Outsourcing & Offshoring

ムラカミOctober 24, 20114min1165
တကယ်ကသည်အကြောင်းကိုရေးဖြစ်သင့်တာကြာပြီ...
အပျင်းထူနေတာရော..တခြားထမင်းကျွေးတဲ့အလုပ်နဲ့ဆိုင်တာတွေဖတ်ဖြစ်နေတာကများနေတာ ရောကြောင့်ပါ...
ခုတလောOutsourcingနဲ့ပါတ်သတ်တဲ့အသံတွေကျယ်ကျယ်လောင်လောင်ပြန်ကြားနေရတာကြောင့်
ရယ်ရေးဖြစ်သွားတယ်ထင်ပါတယ်..

Marketing Mgmt; Asian Perspective 5th ထဲမှာလည်း outsourcingအကြောင်းတွေပါတယ်ဗျ...
 case studyပုံစံမျိုးတွေ ပေမယ့် outsourcing ဟာbusiness မှာဘယ်လောက်အရေးပါတယ်ဆိုတာ မီးမောင်းထိုးတားသလိုပါပဲ...

အဲ့သည့်Outsourcingကို သရုပ်ခွဲကြည့်ရအောင်..

1.1 Definition
လွယ်လွယ်ပြောရရင် အဖွဲ့အစည်းတခုခုက သူတို့ရဲ့ business functionတစိတ်တပိုင်းကို အပြင်ကိုအငှားချပြီး
လုပ်ခိုင်းတယ်ပေါ့ဗျာ...ကိုယ်တိုင်ဆော်မယ့် business functionကိုတော့ inhouse လို့သုံးပြီး အပြင်ထုတ်အငှားချတာကိုတော့
outsourceလို့သုံးစွဲကြပါတယ်..
သည်နေရာမှာတင် outsourcing ကို၂မျိုးခွဲလို့ရသွားတယ်...
1.1.1 Hiring
ကာလတခုသတ်မှတ်ပြီး သက်ဆိုင်ရာ professionalတွေကိုစာချုပ်နဲ့ငှားပြီး ကိုယ့်အလုပ်ခွင်ကို လာရောက်လုပ်ကိုင်စေခြင်း နဲ့
1.1.2 Contracting
သက်ဆိုင်ရာ professional တွေရှိတဲ့ အဖွဲ့အစည်းကို အလုပ်အပ်ခြင်းတို့ပါပဲ...
အလုပ်အမျိုးအစား.. securityနဲ့ အချိန်သတ်မှတ်ချက် management & policy ဒါတွေကိုလိုက်ပြီး
သည်၂နည်းကနေသင့်တော်ရာသုံးနေကြတာပါပဲ....

1.2 Offshoring
Outsourcing အကြောင်းပြောရင် offshoring အကြောင်းက ချန်ထားခဲ့လို့မရစကောင်းဘူးဗျ...
သူလည်း outsourcingတမျိုးပဲလေ... နိုင်ငံခြားကိုoutsourceလုပ်လိုက်ရင် ဒါဟာ offshoringပဲလို့
အလွယ်တကူခေါ်နိုင်ပါတယ်...(နောက်ပိုင်းမှာoutsourcingတော်တော်များများက offshoringတွေဖြစ်နေတတ်တယ်ဗျ)
2.1 Why Outsourced?Why Offshore?
အကြောင်းပြချက်မျိုးစုံရှိပေမယ့်  အပြောအများဆုံးကတော့ cost ကိစ္စပဲ....နောက် specialized skills
 နောက်ဆုံးတခုကတော့ competitive advantage...

cost : Nike - အမေရိကားမှာစက်ရုံတည်ပြီးထုတ်ရင်ကုန်ကျမယ့်စရိတ်ထက် ၈ဆလောက်သက်သာမယ့်
 indonesiaမှာ စက်ရုံတယ်တယ် labourကို indonesiaလုပ်သားတွေသုံးတယ်ပေါ့ဗျာ...

specialized skills : - Ferrariက အကောင်းစားcar dashboard leatherတွေကို ကိုယ်တိုင်ထုတ်တယ်ထင်လို့လား
..ပထမတန်းစား leather makerတွေဆီကိုလိုချင်တဲ့ ဒီဇိုင်း အတိုင်းအထွာပေးပြီးအပ်တယ်ဗျ... အကြောင်းပြချက်ကတော့ရှင်းတယ်လေ...
 ကိုယ်တိုင်ထုတ်ဖို့ အဲ့လောက်အဆင့် professionalငှားရမယ်...စက်ရုံဆောက်ရမယ် နောက်လုံလောက်တဲ့ R&D လည်ပတ်မှုရှိရမယ်
...ရှုပ်တယ်..အငှားချလိုက်တာအေးတယ် ... ကားတစီးလုံးရောင်းရတဲ့ငွေမှာ dashboardတခုကဘယ်လောက်မှ
contributeမလုပ်ဘူးလေ... ပိုအရေးကြီးမယ့် အင်ဂျင်လိုနေရာမျိုးမှာပဲ အားစိုက်တော့မှာပေါ့

competitive advantage : ဒါကတော့ firm အသေးလေးတွေက market leader တွေကိုပြန်ဆော်တဲ့နေရာမှာသုံးတတ်ကြတာပါ...
 companyသေးသေးလေး..လူနည်းနည်းလေး... အဲ projectကြီးကြီးကို အချိန်တိုတိုအတွင်းမှာ မြန်မြန်ပြီးအောင်လုပ်ပြီးlaunch လုပ်ချင်တယ်
 ဈေးကွက်လက်ဦးမှုရချင်တယ်...ဘာလုပ်မလဲ….ရှင်းပါတယ် ...အရေးကြီးတဲ့coreအပိုင်းတွေကိုပဲကိုယ်တိုင်ရေး ကျန်တာက ဘဝတူ
IT companyတွေကို outsourceလုပ်ချလိုက်ပေါ့...
(project scheduleတွေကျပ်တယ် ဆိုတာမကြာခနကြားရပါတယ်... ဟုတ်ကဲ့ကျပ်မှာပါပဲ... time is money လေ မဟုတ်ဘူးလား..)

Dellကလည်းအဲ့လိုလုပ်ဖူးတဲ့ အစဉ်အလာနဲ့နာမည်ကြီးတယ်... မြေကွက်ကြီးတကွက်ဝယ် Hardware makerတွေကို အဲ့မြေမှာ
နဲ့စက်ရုံလာဆောက်ခိုင်း (အနီးကပ်နေတယ်ဆိုတာ ပိုပြီး project timing အရsolidဖြစ်အောင်လို့ပါ)...ပြီးတော့မှ သူဘာလုပ်လဲဆို
PC designတွေဆွဲတယ်... makersတွေကို အပ်တယ် ပြီးရင် သူ assembly ပဲထိုင်လုပ်နေတော့တယ်...
(ကြုံလို့ပြောရရင် Dellကဘယ်တော့မှ အကောင်းဆုံး hi-end ဆိုတာမျိုးမလုပ်ဘူးproduct line တွေမှာ seriesတွေဆွဲပြီး
customization serviceပေးတယ်.. နောက်သူက channelကိုအားမကိုးဘူး..)
volkswagenလည်းသည်လိုလုပ်တဲ့နေရာမှာ အင်မတန်တော်ကြောင်းနာမည်ထွက်ပါတယ်...

လေယာဉ်ပျံတခုရဲ့ အစိတ်အပိုင်းတွေအားလုံးကို နိုင်ငံပေါင်းအခု၂ဝကျော်က companyပေါင်း၁၀ဝလောက်က ထုတ်ပြီး airbus, Boeing
တို့လို makerတွေက ဆင်ယုံပဲဆင်ယူကြတယ်လို့ဖတ်ဖူးပါတယ်..တကယ်တော့ အားလုံးကoutsourceလုပ်နေကြတာ
ချည်းပဲမဟုတ်လား...(အိပ်ယာထနောက်ကျလို့ ထမင်းဘူးမထည့်နိုင်တဲ့နေ့မျိုးမှာ "i've outsourced my lunch today"လို့
ကျနော် ကြွေးကျော်လေ့ရှိပါတယ်...)
အဲ့သည်မှာ offshoreရဲ့အခန်းကပါလာပြီ... (Dell နဲ့ပြောင်းပြန်ပါ) solidity အတွက် နီးနီးနေမှကောင်းမယ် ဆိုတဲ့ theoryရှိသလို
 get lean and cut the cost down .. ဆိုတဲ့theoryလည်းရှိတယ်...
အာရှအရှေ့ဖျားက G-7တိုင်းပြည်တခုက သူတို့ဆီမှာ IT pro တယောက်ကို လစာဘယ်လောက်ေ ပေးရမယ်ဆိုတွက်ချက်ပီး သကာလ စရိတ်များလို့
သူတို့ projectတွေကို အရှေ့တောင်အာရှကိုoffshore လုပ်ချပစ်လိုက်တာပေါ့(...cut the cost down)
သူတု့ိဆီမှာတော့ local partnerတွေဆီက outsourcedတွေ contract-hiringတွေကိုထမ်းဆောင်ဖို့
ITproနဲ့ managementလူနည်းစုတွေသာနေကြတယ်ပေါ့(get lean)
outsourcing, offshoringကိုမကောင်းဘူးလို့ ဝေဖန်ချင်တာမဟုတ်ပါဘူး.. သူ့ရဲ့ သရုပ်မှန်ကိုပဲပြောပြချင်တာပါ...
outsourcing ကကျနော်အပါအဝင်ခင်ဗျားတို့ကို အလုပ်ပေးထားတဲ့ business modelတခုပဲလေ..
ကမာ္ဘအရပ်ရပ်မှာလည်းသည်လိုပါပဲ...အဲ့ဒါကြီးသာမထွန်းကားခဲ့ရင် အလုပ်လက်မဲ့တွေပေါလိုက်ကြမယ့်ဖြစ်ခြင်း..

3.1 Behind the Scene(offshoring)
တကယ့်အချက်အချာကျတဲ့အချက်ကခုမှလာမှာပါ... business model တခုလုံးရဲ့ အနှစ်သာရက အဲ့သည်မှာရှိနေပါတယ်တကယ်တော့
 နိုင်ငံခြားသွားအလုပ်လုပ်တာထက် ကိုယ့်အလုပ်ကို နိုင်ငံခြားကိုအပ်ရတာ ပိုriskများတဲ့အလုပ်ပါ... offshoringမှာ သည်အချက်၃ချက်
 ကအမြဲတမ်း စိန်ခေါ်နေပါတယ်..
3.1.1 Language barriers,
3.1.2 cultural barriers and
3.1.3 timezone challenges
ဒါတွေကိုဘယ်လို ကျော်လွှားမလဲဆိုတာက အဖြေပါပဲ..
ဘာသာစကား - သင်ရင်တတ်တာပဲ သင်ပေးလိုက်ပေါ့ ...နော့်...(ကောင်းမွန်တဲ့ education systemတခုတော့ လိုတယ်ဗျ...
စနစ်ကျပြီး ကျစ်လစ်မှုရှိရပါမယ်. hidden costလို့ တင်စားလေ့ရှိကြပါတယ်..)

cultural barriers - မတတ်နိုင်ဘူးလေ.. social culture, common norms, shared values ကြိုက်သလိုခေါ် ..
 ပြောင်းလဲဖို့တော့ခက်တယ်... အစကတည်းက cultural proximityရှိတဲ့နေရာ ရှာထားပေါ့...
 (သည် cultural barriersကိုကျော်လွှားဖို့အတွက် offshoring typesတွေထပ်ခွဲရတာကို အောက်မှာ အသေးစိတ်ပြောပါမည်...)
timezone challenges -... ရုံးချုပ်အိပ်တဲ့အချိန် ရုံးခွဲကအလုပ်လုပ် နေရတာမျိုး.. ရုံးခွဲ ရုံးဆင်းပြီးမှရုံးချုပ်က
 procedure အသစ်ချမှတ်ရတာမျိုး..
3.2 Sub-types of offshoring
offshoringတွေကို အမျိုးအစားခွဲရရင်
3.2.1 Nearshoring
3.2.2 Farshoring
3.2.3 Multishoring
ဆိုပြီးတွေ့ရမယ်ဗျ..

Nearshoringကတော့ စောစောကပြောတဲ့ cultural barriers, timezone challengesအတွက်ပါပဲ
....india software firmsတွေက သူတို့အမျိုးတွေပေါတဲ့ malaysia, indonesiaတွေကို outsoruce လုပ်တတ်ကြပါတယ်..

Farshoringဆိုရင်တော့ Nikeကိုပဲပြန်ပြောရမှာပေ့ါ. cost orientative offshoringပါ...

Multishoringမှာတော့ ၂မျိုးဖြစ်နိုင်တယ်ဗျ....လေယာဉ်ပျံဥပမာလိုလည်းရှိသလို တဆင့်ခံ offshoringလည်းဖြစ်နိုင်လို့ပါပဲ
...နားရှုပ်သွားပြီထင်တယ် ..သည်လိုဗျ ...တဆင့်ခံoffshoringဆိုတာက
အရှေ့ဖျားကတိုင်းပြည်ကနေ ပေါက်ဖော်တိုင်းပြည်ကို outsource လုပ်ချလိုက်တဲ့ project ကို အဲ့သည့်ပေါက်ဖော်တိုင်းပြည်က
လူကြီးမင်းများက overall specificationလောက်ပဲရေးပြီးကြယ်ပုံပါတဲ့ ဟိုနိုင်ငံအသစ်ကလေးကို တဆင့်
outsourceလုပ်ချလိုက်တာမျိုးပါ..ကြုံဖူးမယ်ဟုတ် ??
labour, employabilityအရတော့ အောက်ဆုံးကအများဆုံးဖြစ်ပြီး အကျိုးအမြတ်အချိုးမှာတော့ အပေါ်ဆုံးက
အမြတ်ဆုံးဖြစ်တယ်ဆိုတာတွေ့ရပါတယ်..

သည်နေရာမှာ partnership, joint-venture, M&Aအဲ့ဒါတွေအများကြီး ပါဝင်ပတ်သတ်နေတယ်ဗျ...contract-based
 ရိုးရိုးလေးတော့မဟုတ်တာသေချာတယ်..တခါတခါ risk managementအတွက်ဆိုပြီး ၂နေရာ၃နေရာ ခွဲပြီးoutsource လုပ်တတ်ကြတယ်...
Elance, Guru, Rentacoder, LimeExchange ဆိုတာတွေက နာမည်ကျော် online offshoring sitesတွေပါ...
 (softwareရေးတဲ့လူတွေ ငှားလို့ရတယ် ဈေးကတော့ အစားစားပဲ…)

4.1 Pros and Cons
outsourcingဟာGlobalizationပြယုဂ်တခုဆိုတာတော့ငြင်းလို့မရဘူး...freelancers တွေ SME local companies
 တွေအတွက်အလုပ်အကို်င်အခွင့်အလမ်းကောင်းလည်းဟုတ်ပါတယ်..
ရင်းနှီးမြှုပ်နှံတဲ့ဘက်အတွက်လည်း အကျိုးအမြတ်ပိုကြီးနိုင်ပါတယ်..သို့သော် အမြဲတမ်းအောင်မြင်မယ် လို့တော့မဆိုနိုင်ပြန်ဘူးဗျ....
နာမည်ကျော် Gartnerအဆိုအရဆိုရင် offshoreကြောင့် cost cut down ကို 70%အထိ လုပ်နိုင်ပါတယ်တဲ့...
သို့သော် အဲ့70%ထဲက 20%က risk & barriersတွေအတွက်ပြန်သုံးရတယ် .. ပိုနိုင်ပါသေးတယ်တဲ့.
Quality, Cost နဲ့ Time ကို မျှအောင်ကိုင်နိုင်ဖို့ဆိုတာ မလွယ်ဘူးမဟုတ်လား...
harmonyရဖို့တော်တော်ခက်မယ့်ကိစ္စပါ...နောက် HRပိုင်းဖြစ်နေတော့ လူကိုထိန်းရတာ ပိုခက်တယ်မဟုတ်လား..
တခါတလေမှာ ရှုံးတတ်သေးတယ်ဗျ..experienced labourတွေထွက်ကုန်လို့ လူသစ်ထပ်မွေးရတဲ့အခါမျိုး ...
trainလုပ်ပေမယ့် ထင်သလောက် တက်မလာတဲ့အခါအပိုဆောင်းအချိန်ပေးဆပ်ရတာမျိုး...
အမျိုးမျိုးပဲ...

5.1 Offshoring and information flow
နောက်တခုက information handoverကိစ္စပါ ...ကိုယ်လိုချင်တာကို သိအောင်နားလည်အောင်
ဘယ်လိုရှင်းလင်းပြောကြားနိုင်မလဲနောက်တချက်ကဘယ်level အထိdetail informationပေးမလဲဆိုတာမျိုးပါ..
(level of details) Transparency VS Securityပေါ့
မနှစ်က ၁ဝလပိုင်းတုန်းကတွေ့ခဲ့ရတဲ့ လေးစားစရာကောင်းတဲ့ bossတယောက်ပြောဖူးတာလေးပါ..
သူတို့လူမျိုး management level က သူတို့ ဘာသာစကားနဲ့ ကျနော်တို့ကို ရာနှုန်းပြည့်နားလည်အောင်
ရှင်းပြလို့မရနိုင်တဲ့အခါမျိုးတွေရှိပါတယ်အဲ့သည့်အခါ english ကို ကြားခံအဖြစ်အသုံးပြုဖို့အတွက် သူတို့လူမျိုး mgmtရဲ့
english skillကအရေးပါပါတယ်တဲ့..ဘာပဲပြောပြော business mgmt ကို စိတ်ဝင်စားရင်တော့လေ့လာပေါ့ဗျာ...
ကျနော်ကတော့ဖတ်လိုက် မေ့လိုက် အသစ်တက်လိုက် အဟောင်းသတိမရလိုက်နဲ့  လုံးလည်ချာလည်ကိုလိုက်နေတော့တာပဲ....
ငယ်ငယ်က englishစာသင်သလိုဖြစ်နေတယ်ထင်တာပဲ... စာလုံး အသစ်တွေ့လိုက် highlightတားလိုက်.
.နောက်ဆုံးစာအုပ်ဆုံးသွားလို့ တအုပ်လုံး ရဲရဲတောက်သွားတာပဲအဖတ်တင်တယ်.. အစကပြန်ကျက်ရတော့တာပဲ ဟားဟား...
6.1 ပေါက်ကရများ
ဘယ်သူ့ကိုမှ/ဘာကိုမှမရည်ရွယ်ပါဘူး ...ကျနော်တို့လောကမှာဖြစ်တတ်တဲ့ဟာသလေးနဲ့ပဲ သည်စာကို အဆုံးသတ်ချင်ပါတယ်...
information မကောင်းရင် offshoring project တခုကသည်လိုဖြစ်သွားဖို့များတယ်မဟုတ်လား..




7.1 ကြော်ညာ
SAASအင်မတန်အားကောင်းလာပြီးအလုပ်အကိုင်အသစ်တွေပိုပေါလာရင်တော့အားလုံးအတွက်ပိုကောင်းတာပေ့ါဗျာ...
ကျနော်တို့လည်း အလုပ်တွေမနိုင်မနင်းရ ... localမှာoutsource ပြန်လုပ် ..bonusတွေရ ဖာလာရီ တွေဝယ်စီး ..ဟီးဟီး....
စကီလေးတွေ ထည်လဲတွဲ ..ဟဲဟဲ ....
girls come easy and the d**gs come cheap ..(အယ် ...သီချင်းဆို မိပြန်ပါပီ ...)

P.S GAAS(Girlfriend As A Service)ခေတ်ဘယ်တော့ရောက်မလဲမျှော်နေပါသည်...outsource လုပ်ချင်လို့ပါ....

5 comments

  • windtalker

    October 24, 2011 at 8:43 pm

    ဘိုဇာ့ စာကို ဖတ်ပြီး လက်တွေ ့အသုံးချကြည့်မယ်ဗျာ
    မစ်စတာပေ၏ မွေသမရော ဆိုတဲ့ ဘုတ်အုတ် တစ်အုတ်ထုတ်မယ် ဗျာ
    စာအုပ်မှာ သုံးတဲ့ဓါတ်ပုံတွေကို ဘိုဇာတို ့ကိုပေါက်တို ့ကိုစိန်သော့ တို ့ကိုဘလက်တို ့ပုံတွေ ယူသုံးမယ်
    စာအုပ်ထဲမှာ ပါမယ့် ကဗျာ တွေ ကို ကိုသစ်မင်း တို ့ကိုရင်တို ့ကို ရေးခိုင်းမယ် ဗျာ
    ပြီးမှအထဲက စာတို ကိုတော့ ဦးဖောကြီး ကို ရေးခိုင်းမယ် ၊ ကျန်တာကိုယ်တိုင်ရေးမယ်
    အားလုံးပြီးရင် ပက်ဘလစ်ရှာခိုင်ခိုင့် ကို ဘုတ်အုတ်ထုတ်ခိုင်းမယ်ဗျာ ၊ ဖြန် ့ချီရေးကအစပေါ့
    ကိုယ်က အေးဆေး ပိုက်ဆံ ထိုင်ယူနေမယ်
    ဘယ်လို လဲ ဗျ ၊ အနော့် အိုင်ဒီယာ
    ဟီဟိ

  • kai

    October 25, 2011 at 4:38 am

    အဟမ်း..
    ဖတ်ရတာ.. လည်နေတာပဲ.. တော်တော်ကျယ်ပြန့်တဲ့.. (ပညာရပ်)ကိစ္စကြီးလို့ထင်မိတယ်..။

    ကျုပ်က.. လက်တွေ့ကြည့်ဖူး..ဖတ်ဖူးတာတွေနဲ့.. ဆွေးနွေးမယ်နော…

    .. တခါကတီဗီမှာတွေ့တယ်ဗျ..။
    ဖယ်ရာရီအင်ဂျင်အစိတ်အပိုင်းတချို့က.. ဂျပန်-ဂိဖုနယ်မှာ လုပ်တာတွေအများကြီးတဲ့..။
    အဲဒီနယ်ကလူတွေ.. အနုစိတ်ကို အင်မတန်တိတိကျကျလုပ်နိုင်လို့တဲ့လေ…။

    ခုနှစ်ပိုင်းတွေ..Dell, IBM, HP တွေ.. မသိနားမလည်လို့..Tech support ဖုံးဆက်.. အကူအညီလှမ်းယူရင်.. ဖြေနေတာ.. ကုလားသံနဲ့ခင်ဗျ…
    သေသေချာချာမေးမှ… အိန္ဒိယကနေ.. တန်းဖြေနေတာ..။ နည်းနည်း အသေးစိတ်မေးတာနဲ့.. လှိမ့်ပိတ်တောင်းပန်နေတော့တာပဲ..။ သူတို့ခမျာ.. ပေးထားတဲ့.. service questionnaire ထဲကထွက်သွားရင် ရွာလည်နေရောပဲ..။
    ယူအက်စ်က လူတွေအလုပ်ပြုတ်ကြတာလည်း မပြောနဲ့..။ အဲဒီလိုဖြစ်နေကြပါတယ်လို့..။

  • inz@ghi

    October 25, 2011 at 6:14 am

    ဟုတ်ကဲ့ခည သဂျီး ..
    သဂျီးတို့ အမေရိကား က call center တွေကို ကမာ္ဘမှာ လခအပေါဆုံးနဲ့ ဘိုလိုအမွှတ်ဆုံး အန္ဒိယ ကို
    အောက်ဆို့စ် ထားလို့ဗျ…

    အဲ့အလုပ် က လန်းဂွေ့ချ် စကေးလ် ပဲလိုတာဗျ ..တက်ခ်နစ်ခယ်လ် စကေးလ် လိုဝူး ..
    သည်တော့ ကြက်တူရွေးစာအံ ပဲ ရတော့တာပေါ့ …

    ဂလိုဘယ်လ်လိုက်ဇေးရှင်း နဲ့ အောက်ထ်ဆို့ဇင်း ကို တွဲပြီး အနီးဆုံး ဥပမာပေးပါဆို ….

    ပြင်သစ်က ထုတ်တဲ့ တက်ခ်စူဒို ကိုဝတ် အီတာလျှံကား စီး ဂျပန်က ထုတ်တဲ့ဖုန်း ကိုသုံးပီး ….ဘရာဇီးလိယမ် မော်ဒယ်လ် ကို နယူယော့ခ် တိုက်ခန်းမှာ ချိန်း …စကော့ ဝစ်စကီသောက် ပီး အာရေဗီယမ် အိပ်မက်မက်ခြင်း …

  • ကြောင်ကြီး

    October 25, 2011 at 11:28 am

    call center တွေကို အိန္ဒိယလို ပင်လယ်ရပ်ခြားမှာဖွင့်လို့ရတဲ့ အားသာချက်က စရိတ်သက်သာတဲ့အပြင် အရှေ့နဲ့အနောက် အချိန်ခြင်း မတူလို့ ၂၄နာရီ ဆားဗစ်ပေးနိုင်တယ်။ တချို့ကုမ္မဏီတွေဆိုရင် နေ့ပိုင်းဆားဗစ်ကို ကိုယ်တိုင်းပြည်ထဲမှာထားပြီး ညပိုင်းကို အိန္ဒိယကို ပို့တယ်။ ဒါကြောင့် များသောအားဖြင့် ဘီလ်စာရင်း၊ အကောင့်ရှင်းတမ်းလိုမျိုးဆို ရုံးချိန်အတွင်းမှာသာ ရတာများတယ်။ အိုဗာဆီးကို ပို့တော့ အားနည်ချက်က စကားဝဲတယ်၊ သတင်းအချက်အလက် အပြည့်အစုံမရဘူး။ ဒီတော့ စားသုံးသူဖက်က အတိုင်အတော များလာတယ်။ ဈေးကွက်ထဲကို အကောင်းဆုံး ဝန်ဆောင်မှုကြေငြာ ဝင်လာသူတွေ၊ ပရီမီယံနှုန်းယူထားတဲ့ ကုမ္မဏီတွေကတော့ လိုကယ်call center ကိုပဲ ဈေးကြီးပေးသုံးတယ်။ ကျနော်တို့ကတော့ ဘယ်သူပေးပေးပါ၊ မေးတာကလည်း နည်းပညာပိုင်းမပါဘူးလေ၊ ဒီတော့ ကိုယ်လိုချင်တာ ရပြီးရော၊ ကုလားစကားဝဲတာ မှန်ပေမဲ့ ကိုယ်လည်း ပိုသာတာမှ မဟုတ်တာ။ အတူတူနဲ့ အနူနူခြင်း ပြသနာ မရှိပေါင်..။ 😛

    • inz@ghi

      October 25, 2011 at 12:43 pm

      outsource က major (core) business function မဟုတ်တာ ..technically အရ ထိပ်တန်းလျှို့ဝှက် မဟုတ်တာ
      တွေကိုပဲ ချကြတာများတယ် ဗျာ..

      ကျနော် သိတဲ့ Canon, Nikon Lens တွေ အကြောင်းပြောရရင်
      low-end တချို့ ကလွဲလို့
      အကုန် made in japan ချည်းပဲဗျ ..
      အဲ့ဒါကြောင့်လည်း ဈေးလျှော့ မရောင်းနိုင်တာ..
      သူတို့ရဲ့ နည်းပညာပိုင်းမှာ ဒါတွေက အသက် ကိုးဗျ…
      outsourced လုပ်လိုက်လို့ reverse engineering အလုပ်ခံလိုက်ရရင်
      ထွက်လာပါလိမ့်မယ် china-made ဘရန်း အသစ်တွေ တဗြုတ် ……

      သည်တော့ သူတို့ focus မလုပ်ချင်တဲ့ အပိုင်းတွေကိုပဲ outsource လုပ်တယ်ဗျ
      ဥပမာ သူတို့ရဲ့ database management တို့ inventory controlတို့ နောက်ဆုံး packaging လောက် အထိကို
      ရသေးရဲ့ဗျာ..

      သဂျီးလည်း ဂေဇက်ကို အောက်ဆိုစ့် လုပ်ချင်ရင်
      ရွာထဲမှာ တက်ကြွတဲ့ ကြောင်ညီနောင် တသိုက် ဆီသာ အောက်ဆိုစ့်လိုက် ….

      😀

Leave a Reply