ထိုင်းစစ်တပ်က ၀င်ရောက်စီးနင်း ပစ်ခတ်ခဲ့ပြီးနောက်တွင် ထကြွလှုပ်ရှားသူ ဘန်ကောက်မြို့လယ်ရှိ အရှေ့တောင် အာရှ၏ အကြီးဆုံး Shopping Mall များ အနက်မှ တစ်ခုဖြစ်သည့် Central World  အပါအ၀င် အဆောက်အအုံ ၂၇ ခုကို မီးရှို့ဖျက်ဆီး ခဲ့ကြကြောင်း ဘန်ကောက်မြို့ပြအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က မေလ ၁၉ ရက်နေ့၊ ဒေသစံတော်ချိန် ည ၉ နာရီတွင် ထုတ်ပြန် ကြေညာခဲ့သည်။ ထကြွလှုပ်ရှားသူများက ထိုင်းစတော့အိပ်ချိန်း၊ ဘဏ်များ၊ မြို့ပြလျှပ်စစ် မီးပေးဝေရေးအဖွဲ့၊ Central World နှင့် ရုပ်ရှင်ရုံတစ်ရုံအပါအ၀င် အဓိကအဆောက်အအုံ ၂၇ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထကြွသူများက Shopping Mall အတွင်း ၀င်ရောက်လုယက်မှုများ ပြုလုပ်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း အေပီ သတင်းထောက်က သတင်းပေးပို့ခဲ့သည်။ Central World Shopping Mall သည် မြန်မာများအသွားအလာများသည့် Shopping Mall တစ်ခုဖြစ်သည်။ အဆောက်အအုံများ လောင်ကျွမ်းပျက်စီးမှုကြောင့် ၀န်ထမ်း ၁၀၀ ခန့်ကို ကယ်ထုတ်ခဲ့ရသည်ဟု သိရသည်။ ရဲတပ်ဖွဲ့က လုယက်ဖောက်ထွင်းမှု၊ မီးရှို့မှုပြုလုပ်ခြင်းတို့ကို တွေ့ရှိပါက ချက်ချင်း ပစ်ခတ်နိုင်ရန် အရေးပေါ်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ချထားကြောင်း Weeky Eleven တွင်ရေးသားထားသည်။

About Bayote

Bayote has written 395 post in this Website..