သဘာဝဘေးအန္တရာယ် ကိုယ့်ဘာ့သာကာကွယ်

ရွှေအိမ်စည်October 23, 20112min1408
ဒီပိုစ့် ကို..ကျနော်ဖိုရမ်ထဲ မှာပခုက္ကူရေဘေး..လူသေမှုပျက်ဆီးမှုမှာဘဲတင်မလို ့ပါဘဲ..ဒါပေမယ့်..ဂေဇတ်ကမိတ်ဆွေအများစုက..အညာအရပ်ဒေသနေ
တာများတော့…ကျနော်ဒီကဘဲတင်ပေးပါတယ်…..။…..
ဘယ်လောက်ကြောက်ဖို ့များကောင်းပါသလဲ..
သတင်းရဲ ့မှားယွင်းတွေးခေါ်မှုကြောင့်လူတွေကြိုတင်မပြင်ဆင်နိုင်ဘူး….
ပြည်သူတွေနေတဲ ့နေရာကို…….
စစ်ထွေ…ရခိုင်ပြည်..ဘင်္ဂလားပင်လယ်အော်..ဘက်ဘဲတွင်တွင်ပြောနေရင်းက…ကျနော်တောင်..
****မုန်တိုင်းနောက်ဆုံးသတင်း*****ဆိုပြီး..ဘင်္ဂလားပင်လယ်ထဲသွားပြီဆိုတဲ ့ထုတ်ပြန်ချက်အတိုင်းတင်ပေးလိုက်ပါသေးတယ်..အဲ ့ဒီ ့အချိန်ကည-၁၁ နာရီပါ…
ပေါက်ဖော်ပိုစ့်မှာတောင်..သူတို ့ထုတ်ပြန်ချက်အတိုင်းမန်းပေးလိုက်ပါသေးတယ်…။
ဆိုးဝါးလှတပခုက္ကူရေဘေး..လူသေမှုပျက်ဆီးမဲ ့ရင်နင့်စရာတွေ ကို…ဂေဇတ်ဖိုရမ်ထဲ မှာကျနော်ကူးယူတင်ပေးထားပါသေးတယ်…
နောင်ဖြစ်လာရင်လည်း….မိမိကိုယ်သာကိုးကွယ်ရာဘဲမဟုတ်ပါလား….
တိုင်းပြည်ကတိုင်းပြည်ကိုချစ်တယ်..ပြည်သူတွေလည်း.ကိုယ့်ကိုကိုယ်သာကိုးကွယ်ရာပါဘဲနော်….
မူရင်းရှင်းလင်းချက်အတိုင်းပြန်တင်ပေးလိုက်ပါတယ်…။
ကျနော်တို ့တွေ ..ဟိုး..ပဝေသနီကလို.တောက်တဲ ့တွေဟောတဲ ့ဗေဒင်ကိုယုံရမှာလား..တောကောင်တွေရဲ ့သဘာဝဘေးကိုယုံကြည်ရမှာလား…
ညဘက်ကြီးဝင်လာတော့….ကြိုတင်တောင်ဘာတစ်ခုမှမသိရတော့…..
ကျနော်တို ့တွေ..ဒီတိုင်းပြည်မှာလူလာဖြစ်တာဆိုတော့ကား…..????
ကျနော်ခေါင်းစဉ်ဒီလိုပြောင်းလိုက်ပါတယ်…

သဘာဝဘေးအန္တရာယ် ကိုယ့်ဘာ့သာကာကွယ်ကြပါလို ့

===========================================================================================

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အကြံပြုတင်ပြခြင်း

ဤဆောင်းပါးသည်မည်သူ့ကိုမျှ အပြစ်တင် အပြစ်ဖို့ရန် ရည်ရွယ်ချက် မရှိပါ၊ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သဘာဝဘေးအန္တရာယ်အသီးသီးမှ တတ်နိုင်သရွေ့ကင်းဝေးစေခြင်းငှါ ရိုးသားပွင့်လင်းစွာ အကြံပြုတင်ပြခြင်းသာ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ်၏ ခါးသည်းသောအတွေ့အကြုံများကို စတင်ကြုံတွေခဲ့ရသည်မှာ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပါသည်။

 

၂ဝဝ၈ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးအပြီးတွင် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည့် မုန်တိုင်းအန္တရာယ်၏ ကြောက်မက်ဘွယ်ဆိုးကျိုးများကို တွေ့မြင်သိရှိကြပြီးသည့်နောက်တွင် သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ဤမျှလောက် ကြီးမားသော ထိခိုက်ဆုံးရှုံးပျက်စီးမှုများဖြစ်ပေါ်စေတတ်သည်ကို ပိုမိုတွေ့မြင်သိရှိနားလည် သဘောပေါက်လာကြပါသည်။ ဆက်လက်၍ ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြီးနှင့် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော အပူပိုင်း မုန်တိုင်း TWO တို့ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှားရပ်ဝန်းဟု ခေါ်ဆိုခဲ့ရသော ဒေသများသို့တိုင်အောင် မိုးသည်းထန်ခြင်းကြောင့် ရေလွှမ်းမိုးရသည့် သဘာဝဘေးအန္တရာယ် ကြုံတွေ့ခံစားခဲ့ရပါသည်။

 

မုန်တိုင်းဖြစ်ပေါ်လာမှု အခြေအနေနှင့် ဝင်ရောက်တိုက်ခတ်နိုင်မှု လမ်းကြောင်းစသည်တို့ကို မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်မီထုတ်ပြန်ကြေငြာခဲ့ပြီး၊ ရုပ်မြင်သံကြား၊ ရေဒီယိုတို့မှ အသံလွှင့်ကြေငြာခြင်းများကို ည ၁၁ နာရီနောက်ပိုင်းမှ ကုန်းတွင်းမုန်တိုင်းအဖြစ်အားပျော့်ပြီး လေဖိအားနည်းရပ်ဝန်းဖြစ်သွားသည့် အချိန်အထိ ထုတ်ပြန်ပေးခဲ့သည်ကိုလည်း တွေ့ရှိရပါသည်။ သို့ရာတွင် ပခုက္ကူ ချောင်းဘေးနေထိုင်သူအချို့ထံ ဤသတင်းမရောက်ရှိ (သို့မဟုတ်) မုန်တိုင်းသည် ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်တိုက်ခတ်နေခြင်းဖြစ်သဖြင့် မိမိတို့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ ဆိုးကျိုးသက်ရောက်မှု မဖြစ်တန်ရာ ဟု ရိုးသားစွာတွေးခေါ်မိခဲ့ကြခြင်းလည်း ဖြစ်နိုင်ပါသည်။

 

ပခုက္ကူ၊ မြိုင်၊ ပေါက် နှင့် ကျောက်ထုမြို့များအနီး အောက်တိုဘာ ၁၉ ရက် မြန်မာစံတော်ချိန် ည ၂၄း၃ဝ နာရီတွင် ရရှိသည့် မိုးရေချိန်များဖြစ်ပါသည်။ Link – http://blog.mmweather.com/wp-content/uploads/2011/10/19-10-1800-rainfall-PKKU.jpg

 

သို့မဟုတ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေ စီးဆင်းလာနိုင်သည့် အန္တရာယ်ကို ကြိုတင် မှန်းဆမိခြင်း မရှိခဲ့သည်လည်း ဖြစ်နိုင်ပါသည်။

 

ပခုက္ကူမြို့ ရွှေချောင်း ချောင်းရေလျှံမှုကြောင့် ချောင်းဘေးရှိ အိမ်ခြေ ၃ဝဝ ကျော် ရေမျောပါသွားခဲ့ရာ ယခုစာရေးချိန်အထိ လူ ၁၅ဝ ခန့် ရေထဲမျောပါသွားနိုင်မည်ဟု ယူဆရကြောင်း၊ သေဆုံးသူ ၅၄ ဦး၏ ရုပ်အလောင်းများကိုသာ ပြန်လည်ဆယ်ယူရရှိသေးကြောင်း၊ လူ ၁ဝဝ ကျော် သေဆုံးမည်ဟု ထင်ကြောင်း၊  “ကျွန်တော့်ပွဲရုံက အလုပ်သမားတစ်ဦးဆိုရင် သူ့ရဲ့ မိန်းမကော ယောက္ခမကော ကလေး လေးယောက်ကော အားလုံး ရေထဲမျောသွားတာ။ တစ်အိမ်တည်းနဲ့ ခြောက်ယောက်ပေါ့။ တချို့အိမ်တွေဆိုရင် ခုနစ်ယောက်၊ ရှစ်ယောက်ရှိတာ အိမ်လုံးကျွတ် ရေထဲပါသွားတာတွေရှိတယ်။ ခန့်မှန်းတာတော့ ၁၀ဝ ကျော်လောက် သေမယ်မှန်းတာ။ ဒီထက် ထပ်တိုးလာဖို့ပဲရှိတယ်။ ၁၅ဝ လောက်ထိ အသေအပျောက်ရှိနိုင်တယ် ထင်တယ်” ဟု ….

 

ပခုက္ကူမြို့မှ ပဲနှမ်းကုန်သည်တစ်ဦး၏ ပြောကြာချက်အား 7Days News Journal Facebook တွင် ချက်ချင်း တင်ပြလာသည်ကို ဖတ်လိုက်ရပါသည်။

 

ထို့ပြင် မန္တလေးတိုင်း ပုဂံ ညောင်ဦး မြို့နယ်ဘက်မှာလည်း ည ၁ဝ နာရီ လောက်ကနေ မနက် ၄ နာရီအထိ မိုးကြီးခဲ့တာကြောင့် သရပါမြို့ရိုး ပြိုကျခဲ့သလို ရှေးဟောင်းဘုရားတချို့လည်း ပြိုကျခဲ့ကြောင်း နောက်ပိုင်းတွင် ထပ်မံသိခဲ့ရပြန်ပါသည်။

 

ယခုနှစ်မုန်တိုင်းဖြစ်ပေါ်မှု လုံးဝနီးပါး နည်းပါးခဲ့သဖြင့် မုန်တိုင်းအန္တရာယ်ကို တွေ့ကြုံရမှုလည်း အထိုက်အလျှောက်နည်းပါးခဲ့ပါသည်။သို့သော် မိုးများ၍ ရေကြီးသော သဘာဝဘေးအန္တရာယ်ကိုမူ မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်တကွ မြန်မာနိုင်ငံ ဒေအချို့တွင်လည်း ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသည့် နှစ်ဖြစ်ပါသည်။

 

ထို့ကြောင့် “မုန်တိုင်းဖြစ်မှ အန္တရာယ်ရှိသည်ဟူ၍ “လျှော့မတွက်ကြရန်နှင့် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ခြင်း၊ မြန်မာပင်လယ်ပြင် မဟုတ်သော အရှေ့တောင်အာရှ ဒေသများအတွင်း မုန်တိုင်းဖြစ်ပေါ်မှုတို့မှ ဆက်စပ်၍ ဖြစ်ပေါ်လာသည့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေ မြင့်တက်ခြင်း၊ ရေကြီးခြင်းများအပြင် ယခု ပခုက္ကူဒေသတွင် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်ကဲ့သို့သော တောင်ကျချောင်းရေ ရုတ်တရက် စီးဆင်းခြင်းကြောင့် ချောင်းခြောက်များအတွင်း တောင်ကျရေ မြင့်တက်ပြီး အရှိန်ပြင်းစွာစီးဆင်းကာ ဒေသခံ နိုင်ငံသူနိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ ပျက်စီးဆုံးရှုံးရမှုများကိုလည်း သတိချပ်ကြရတော့မည် ဖြစ်ပါသည်။

 

မိမိ ရေပြင်ပိုင်နက်ပင်လယ်တွင်သာမက အနီးပတ်ဝန်းကျင် ပင်လယ်၊ သမုဒ္ဒရာများ၌ မုန်တိုင်းများ ဖြစ်ပေါ်သည့် အခါတိုင်း မုန်တိုင်း အန္တရာယ်အား မှန်းဆနိုင်ရန်အတွက် မုန်တိုင်း၏ လက်ရှိဖြစ်ပေါ်မှု အခြေအနေကို အသေးစိတ် ထုတ်ပြန်ပေးသင့်သည်ဟု ယူဆမိပါသည်။ ဖိလစ်ပိုင်နိုင်ငံ Typhoon 2000 မှ ထုတ်ပြန်သည့် မုန်တိုင်းသတိပေးထုတ်ပြန်ကြေငြာချက်များတွင် မုန်တိုင်း၏ လက်ရှိအခြေအနအား အောက်ပါအချက်အလက်များဖြင့် ထည့်သွင်းဖေါ်ပြပေးကြောင်း ဤ လင့်တွင် ဖတ်ရှုလေ့လာနိုင်ပါသည် – http://tech.groups.yahoo.com/group/typhoon2000asiapac_stormlist/

 

CURRENT STORM INFORMATION (SAMPLE)

Time/Date: 5:00 AM PhT Sat October 15 2011 (ထုတ်ပြန်ကြေငြာသည့် နေ့ရက်နှင့် ဒေသစံတော်ချိန်)

Location of Center: 19.6º N Lat 116.9º E Lon (မုန်တိုင်း၏ နောက်ဆုံး ရရှိသည့် တည်နေရာ မြေပုံညွှန်း)

 

Distance 1: 403 km SE of Hong Kong (မိမိနိုင်ငံမှ မြို့ကြီးများနှင့် အနီးပတ်ဝန်းကျင်နိုင်ငံများမှ မြို့ကြီးများနှင့် မုန်တိုင်းဗဟို အကွာအဝေး)

Distance 2: 448 km SE of Macau

Distance 3: 419 km WNW of Laoag City

Distance 4: 542 km WSW of Basco, Batanes

Distance 5: 485 km SW of Kaohsiung, Taiwan

Distance 6: 673 km ENE of Qionghai, Hainan

Distance 7: 1000 km ENE of Da Nang, Vietnam

 

MaxWinds (1-min avg): 45 kph (25 kts) near the center (မုန်တိုင်းဗဟို၌ အမြင့်ဆုံး လေတိုက်နှုန်း)

Peak Wind Gusts: 65 kph (35 kts)

 

Present Movement: North @ 11 kph (06 kts) (မုန်တိုင်း ဦးတည်ရွေ့လျားနှုန်း)

Towards: West Philippine Sea (မုန်တိုင်း ဦးတည်ရွေ့လျားရာ ဒေသ –  မြို့/ပင်လယ်ပြင် စသည်ဖြင့် …)

24hr Rainfall Accum (near center): 25 mm (Low) (မုန်တိုင်းဗဟိုတွင် အများဆုံး မိုးရွာသွန်းနိုင်ခြေ)

Rainrate (near center): 15-20 mm/hr (Mod) (မုန်တိုင်း ဗဟိုတွင် တစ်နာရီအတွင်း မိုးရွာသွန်းနိုင်ခြေ – မီလီမီတာ/နာရီ)

Minimum Central Pressure: 1002 millibars (hPa) (မုန်တိုင်းဗဟို ဖိအား)

Saffir-Simpson Typhoon Scale: Tropical Depression (မုန်တိုင်း၏ ပြင်းအား)

 

Size (in Diameter): 665 km (360 nm) [Average] (မုန်တိုင်း အရွယ်အစား – အချင်းအတိုင်းအတာ)

ဥပမာ –

နာဂစ် အချင်း မိုင် ၅၆ဝ ခန့်

ဂီရိ အချင်း မိုင် ၅၈ဝ ခန့်

94B(02B – TWO) အချင်းမိုင် ၅၂ဝ ခန့်

 

Wind Area Distribution (in Knots): Current Wind Profile (လက်ရှိ မုန်တိုင်း ဖြစ်ပေါ်နေသည့်ဒေသ လေစီးကြောင်း အခြေအနေပြ မြေပုံ)

Max Sea Wave Height (near center): 13 ft (မုန်တိုင်းဗဟိုအနီးမှ ဒီလှိုင်း အမြင့်) – စသည့်တို့ အပြင် အခြားသော အသေးစိတ်အချက်အလက်များ များစွာ ပါဝင်ပါသည်။

 

ဤကဲ့သို့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးခြင်းဖြင့် သက်ဆိုင်ရာ အုပ်ချုပ်မှု အာဏာပိုင်များမှလည်း ပင်လယ်ပြင်တွင် မုန်တိုင်းဖြတ်သန်းမည့် လမ်းကြောင်းအခြေအနေကို ခန့်မှန်းနိုင်ပြီး၊ ကုန်းတွင်းသို့ ဝင်ရောက်ပြီးသည့်အခါတွင်လည်း – မုန်တိုင်း အရွယ်အစားအလိုက် မိမိတို့ ဒေသ၊ မြို့၊ ရွာ တို့မှ မည်သည့် ဒေသများသို့ မုန်တိုင်းတိုက်ရိုက်ဝင်ရောက်တိုက်ခတ်နိုင်လိမ့်မည် (သို့မဟုတ်) မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များ မည်သို့ ဆက်လက်ရွေ့လျားနိုင်မည်၊ မည်သည့် အကျယ်အဝန်းအထိ ဆိုးကျိုးသက်ရောက်မှုရှိနိုင်လိမ့်မည် စသည်တို့ကို ခန့်မှန်းနိုင်မည်၊ ထိုသို့ ခန့်မှန်းပြီးမှ မည်သို့သော အကာအကွယ်စီမံချက်များကို ချမှတ်ဆောင်ရွက်သင့်ကြောင်း တိကျသောညွှန်ကြားချက် ထုတ်ပြန်ပေးခြင်းဖြင့် မလိုလားအပ်သော လူ့အသက်အိုးအိမ်စည်းစိမ်တို့ ပျက်စီးဆုံးရှုံးရခြင်းမှ ကာကွယ်ပေးနိုင်လိမ့်မည် ဖြစ်ပါသည်။

 

ထိုသို့သော အသေးစိတ်အချက်အလက်များကို စာချည်းသက်သက် ထုတ်ပြန်ပေးခြင်းအပြင် –  ဂြိုလ်တိမ်ပုံများထက် ထင်သာမြင်သာသော ဂရပ်ဖစ်ပုံဖေါ်မှုများ၊ ရွေ့လျားပုံရိပ်(animation)များဖြင့် –

 

မုန်တိုင်းကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် လမ်းကြောင်း ခန့်မှန်းချက် (မုန်တိုင်းဗဟိုမှ အန္တရာယ်သက်ရောက်နိုင်မည့် အကျယ်အဝန်း ခန့်မှန်းချက်)

ကုန်းတွင်းသို့ ဝင်ရောက်ပြီးနောက် ဆက်လက်ရောက်ရှိနိုင်မည့် ဒေသများ၊ (မုန်တိုင်းအကြွင်းအကျန်များ၏ အန္တရာယ်သက်ရောက်နိုင်မည့် အကျယ်အဝန်း ခန့်မှန်းချက်)

မိုးသည်းထန်ကာ ရေကြီး/ရေလွှမ်းမိုးမှု ခံရနိုင်သည့် ဒေသများ၊

ပတ်ဝန်းကျင်ဒေသများတွင် မုန်တိုင်းဖြစ်ပေါ်မှုကြောင့် မိမိနိုင်ငံသို့ ဆက်လက်သက်ရောက်လာနိုင်မည့် အကျိုးဆက်ဖြစ်နိုင်ခြေများ ..

 

စသည်တို့ကို ရေဒီယို အသံလွှင့်ချက်များမှ ပုံဖေါ်ပေးနိုင်ရန်မှာ ခက်ခဲမည်ဖြစ်ပါသည်။ ထို့အတူ A picture is worth a thousand words (စကားလုံးများစွာဖြင့် ပြောဆိုနေရသည်ထက် ပုံတစ်ပုံဖြင့် ထင်သာမြင်သာ ပိုမိုရှိနိုင်စွမ်း၏) ဟူသော ၂ဝ ရာစု အစပိုင်းမှ စတင် ခေတ်စားခဲ့သည့် အဆိုစကားအတိုင်း သရုပ်ပြပုံများဖြင့် လာလတ္တံ့သော သဘာဝဘေးအန္တရာယ်ဆိုးများ၏ ဆိုးကျိုးဖြစ်နိုင်ခြများကို ပုံဖေါ်တင်ပြနိုင်လျှင် ကောင်းလေစွ ဟု တွေးဆ မျှော်လင့်မိပါသည်။

 

ထို့ကြောင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရုပ်မြင်သံကြားသတင်း၊ အင်တာနက်သတင်းများမှလည်း အထက်ဖေါ်ပြပါ ဂရပ်ဖစ်ပုံဖေါ်မှုများ၊ ရွေ့လျားပုံရိပ်(animation)များဖြင့် ထုတ်ပြန်တင်ပြပေးနိုင်မည်ဆိုလျှင် ပြည်သူလူထုအနေဖြင့် မိမိအရပ်ဒေသသို့ ရောက်ရှိလာမည့် အန္တရာယ်ကို ယခုထက် ပို၍ကြိုတင်မှန်းဆနိုင်ပြီး၊ သက်ဆိုင်ရာအာဏာပိုင်တို့အတွက်လည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ရာတွင် ပိုမိထိရောက်အောင်ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်ပါကြောင်း ရိုးသားပွင့်လင်းစွာဖြင့် အကြံပြုတင်ပြလိုက်ရပါသည်။

 

ဦးဝင်းနိုင်

MMWEATHER

8 comments

  • ko lwin

    October 24, 2011 at 1:09 am

    ဘာမှ မပြောတတ်တော့ ဘာမှဝင်မပြောတော့ဘူးနော်
    တင်ပြချက် အရမ်းကောင်းပါတယ် ဆိုတာလောက်ပဲ ပြောပြနိုင်ပါတော့တယ်
    မရွှေအိမ်စည် အကြံပြု ပံ့ပိုး မှုကို သက်ဆိုင်ရာက ဖတ်ရှုပြီး လက်ခံ ပြုပြင်နိုင်ပါစေ ။

  • blackchaw

    October 24, 2011 at 9:27 am

    ကောင်းလေစွ။ ရွှေအိမ်စည်။
    အခုက ဘာဖြစ်ဖြစ် ငါတို့မှာ တာဝန်မရှိဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေ
    ဒီပို့စ်ကို ဖတ်သင့်တယ်။
    သဘာဝဘေးအန္တရာယ်ပဲ ငါတို့နဲ့ ဘာဆိုင်လို့လဲ
    ဆိုတဲ့ လူတွေကို ကျွန်တော် တော်တော်စိတ်ညစ်မိတယ်ဗျာ။
    အသိဉာဏ်နုံနဲ့ (သတ်ပုံမှားရင်ခွင့်လွှတ်ပါ)လို့
    ကြိုတင်ပြင်ဆင်မှု သောက်သုံးမကျလို့ (ရိုင်းသွားရင်ခွင့်လွှတ်ပါ)
    မသေသင့်ပဲ သေသွားကြတဲ့ အသက်တွေအတွက်
    ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ တာဝန်ရှိသူတစ်ဦး ဆိုပြီး (ဂျပန်မှာလို)
    တစ်ခါမှ မကြားခဲ့ဘူးပါဘူးဗျာ။ သတ်သေဘို့ မပြောနဲ့
    အလုပ်ကတောင် နှုတ်ထွက်ဘို့ စဉ်းစားကြမှာ မဟုတ်ပါဘူးဗျာ။

  • kanjosan

    October 24, 2011 at 11:22 am

    စကားမစပ်.. ပခုက္ကူ ရေဘေးနဲ့ပတ်သက်ပြီး လှူကြဖို့နဲ့ လှူလို့ရမယ့် နေရာတွေကို ပြန်မျှဝေလိုက်ပါတယ်..

    ပခုက္ကူ ရေဘေးအတွက် တတ်ကားသမျှ လှူဒါန်းကြပါဦးလို့ နှိုးဆော်ပါရစေ။မိတ်ဆွေတို့လှူတဲ့ 10$ ဟာ မိသားတစုကို အနွေးဓာတ်ပေးမယ့် စောင်တထည်ဖြစ်သွားနိုင်သလို 50$ဟာ မိသားတစု မိုးလေလုံအောင် ကျောခင်းဖို့ အိမ်လေးတအိမ် အထောက်အကူဖြစ်သွားနိုင်ပါတယ်။ တတ်နိုင်တမျှ အခြားစေတနာရှင်တွေကိုပါ တိုက်တွန်းနှိုဆော်ပေးပါဦးလို့။ ဆက်သွယ်လှုဒါန်းရန် နေရာများကတော့ – (၁) ရန်ကုန် >> ကိုမျိုးသက်ပိုင်(09-5275239) (၂) စင်္ကာပူ >> POSB Bank Saving… Account: 245-93746-6 ဆက်သွယ်ရန် : ကိုဝနဆွေ(81014631), နိုင်ထူးအောင်(97767074) (၃) မလေးရှား >> ကိုအောင်စိုး (+60163853222) (၄) မန္တလေး >> TeZa Hlaing (0991046819) (၅) ထိုင်းနိုင်ငံ >> Miss Phyu Phyu Thi Bank: Siam Commercial Public Company Limited Account No: 667-263912-6 Ph: *+66) 0866360052 (6) ဒူဘိုင်း >> ကိုသက်နိုင်တင့် (+971 50 177 5318) (+971 55 745 0473)

  • ပေါက်ဖော်

    October 24, 2011 at 11:37 am

    ဒုတိယ သမတကြီးက သွားရောက်ကြည့်ရှုပြီးသကာလ
    စုစုပေါင်း..သိန်းခြောက်ထောင် ဆိုလားပဲ ပေးခဲ့တယ်ပြောတယ်..မမှတ်မိတော့ဝူး..သိရင်ပြောကြဦး

    မိုးမခမှာ ဖတ်ရတာတော့..

    အသက်ဆုံးရှုံးသူ လူကြီး တဦးအတွက် ကျပ် ၁ သိန်း၊ ကလေးတဦးအတွက် ၅ သောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအတွက် ဆန်အိတ် ၅၀ဝ ကူညီခဲ့သည်ဟု သိရှိရသည်။
    ယခုကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသူများအတွက် အစိုးရက လျော်ကြေးပေးအပ်ခြင်းမှာ ရှားပါးသည့် အဖြစ်အပျက် ဖြစ်သည်ဟု သတင်းစာဆရာ တဦးကပြောသည်။

  • ရွှေအိမ်စည်

    October 24, 2011 at 1:30 pm

    ဒုတိယ သမတကြီးက သွားရောက်ကြည့်ရှုပြီးသကာလ
    စုစုပေါင်း..သိန်းခြောက်ထောင် ဆိုလားပဲ ပေးခဲ့တယ်ပြောတယ်..

    မိုးမခမှာ ဖတ်ရတာတော့..

    အသက်ဆုံးရှုံးသူ လူကြီး တဦးအတွက် ကျပ် ၁ သိန်း၊ ကလေးတဦးအတွက် ၅ သောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအတွက် ဆန်အိတ် ၅၀ဝ ကူညီခဲ့သည်ဟု သိရှိရသည်။
    ယခုကဲ့သို့ သဘာဝ ဘေးအန္တရာယ်ကြောင့် အသက်ဆုံးရှုံးရသူများအတွက် အစိုးရက လျော်ကြေးပေးအပ်ခြင်းမှာ ရှားပါးသည့် အဖြစ်အပျက် ဖြစ်သည်ဟု သတင်းစာဆရာ တဦးကပြောသည်။

    ဟုတ်လားပေါက်ပေါက်..မုဒိတာပါဘဲ….

    ဦးဇာဂနာကပြောတယ်…..အာလူးပူတီး(အမည်တူ)…မစားပါနဲ ့တဲ ့ဟဲဟဲ
    ဒါဆိုဒုတိယလည်းအားလူးဘဲစားတာဖြစ်မယ်….

    နွားတစ်ကောင်ဘယ်ဈေးလည်းလို ့တော့မေးချင်သား….

  • koyinmaung

    October 24, 2011 at 2:00 pm

    ခုလို သဘာဝဘေးအန္တရယ်အကြောင်းပြည့်ပြည့်စုံစုံနဲ့
    ဘယ်လိုကြိုတင်သတိပေးကာကွယ်သင့်တယ်ဆိုတာကို
    ဝေဖန်အကြံပြုသွားတာအရမ်းကောင်းပါတယ်…..
    လေးစားပါတယ် ရွှေအိမ်စည် ရေ…….

  • Mg Ni Tut

    October 24, 2011 at 4:25 pm

    ဒီထက်ပိုအလျော်လိုချင်ရင်တော့ အာမခံသာလုပ်ထားကြပေါ့..

  • Mg Joker

    October 25, 2011 at 12:43 am

    ကံကံ၏အကျိုးပေါ့ဗျာ သေချင်သေကြမှာပဲ
    ဒါကိုဟိုလူ့ကြောင့်ဒီလူကြောင့်ဆိုပြီးပြောနေမယ့်အစား
    အဲဒီ့နေရာထိရောက်အောင်သွားပြီး အလှူအတန်းတွေလုပ်ကြပေါ့

Leave a Reply