ရေနစ်သူကိုမှ ဝါးကူထိုးပေးနေတဲ့ နယ်ခြားစောင့်တပ်များ

koyin sithuOctober 24, 20111min13311

ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဝမ်းရေးနှင့် အခြား အကြောင်းမျိုးစုံကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ အပေါ်လမ်း၊ အောက်လမ်းကပါ သွားရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။ အထူးသဖြင့်တော့ ထိုင်းနိုင်ငံမှာဖြစ်ပါတယ်။ ထိုင်းမှာ ရေကြီးနေတဲ့ သတင်းတွေတော့ ကြားရတယ်… ထိုင်းနိုင်ငံမှာ နေရာစုံ အလုပ်လုပ်ကိုင်နေကြတဲ့ ကိုယ်တွေ မြန်မာအလုပ်သမားတွေ အဆင်ပြေပါ့မလား နားစွင့်နေမိတယ်။ ရေကြီးမှုကြောင့် စက်ရုံ၊ အလုပ်ရုံကြီးတွေ ပိတ်လိုက်ပြီး အလုပ်သမား မြောက်မြားစွာ အလုပ်ကအနားပေးလိုက်တယ်။ ဒီတော့ ကျွန်တော့်တို့ မြန်မာအလုပ်သမားတွေလည်း နေရပ်ကို တပ်ခေါက် ကြရတာပေါ့။ သူတစ်ပါးနိုင်ငံမှာ ရေကြီးလို့ ဒုက္ခတွေနဲ့ ကိုယ့်နေရပ်ကို ပြန်လာသူတွေကို နယ်ခြားစောင့်တပ် အမည်ခံ အေးဓါးပြတို့ ဆက်ဆံပုံက ဧရာဝတီသတင်းထဲမှာ ဖတ်လိုက်ရတာရင်နာစရာပါပဲ။

အရင်တုန်းကလည်း ထိုင်းရဲတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားမဝင်နေထိုင်တာ ဖမ်းမိတာနဲ့ ကတုံးတုံးပြီး ဖင်နှိုက် ထောင်ထဲ (၁၀)ရက်ထည့်ပြီး မြဝတီနယ်စပ်ဖက်ကို သွားသွန်ကြပါတယ်။ ဒီဘက် နယ်စပ်က အစောင့်တွေက ဘတ် (၁၅၀၀) ပြန်ရွေးနိုင်ရင် ရွေး၊ မရွေးနိုင်ရင် ပုဒ်မတွေ မျိုးစုံ တပ်ပြီး ပေါ်တာထဲထည့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ ချီတက်နေတဲ့ သမ္မတနိုင်ငံတွေအနေနဲ့ ကိုယ်လူမျိုးတွေ ဒုက္ခရောက်ပြီး ပြန်လာတာကို အဆင်ပြေအောင် မလုပ်ပေးတဲ့အပြင် အဝင်တံခါးဝကနေ အေးဓါးပြတိုက်နေတာတော့ မကောင်းဘူးလို့ ကျွန်တော် မြင်မိပါတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်နေခြင်းလည်း ဖြစ်ပါတယ်။

“ကျွန်ုပ်တို့ ပြည်သူလူထုကြီးရဲ့ အကျိုးစီးပွားလို့ ” တကြော်ကြော် ကြွေးကြော်နေသော်လည်း မြန်မာအခြေခံ လူတန်းစားများခမျာတော့ မိမိအိမ်ပြန်တံခါးဝမှာပဲ လက်နက်ကိုင်ပြီး ရေနစ်သူကို ဝါးကူထိုးနေကြဆဲပါ။

(သတင်းအပြည့်အစုံကို ကျွန်တော်တို့ ရွာသားအပေါင်း ဖတ်ရစေသောငှာ ဧရာဝတီသတင်းဌာနမှ ကူးယူ ဖော်ပြပေးလိုက်ပါတယ်)

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စက်ရုံအလုပ်ရုံများ ပိတ်လိုက်၍ နေရပ်ပြန်လာကြသည့် မြန်မာ အလုပ်သမားများကို
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင်လူပွဲစားများက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှ င့်ပေါင်း၍ အဓမ္မ ငွေကြေးကောက်ခံ မှုများပြုလုပ်နေသောကြောင့် အခက်အခဲဖြစ်ကြရသည်ဟု အလုပ်သမားများက ပြောဆိုသည်။

ယခုလဆန်းမှ စတင်ပြီး ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင်၊ ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီ နှင့် နဝပ်နခေါ စက်မှုဇုန်ကြီးများတွင် လုပ် ငန်းများရပ်ဆိုင်းလိုက်ရသည်အထိ ရေကြီးမှုများကြောင့် မြန်မာအလုပ်သမားများ အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ်လူ၂၀ဝ ခန့်နေရပ် ပြန်လာနေကြခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ထိုင်း စက်လှေဂိတ် ပိုင်ရှင်များက ပြောပြသည်။

အယုဒ္ဓယ ခရိုင်ရှိ အုတ်ဖုတ်လုပ်ငန်းမှ ပြန်လာသည့် ကိုဝကြီးက“၁၆ ရက်နေ့က ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်လာကြတာပါ၊  မဲဆောက်ကို လိုင်းကား စီးပြီးပြန်လာကြတယ်။ မဲဆောက်အဝင်မှာ ထိုင်းလဝကရဲ့ဖမ်းတာကိုခံရပြီးတဲ့နောက် မြဝတီဘက်ကမ်း ၉၉၉ ဂိတ်မှာ သွားသွန်တယ်၊ မြဝတီဘက်ရောက်မှ လူပွဲစားတွေက ကျနော်တို့ကို ခေါ်ထားပြီး တယောက်ကို ထိုင်းဘတ် ၂၅၀ဝ တောင်းတယ်၊ မပေးလို့မရဘူး၊ ပိုက်ဆံမရှိတဲ့လူတွေကို ဘယ်မှ ပေးမသွားဘဲ၊ ထိုင်းနဲ့ မြန်မာပြည်မှာရှိတဲ့ ဆွေမျိုးသားချင်း တွေကို မရမက အဆက်အသွယ် လုပ်ခိုင်းတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အုတ်လုပ်ငန်း၌ မြန်မာအလုပ်သမား ထောင်ဂဏန်းအထက်ရှီပြီး အများစုမှာ မည်သည့် အထောက်အထား လက်မှတ်မှ မရှိကြောင်း သိရသည်။

ပထုံဌာနီ ခရိုင်ရှိ ခေါင်းစောင် ပလတ်စတစ်စက်ရုံမှ ကိုတကော်က ယမန်နေ့နံနက်က မြဝတီ ၉၉၉ ဂိတ်သို့အရောက်တွင် ၎င်းနှင့် အတူပါလာသူ ၁ဝ ဦးမှာ လူပွဲစားများထံသို့ တဦးလျှင် ဘတ်၂၅၀ဝ နှုန်းနှင့် ဘတ်၂၅၀၀ဝ ပေးခဲ့ရ ကြောင်း ပြောဆိုသည်။

ဘန်ကောက်မြို့မှ ပြန်လာသည့် မစန်းစန်းနွယ်ကလည်း ၎င်း အပါအဝင် မိန်းကလေး ၃ ဦးသည် ယင်း လူပွဲစားများကို ငွေပေး ခဲ့ရသည့်အပြင် ခြိမ်းခြောက်ခံရခြင်းများလည်း ရှိသည်ဟု ပြောသည်။

“ကျမတို့ ၃ ယောက် ပိုက်ဆံ၂၀၀ဝ ကျော်ပဲပါတယ်၊ ဘယ်လိုမှပြောလို့ မရဘူး၊ အဲဒီဂိတ်မှာ၂ ညအိပ်နေခဲ့ရတယ်၊ ဘန်ကောက် မှာ ရှိတဲ့ အစ်မတွေဆီကို လူပွဲစားတွေရဲ့ လက်ကိုင်ဖုံးနဲ့ အဆက်အသွယ်လုပ်ပြီး သူတို့ဘဏ်စာရင်းထဲကို ငွေလွှဲပြီးမှ ကျမတို့ကိုပြန်လွတ်ပေးတာ၊ ဒါတောင်မှ ထမင်းဖိုးက တရက်ဘတ် ၁၀ဝ နှုန်းနဲ့ သတ်သတ်ပေးရသေးတယ်”ဟု မစန်းစန်းနွယ်က ပြောပြ သည်။

မြဝတီမှ မွန်ပြည်နယ် မော်လမြိုင်မြို့သို့သွားသည့်ကားစရိတ်မှာ လူတဦးလျှင်ကျပ် ၁၀၀၀ဝ ခန့် ပေးရသည်ဟုလည်း သိရသည်။

မြဝတီ ခရိုင်အမှတ် ၅ ရပ်ကွက်အတွင်း တည်ရှိသည့် ၉၉၉ ဂိတ်သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ၉၉၉ အထူးတပ်ရင်း၏ ဂိတ်ဖြစ်ပြီး ဘန်ကောက်မှ တဆင့် အဖမ်းခံရသူများကို ထိုင်း လူဝင်မှုကြီးကြပ်ရေး (လဝက)အဖွဲ့က မြန်မာဘက် ပြန်ပို့သည့် နေရာဖြစ်သည်။

လက်ရှိတွင် ၉၉၉ ဂိတ်ကို ယမန်နှစ်က DKBA အဖွဲ့မှ အသွင်ပြောင်းလိုက်သည့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့က ဆက်လက်အုပ်
ချုပ် လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်လာသူများကို ငွေကြေး ကောက်ခံမှုပြုလုပ်နေသည်မှာ ၁ဝ နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း၊ ၎င်း တို့ကို မြန်မာအာဏာပိုင်များက ယနေ့အထိ တစုံတရာအရေးယူခြင်းမရှိကြောင်း ယင်းဂိတ်အနီးနေထိုင်သည့် အစိုးရ ဝန်ထမ်း တဦးက ပြောပြသည်။

နေရပ်ပြန်လာသူများထဲတွင် ထက်ဝက်ခန့်မှာ ယာယီနိုင်ငံကူး လက်မှတ်များနှင့် တရားဝင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ကျန်လူများမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်ဖြင့် ထိုင်းတွင်အလုပ်လုပ်ကိုင်နေ သူများ နေရပ်သို့ပြန်ရာတွင် တစုံတရာအခက်အခဲမရှိဘဲ သွားလာ၍ရသည်ဟု ဘန်ကောက် နွန်ထဘူရီအရပ်မှ ပြန်လာသည့်
ဆောက်လုပ်ရေး ပစ္စည်းအရောင်းဆိုင်မှ ကိုအောင်က ပြောသည်။

၎င်းက“ယာယီနိုင်ငံကူးလက်မှတ်နဲ့ မြန်မာဘက်ကို အချိန်မရွေးသွားလာလို့ရတယ်၊ မြန်မာဘက်ပြန်မယ်ဆိုရင် ကိုယ်နေတဲ့သက် ဆိုင်ရာဒေသက ထိုင်းလဝက ရုံးမှာတုံးသွားထုရတယ်၊ ဘတ် ၁၀၀ဝ ကျတယ်၊ တချို့ကျတော့ ဘန်ကောက်မှာ တုံးမထုဘဲ မဲဆောက် က ထိုင်း လဝကရုံးမှာ ထုရင်လည်း ရတယ်၊ နှုန်းထားက အတူတူပဲ”ဟု ဆိုသည်။

ယနေ့နံနက်ပိုင်းက ဘန်ကောက်မှ ယာယီနိုင်ငံကူးလက်မှတ်များဖြင့် ထိုင်းနိုင်ငံ မဲဆောက်မှတဆင့် နေရပ်ပြန်ရန် ရောက်ရှိ လာ သည့် မြန်မာ အလုပ်သမားအရေအတွက်မှာ ၁၀ဝ အထက်တွင်ရှိသည်ဟု ထိုင်းလဝက ဝန်ထမ်းတဦး က ပြောသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂ သန်းမှ ၄ သန်းကြားရှိပြီး နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား လက်မှတ် ပြုလုပ်ထားသူ ၁ သန်းကျော် ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ထိုင်းနိုင်ငံတွင်း အဓိကစက်ရုံအလုပ်ရုံကြီးများ ပိတ်ပစ်လိုက်ရ၍ အလုပ်သမားပေါင်း ၆၂၀၀၀ဝ ကျော်အလုပ်ရပ်နား ခဲ့ရကြောင်း ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap ၏ ပြောကြားချက်ကိုးကား ယနေ့ထုတ် ဘန်ကောက်ပို့ သတင်းစာ၌ ဖော်ပြထားသည်။

အောက်တိုဘာ ဒုတိယပတ်အတွင်း ဗဟိုဘဏ်၏ တွက်ချက်မှုအရ ယင်းရေကြီးမှုကြောင့် ဘတ် ဘီလီယံ ၁၀ဝ ခန့်(အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံခန့်) ဆုံးရှုံးမှုရှိခဲ့ကြောင်း သိရသည်။

 

11 comments

  • nikita

    October 24, 2011 at 1:25 pm

    “ဖမ်းမိတာနဲ့ ကတုံးတုံးပြီး ဖင်နှိုက်” ဆိုတာ
    ဘာကိုပြောတာလဲ ဟင်
    သူတို့ဘာလုပ်ကြတာလဲ

  • Koyin Sithu

    October 24, 2011 at 1:30 pm

    ထိုင်းနိုင်ငံက အကျဉ်းထောင် ဝင်တာနဲ့
    ကတုံးတုံးပစ်ပါတယ်.. ပြီးတော့ မူးယစ်ဆေးဝါးကို
    Anus (ဖင်) ထဲမှာ ဖွက်မယူလာအောင် လက်ဖြင့် ဖင်နှိုက်ပြီး
    စစ်ဆေးခြင်းဖြစ်ပါတယ်။ ၁ဝ ရက် အကျဉ်းစခန်းမှာ
    ခေါင်းတပြန် ဖင်တပြန်နဲ့ တယောက်ခြားစီ အိပ်ကြရပါတယ်။

  • nikita

    October 24, 2011 at 1:34 pm

    အကျဉ်းထောင်ဝင်တာနဲ့ ဘာလို့ကတုံးတုံးပစ်တာလဲ
    ဆံပင်ရောင်းစားဖို့လား

    • GreeNSheeP

      October 24, 2011 at 6:30 pm

      စိတ်ဝင်စားလွန်းနေပြီ ထင်ပါရဲ ့။ တစ်ခါလောက်သွားလေ့လာကြည့်ပေါ့ ။ အသေးစိတ်သိရအောင် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 24, 2011 at 6:52 pm

    အဲ့သည် နယ်စပ်ဂိတ်က $#%*တွေ
    တစ်$#%*မှ မကောင်းဘူး
    မြန်မာစစ်တပ်ဆိုရင်လည်း တပ်မတော်ကို သိက္ခာချတဲ့ငါလိုးမသားတွေ
    ကရင်စစ်တပ်ဆိုရင်လည်း ကရင်လူမျိုးနဲ့ ကရင်တော်လှန်ရေးကို စော်ကားတဲ့ $#%*တွေ
    ဘာကောင်ဘဲဖြစ်ဖြစ် အဲ့သည်ဂိတ်မှာ သေနတ်ရှိတဲ့ မအေလိုးတွေ အားလုံးလီးဘဲ
    တစ်ချို့ကောင်တွေဆို လက်ပြန်နဲ့ကျွေးလိုက်ရင်ကွေးနေလောက်တဲ့ကောင်က
    ယူနီဖောင်ခပ်စုတ်စုတ်လေးဝတ်ပြီး ဟောက်စားနေလိုက်တာ
    သူများနိုင်ငံက ရဲတွေစစ်သားတွေက တောင်းပန်ပြီးပြောရင်
    ထမင်းတောင်ကျွေးသေးတယ်
    အဲ့သည်ဂိတ်က $#%*တွေက သက်ဆိုင်ရာအဖွဲ့စည်းတွေကို နာမည်ဖျက်တယ်
    ဒါ့ကြောင့် သက်ဆိုင်ရာ အဖွဲ့စည်းရဲ့ အကြီးကဲတွေအနေနဲ့
    မိမိတို့ရဲ့ အဖွဲ့စည်းတွေကို ထိခိုက်စေတဲ့ အဲ့သည် $#%*တွေကို
    အရေးယူသင့်ပါတယ်

    • Koyin Sithu

      October 24, 2011 at 9:34 pm

      မိုက်ကယ်ရေ..
      အဲ့က $#%* တွေ အကြောင်းတော့ ပြောမနေနဲ့တော့… ကျွန်တော် တစ်ခေါက် မဲဆောက်ဘက်ကို ကိစ္စတစ်ခုနဲ့ သွားပြီးပြန်လာတာ မြဝတီဂိတ်မှာ လဝက က $#%*ကောင်တွေ (ညက အရက်သောက်ထားတောင် မပြေသေးဟန်) ယူနီးဖောင်း စောက်စုတ်နဲ့ ကျွန်တော့်ကို ဖမ်းဆွဲထားပါရော… ဘာနဲ့ ရစ်တယ်ထင်ပါသလဲ… ဟိုဘက်က ဝယ်လာတဲ့ ဆေးလိပ်တစ်ဘူး ကျွန်တော့် အိတ်ထဲမှာတွေ့လို့တယ်ဗျာ… ကားကလည်း ထွက်တော့မယ်.. ကျွန်တော်လည်း ကိုယ့်ဦးလေး တစ်ယောက်ရဲ့ နာမည်နဲ့ ရာထူးပြောလိုက်မှ $#%* တွေ ဖင်တုန်သွားတယ်။ ခင်ဗျားတို့ မယုံရင် ရော့ ဖုန်းနံပါတ် ဆက်ကြည့်လိုက် ကျွန်တော်ကို ခင်ဗျားတို့ ဆက်ဆွဲထားရင် ခင်ဗျားတို့လည်း မလွယ်ဘူး.ဆိုပြီး ဖြဲလိုက်တော့မှ ညီလေး… ဆောရီးကွာ ဘာညာနဲ့ ဖြစ်သွားတယ်.. $#%*တွေလုပ်လို့ ကားထွက်တာနောက် ပြေးလိုက်ရတယ်။ ကျွန်တော် တစ်ယောက်တည်းမဟုတ်ဘူး ခပ်လန်းလန်း ဝတ်ထားတဲ့ စော်တွေ ဘဲတွေဆို ဖမ်းဆွဲထားတာ။ အောက်လမ်းက တရားမဝင် ပြန်လာမှုနဲ့လေ။ (ကားပေါ်ရောက်တော့ ဘန်ကောက်က ပြန်လာတဲ့ မိန်းမနှစ်ယောက် မောင်လေး ဘာလို့ ရှိူးနဲ့ မိုးနဲ့ ဝတ်လာတာလဲ… ပုဆိုးနဲ့ စုတ်စုတ်ပြတ်ပြတ် ဝတ်တာမဟုတ်ဘူးတဲ့ မောင်လေးတို့ ပုံစံဆို ဟို ဖမ်းရစ်ပြီး ငွေရစ်တာတဲ့) အဲ့$#%*တွေ စောက်ကျင့်တန်လို့ အစိုးရဝန်ထမ်းတွေလဲ နာမည် ပျက်ရတာ…. စုံစမ်းစစ်ဆေးရေးတွေလုပ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။
      နယ်စပ်ဖက်က အစိုးရဝန်ထမ်းတွေ အကျင့်ပျက်နေတာက ကြောက်စရာပါပဲ… လွှတ်တော် အထိ တင်သွင်းသင့်ပါတယ်။

  • windtalker

    October 24, 2011 at 6:56 pm

    ဟုတ်ဒယ်
    မိုက်ကယ်ဂျော်နီအောင်ပု ပြောသလိုပါဘဲ
    သူ ့အဆိုအတိုင်း လုပ်စေချင်ပါတယ်

  • Mg Ni Tut

    October 25, 2011 at 1:17 am

    အင်း မနေ့က ချဲလ်ဆီးပွဲ ဒိုင်ကိုမကျေမနပ်ဖြစ်နေတာ နောက်တစ်ခါ စိတ်ညစ်စရာရှိရင် ဒီကိုလာဆဲရမယ့်ပုံပေါက်နေပြီ။ ဒါနဲ့ ဆဲချင်တိုင်းဆဲလို့ရတယ်နော်။ ကြည့်ရတာ ဒီရွာမှာ ဓီမိုကယေဆီ အပြည့်အဝရှိတယ်ထင်တယ်။ 😀

  • kai

    October 25, 2011 at 1:32 am

    ဒေါနတောင်ရိပ်မှီပြီး.. ဒေါသတွေတက်နေကြပြီနော…။
    စိတ်ထိန်းကြပါခင်ဗျား…

    စိတ်ထိန်းကြပါ..။ Respect ပေးရမဲ့.. ဆရာ ဆရာမ သက်ကြီးသူတွေလည်း ဖတ်နေပါတယ်..။ 😆

  • Mg Joker

    October 25, 2011 at 1:38 am

    စိတ်ထိန်းလိုက်ပြီးဗျာ ဟူး…………………

  • nayyitar

    October 25, 2011 at 10:18 am

    ရေနစ်သူကိုမှ ဝါးကူထိုးပေးနေ ဆိုတဲ့ အကြောင်းကို ကြားရရင် အရမ်းတုန်လှုတ်တယ်။

Leave a Reply