ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအနက် လေးဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိ

klnMay 20, 20101min270

ဧပြီ ၁၅ရက်က ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသော ဒဏ်ရာရလူနာ ၁၇ဝအနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ကြပြီး အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦး စုစုပေါင်းကိုးဦးသာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြကြောင်း သတင်းများထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆို်ပါဆေးကုသမှုခံယူလျက်ရှိသော လက်ကျန်ဒဏ်ရာရ လူနာများအနက် သက်သာပျောက်ကျင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားခဲ့ကြသဖြင့် မေလ ၁၉ရက်နေ့အထိ အမျိုးသားလေးဦးသာ ဆေးကုသမှု ဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။