရန်ဆိုးမှန်သမျှတို့သည် …  အကျွန်ုပ်အား ကျရောက်ပါစေသား …
တရားသဖြင့်မှန်ကန်စွာ အဆုံးအဖြတ်ပေးပါက … ကျမ်းစာတွင်ပါဝင်သော … ကောင်းကျိုးချမ်းသာမှန်သမျှတို့သည် ရပါစေသား …
ကျုပ် .. အိပ်ယာကနေလန့်နိုးသွားတယ် .. တရားသူကြီးကကျမ်းကျိန်ရတယ်ဆိုတာ အစဉ်အလာမှမရှိတာဗျာ …
ပေါက်ပေါက်ရှာရှာကိုမက်တဲ့အိပ်မက် .. ကျုပ်တို့တရားသူကြီးတွေဆိုတာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး …ကိုယ်ကြိုက်သလို
စီရင်ချက်ချနိုင်တာဘဲ … ဒါပေမဲ့ … ကျမ်းစာတော့ကျုပ်မကျိန်ရဲဘူး … ဘာ့ကြောင့်ကျမ်းမကျိန်ရဲတာလဲလို့ .. ခင်ဗျားတို့ကမေးရင် …
ကျမ်းစာထဲမှာရေးထားတာတွေကတော်တော်ကြောက်စရာကောင်းတယ် … ကျုပ်တို့က မြန်မာလူမျိုးလေ .. မယုံလို့မရဘူး …
ကျုပ်တို့ မြန်မာနိုင်ငံတရားစီရင်ရေးမှာ … ကျမ်းကျိန်ပြီး အမှု့စစ်ရဲတဲ့ တရားသူကြီးမျိုးများရှိရင်တွေ့ချင်လိုက်တာဗျာ …
ခင်ဗျားတို့ကော တရားသူကြီးဆိုရင် … ကျမ်းစာကျိန်ပြီး …. အမှု့စစ်ရဲလား ….

13 comments

  • koyinmaung

    October 23, 2011 at 5:11 pm

    ကျမ်းမကျိန်ခိုင်းမနေပါနဲ့ကြာလို့
    အကျင့်ပျက်တရားသူကြီးတွေကိုသေဒဏ်သာပေးလိုက်
    တရုတ်ပြည်လိုပေါ့…ဟေဟေ့
    အပေါ်ကစာကြောင်းတွေ့လို့ပြန်ရေးပေးလိုက်တာပါ
    လွယ်ပါတယ်ဗျာ…ကျမ်းရှူးပါစေသားလို့ဆိုနေကြတာကြားဘူးနေတယ်လေ
    မြန်မာနိုင်ငံမှာသူ့နေရာနဲ့သူလုပ်စားနေကြတာချည်းပါဘဲ
    လစာကမှလောက်ငှအောင်ပေးထားတာမှမဟုတ်တာ
    လောင်းကစားအမှု့ဆိုအပေါ်ကအခြေအနေကြည့်ပြီးပေါက်ဈေ းတောင်
    ရှိတယ်ဆိုဘဲ….

  • MaMa

    October 23, 2011 at 5:11 pm

    တခါက ကိုယ့်ဆီက ငွေယူသွားပြီး ပြန်မပေးလို့ (ငွေပေးတာလည်း အခိုင်အမာ စာချုပ်ရှိပါလျှက်နဲ့) တရားစွဲတော့ စစ်ဆေးခံရတယ်။ အစစ်ခံဖို့ ကျမ်းကျိန်ရတဲ့အချိန်မှာ “ငါလည်း အမှန်အတိုင်းအစစ်ခံမယ်။ နင်လည်း အမှန်အတိုင်း စီရင်ချက်ချ၊ မမှန်မကန်ဆုံးဖြတ်ရင် ကျမ်းစူးပါစေသား” လို့ စိတ်ထဲက ပြောလိုက်တယ်။
    ခုတိုင်းဆို ကိုယ့်လို လူတွေ များနေပြီထင်တယ်။ တရားသူကြီးတွေရော တရားရုံးနဲ့ ပတ်သက်နေသူတွေအားလုံးကို ကျမ်းကျိန်ပြီးမှ အလုပ်လုပ်ခိုင်းရင်ကောင်းမယ်။ 🙂

  • ပေါက်ဖော်

    October 23, 2011 at 5:19 pm

    ဘယ်လိုတွေကျိန်ကြတာလဲဟင်
    သေချင်းဆိုးနဲ ့သေ..မွေပွေးကိုက်.ကာလနာတိုက်….ချီးကားတိုက်
    အဲလိုတွေကောပါလားမသိဘူးနော်
    အိပ်မက်ရှင် တရားသူကြီး ဆရာထက် ပြောပြပါလားဗျ
    😯

  • windtalker

    October 23, 2011 at 5:47 pm

    ကျုပ်တို ့အဝေရာ မှီဝဲတဲ့သူတွေ ငါးပါးသီလ ဆောက်တည် သလို နေမှာပေါ့
    သူရာမေရာယ နေရာကြရင် ၊ မဆိုပဲ နေလိုက်သလိုမျိုး

  • ဆူး

    October 23, 2011 at 5:52 pm

    အဲဒီ ကျမ်းထဲမှာ ဘာတွေ ရေးထားတာလဲ ဟင် တခါမှ မဖတ်ဘူးသေးဘူး။
    အိမ်မက်ရှင် အကျယ်ရေးပေးပါလား။

  • မှော်ဆရာ

    October 23, 2011 at 8:20 pm

    ဗုဒ္ဓဘာသာတွေပဲဗျာ …
    ကောင်းမှုလုပ်ရင် ရေစက်ချစရာတောင်မလိုပါဘူး ကောင်းကျိုးပေးမှာပါ
    ကျိမ်ကျိမ် မကျိမ်ကျိမ် မကောင်းမှုလုပ်ရင် မကောင်းကျိုး ခံစားရမှာပါပဲ.
    မမှန်မကန် လုပ်ရင်လဲ ဘယ်လောက်ပဲ ကျမ်းရှူးပါစေ ဘယ်လောက်ပြောပြော စူးကို စူးမှာပဲ …
    ဒါပေမယ့် မျိုးထက်ရဲ့ အတွေးလေးကတော့ တရားသူကြီးတွေကို အသိတရားရစေမယ်ထင်တယ် …

  • thit min

    October 23, 2011 at 9:30 pm

    အင်း စဉ်းစားစရာကောင်းပဗျာ။
    တရားသူကြီးက လူလိမ်ကိုအမှုစစ်တာ သူကလိမ်ပြီးစွဲချက်တင်ဖို့ ဖိအားပေးခံထားရရင်

    အင်း (ဆရာကြီးမောင်သာရရေ ဟတ်ပီးဘာဒ်ဒေးအော်ရင်းနဲ့ခနငှါးပါရစေခင်ဗျာ)
    ” စက်ကူနှလုံးနဲ့ လူ”

  • padonmar

    October 23, 2011 at 9:37 pm

    ပေါင်ချိန်အတုတွေကို ကျားခေါင်းဒါးစက်ထဲ ထည့်မလို့လား 😀

  • naywoonni

    October 23, 2011 at 10:19 pm

    ကျားခေါင်း ဓါးစက်နဲ့ ကော တန်ပါ့မလား …။ ဟိုကလက်မခံရင် စုတ်ခ…။

  • ကြောင်ကြီး

    October 24, 2011 at 9:27 am

    ကျနော်ကြားဖူးတာ တရားရုံးတွေမှာ ကျိန်ခိုင်းတဲ့ကျမ်းက အလွတ်ကြီး၊ သေတ္တာနဲ့ထည့်ထားရင်လဲ အထဲမှာ ကျမ်းမရှိ၊ ဒါမှမဟုတ် အခြားစာအုပ်တအုပ် ထည့်ထားတယ်တဲ့။ တရားရုံးနဲ့ ပတ်သက်နေသူတွေ အပြစ်မဖြစ်အောင် လုပ်ပေးထားတယ် ပြောတယ်။ တရားဝင်တော့ မဟုတ်ဘူးပေါ့။

    • windtalker

      October 24, 2011 at 9:18 pm

      ကိုကြောင်ကြီး ပြောသလို ပဲ ဖြစ်ရမယ်
      တစ်ကယ့် ကျမ်းအစစ် ကို တော့
      မဟုတ်တာလုပ်မယ့်ကောင်တွေ
      မကျိန်ဆို ရဲလောက်ပါဘူး

  • Diamond Key

    October 24, 2011 at 3:49 pm

    ကျမ်းစူးပါစေသားလို့ တိုင်ပေးရင် ကျမ်းရှုူးပါစေသားလို့ လိုက်ဆိုကြတယ်လို့ ကြားဖူးထားတာ၊
    ဘေးဆိုးရန်ဆိုးမှန်သမျှတို့သည် … အကျွန်ုပ်အား ကျရောက်ပါစေသား …လို့ဆိုတော့
    ဘေးဆိုးရန်ဆိုးမှန်သမျှတို့သည် … အကျွန်ုပ်အား ကျပျောက်ပါစေသား ဝါးတားတား နဲ့ အော်ရမှာပေ့ါ။

  • etone

    October 24, 2011 at 4:39 pm

    အားတော့နာပါတယ်နော် ..ကျွန်မက တရားသူကြီးဆိုလျှင် ကြည့်မရဘူး .. (ဘာအညှိုးမှတော့မရှိဘူးနော် )
    လိပ်ကို ကြမ်းပိုးဖြစ်အောင် ပြောတတ်တာရယ် ၊ ငိုးစား ရယ်စား ရယ်တွေကြောင့် … 😀
    တစ်ခါတစ်လေ …. မှားမှန်းသိလျှက် … သူလိုက်တဲ့အမှုနိုင်အောင် ကလီကမာပြောရတာလည်းရှိသေးတယ် .. ။ အင်းလေ… အလုပ်သဘောအရ … မှန်နေလျှင်လည်း သူများ မကောင်းကြံရနိုင်တာမို့ … သူ့အလုပ်သူ တယ်လို့ပဲ တွေးပြီး … နေပါတော့တယ် … ။

    ဥပဒေဘက်တော်သားဆို ပိုဆိုးသေး… သူတို့ကို နာမည်ပြောင် ဆွဲချလို့လည်းခေါ်တယ် … ။ အပြစ်မကျကျအောင် ဆွဲချတဲ့ လူဆိုလားပဲ … ။ ကိုယ့်ကြောင့် သူတပါး စိတ်ညစ်ရတာ မကောင်းပါဘူး … ။ အင်း …သူလည်း သူ့အလုပ်သူလုပ်တာပဲကိုး … ။ 🙂

Leave a Reply