မဆုံးတဲ့….သီချင်း—၃၆

naywoon niOctober 23, 20111min712

နေဝန်းနီကလည်း နေဝန်းနီပေပဲလေ….။ မူးလာရင် ဇောက်တိ ဇောက်ထိုးနဲ့ ဆိုတော့ မူးလာရင် သူတို့တွေ ဆော့စရာအရုပ် …။ အဲဒိလောက်ထိသောက်ခဲ့တာ…။။ ကိုယ်ခံအားကလည်း ကောင်းတုန်းကိုး….။ အဲဒါနဲ့ ကိုကိုဦး ငှဲ့ပေးတဲ့ အရက်ခွက် ကိုယူသောက်လိုက်မိတော့ ရင်ထဲက တစ်ချက်ပျို့လာသေးတယ်…။ ကမန်းကတန်း မော့ချလိုက်ပြီးတော့ ရေသောက်ချလိုက်တော့မှ နဲနဲသက်သာသွားတယ်..ကိုကိုဦးက
“ လဒ ဒီအတိုင်းသာ ဆက်သွားနေလို့ကတော့ နောက်ဆယ်နှစ် တောင်နေရမှာမဟုတ်ဘူး…။ အရက်မသောက်ခင်ရေလေးဘာလေးလည်း ခံသောက်ဦး ဟကောင်ရ”
တဲ့…။ ဟုတ်တော့လည်း ဟုတ်တယ်..။ နေဝန်းနီ အရက်သောက်ခဲ့တဲ့ သက်တမ်း တစ်လျှောက်လုံး အရက်နဲ့ ရေ ရောသောက်တာ နဲပါတယ်…။ ပေါ့သွားမှာ စိုးလို့ပါ…..။ အရက်ရဲ့ အရသာကို ဒီအတိုင်းသောက်တာက ပိုသိပါတယ်……။ နောက်ပိုင်းသောက်တဲ့ မီးတောက် ချက်အရက်တောင် ဒီအတိုင်းသောက်ခဲ့တာပါ……။ နောက်ပိုင်းကျတော့ ဒီဒဏ်တွေ ခံနိုင်အောင် အစာတစ်ခုခု ကို အရင်စားထားလိုက် တာများပါတယ်….။ ဝမ်းထဲမှာ အစာမရှိပဲ အရက်မသောက်ခဲ့ပါဘူး…။ နေဝန်းနီတို့ စကားပြောနေတုန်း ဘကြီးသန်း ပြန်ဝင်လာပါတယ်..။ လက်ထဲမှာ အာလူးကြော်ကော…။ ငှက်ပျောသီးကော.. ။ဆေးပေါ့လိပ်ကော …….။ ဆေးပေါ့လိပ်က ကမ္ဘာကျော် ကော….ဆင်ဆင် ကော…နှစ်မျိုးယူလာတယ်…။ နေဝန်းနီက တော့ကမ္ဘာကျော်ချင်လို့ ကမ္ဘာကျော် ဆေးပေါ့လိပ် သောက်သူပါ…။ သူက ဆင်ဆင်ဆေးပေါ့လိပ်လို့ မတုတ်ဘူး…။ နဲနဲသွယ်တယ်…။ ဆေးလိပ်ဖက်ကလည်း ဆင်ဆင်လို မညိုဘူး..။ စိမ်းဖန့်ဖန့် လေးတွေ များတယ်..။ ဆေးလိပ်သောက်သူ ချင်းအကြိုက်မတူကြပါဘူး..။ ဘကြီးသန်းက ဆင်ဆင်ဆေးပေါ့လိပ်ညိုညိုလေးတွေ မှကြိုက်တယ်လို့ ဆိုပါတယ်..။ သူက ငှဲ့ထားတဲ့ အရက်ခွက်ထဲကို ဆေးလိပ်ရဲ့ ဖင်စီခံပိုင်းကိုနှစ်လိုက်ပြီး ဆေးလိပ်ရဲ့ရှေ့ပိုင်းကို မှုတ်ထုတ်လိုက်ပါတယ်…။အဲဒါကိုကြည့်နေတဲ့ ကိုကိုဦးက စိတ်မရှည်ပဲ…..
“ မင်းတို့ ဆေးလိပ်သမားတွေက အလုပ်ကို ရှုပ်တယ်..။ ဆေးလိပ်ကိုရေထဲနျစ်သောက်ရတာနဲ့ အရက်နဲ့စိမ်လိုက်ရတာနဲ့…။ ဆေးလိပ်ဖက် အရောင်ရွေးရတာနဲ့..။ ဆေးစပ် ကိုလက်နဲ့ဖိစမ်းရတာနဲ့ ရှုပ်ကို ရှုပ်နေတာပဲ…။”
ဝင်ပြောတယ်..။ ဟုတ်မှာပေါ့..။ သူမှ ဆေးလိပ် မသောက်တာကိုးးးး…။ နေဝန်းနီက ငှဲ့ထားတဲ့ အရက်ခွက်ကို ဆွဲယူသောက်ရင်းနဲ့ …။
“ ဒီလိုကွ ….ကိုကိုဦးရ…။ ဆေးလိပ်သောက်တဲ့သူတွေက တစ်ယေက်နဲ့ တစ်ယောက်အကြိုက်ချင်းမတူဘူးကွ…။ တစ်ချို့က သနပ်ဖက် စိမ်းစိမ်းလေးတွေ ကြိုက်တယ်..။ တစ်ချို့က သနပ်ဖက်ကို နဲနဲညိုတာလေးရွေးကြတယ်…။ ဖက်စိမ်းရင် အနံ့က လည်းစိမ်းစော်နံသတဲ့…။”
နေဝန်းနီက အဲဒိလိုပြောတော့
“ ဆေးလိပ်ဖင်စီခံကိုလည်း ရွေးသေးတယ်….။”
ကိုကိုဦးက ဆက်ပြောပြန်တယ်..။
“ ဟုတ်တယ်…။ ဆေးပေါ့လိပ်ဖင်စီခံကို လိပ်တာက ပြောင်းဖူးဖက်တွေကွ…။ တစ်ချို့နေရာတွေမှာ ပြောင်းဖူးမထွက်လို့လား ဘာလားတော့ မသိဘူး…။ ကြံရွက်နဲ့ထည့်လိပ်ပါသတဲ့…။ အုတ်တွင်းက ကြယ်နီ လိုဆေးပေါ့လိပ်မျိုးတွေပေါ့…။ သူကဆေးလိပ်ခေါင်းကို ပါးစပ်မှာတပ်ပြီး ဆေးလိပ်ဖင်ကို လက်သည်းနဲ့ ခြစ်လို်က်ရင် အမှုန်တွေ ထွက်တယ်..။ အဲဒိအမှုန်တွေ အဆုတ်ထဲ ဝင်ရောက်ပြီး အဆုတ်နာ တို့ ချောင်းဆိုးတာတို့ ဖြစ်တတ်တယ်….။ တစ်ချို့က ဖုန်အထွက် သက်သာအောင် ရေခွက် ထဲဆွတ်တတ်တယ်…။”
နေဝန်းနီတို့ကတော့ ဆေးလိပ်ဖင်ပိုင်း အရက်ခွက်ထဲနှစ်လိုက်ပြီး ရှေ့ကို မှုတ်ထုတ်လိုက်ပါတယ်…။ ဆေးစပ်ထဲ အရက်ဝင်သွားအောင်လို့ပါ…။ မီးညှိပြီး ဖွာလိုက်လို့ တော်ရုံတန်ရုံ စပ်တဲ့ ဆေးစပ် အရက်ဆွတ်ပြီး မှုတ်လိုက်ရင် သောက်လို့ရသွားတာများပါတယ်…။ အရက်ခွက်ထဲက လက်ကျန်ကို အကုန်မော့သောက်လိုက်ပြီးတော့မှ….။
“နောက်ဆေးလိပ်ရွေးတာက ဆေးလိပ်ရဲ့ ခါးလည်ကို ဖိပြီးရွေးတာက ဒီလို ကိုကိုဦးရဲ့..။ စီးကရက်လို စက်နဲ့ထည့်တာမဟုတ်ပဲ… ဆေးလိပ်သမလေးတွေက လက်နဲ့ယူထည့်တာဆိုတော့ ဆေးစပ် အဝင်မညီတတ်ဘူး..။ သူတို့လေးတွေ ခမျာမှာလည်း တစ်နေကုန်ဒါပဲလိပ်နေရတာဆိုတော့ တစ်ချို့တစ်လေမှာ ဆေးစပ်ဝင်အောင်မထည့်ဘူး…..။ ခုံမှာ လိပ်တာမဟုတ်ပဲ အိမ်ယူလိပ်တဲ့ ဆေးလိပ်တွေ ဆိုရင် အလိပ်ရေ ပိုထွက်အောင် အကြံ အဖန်လုပ်တတ်တယ်…။”

လို့ ဆက်ပြောလိုက်တယ်…။ ကိုကိုဦးက
“နေဝန်းနီက သိလှချည့်လား ဆေးလိပ်ခုံထောင်ထားလို့လား”
တဲ့ ပြန်မေးရင်း ကုန်သွားတဲ့ အရက်ခွက်ထဲကို အရက်ထပ်ငှဲ့ ပေးရင်မေးတယ်…။
“နေဝန်းနီ ကို သွားမစမ်းနဲ့…။ သူသိချင်တာဆို အကုန်သိ..။ သူစိတ်မဝင်စားရင်တော့ နိုးပဲ …။”
တဲ့ ဘကြီးသန်းက ဝင်ပြောတယ်..။ သူနဲ့နေဝန်းနီ နဲ့က ဆယ်တန်း အတူတူ နေဖူးတာကိုး…………..။

နေဝန်းနီ

2 comments

  • ပေါက်ဖော်

    October 24, 2011 at 12:29 pm

    ဆေးပေါ့လိပ်တော့ မကြိုက်ဘူးဗျာ..
    တစ်ခါတလေ သောက်ကြည့်တာတော့ မဆိုးဘူးလားပဲ.ဒါပေမဲ့ အနံ ့ တော်တော်နံတယ်
    အဲတာကြောင့် မသောက်ဖြစ်တာ

    ဆေးပေါ့လိပ်က..ကိုနီပြောသလိုပဲ..သောက်ခါနီး အလုပ်ရှုပ်တယ်..
    ဖင်ကြည့်ရတာနဲ ့..
    ဖက်ကြည့်ရတာနဲ ့..
    စောင့်ရတာနဲ ့..
    အိုး..အလုပ်ရှုပ်ပါဘိနှယ်..
    😆

  • windtalker

    October 24, 2011 at 7:35 pm

    နေဝန်းနီ ရယ်ကို သွားမစမ်းလေနဲ ့…
    ကမ္ဘာကျော်ချင်လို့ ကမ္ဘာကျော် ဆေးပေါ့လိပ် သောက်တဲ့သူ ။

Leave a Reply