ထင်ရာ

MariposaOctober 23, 20111min1407

မသေချာသည့် ဤကမာ္ဘသည်

လွမ်းခွင့်တွေများ . . .

မရေရာသည့် ငါသည်

လှမ်းခွင့်ဝေဝါး . . .

ဟေမာအတွက် ဤကဗျာသည်

ပန်းပွင့် ဖြစ်စေသား . . . ။

7 comments

  • windtalker

    October 23, 2011 at 6:01 pm

    ဟေမာ
    လေသာ တုန်းမှာ
    ငွေရှာ ပြုံးခဲ့တဲ့ ကိုယ်ရယ်ပါ
    ဟေမာ
    နေသာ တုန်းမှာ
    ကေသာပိတုန်း တွေကို ဖြန် ့ကျက်တော့
    ငါ့မှာ ယစ်မူးရပေါ့ ဝေဒနာ
    ဟေမာ
    သေချာ အဖြေရှာကြည့်တော့
    နင်ဟာ မာရီလင်မွန်ရိုးမဟုတ်တဲ့ မာရီပိုဆာ

  • naywoonni

    October 23, 2011 at 10:46 pm

    ဟေမာ…
    ထင်ရာမြင်ရာ
    လွမ်းနေပါရင်
    မြင်သာထင်သာ
    အကြာင်နာတွေ
    မရှိရှာထင့်
    မျှော်တစ်လင့်လင့်
    သင့်ရင်မှာ………

  • ko lwin

    October 24, 2011 at 12:46 am

    အကြင်နာ ရင်းစွဲ
    ရှိပေငဲ့ လည်း
    ငိုလွယ် ရှိုုုက်ခက်
    မျက်ရည်ဝဲ လို့
    လွမ်းမိရက်သာ
    ကြာခဲ့ပါသည်…။

  • koyinmaung

    October 24, 2011 at 4:43 pm

    အင်….ကဗျာလှိုင်းခတ်သွားပါလားကွယ်တို့
    တို့ကတော့ကဗျာမစပ်တတ်လို့
    အားပေရုံတင်အားပေးသွားပါတယ်….

  • Mariposa

    October 25, 2011 at 4:18 pm

    ဆောင်းဟေမာန်ပျောက် ၊ နွေကိုရောက်ကာ
    ရွက်ဟောင်းကြွေ၍ ၊ ရွက်သစ်ဝေသော်
    တစ်ချိန်ကအနမ်း ၊ ရင်မှာလွမ်းလို့
    ဒီမှာ . . .
    အသည်းကျွမ်းလုပြီ . . . ။

    • windtalker

      October 25, 2011 at 8:17 pm

      ရဲမေ မာရီပိုဆာ
      အဲဒါကြောင့် လျှော့သောက်လို ့အထပ်ထပ်ပြောတာ
      အခုတော့ ကျွမ်းတော့မယ်
      ဟီဟိ….စတာနော်

      • Mariposa

        October 27, 2011 at 5:44 pm

        အရက်သောက်လို့ အသည်းကျွမ်းတာတော့ မသိဘူး . . .
        လွမ်းရလွန်းလို့ အသည်းကျွမ်းသွားတာတော့ တော်တော် ခံစားရခက်တယ်။

Leave a Reply