“ကိုပေါက်လမ်းသလားနေသည် အပိုင်း(20)” ( ငါးဖယ်ချောင်းကျောင်း)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(20)”
( ငါးဖယ်ချောင်းကျောင်း)

ငါးဖယ်ချောင်းကျောင်းအသွားလမ်းကလေး

ကျနော်တို့ဖောင်တော်ဦးကပြန်ထွက်လာတော့ မနက်ဆယ်တစ်နာရီဆယ့်ငါး။
ငါးဖယ်ချောင်းကျောင်းလို့ အမည်နာမရှိပေမယ့် ဒေသအခေါ်ကတော့ ရှေးဟောင်းကျောင်း။
နောက်ထပ်အများသိတဲ့နာမည်ကတော့ ကြောင်ခုန်ကျောင်း။
ငါးဖယ်ချောင်းကျောင်း

ဖောင်တော်ဦးဘုရားကနေ ဆယ့်ငါးမိနစ်လောက်အကြာမှာ ဒီရှေးဟောင်းကျောင်းကိုရောက်ပါတယ်။
လှေကလေးက တရွှေ့ရွှေ့လာနေချိန်မှာ လှမ်းမြင်ရတာကတော့ “ငါးဖယ်ချောင်းကျောင်း”လို့
ခန့်ထည်လှတဲ့ မြန်မာစာလုံးရော ဘိုစာလုံးနဲ့ရေးထားတဲ့ဆိုင်းဘုတ်ကြီးကိုပါ။
ငါးဖယ်ချောင်းကျောင်းအဝင်

အမြဲတမ်းဘုရားဖူးသူတွေနဲ့စည်ကားတဲ့နေရာလေးလဲဖြစ်ပါတယ်။
လှေကလေးတွေကလဲ ဝင်လာမစဲ

ကျောင်းပေါ်ကိုတက်လိုက်တဲ့အခါမှာတော့ အလင်းရောင်သိပ်မရှိလု့ိနည်းနည်းမှောင်နေပေမယ့်
ရှေးလက်ရာမွန်ဘုရားဆင်းတုတော်တွေ တိုင်လုံးတွေ ရုပ်ကြွတွေမြင်ရတဲ့အခါမှာတော့ နဂိုရ်ကမှ
ထူးတာလှတာမြင်ရင် အငြိမ်မနေနိုင်တဲ့ကျနော့်လက်မှာ အနားမရအောင်တဖျပ်ဖျပ်။

ငါးဖယ်ချောင်းကျောင်းကရှေးလက်ရာ

တစ်ခုခြင်းစီကို လိုက်ရိုက်ထားတာပါ။
ရုပ်လုံးကြွ ပုံတော်

တစ်ခုနဲ့တစ်ခု တစ်ဆူနဲတစ်ဆူ ကပ်ရက်ရှိနေတာပါ။
ရွှေပိန်းးချတိုင်လုံး

အမှောင်ထဲမှာတောင်ရွှေရောင်တွေဝင်းလက်နေတဲ့ ရှေးလက်ရာတွေပါ။
ရုပ်ပွားတော်က နှီးဘုရားလို့ သိရပါတယ်

ဆင်းတုတော်တွေ့ရှေ့ကတန်းမှာတော့ သာသနာ့အလံလေးတွေချိတ်ထား ဘုရားအပူဇော်ခံတဲ့ရက်အတွက် ကြိုတင်ပြင်ဆင်တာပါတဲ့။
ကျောင်းပါတ်ပါတ်လည်တစ်ခုလုံး ရှေးဘုရားတွေနဲ့အပြည့်ပါ။
အထဲမှာနည်းနည်းမှောင်နေပေမယ် ့ ပုံထွက်တော့လှပါတယ်။

ဖြည်းဖြည်းလေးလမ်းလျောက်လို့ ပုံတော် တစ်ဆူခြင်းအမိအရရိုက်လာတာပါ။
<img src="https://myanmargazette.net/wp-content/uploads/2011/10/I
ရိုက်လို့ကို မဝနိုင်အောင် ကြာတော့ ဘေးလူကတောင် ကျနော်ကို သတိထားလာကြပါတယ်။
ဒီလူရို်က်လှချည်လားပေါ့။

ဒီမှတ်တမ်းလေးက လဲ တိတိကျကျ။
ဘုရားကမှတ်တမ်း

အနောက်ဘက်ခြမ်းမှာတော့ နည်းနည်းမှောင်တော့ ပုံကောင်းကောင်းမရလိုက်ဘူး။
ဒီကျောင်းရဲ့အနောက်ဖက်ဒေါင့်မှာတော့ ဘုရားဖူးများ အတွက် အိမ်သာထားပေးတာ တွေ့ရပါတယ်။
သပ်ယပ်သန့်ရှင်းတာကိုတွေ့ရပါတယ်။
အရှေ့ဖက်မှာတော့ ခန်းမကျယ်ကြီးကို တွေ့ရပါတယ်။.
နှပ်နေတဲံေ့
ဒါကတော့ နှပ်နေတဲကြောင်ပျင်း။

ကျနော်ဘုရားထဲလှည့်ပါတ်ကြည့်နေတုံး တောင်ဘက်ခြမ်းက ဖျာပေါ်မှာ မုန့်တွေ ရေနွေးကြမ်းတွေကို ချထားတာတွေ့ရပါတယ်။.
လူတစ်ချုိုကလဲဝိုင်းထိုင်လို့ပေါ့။
ကျနော်အခြားဘက်ခြမ်းမှာဓါတ်ပုံတွေသွားရိုက်နေလို့ ပြန်လဲရောက်ရော
ကြောင်လိမ္မာ လေးတွေကို ကြိမ်ကွင်းကိုခုန်ပြနေတာတွေ့ရပါတယ်။
ဒါကြောင့်လဲ ကြောင်ခုန်ကျောင်းလို့ခေါ်တယ်ဆိုတာသိလာရပါတယ်။
ခဏနေတော့ ပြန်လာခဲ့ကြပါတယ်။
လှေသမား က ငွေပန်းတိမ်နဲ့ယက္ကန်းစင်သွားမလားမေးတော့ မဒမ်ပေါက်က မိုးမိမှာစိုးလို့မသွားတော့ဘူးဆိုတာနဲ့ပြန်လာခဲ့ကြပါတယ်။
အင်းလေးက ညနေဆိုရင် မိုးရွာတတ်လို့ပါ။
ဒါနဲ့ဘဲ လှေပေါ်တက်လို့ ကျောင်းတော်ကို နုတ်ဆက် အင်းထဲကထွက်ခဲ့ကြပါတယ်။
နုတ်ဆက်ခဲ့တဲ့ကျောင်း

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(24-10-2011)

14 comments

  • thit min

    October 24, 2011 at 6:55 pm

    ကောင်းတယ်နောင်တော်ပေါက်ရေ
    အကြံပြုချင်တယ်ဗျာ။ရင်းနှီးစွာပေါ့နော်။
    ဓာတ်ပုံလေးတွေအောက်စာရေးထားတဲ့နေရာနားမှာ ရက်စွဲလေးပါ ကွင်းလေးနဲ့ထဲ့ပေးထားပါလား။
    ကိုပေါက်ကိုယ်တိုင်ရော ဝါသနာပါလို့ကူးယူသွားတဲ့သူအတွက်ပါတိကျတဲ့မှတ်တမ်းသဘောဆောင်တာပေါ့နော့။
    ပုံပေါ်မှာပါတာထက် စာလေးလဲပါရက်လဲသိ။ ဪ ကိုပေါက်၊ကိုပေါက် လို့ ကူးသူများကလဲ မမေ့နိုင်ပြီပေါ့ဗျာ။:P

  • windtalker

    October 24, 2011 at 7:55 pm

    ကျွန်တော် ငယ်ငယ်တုန်းက အင်းလေးရောက်တုန်းက ဒီကျောင်းကို မရောက်ခဲ့ဖူးထင်တယ်ဗျ ။
    ကျွန်တော် ရောက်ခဲ့တုန်းက အင်းလေးမှာ နာမည်အရမ်းကြီးတဲ့ ဘုန်းကြီးတစ်ပါးရှိတယ် ။
    ပရိတ်ရေအစွမ်းထက်တယ်တဲ့ ။ အဲဒီ ဘုန်းကြီးကျောင်းမှာ တစ်ရက်တည်းခဲ့ဖူးတယ်ဗျ ။
    အခုတော့ မရှိတော့ဘူး ထင်ပါတယ် ။
    ဘာပဲဖြစ်ဖြစ် လေးပေါက်ကောင်းမှုနဲ ့ငါးဖယ်ချောင်းကျောင်း ပုံတွေ နဲ ့ဘုရားဖူးခွင့်ရသဗျို ့
    ကျေးကျေးပါ

  • ကိုသစ်ရေ
    အကြံပေးတာကို ကျေးဇူးတင်ပါတယ်။
    ကျနော်တင်တဲ့ပုံမှာ လူနာမယ်လဲမထိုးခြင်သလို ရက်စွဲလဲမတတ်ခြင်ပါဘူး။
    လူနာမယ်ထိုးတာက ပုံကိုအလှပျက်စေတယ်လို့ယူဆလို့ပါ။
    ရက်စွဲတတ်လိုက်ရင် ဘောင်တစ်ခုနဲ့ကန့်သတ်လိုက်တယ်လို့ စိတ်ထဲမှာခံစားရလို့ပါ။
    ပုံမှာ ရက်စွဲမပါရင် ကြည့်တဲ့သူက သူနှစ်သက်သလိုခံစားရပြီး ရက်စွဲတတ်လိုက်ရင်
    “အော်ဘယ်တုန်းကပုံကြီး” ဆိုပြီးစိတ်ထဲမှာ ခံစားသွားမှာစိုးလို့ပါ။
    ဝင်ကြည့်တာရော ခင်မင်စွာနဲ့အကြံပေးတာကိုရော အထူးကျေးဇူးပါ ကိုသစ်ရေ။
    မန်းလေးရောက်ရင် ဆက်သွယ်လို်က်ပါနော်။

    • windtalker

      October 24, 2011 at 9:15 pm

      ကစ်သို ကိုယ်စား ကျွန်ုပ် မှ ဝင်ရောက် မေးမည် ။
      အသင် ကိုပေါက်(မန္တလေး) မန် ့ထားသလို
      ၈၄ လမ်း ကို သေချာလိုက်လံ ပို ့ဆောင် ဘာညာမည် ဆိုမှ
      ကိုသစ်က ဆက်သွယ်မည်
      ဟီဟိ

  • မောင်သစ်
    အဲဒါလမ်းဘေးနားကပန်း။
    ဟော်တယ်ပန်း
    အဆောင်ပန်း
    တိုက်ခန်းပန်း
    အိမ်ပန်း
    ခြံပန်း
    ယာယီပန်း
    မာဆတ်ပန်း
    ကေတွီဗွီပန်း
    ကြိုက်တဲ့ပန်းခူးလို့ရတယ် တော်ကာ လိုတာကတော့ ရေ………………လောင်းနိုင်ဘို့ဘဲ။

    • windtalker

      October 24, 2011 at 9:36 pm

      အားရာယား
      လောပန်ပေါက် ရှိသလေး
      ဘာမှ မပူနဲ ့လေး
      ရွှေလိုချင် ရွှေဖြစ်ရမယ်
      ဒန်တန်တန်

  • ပေါက်ဖော်

    October 24, 2011 at 9:36 pm

    ကြောင်တွေများလှချည်လား.အောင့်မေတာ
    ကြောင်ခုန်ကျောင်း..ရောက်ခဲ့တာကိုး..
    ခုန်တတ်အောင် ဘသူ သင်ပေးလဲ မသိဘူးနော့
    🙄

  • အဲဒါတော့ မမေးခဲ့မိဘူးဗျာ။
    ပေါက်ဖော်ကိုရော ရင်ခုန်တတ်အောင်ဘယ်သူသင်ပေးခဲ့သလဲ?

    • ပေါက်ဖော်

      October 24, 2011 at 10:52 pm

      နိုင်ငံရေးတွေပါသွားပြီဆိုတော့
      နှာစေးနေတာဘဲ ကောင်ဒယ် လေးပေါက်ရေ
      ဟီး.ဟီး..
      😆

  • Diamond Key

    October 25, 2011 at 9:35 am

    ငါးဖယ်ချောင်းကျောင်းကို ခုထိ မရောက်ဖူးသေးပါ။
    ကိုပေါက်ပို့ပေးတာကို ကျေနပ်နေပါသည်။

  • MaMa

    October 25, 2011 at 9:38 am

    အင်းလေးဖောင်တော်ဦးက ၂ ခေါက်လား ၃ခေါက်လား မသိဘူး ရောက်ဖူးတယ်။ အဲဒီကျောင်းတော့ မရောက်ဖူးဘူး။ ရှိမှန်းလည်းမသိလို့ သွားရကောင်းမှန်းလည်း မသိဘူး။ ရှေးဟောင်းလက်ရာတွေ ကြည့်ရတာကို သဘောကျတယ်။

  • sukoko

    October 25, 2011 at 12:06 pm

    အန်ကယ်ပေါက်ရိုက်ချက်တော်လို့ဘုရားတွေကိုဖူးရပါတယ်
    ရောက်ဖူးချင်တယ်ကြောင်တွေခုန်တာမြင်ချင်လို့ပါ
    တစ်ခုတော့မေးမယ်နော်(မသိလို့ပါအမှားပါရင်ခွင့်လွှတ်ပါနော်)
    ဂေဇတ်ကဦးကြောင်တို့ကောခုန်တတ်လား

    • ဆူး

      October 25, 2011 at 12:13 pm

      ရွာထဲက ဦးကြောင် ခုန်ချက်ကတော့ ပြောမနေနဲ့ တချက်မှ ကို မငြိမ်တာ.. ရင်ခုန်တာပြောပါတယ်။ ရွာထဲကို အသစ်ရောက်လာတဲ့ မိန်းကလေး တွေရဲ့ အစီရင်ခံစာ ဆိုရင် သူပဲ အရင် လုဖတ်တာ.. ပရိုဖိုင်းမှာ လေး ဆိုတာ ပါရင် ခုန်ပြီးသားပဲ.. ဥပမာ လုံးလေး နန်းမြတ်လေး ဘာလေး ညာလေးပေါ့ကွယ်.. စုကိုကိုလေး ဆိုရင်လည်း ခုန်အုန်းမှာပဲ.. မယုံမရှိနဲ့ သဂျီး ရဲ့ လက်ထောက် ဆိုတော့ ပရိုဖိုင်းမှန်သမျှ ကြောင်ကြီးက အကုန်သိတာပေါ့။ သဂျီး ရဲ့ အတွင်း လျို့ဝှက်ဖိုင်တွေ ထားတဲ့နေရာဆို အပြင်လူ မဝင်နိုင်အောင် ကြောင်သေးနံ ဖြန်းထားလို့ အခုထိ လျို့ဝှက်စွာ ရှိနေတုန်းပေါ့။

  • ဆူး

    October 25, 2011 at 12:17 pm

    ဘုန်းကြီးကျောင်းက ဖုန်တွေ တော်တော် တက်နေတယ်။
    သန့်ရှင်းရေး လုပ်ပေးချင်လိုက်တာ.. ဟိဟိ.. ဖုန်တွေ တက်တာ တော်တော် ကြာနေပြီ ထင်တယ်။

Leave a Reply