ချစ်သူ့ဘဝ………

Rain girlMay 20, 20101min791

ရွာမှာလား မသေချာတဲ့ မိုးကိုမျှော်ရသလို ပါပဲလားကွယ်၊ မသေချာ မရေရာမှု့တွေနဲ့ ငါ့ဘဝကို ခရီးဆက်ခဲ့တယ်၊ ဘယ်အချိန် ပြန်ကောင်းလာမှန်းမသိတဲ့ ကံကြမ္မာကို ငါမမျှော့်လင့်ပါဘူး၊ ဒသန အတွေးတွေကိုလည်း မတွေးချင်ဘူး၊ ဒီလိုဖြစ်ရတဲ့ ငါ့ဘဝကိုလည်း အပြစ်မပြောချင်တော့ပါဘူးကွာ၊ မွေးကတည်းက ချမ်းသာခြင်း ကင်းဝေးမှု့နဲ့ ကြီးပြင်းခဲ့တဲ့ငါဟာ ကြွယ်ဝမှု့ကို မသိတာ အပြစ်လား၊ ရေခဲ့မုန့်ကိုတောင် အကောင်းစားမစား ဖူးလို့ သူများပြောတဲ့ DOMINO ကို မသိတာ ငါ့အမှားလား။ အမေ ဝယ်ပေးတဲ့ ဈေးထဲက မြန်မာဖြစ် ချည်ထည်ကို အကောင်းလုပ်တဲ့ငါ၊ မင်းပြောတဲ့ တံဆိပ်တွေကို မသိတာ ငါ့အမှားလား၊ ဖိနပ်ဆို တစ်ထောင်တန်တောင် ဈေးကြီးတဲ့ငါ မင်းပြောတဲ့ နိုင်ငံခြား တံဆိပ်ကို မသိမိတာ ငါ့အမှားလား၊ ကုန်တိုက်ကို သွားဖို့ ဝန်လေးတဲ့ငါ နဲ့ ကုန်တိုက်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသွားနေတဲ့ နင်၊ မတူညီနိုင်တာ ငါ့အမှားလား၊ ပါရမီ 200 တန်စီးဖို့ ဝန်လေးတဲ့ငါ ကိုယ်ပိုင်ကားကို ကျင်လည်စွာ မောင်းနေတဲ့နင်၊ မတူတာတွေ များတော့ ငါတူအောင်ညှိဖို့က အင်အားမရှိ၊ အဆုံးသတ်ကောင်းဖို့ လမ်းခွဲဖို့ ကြိုးစားတဲ့ငါ၊ တစ်သက်လုံး ငါ့ကိုပဲ လက်တွဲဖို့ ဆုံးဖြတ်တဲ့နင်၊ အချစ်နဲ့ ဘဝ ကြားမှာ သတ္တိမရှိတဲ့ငါ၊ အချစ်အတွက် ဂုဏ်တွေကို စွန့်လွှတ်တဲ့နင်၊ သတ္တိရှိရှိ ငါ့နောက်လိုက်ဖို့ ဆုံးဖြတ်ထားတဲ့နင်၊ အဝေးဆုံးကို ထွက်သွားဖို့ ကြိုးစားတဲ့ငါ၊ နင့်ကို စွန့်ပစ်ဖို့လဲ မရဲ၊ လက်တွဲဖို့လဲ သတ္တိမရှိတဲ့ငါ၊ အပေါင်းနဲ့ အနုတ်ကြားရွာမှာလား မသေချာတဲ့ မိုးကိုမျှော်ရသလို ပါပဲလားကွယ်၊ မသေချာ မရေရာမှု့တွေနဲ့ ငါ့ဘဝကို ခရီးဆက်ခဲ့တယ်၊ ဘယ်အချိန် ပြန်ကောင်းလာမှန်းမသိတဲ့ ကံကြမ္မာကို ငါမမျှော့်လင့်ပါဘူး၊ ဒသန အတွေးတွေကိုလည်း မတွေးချင်ဘူး၊ ဒီလိုဖြစ်ရတဲ့ ငါ့ဘဝကိုလည်း အပြစ်မပြောချင်တော့ပါဘူးကွာ၊ မွေးကတည်းက ချမ်းသာခြင်း ကင်းဝေးမှု့နဲ့ ကြီးပြင်းခဲ့တဲ့ငါဟာ ကြွယ်ဝမှု့ကို မသိတာ အပြစ်လား၊ ရေခဲ့မုန့်ကိုတောင် အကောင်းစားမစား ဖူးလို့ သူများပြောတဲ့ DOMINO ကို မသိတာ ငါ့အမှားလား။ အမေ ဝယ်ပေးတဲ့ ဈေးထဲက မြန်မာဖြစ် ချည်ထည်ကို အကောင်းလုပ်တဲ့ငါ၊ မင်းပြောတဲ့ တံဆိပ်တွေကို မသိတာ ငါ့အမှားလား၊ ဖိနပ်ဆို တစ်ထောင်တန်တောင် ဈေးကြီးတဲ့ငါ မင်းပြောတဲ့ နိုင်ငံခြား တံဆိပ်ကို မသိမိတာ ငါ့အမှားလား၊ ကုန်တိုက်ကို သွားဖို့ ဝန်လေးတဲ့ငါ နဲ့ ကုန်တိုက်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုသွားနေတဲ့ နင်၊ မတူညီနိုင်တာ ငါ့အမှားလား၊ ပါရမီ 200 တန်စီးဖို့ ဝန်လေးတဲ့ငါ ကိုယ်ပိုင်ကားကို ကျင်လည်စွာ မောင်းနေတဲ့နင်၊ မတူတာတွေ များတော့ ငါတူအောင်ညှိဖို့က အင်အားမရှိ၊ အဆုံးသတ်ကောင်းဖို့ လမ်းခွဲဖို့ ကြိုးစားတဲ့ငါ၊ တစ်သက်လုံး ငါ့ကိုပဲ လက်တွဲဖို့ ဆုံးဖြတ်တဲ့နင်၊ အချစ်နဲ့ ဘဝ ကြားမှာ သတ္တိမရှိတဲ့ငါ၊ အချစ်အတွက် ဂုဏ်တွေကို စွန့်လွှတ်တဲ့နင်၊ သတ္တိရှိရှိ ငါ့နောက်လိုက်ဖို့ ဆုံးဖြတ်ထားတဲ့နင်၊ အဝေးဆုံးကို ထွက်သွားဖို့ ကြိုးစားတဲ့ငါ၊ နင့်ကို စွန့်ပစ်ဖို့လဲ မရဲ၊ လက်တွဲဖို့လဲ သတ္တိမရှိတဲ့ငါ၊ အပေါင်းနဲ့ အနုတ်ကြား လွန်စွဲနေတဲ့စိတ်၊ ချစ်တာ တစ်ခုနဲ့ လက်တွဲ ဖို့က မဖြစ်၊ သစ္စာထား ဆက်ချစ်ဖို့က အရမ်းကိုဝေး၊ အရမ်းကို မြင့်တဲ့သဇင်ရယ်၊ အလေ့ကျပေါက်တဲ့ တောပန်းရယ်၊ နီးစပ်ဖို့က မလွယ်တော့ ကဲဇာတ်ကားတွေထဲကတိုင်း သူဌေးသမီး မင်းစိတ်ကြိုက် ငါ့နောက်သာလိုက်ခဲ့ပေတော့၊ မင်းဆင်းရဲတော့ ယောက္ခမ သူဌေး အလုပ်ပေးပြီး အိမ်ပေါ်ခေါ်တင်လို့ ငါလိုလူ သူဌေးသမက် ဖြစ်လေရော့ဟယ်၊ ကံများကောင်းချင်ရင် သူဌေးသေပြီး ငါတောင်သူဌေး ဖြစ်နိုင်သေး၊ ဟေ့ ဟေ့။ လွန်စွဲနေတဲ့စိတ်၊ ချစ်တာ တစ်ခုနဲ့ လက်တွဲ ဖို့က မဖြစ်၊ သစ္စာထား ဆက်ချစ်ဖို့က အရမ်းကိုဝေး၊ အရမ်းကို မြင့်တဲ့သဇင်ရယ်၊ အလေ့ကျပေါက်တဲ့ တောပန်းရယ်၊ နီးစပ်ဖို့က မလွယ်တော့ ကဲဇာတ်ကားတွေထဲကတိုင်း သူဌေးသမီး မင်းစိတ်ကြိုက် ငါ့နောက်သာလိုက်ခဲ့ပေတော့၊ မင်းဆင်းရဲတော့ ယောက္ခမ သူဌေး အလုပ်ပေးပြီး အိမ်ပေါ်ခေါ်တင်လို့ ငါလိုလူ သူဌေးသမက် ဖြစ်လေရော့ဟယ်၊ ကံများကောင်းချင်ရင် သူဌေးသေပြီး ငါတောင်သူဌေး ဖြစ်နိုင်သေး၊ ဒီလိုလဲ ငါ မလုပ်ရက်လေတော့ ။ ချစ်သူရေ ဝေးရမှာလား နီးရမှာလားကွယ်။