စရိုက်ကာစ ကပုံလေးတွေပါ  ..အဲ့တုန်းက ဘဂင်နာ ဆိုတော့ rule တွေ ဘာတွေလည်း သိဝူး..
သွားချင်တဲ့နေရာ သွားချင်သလို သွားပြီး ရိုက်ချင်တဲ့ပုံကို ရိုက်ချင်သလို ရိုက်ခဲ့တာ ..ပြန်တွေးတော့လည်း
ရယ်စရာကောင်းသား ...
စာမျက်ခွက်(facebook) ပေါ်မှာ ပြန်ဖွက်ထားတဲ့ ထဲက ဆွဲထုတ်လာတာ ..
သည်ပုံလေးတွေကတော့ နောက်ပိုင်း ကြည့်တဲ့ မျက်စိနဲ့တော့ အံကိုက် တွေ့တာပဲ ...
(rule တွေစဉ်းစားနေရင် ရိုက်ဖြစ်မှာ ကို မဟုတ်ဝူး ...)
ဘာပဲ ဖြစ်ဖြစ် အမှတ်တရတော့ အရှိသား ...

ခုတော့ ရိုက်ရင်းမတ်တပ် ကို မရိုက်တတ်တော့ဘူးဖစ်ဖစ်လာတယ်ဗျာ....
sharpness ကိုပဲ အားမရသလိုလို ကိုယ်ပဲ မှုန်လာတာလား
အင်းမေ့ခ်ျ ဆင်ဆာ ပဲ ကြွ ခါနီးလို့လား ...
lighting နဲ့ composition က တခုခု လိုနေသလိုလို
(ဘာလိုနေမှန်းလဲ မသိဝူး ...)

တခုခုသင်ယူရင်တော့ အဲ့လို စတေးတပ်စ် တခုခုမှာ ရပ်တန့်တတ်တယ်တော့ ကြားဖူးတာပဲ
အဲ့လို အူကြောင်ကြား state မှာ ဘယ်လောက် ကြာကြာနေရမလဲ လဲမပြောတတ်ဝူး...
သည်ရက်ပိုင်းလည်း ရိုက်တော့ရိုက်နှက်နေတာပဲ ...
ပိုက်ပိုက်ရတဲ့ ပေါ့ထလိပ် ကလည်း သူများလို ကောင်းကောင်းရိုက်တတ်တာ မဟုတ်
ပြောင်းကလည်း ထပ်လိုချင်သေး ...ထပ်ပီးတော့လည်း မစိုက်နိုင် ...၀ှူး ....

အဲ့လို အချိန်မှာ ဆိုင်းထိုးလေ့ မရှိသေးတဲ့ သည်ပုံလေးတွေက ကျနော့်ကို တစုံတရာတော့
အေးချမ်းမှု ပေးနိုင်ခဲ့လို့ အမှတ်တရ ပြန်တင်လိုက်ပါသည်..
ဒီပုံကို ဗီရာဂရာ ဆေး ကုန်ပနီ တခုခုက လာဝယ်ရင် ရောင်းချင်တယ်ဗျ ..ခစ်ခစ်..

ဘာရယ် မဟုတ် ..ချစ် လို့ ရိုက်ထားတာ..

ဘာကို ကြိုက်မှန်း မသိပေမယ့် ကိုယ့်ဟာ ကိုယ်တော့ သည် ရေထဲက မေပါယ်လ် ရွက်ကလေး ကို လွှတ် ကိုကြိုက်နေတော့တာ

လုပ်မိလုပ်ရာ စွတ်လုပ်လိုက်တာ ..တည့်သွားတဲ့အခါလည်း ရှိပေါ့ ..
အဲ့သာကြောင့် ကိုဆွေမင်း ပြောတာပေါ့ ... မရှောင်ရင် လွတ်ပါတယ်လို့ ....

lightroom မှာ အလုပ်များခဲ့စဉ် တုန်းကပေါ့ကွယ် ... (နောက်တပုံကတော့  enhance လုပ်တာများသွားလို့ ပစ်လိုက်ရတယ်)


ခုများတော့ မီးအားချွေတာရေး ပေါ်လစီတွေကြောင့် အဲ့လို မလှနိုင်တော့ပါ

ဘာရယ် မဟုတ်တဲ့ chrismas မီးလေးတွေအကြောင်းပါ

ဒါနဲ့ ... သူကြီး ဆာဗာလေးတယ်ဆိုလို့ ..အဟီး ...
တား ဟိုတလောက စာမျက်ခွက်က အကောင့်ကို ၆မြင်ကပ်တာနဲ့ ဖြုတ်မလို့ လုပ်တုန်း..
သူက တင်ထားတဲ့ contents တွေ အကုန် ဒေါင်းလို့ရတဲ့ service လေးတခု ပေးထားတာသွားတွေ့တယ်ဗျ...
အဲ့ရာ တားလည်း ပျော်သွားဒယ် အကောင့် ဖျက်ရင်တောင် အရင် က ကိုယ်တင်ထားတာလေးတွေ
ပြန်ရမယ်ဆိုတော့လေ ...နို့မို့ မန်နျူရယ် လိုက်ကောက်ရရင် လွယ်တာ ဟုတ်ဝူးရယ် ...

အဲ့ဒါနဲ့ ဒေါင်းမယ်ပေါ့ ...ကြည့်လိုက်တော့ လားလား ...၀မ်းဂစ်ပြည့်ဖို့ တွမ်တိမက် ပဲ လိုတော့တာပါဂလား..
(သည်လို ယူဇာ များရင် ဇူကာဘတ် မွဲမယ်..) သူ့စာမျက်ခွက်ကို လာတယ် ပိုက်ပိုက်ကျ တပြားမှမထွက်
တင်တော့ ၀မ်းဂစ် ....
အဲ့ရာနဲ့ တားလည်း ..အော်... ကိုယ့်ပုံတွေ ၁ဂစ်စာလောက်လေးကို နော့် အလကားလည်း ဟို့စတင် လုပ်ပေးသေး
တကမ္ဘာလုံးလည်း ပြလို့ရသေး ..ကော့မန့်လေးတွေလည်း အရသာခံလို့ရသေး ...
ဇူဂါဘတ် ရဲ့ စေဒနာတွေကို သာဓုအကြိမ်ကြိမ်ခေါ်ပြီး ...စာမျက်ခွက်အကောင့်
ဖျက်သိမ်းမယ့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါကြောင်း...
(ဘတ် ...ခုတော့ စာမျက်ခွက်မှာ ရန်ဖစ်လာခဲ့ရင်ပုံတွေပြောင်းတင်စရာ သဂျီး ဆိုဒ်ကို ရှာဖွေတွေ့ရှိသွားပီဆိုတော့
....ဟီး ... ) ၁ဂစ် ထဲပါ သဂျီးရယ် နော့် ....

ခင်တဲ့
Guy Inz@ghi

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011