ညနေ ၅ နာရီထိုးတော့မည်။
ရုံးဆင်းချိန်ရောက်တော့မည်။

ဒီလို အလုပ်ပြန်ချိန်တွေမှာ bus ကားကျပ်တာ မထူးဆန်းလှပေမယ့်
ပြန်တဲ့သူတွေက
လက်လုပ်လက်စား နေ့စားသမားတွေ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်သည်။

အခြေခံလူတန်းစားတွေရဲ့ ဘ၀က ဘယ်တော့မှ ပြောင်းလဲလာမှာလဲ
ပြောင်းလဲလာဖို့အတွက်လမ်းကြောင်းတစ်ခုဆိုတာ ဘယ်မှာလဲ
အချိန်တန်အရွယ်ရောက် မိန်းကလေးဆိုရင် စက်ရုံဆင်းမယ်
ယောကျာ်းလေးဆိုနေ့စားလိုက်လုပ်မယ်

မနက် ၈ နာရီမှ စတင်ပြီး ည ၉ နာရီအထိ စက်ရုံဆင်းရသည်
ပိတ်ရက်ဆိုတာ ၁ လလုံးနေမှ ၂ ရက်
ဘ၀ကို ပြောင်းလဲဖို့အတွက် ဘယ်မှာလဲအချိန်ပို
ပြောင်းလဲဖို့ရော အခွင့်ရေးရှိရဲ့လား
မရေရာပါ
နေ့စားအလုပ်သမားတွေအတွက်ကရော
တစ်နေ့လက်လှုပ်မှ တစ်နေ့စားရသည်
ဒီလိုနှင့် သူတို့ရဲ့မျိုးဆက်တွေ ဒီလိုပုံစံတွေပဲ ဆက်ရောက်လာသည်
ပညာရေးဆိုသည်ကို အထင်မကြီးတော့
” ဘွဲ့ရလည်း ဘာထူးမှာလဲကွာ ဒီခေတ်မှာ ဘွဲ့ရတဲ့သူတွေတောင် အလုပ်ရှိတာမဟုတ်ဘူး
သေစာ ၊ ရှင်စာတတ် တော်ရောပေါ့ ”

စီးပွားရေး အကျပ်အတည်းကလည်း ပိုနွံနစ်စေသည်..
ဟင်းရွက်သည်၊ ကုန်စိမ်းသည်ရဲ့ သားသမီးကျောင်းထားသည် သို့သော်လည်း……..
” ကုန်ဈေးနှုန်းတွေကလည်း တတ်လို်က်တာ ၊ ညည်းတို့ကျောင်းကလည်း တောင်းလိုက်တဲ့
ပိုက်ဆံ အေ ၊ တော်ကြာ ဟိုဟာကြေး တော်ကြာ ဒီဟာကြေးနဲ့ ၊ ကျူရှင်မတတ်၊သူတို့တောင်းတာမပေးပြန်လည်း မအောင်ပြန်ဘူး
ထွက်လိုက်ပါတော့အေ ၊ စက်ရုံပဲဆင်းတော့ပေါ့….”

ဒီလိုနှင့် စက်ရုံဆင်းတဲ့ သူတွေများပြားလာသည်..။

” ဘာနဲ့ဘွဲ့ရလဲ ”
” ရိုးရိုးမေဂျာလေးပါ အခုစက်မှုဇုံမှာ ၀င်လုပ်နေပြီလေ ”
” ကွန်ပျူတာနဲ့ပါ အခုစက်ရုံမှာ ကွန်ပျူတာနဲ့ပဲ ၀င်လုပ်နေတယ်လေ ”

်foundation မကောင်းတော့ ……..
တဖြည်းဖြည်းနှင့် အခြေခံလူတန်းစား ဦးရေပဲတိုးပွားလာသည်
ပြောင်းလဲလာမည့် လူ့ယဉ်ကျေးမှု အဆင့်အတန်းဆိုတာ
စိတ်ကူးယဉ်စရာ အိပ်မက် တစ်ခုပမာ………

About နီကီတာ

has written 23 post in this Website..

何もあきらめないで頑張れば何もできる!