စရိုက်ကာစ အမှတ်တရများ..

ムラカミOctober 31, 20112min16313
စရိုက်ကာစ ကပုံလေးတွေပါ  ..အဲ့တုန်းက ဘဂင်နာ ဆိုတော့ rule တွေ ဘာတွေလည်း သိဝူး..
သွားချင်တဲ့နေရာ သွားချင်သလို သွားပြီး ရိုက်ချင်တဲ့ပုံကို ရိုက်ချင်သလို ရိုက်ခဲ့တာ ..ပြန်တွေးတော့လည်း
ရယ်စရာကောင်းသား ...
စာမျက်ခွက်(facebook) ပေါ်မှာ ပြန်ဖွက်ထားတဲ့ ထဲက ဆွဲထုတ်လာတာ ..
သည်ပုံလေးတွေကတော့ နောက်ပိုင်း ကြည့်တဲ့ မျက်စိနဲ့တော့ အံကိုက် တွေ့တာပဲ ...
(rule တွေစဉ်းစားနေရင် ရိုက်ဖြစ်မှာ ကို မဟုတ်ဝူး ...)
ဘာပဲ ဖြစ်ဖြစ် အမှတ်တရတော့ အရှိသား ...

ခုတော့ ရိုက်ရင်းမတ်တပ် ကို မရိုက်တတ်တော့ဘူးဖစ်ဖစ်လာတယ်ဗျာ....
sharpness ကိုပဲ အားမရသလိုလို ကိုယ်ပဲ မှုန်လာတာလား
အင်းမေ့ချ် ဆင်ဆာ ပဲ ကြွ ခါနီးလို့လား ...
lighting နဲ့ composition က တခုခု လိုနေသလိုလို
(ဘာလိုနေမှန်းလဲ မသိဝူး ...)

တခုခုသင်ယူရင်တော့ အဲ့လို စတေးတပ်စ် တခုခုမှာ ရပ်တန့်တတ်တယ်တော့ ကြားဖူးတာပဲ
အဲ့လို အူကြောင်ကြား state မှာ ဘယ်လောက် ကြာကြာနေရမလဲ လဲမပြောတတ်ဝူး...
သည်ရက်ပိုင်းလည်း ရိုက်တော့ရိုက်နှက်နေတာပဲ ...
ပိုက်ပိုက်ရတဲ့ ပေါ့ထလိပ် ကလည်း သူများလို ကောင်းကောင်းရိုက်တတ်တာ မဟုတ်
ပြောင်းကလည်း ထပ်လိုချင်သေး ...ထပ်ပီးတော့လည်း မစိုက်နိုင် ...ဝှူး ....

အဲ့လို အချိန်မှာ ဆိုင်းထိုးလေ့ မရှိသေးတဲ့ သည်ပုံလေးတွေက ကျနော့်ကို တစုံတရာတော့
အေးချမ်းမှု ပေးနိုင်ခဲ့လို့ အမှတ်တရ ပြန်တင်လိုက်ပါသည်..
ဒီပုံကို ဗီရာဂရာ ဆေး ကုန်ပနီ တခုခုက လာဝယ်ရင် ရောင်းချင်တယ်ဗျ ..ခစ်ခစ်..

ဘာရယ် မဟုတ် ..ချစ် လို့ ရိုက်ထားတာ..

ဘာကို ကြိုက်မှန်း မသိပေမယ့် ကိုယ့်ဟာ ကိုယ်တော့ သည် ရေထဲက မေပါယ်လ် ရွက်ကလေး ကို လွှတ် ကိုကြိုက်နေတော့တာ

လုပ်မိလုပ်ရာ စွတ်လုပ်လိုက်တာ ..တည့်သွားတဲ့အခါလည်း ရှိပေါ့ ..
အဲ့သာကြောင့် ကိုဆွေမင်း ပြောတာပေါ့ ... မရှောင်ရင် လွတ်ပါတယ်လို့ ....

lightroom မှာ အလုပ်များခဲ့စဉ် တုန်းကပေါ့ကွယ် ... (နောက်တပုံကတော့  enhance လုပ်တာများသွားလို့ ပစ်လိုက်ရတယ်)


ခုများတော့ မီးအားချွေတာရေး ပေါ်လစီတွေကြောင့် အဲ့လို မလှနိုင်တော့ပါ

ဘာရယ် မဟုတ်တဲ့ chrismas မီးလေးတွေအကြောင်းပါ

ဒါနဲ့ ... သူကြီး ဆာဗာလေးတယ်ဆိုလို့ ..အဟီး ...
တား ဟိုတလောက စာမျက်ခွက်က အကောင့်ကို ၆မြင်ကပ်တာနဲ့ ဖြုတ်မလို့ လုပ်တုန်း..
သူက တင်ထားတဲ့ contents တွေ အကုန် ဒေါင်းလို့ရတဲ့ service လေးတခု ပေးထားတာသွားတွေ့တယ်ဗျ...
အဲ့ရာ တားလည်း ပျော်သွားဒယ် အကောင့် ဖျက်ရင်တောင် အရင် က ကိုယ်တင်ထားတာလေးတွေ
ပြန်ရမယ်ဆိုတော့လေ ...နို့မို့ မန်နျူရယ် လိုက်ကောက်ရရင် လွယ်တာ ဟုတ်ဝူးရယ် ...

အဲ့ဒါနဲ့ ဒေါင်းမယ်ပေါ့ ...ကြည့်လိုက်တော့ လားလား ...ဝမ်းဂစ်ပြည့်ဖို့ တွမ်တိမက် ပဲ လိုတော့တာပါဂလား..
(သည်လို ယူဇာ များရင် ဇူကာဘတ် မွဲမယ်..) သူ့စာမျက်ခွက်ကို လာတယ် ပိုက်ပိုက်ကျ တပြားမှမထွက်
တင်တော့ ဝမ်းဂစ် ....
အဲ့ရာနဲ့ တားလည်း ..အော်... ကိုယ့်ပုံတွေ ၁ဂစ်စာလောက်လေးကို နော့် အလကားလည်း ဟို့စတင် လုပ်ပေးသေး
တကမာ္ဘလုံးလည်း ပြလို့ရသေး ..ကော့မန့်လေးတွေလည်း အရသာခံလို့ရသေး ...
ဇူဂါဘတ် ရဲ့ စေဒနာတွေကို သာဓုအကြိမ်ကြိမ်ခေါ်ပြီး ...စာမျက်ခွက်အကောင့်
ဖျက်သိမ်းမယ့် အစီအစဉ်ကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်ပါကြောင်း...
(ဘတ် ...ခုတော့ စာမျက်ခွက်မှာ ရန်ဖစ်လာခဲ့ရင်ပုံတွေပြောင်းတင်စရာ သဂျီး ဆိုဒ်ကို ရှာဖွေတွေ့ရှိသွားပီဆိုတော့
....ဟီး ... ) ၁ဂစ် ထဲပါ သဂျီးရယ် နော့် ....

ခင်တဲ့
Guy Inz@ghi

13 comments

  • ပေါက်ဖော်

    October 31, 2011 at 9:59 am

    ဘာ ❗
    တစ်ဂစ်.
    ဂစ်….ဂစ်…ဂစ်…

    ကိုဇာက ပါရမီတို ့.မထသ တို ့ပါတယ်ထင်တယ်နော့်…
    စရိုက်ကာစ ပုံတွေတောင် လန်းတယ်ဆိုတော့..ဂွတ်တယ်ဗျာ..

    မလန်းတာကတော့ အပေါ်ဆုံးက ပန်းလေးပဲ..
    ကျိုးနေလေရဲ့..
    ဘာစိတ်ကူးနဲ ့ရိုက်လဲ မသိဘူး..ပန်းကျိုးလေးကို
    😆

    • inz@ghi

      October 31, 2011 at 10:19 am

      ကောင်းတာလေးတွေပဲ ရွေးတင်ထားတာကိုး ကပေါက်ဖော်ရယ်..
      ရိုက်လိုက် ပျက်လိုက်တွေက တထောကြီး..

      အဲ့ပန်းက ကြာပန်းဗျ …
      ရေကန်ကြီး ကို နွေခေါင်ခေါင် သွားရိုက်ထားတာ …
      ဗိုင်ယာဂရာ ကြော်ငြာ ရိုက်ရင် သုံးမလို့ပါဆို..

      ဘာရဲ အားပေးမား ???

      • မှော်ဆရာ

        October 31, 2011 at 7:01 pm

        ခင်ဗျားတို့ကို အားကျတယ်ဗျာ …
        ကျွန်တော်တို့က ဝါသနာဆိုတာထက် ဝမ်းရေးကို ဦးစားပေးနေရသူတွေ…

        • inz@ghi

          November 1, 2011 at 7:22 am

          အားမကျနဲ့ bro
          ကျနော်တို့လည်း အလုပ်ချိန်ပြင်ပ ပဲ အချိန်လု ရိုက်ရတာဗျ..
          အလုပ်ဆင်းရင် မှောင်နေပီ
          ခု ဆောင်းဆိုတော့ ၅လောက်ဆို မှောင်ပီကိုး

          တခါတခါ ညနေ ၄နာရီလောက် ဆေးလိပ်ထွက်သောက်ရင်
          တိမ်တွေကတောက် …လိုက်တင်တွေကမိုက် ..ဘယ်လိုလေးရိုက်လိုက်ရင်
          ညာလိုလေးရိုက်လိုက်ရင်ဆိုပီး သက်ပြင်းချရတာ ခနခန…

          ပေါ့ထလိပ် ကောင်းကောင်းရိုက်တတ်ချင်တယ်ဗျာ
          သင်ပေးပါဦး
          ဆိုင် လုပ်တယ်ဆိုတော့ အင်ဒိုး အယူအဆတွေ ရှဲပါဦးဗျာ..

  • Diamond Key

    October 31, 2011 at 10:27 am

    ကိုဇာ လက်ရာတွေကတော့ တစ်ကယ့် ဂွတ်ရှယ်၊ အစလို့သာပြောပေမယ့် အားလုံးက ဇွန်းတပ်လေးတွေ၊ (မန္တလေးမှာ ရှယ်ဆိုပြီးမှာရင် ဇွန်းတပ်ပေးလို့)

    • inz@ghi

      October 31, 2011 at 10:35 am

      ကျနော့် FBက ဆြာသမားတွေ ကောင်းမှု ကြောင့် ရိုက်သက် ၁နှစ်အတွင်း
      အတော်ကလေး ခရီးရောက်ခဲ့တယ် လို့ ဆိုရမယ်ဗျ…

      တချို့ ဆြာတွေက tips တွေပေးကြတယ် တချို့လည်း setting လေးတွေ ရေးပေးကြတယ်ဗျ
      တချို့ဆီကလည်း စာအုပ်စာတမ်းနဲ့ လင့်ခ်လေးတွေပေါ့ …

      ပြန်လာရင် ဆြာတို့ မန်းလေး ကို လာလည်မယ်ဗျာ ….
      ငယ်ငယ်က ဖြတ်သွားဖြတ်လာ နဲ့ ခနခန ရောက်ဖူးပေမယ့်
      နေရာစုံအောင် ရောက်ဖူးတာ ဟုတ်ဝူးရယ်..
      MGထဲက ရွာသားတွေနဲ့ တွေ့မယ်
      အဲ့ကျမှ စကော့တလန် စမ်းရည် မျိုရင်း ဇွန်း၂ချောင်းတပ်တဲ့ပုံတွေ တူတူရိုက်ကြတာပေါ့ဗျား…

      ခင်တဲ့
      Inz@ghi

  • windtalker

    October 31, 2011 at 12:08 pm

    ဆဇာ ရဲ ့ပုံတွေ ကြည့် စာဖတ် ၊ ကွန်မင့် တွေ ဖတ်ပြီး
    စိတ်ကူးမိတယ်ဗျ
    အဲဒီကြာပန်းလေးကို ရိုက်ခဲ့တဲ့အချိန်တုန်းက
    ဆဇာ တစ်ယောက်သည်
    အင်း…..အင်း………….??????

    • inz@ghi

      October 31, 2011 at 12:29 pm

      ဟာဂျာ …
      သည်လူကြီး ကန့်လန့်တွေးနေပြန်ပီ…

      mighty male and marvelous myanmar marketer ပါဗျ….
      ပုံက ကပေါက်ဖော် တို့ အတွက် ရည်ညွှန်းတာပါ ….ဟီး…

  • ဆူး

    October 31, 2011 at 12:39 pm

    တဂျီးရဲ့ ဆာဖာ လေးတဲ့ ပြသနာ အပြောခံရသက်သာအောင် လုပ်လို့ ရတဲ့ နည်းရှိတယ်။
    https://picasaweb.google.com/
    အဲဒီမှာ ဂျီမေးနဲ့ အကောင့်ဝင်ပြီး ပုံ ၁၀၀ဝ တိတိ တင်လို့ ရတယ် ပြောတယ်။
    အဲဒီ မှာ တင်ထားတာကို ဒီမှာ လင့်နဲ့ ပြန်ချိတ်ပြီးတော့ တင်လိုက်ပါ။
    ဒီမှာ လုံးဝ ဆာဖာ မလေးတော့ပါဘူး။

    တင်ထားတဲ့ ပုံလေးတွေကို right click> copy image location
    ဒီမှာ တင်မယ်ဆိုရင် new post > Html tab> img button click> paste
    အဲဒါဆို ပုံပေါ်လာမယ်။ ပုံတွေ ဆိုဒ် သိပ်ကြီးနေ သေးနေရင်တော့ visual အခြမ်းကို ပြန်သွားပြီး ပုံ ပေါ်လာတဲ့ အခါ လိုသလို ကြွက်နဲ့ ထောက်ပြီး ဆွဲချုံ့ ဆွဲချဲ လုပ်နိုင်ပါတယ်။ အလွယ်ဆုံးနဲ့ အဆင်ပြေဆုံး ဖြစ်မယ် ထင်ပါတယ်။စမ်းကြည့်ပါ ဆာဖာ လေးတယ် ဘာညာ ကွိကွ စသဖြင့် သူများ မေ့ငေါ့ ခံရခြင်းမှလည်း ကင်းဝေးသလို ကိုယ်ပိုင် အကောင့်မှ တင်သော ပုံများ အဖြစ် သီးသန့် Gallery လုပ်ထားသလိုလည်း ဖြစ်ပါတယ်။

    • inz@ghi

      October 31, 2011 at 12:55 pm

      နှိုင်းမတုအောင် သိုင်းခရု အန်တီဆူး …

      picasa မှာ acc တော့ ရှိသားဗျ.. မသုံးဖြစ်ဘူး
      fb ပဲ သဲကြီးမဲကြီး သုံးနေတာကိုး …
      တကယ်က fb ကနေ လင့်ခ် လိုခေးရှန်းင်း ချိတ်လို့ရ ရင်
      ကိစ္စပြတ်ပီဟာ ….fb ကနေက ချိတ်လို့ ရဝူးဗျာ..
      သူကပဲ https:// ဖြစ်သွားလို့လား …
      MG ရဲ့ wordpress က ပဲ ပလပ်ဂန်င် လိုနေလို့ လားတော့ ပြောတတ်ဝူး

      ပုံကတော့ သေးသေးပဲတင်တယ်ဗျ ကီလို ၁၀ဝ ပတ်ချာလည်လောက်ပဲ
      wallpaper သုံးချင်ရင်တော့ ပုံအကြီး ကို သီးခြား ပို့ပေးပါ့မယ်ဗျ…

      Inz@ghi

      • ဆူး

        October 31, 2011 at 1:55 pm

        ဖေ့ဘွတ်ကလည်း ချိတ်လို့ ရတယ် သူက ချိတ်လို့ မရအောင် လုပ်ထားတာ..
        အဲဒီ ပုံ Click လုပ်ပြီး ဖွင့်ရင် စာမျက်နှာ အသစ်နဲ့ မပွင့်ပဲ စာမျက်ခွက် အဟောင်းမှာပဲ ပွင့်တယ် အဟောင်းမှာ ပွင့်ရင် အင့်မေ့ လိုကေးရှင်း ရွေးလို့ မရဘူး။
        ပုံကို Right click လုပ်ပြီး Open link in new tab or new window ရွေးလိုက်
        ပုံနဲ့ စာမျက်နှာ တည့်တည့် ကျရင် လိုကေးရှင်း ရွေးလိုက်ပေါ့ကွယ်။

  • pan pan

    November 1, 2011 at 8:57 am

    မေဘယ်လ်ရွက်နဲ့ပုံကို ကူးသွားပြီနော်
    တခါတည်းဝေါပေပါတင်ပလိုက်တယ်
    ဝေါပေပါကျတော့ နည်းနည်းဝါးသွားတယ်
    ကိုဇာ့ဆီမှာရှိတဲ့မူရင်းလောက် resolution မမြင့်ဘူးထင်ပ့ါ

  • we R one

    November 1, 2011 at 2:31 pm

    ဘဂင်နာ သာပြောတယ်..ဆြာရဲ့ လက်ရာတွေကတော့.. အံမခန်းပဲ.. အားပေးသွားတယ်ဗျို့

Leave a Reply