Only in Kalaw ………

yuiioFebruary 27, 20121min614

 

မတ်လ ၁ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကလောမြို့သို့ စည်းရုံးရေးခရီးစဉ် လာရောက်မည် ဖြစ်ပါသည်။ ထိုနေ့သည် ကလောမြို့၏ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာမည် ဖြစ်၏။ ထို အကြောင်းအရာအတွက် ကျွန်ုပ်တို့ ကလောသား ကလောသူ ၊ ရှမ်းပြည်သား ရှမ်းပြည်သူ အားလုံးလည်း ဂုဏ်ယူ ဝမ်းမြောက်ကြမည်ဟု ယုံကြည်ပါသည်။ ထို့အပြင် ကလောမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းတွင် NLD ရုံးစိုက်သည့် ပထမဦးဆုံးမြို့ ၊ ရှမ်းပြည်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည့် ပထမဆုံးခရီးစဉ်တွင်လည်း ပါဝင်နေသောကြောင့် ကလောသား တစ်ယောက်အနေနှင့် ဂုဏ်ယူစွာ ပျော်ရွှင်စွာဖြင့် ယခု post ကို တင်လိုက်၏ ။ ( မုဒိတာပွားနိုင်ကြပါစေ ရွာသူ/သား အပေါင်းတို့ ခင်ဗျား )

4 comments

  • water-melon

    February 27, 2012 at 7:51 am

    ကျေးဇူး yuiio ရေ
    ကလောကို တခါမှတော့မရောက်ဖူးဘူး
    အရင်တခါ ပင်းတယသွားတုန်းကတော့ ကလောမြို့ရှေ့ကဖြတ်ခဲ့တယ် 😀

  • memeseku

    February 27, 2012 at 9:11 am

    ကျနော်သိသလောက်တော့ကလောက မြန်မာနိုင်ငံမှာ..ရှိတဲ.တခုထဲသော..အနောက်တိုင်းဆန်တဲ.မြို.လေးပါပဲ..
    လူတွေကလဲရိူးသားကြတယ်… နောက်ပြီးထင်းရူးပင်မြင့်ကြီးတွေနဲ.တောင်စောင်းက မြင်ခင်းစိမ်းလေးတွေကြားမှာ သပ်ရပ်တဲ. ဘန်ဂလို အိမ်လေးတွေနဲ. ငြိမ်းချမ်းတဲ.မြို.လေးပါ.
    ပြောရင်းနဲ.ကလောသွားချင်လာပြီ..။

  • htoosan

    February 27, 2012 at 9:13 am

    ဂေဇက်လည်း နယ်ပယ် နေရာစုံက လူပေါင်းစုံပါဝင်လာတဲ့ အတွက် ပြည်ထောင်စုဂေဇက်လေးဖြစ်လာပါပြီ။
    ဝမ်းသာ ကြိုဆိုပါတယ် yuiio ရေ။
    မကြာမီတော့ ကလော တစ်ဝိုက် ၊ ပင်းဒယ ၊ အောင်ပန်း ရဲ့ အလှအပတွေ yuiio ကျေးဇူးနဲ့ထိတွေ့ခံစား ကြရလိမ့်မယ် လို့ မျှော်လင့်ပါတယ် ။

  • ဟုတ်တယ်ဗျာ ကိုထူးဆန်းပြောသလိုပါဘဲ။နယ်စုံကနေ ထောက်ပံ့နေတော့ ဂေဇက်ကလဲလှပဝေစီနေတော့တာပေါ့။
    ကလောမြို ့ကိုရောက်ဖူးပေမယ့် အကြာကြီးမနေနိုင်ခဲ့တော့ သေချာမနှံ ့ခဲ့ဘူးဗျာ။ခုလိုကြားရတော့ ဝမ်းသာရပါတယ်ဗျာ။
    မြို ့သူ၊မြို ့သားတွေနဲ ့ထပ်တူထပ်မျှပါဘဲဗျာ။

Leave a Reply