စုန်းကဝေအကြောင်း သိကောင်းစရာ

စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။

မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ပါဠိတော်ထဲမှာတော့ ဦးဇင်းမှတ်သားဖူးသလောက်ပြောပြရမယ်ဆိုရင် ဝိနည်းမဟာဝါ (ဝိ-၁-၂၉၉)မှာ ရဟန်းတစ်ပါးဟာ ဃရဒိန္နကာဗာဓ-ခေါ် စုန်းမက ချစ်ခင်လို့ ဆေးပေးတာကို စားမိခဲ့ပါတယ်။ အဲဒီလို စားမိခဲ့လို့ ရဟန်းစုန်းပြုစားခံရတာကို မြတ်စွာဘုရားကသိတော့ သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့ ရဟန်းကို သောက်ခိုင်းလိုက်တာ ပျောက်ကင်းခဲ့တယ်လို့ ပါရှိပါတယ်။

အဲဒီတော့ စုန်းဆိုတာ တကယ်ရှိတယ်ဆိုတာကို လက်ခံရဖို့ကတော့ သေချာနေပါပြီ။ စုန်းဆိုတာ ဘယ်လိုဟာမျိုးလဲဆိုတော့ လူသားဖြစ်ပြီး အရင်ဘဝက ကမ္မသိဒ္ဓိအစွမ်းပါရှိတာကို မကောင်းတဲ့ဘက်မှာ အသုံးချတတ်တဲ့လူမျိုးပါ။ လူတိုင်းမှာတော့ သူ့အစွမ်းနဲ့သူ ပါရှိကြပါတယ်။ တချို့က ဉာဏ်စွမ်းကောင်းပြီး တချို့က ကံအစွမ်းကောင်းသလို တချို့ကျတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းကြတဲ့ အစွမ်းသတ္တိလေးတွေ လူတိုင်းကိုယ်စီမှာ ရှိကြပါတယ်။ တချို့ကျတော့လည်း မိမိမှာ အစွမ်းသတ္တိပါတာကို အသုံးမချမိလို့ မသိတာမျိုးရှိသလို အသုံးမချတတ်လို့ အသုံးမကျတာမျိုးလည်း ရှိနေပါတယ်။ ဥပမာ-မိမိခါးလောက်ရှိတဲ့ အမြင့်ကို ပုံမှန်ချိန်မှာ ခုန်မတတ်နိုင်ပေမဲ့ သေဘေးနဲ့ရင်ဆိုင်ရတဲ့အခါမျိုးမှာ ခုန်ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိမျိုးပေါ့။

အဲဒီလိုပါပဲ မွေးရာပါကမ္မသိဒ္ဓိအစွမ်းပါတဲ့ မိန်းမများဟာ သူတို့သာမာန်ချိန်မှာတော့ သူတို့မှာပါလာတဲ့ စုန်းပညာကို အသုံးမချတဲ့အတွက် မသိဘဲဖြစ်နေတတ်ပေမဲ့ သူတို့တစ်ယောက်ယောက်ကို လုပ်ကြံချင်တဲ့အခါမျိုးမှာ ပေါ်ထွက်လာပါတယ်။ အဲဒီလိုပေါ်ထွက်လာတဲ့နောက်ပိုင်းမှာတော့ သူတို့စုန်းပညာပါတယ်ဆိုတာသိပြီး သူများကို ဒုက္ခပေးနိုင်တယ်ဆိုတာ သိသွားလို့ သူတို့တစ်ယောက်ယောက်ကို မကျေနပ်တဲ့အခါ အဲဒီလူရဲ့ ဘုန်းကံနိမ့်ချိန်မှာ စောင့်မျှော်လုပ်တတ်သလို မိမိလုပ်ချင်တဲ့သူကို တစ်ခုခုသော အစားအစာကျွေးပြီးလုပ်တာမျိုးလည်း ရှိပါတယ်။

စုန်းပညာတစ်ခါလုပ်ဖူးလို့ စုန်းပညာတတ်တယ်ဆိုတာသူကိုယ်သူ သိတဲ့လူဆိုရင် အဲဒီလူရဲ့ မျက်စိကိုကြည့်တဲ့အခါ သူ့မျက်စိကိုကြည့်တဲ့လူရဲ့ ခန္ဓာကိုယ်ဟာ စောက်ထိုးပြောင်းပြန်ပေါ်နေတယ်လို့ ဦးဇင်းကြားဖူးပါတယ်။ အဲဒီတော့ စုန်းပညာတတ်တဲ့လူဟုတ်မဟုတ်ကို သူ့မျက်စိစိုက်ကြည့်ပြီး စမ်းသပ်နိုင်သလို စုန်းအလုပ်ခံရပါကလည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းလမ်းအတိုင်း သီတာလောဠိ (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ)ကို ဖျော်ပြီး စုန်းပြုစားခံရတဲ့လူကို တိုက်ကျွေးရင် ပျောက်ပါလိမ့်မယ်။ ဒါဟာ လေးသချေင်္နဲ့ကမ္ဘာတစ်သိန်း သွေးသားများရင်းပြီး ရရှိလာခဲ့တဲ့သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးမို့ အစွမ်းထက်မယ်ဆိုတာတော့ အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။

မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသဆို သဗ္ဗညုတဉာဏ်နဲ့ကြည့်ပေးခဲ့တဲ့ဆေးက မှန်ဘီးလူနဲ့ကြည့်ပြီးပေးတဲ့ အင်္ဂလိပ်ဆေးထက် အစွမ်းထက်တယ်ဆိုပြီး မြတ်ဗုဒ္ဓနည်းပေးခဲ့တဲ့ နွားကျင်ငယ်ရေနဲ့ ဖန်းခါးသီး၊ ဇီးဖြူသီးများစိမ်ပြီး ဆေးအဖြစ် မှီဝဲခဲ့အတွက် ဘာကျန်းမာရေးမှ မဖောက်ပြန်ဘူးလို့ မှတ်သားခဲ့ရပါတယ်။

အဲဒီတော့ စုန်းကဝေနဲ့ပတ်သတ်ပြီး အကျဉ်းချုပ်ပြောချင်တာက မြတ်ဗုဒ္ဓကိုယ်တိုင်မိန့်ခဲ့တာကိုထောက်ပြီး စုန်းကဝေဆိုတာ တကယ်ရှိပါကြောင်း၊ စုန်းအတတ်ပညာရှိမရှိကို ဦးဇင်းပြောသလို စမ်းသပ်ကြည့်ရှု့လို့ရပါကြောင်း၊ စုန်းလုပ်ချင်တဲ့လူဟာ သူပြုစားချင်တဲ့လူကို အနီးကပ်အနေနဲ့ အစားအစာကျွေးလုပ်နိုင်သလို အနီးကပ်မရပါက အဝေးကနေပြုစားနိုင်အောင် ထိုသူရဲ့ ဘုန်းကံနိမ့်ချိန်ကို စောင့်ဆိုင်းလုပ်တယ်ဆိုတာ သိဖို့လိုပါကြောင်း၊ တကယ်လို့ မိမိက စုန်းပြုစားတာ မခံချင်ဘူးဆိုရင် ဘုန်းကံနိမ့်စေတဲ့ မကောင်းမှုအကုသိုလ်များမှ ရှောင်ကြဉ်ကာ သူတစ်ပါးကျွေးတာကို ယုံကြည်မှုရှိမှ စားသင့်ပါကြောင်း၊ အကြောင်းမသင့်လို့ စုန်းပြုစားခံခဲ့ရရင်လည်း မြတ်ဗုဒ္ဓပေးခဲ့တဲ့နည်းအတိုင်း ဖြေရှင်းလို့ရတယ်ဆိုတာတွေကို မှတ်သားထားကြပါလို့ပဲပြောရင်း ဦးဇင်းသိသမျှ အသိပညာဗဟုသုတများကို ဒီမှာပဲ ဒီမေးခွန်းအတွက် ရပ်နားပါရစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
Colombo, Sri lanka

21 comments

  • rocket

    October 24, 2011 at 7:22 pm

    စုန်းရှိတယ် ဆိုတာ ယုံပါတယ်ဘုရား ၊
    စုန်းပြုစားတာ ကိုယ်တိုင်ကြုံဖူး ခဲ့ရလို့ပါ ၊
    စုန်းထီးက အောက်လမ်းဆရာ ၊ စုန်းမ ကတော့ မိန်းကလေးပါ လို့ပြောသံကြားဖူးပါတယ်၊
    သင်လို့တတ်တဲ့ စုန်းမရှိသလို မွေးရာပါ စုန်းပညာ တတ်သူလဲ ရှိတယ် ပြောကြပါတယ် ။

    • nikita

      October 25, 2011 at 11:19 am

      ကိုယ်တိုင် ကြုံခဲ့ဖူးရင် အတွေ့အကြုံလေး
      နဲနဲ share ပါလား
      စိတ်ဝင်စားလို့ပါ

  • windtalker

    October 24, 2011 at 7:29 pm

    မှန်လှပါ ။ ကျေးဇူးကြီးမားလှပါတယ် ဘုရား ။
    မြတ်စွာဘုရားရှင် လက်ထက်ကတဲက ဖြစ်ခဲ့တဲ့ အကြောင်းအရာကို လည်း
    ဘုန်းဘုန်းကောင်းမှု နဲ ့ ပထမဆုံး စသိရပါတယ် ဘုရား ။
    တပည့်တော် သိချင်တာလေး တစ်ခု မေးခွင့်ပြုပါဘုရား ။
    တပည့်တော် အမြဲရွတ်ဖတ်နေကြ ဂါထာလေး တစ်ပုဒ်ရှိပါတယ် ဘုရား ။
    တစ်ကြောင်းထဲပါ ဘုရား ။ “ နမောဗုဒ္ဓဿ ” ပါဘုရား ။
    ဒီဂါထာ နဲ ့ပတ်သက်ပြီး မြတ်စွာဘုရားရှင် လက်ထက်က ဖြစ်ရပ် နှစ်ခု ရှိခဲ့တယ် လို ့သိရပါတယ် ဘုရား
    ဘုန်းဘုန်းအနေနဲ ့အချိန်များပေးနိုင်လို ့ရင် ပြောပြပေးပါဘုရား

  • koyinmaung

    October 24, 2011 at 7:39 pm

    တင်ပါ့ဘုရား…ခုလိုရှင်းပြတဲ့အတွက်ကျေးဇူးကြီးလှပါတယ်ဘုရား။
    တပည့်တော်တို့မှတ်သားထားပါမယ်ဘုရား။။
    ၁၂ကြိုးအောင်ထားတဲ့သူ ရွာထဲမှာဘယ်နှစ်ယောက်များ
    ရှိမယ်ထင်ပါသလဲ..မြင်ထားတာတော့ရှိတယ် ဒါပေမဲ့စုံးမတော့မဟုတ်ဘူး
    စုံးထီးတွေနှစ်ယောက်တောင်ဗျာ..ဟဲဟဲ

  • မှော်ဆရာ

    October 24, 2011 at 7:53 pm

    မှော်ဆရာနဲ့ စုန်းနဲ့ လာမရောနဲ့
    မှော်ဆရာ က
    မြန်မာလိုပြောရရင် အထက်လမ်းသမားနော်
    စုန်းနဲ့ မှော်ဆရာနဲ့ တခြားစီ …..
    သူများကို ပြူစားပြီး ကိုယ့်ဆီလာအောင်လုပ်ဖို့နေနေသာသာ
    ကိုယ့်ဆီက ဟာလေးတောင် သူုများဆီ ပါမသွားအောင် မနဲလုပ်နေရတာ …

  • ပေါက်ဖော်

    October 24, 2011 at 8:30 pm

    စုန်းအကြောင်းပြောလိုက်တာ..
    မခံနိုင်လို ့ထင်ပါ..မှော်စရာတော့ထွက်လာဘီ
    ဘီလူးပဲ ကျန်တော့တယ်..
    အာဟိ.. 😆

    စုန်းက တောရွာဘက်တွေမှာ တော်တော်ပေါတယ်
    မြို ့မှာတော့ တောလောက် ခေတ်မစားဘူး

    တစ်ကယ်ရှိတာတော့ယုံတယ် ဦးဇင်းရေ
    👿

    • မှော်ဆရာ

      October 25, 2011 at 10:12 am

      မှော်ဆရာက နဲနဲလွတ်သေးတယ်နော်
      ကိုယ်တိုင် ဝန်ခံထားတဲ့ သူတစ်ယောက် ခုထိကို ထွက်မလာသေးဘူး
      ““ ကိုစုန်းထီး”” ဘယ်ရောက်နေပါလိမ့် ………….

  • ဆန်နီနေမင်း

    October 24, 2011 at 8:37 pm

    နမောဗုဒ္ဓဿဂါထာကို ရွတ်ဆိုလို့ ဘီလူးစားခံရမဲ့ဘေးကနေလွတ်မြောက်ခဲ့တဲ့ ဇာတ်တော်ကိုတော့ ဦးဇင်း သိပါတယ်။ ဒါပေမဲ့ တခြားတစ်ခုတော့ ဦးဇင်းလည်း ဦးနှောက်ထဲမပေါ်ဘူးဖြစ်နေတယ်။ ဖတ်ဖူးလား မဖတ်ဖူးလားကို စဉ်းစားမရပါ။

    • windtalker

      October 24, 2011 at 8:46 pm

      မှန်လှပါ သူဌေးသား ချာတိတ်နှစ်ယောက် ကြွေအံ ပစ်ကစားကြတဲ့ အဖြစ် ဖြစ်မယ် ထင်ပါတယ် ဘုရား ၊ တစ်ယောက် က ဗုဒ္ဓ ကိုးကွယ်ပြီး တစ်ယောက် က ဒိဋ္ဌိပေါ့ ဘုရား ။

  • ဆန်နီနေမင်း

    October 24, 2011 at 9:01 pm

    ဟုတ်ပါတယ် ဒကာ။ ဒကာပြောတဲ့ ကလေးနှစ်ယောက်မှာ တစ်ယောက်က မိစ္ဆာဒိဋ္ဌိ၊ တစ်ယောက်က ဗုဒ္ဓပါ။ ဗုဒ္ဓကလေးက နမောဗုဒ္ဓဿရွတ်ဆိုပြီး ကစားတာနိုင်တာကို မိစ္ဆာဒိဋ္ဌိကသိတဲ့အခါ သူလည်း နောက်ကစားရင် နို်င်အောင်ဆိုပြီး နှုတ်တိုက်ရအောင် ရွတ်ဆိုလေ့ကျင့်ပေးခဲ့ပါတယ်။ ဒါနဲ့ တစ်နေ့မှာ ဖခင်ဖြစ်သူနဲ့ တောထဲသွားရင်း ဖခင်က နွားပျောက်လို့လိုက်ရှာတာကနေ ပြန်မလာတဲ့အခါ ကလေးဟာ တောထဲမှာ ကျန်နေခဲ့ပါတယ်။ ဒါနဲ့ တောထဲမှာရှိတဲ့ သူတော်ကောင်းဘီလူးနဲ့စိတ်ကောင်းမရှိတဲ့ ဘီလူးနှစ်ကောင်က ကလေးကိုတွေ့လို့ သူယုတ်မာဘီလူးက ကလေးကိုစားမယ်ဆိုပြီး ကလေးတောထဲမှာ အိပ်ငိုက်ပျော်နေတာကို လှမ်းထိလိုက်တဲ့အခါ ကလေးက သူရွတ်နေကျဖြစ်တဲ့ နမောဗုဒ္ဓဿကို ရွတ်ဆိုလိုက်ရာ ဘီလူးဟာ ပူကျင်မှုတွေခံစားသွားရပါတယ်။ ဒါနဲ့ သူတော်ကောင်းဘီလူးက မင့် သူတော်ကောင်းကလေးကို ပြစ်မှားမိတဲ့အတွက် သူ့အတွက် စားစရာကို ဘုရင်စားဖွယ်ကနေ ယူပေး၊ ရေချိုးသန့်စင်ပေးဆိုပြီး ခိုင်းစေတာနဲ့ သူယုတ်မာဘီလူးဟာ လုပ်ပေးရပါတယ်။ ဘုရင်စားတော်ပွဲကို ကလေးကျွေးပြီးတဲ့အခါ ဘီလူးကနေ ဒီစားတော်ခွက်ကို ဘုရင်မြင်တဲ့အခါ ငါတို့ဘီလူးများက သူတော်ကောင်းကလေးမို့ ခိုးကြွေးတာဖြစ်ကြောင့် စာရေးခဲ့ပါတယ်။ ဒါနဲ့ ကလေးဟာ ဘုရင်ထံရောက်ခဲ့ပါတယ်။ ဘုရင်ကလည်း ကလေးဖြစ်ပျက်ခဲ့တာ ဟုတ်မဟုတ်ကို ကလေးနှင့်သူ့မိဘများကိုပါ ခေါ်ဆောင်ပြီး ဘုရားရှင်ထံသွားမေးရာ အယူမှားနေတဲ့ ကလေးရော မိဘများပါ ဘုရားရှင်ရဲ့တရားကိုနာပြီး သောတာပန်အရိယာတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ဗုဒ္ဓတရားများသည် မည်သူမဆို လေ့လာလို့ရသလို၊ ရွတ်ဖတ်လို့လည်း ရပါတယ်။ ပြုလုပ်သူမှန်သမျှ ကောင်းကျိုးခံစားရပါတယ်။

    • windtalker

      October 24, 2011 at 9:13 pm

      မှန်လှပါ ကျေးဇူးကြီးမားလှကြောင်းပါဘုရား
      အစက အကြောင်းအရာ တစ်ခု စီ ဘဲ လို ့မှတ်နေခဲ့တာပါ ဘုရား
      အရှင်ဘုရား ရှင်းပြမှ
      တစ်ဆက်တည်း ဆိုတာ သိရပါတယ် ဘုရား
      သာဓုသာဓုသာဓု ပါဘုရား

  • ပေါက်ဖော်

    October 24, 2011 at 10:49 pm

    ဦးဇင်း…
    မေတ္တာသုတ် အကြောင်းလေး အားတဲ့အခါ မ.စ ပါဦး
    ပါဠိလို အပါအဝင် မြန်မာလို အနက်လေးပါ ရှင်းပြစေချင်ပါတယ်
    ပို ့စ်တစ်ခုအနေနဲ ့..တင်ပေးစေချင်ပါတယ်..
    မေတ္တာစွမ်းအား ကြီးမားပုံကို ရွာသူားတွေကို သိစေချင်လို ့ပါ ဘုရား
    ကျေးဇူးပါ

  • Mg Joker

    October 25, 2011 at 12:03 am

    ဗဟုသုတ ရပါတယ်ဘုရား
    ကျေးဇူးတင်ပါတယ်

  • we R one

    October 25, 2011 at 8:53 am

    စုန် တွေ တကယ် ရှိတယ် ဆိုတာ ကိုယုံပါတယ် ဘုရား…။ ကျွန်မ အဖေ ကိုယ်တိုင် စုန်းပြုစားခံရပြီး ဆုံးပါးသွားတာပါ။ နောက်ပြီး အဲဒီစုန်း အပြုစားခံရပြီးသေတဲ့ လူရဲ့ ခြေမကို ဖြတ်ပြီး ပါးစပ်ထဲမှာ ထည့်သဂြို ် ရင် ပြုစားထားတဲ့ စုန်းမက ရူးသွားတယ် ဆိုတာ တကယ်ရှိပါတယ်။

  • ကြောင်ကြီး

    October 25, 2011 at 10:01 am

    အရင်က ရွာထဲမှာ စုန်းထီးရှိပါတယ်။ အရှင်ဘုရား ကြွလာမှတော့ ထွက်ပြေးသွားပြီထင်တယ်။ 😛

    • antimoe

      October 25, 2011 at 10:06 pm

      စုန်းထီးလား သူများပြုစားတာ ခံရလို့
      (ထွန်သွားတွင်ကပ်ကျန်နေသော မြေကြီးခဲ) ဖျော်ရည် အတိုက်ခံထားရတယ်လေ။
      ဓါတ်မြေဩဇာ ဝ နေတဲ့ မြေကြီးဖြစ်နေလို့ ဆေးရုံရောက်နေတယ်ဆိုလား….ပဲ။

      • ပေါက်ဖော်

        October 25, 2011 at 10:12 pm

        အန်တီမိုး ကွန်းမန် ့က အထိဆုံးပဲဗျာ
        အာဟ..အာ.ဟ
        😆

  • True Answer

    October 25, 2011 at 2:05 pm

    အခု လိုမျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။ မြန်မာတွေ ပူဇော်ပသကြတဲ့ ၃ရ မင်း နတ်ထဲက အမေရေယာဉ် နတ်ဟာ ကမ္မသိဒ္ဓိအစွမ်း (စုန်းအတတ်)ကို တဖက်ကမ်းခတ် တတ်တဲ့ ပုဂံခေတ်ကမိန်းမချောလေးတစ်ဦးဖြစ်ပြီး ဘာကြောင့်ရယ်မသိ ဘယ်ဘုရင် နဲ့လည်းမသိဘူး (နရသိဟပတေ့လားမသိ) ပြဿနာဖြစ်ရာကစလို့ နောက်သေဆုံးသွားပြီး နတ်ဖြစ်သွားတယ်လို့ ငယ်ငယ်က မှတ်သားဖူးပါတယ်။ အရှင်ဘုရား(သို့) အပြည့်အစုံ သိသူများ ဇာတ်လမ်းလေးကို ပို့စ်တစ်ခုအဖြစ် ဖြစ်နိုင်ရင် တင်ပေးစေလိုပါတယ်။

  • kai

    October 26, 2011 at 1:38 am

    ဂေါတမဗုဒ္ဓကိုယ်တော်တိုင်မကျမ်းမာတော့.. သမားတော်ဇီဝကဆီ သွားကုတာပဲ…။
    ထားတော့…
    ဘာပဲဖြစ်ဖြစ်လေ…
    ဒီခေတ်မှာ.. ဒီစုန်းကဝေပညာရပ်က… မီလျံဘစ်ဇနက်ပဲ..။ 😆

    • ဆူး

      October 26, 2011 at 9:38 am

      သဂျီးတော့နော်.. သဂျီး…….. (ခေါင်းကလေး ခါခါ လက်တဖက်က ခါးထောက် နောက်လက်ဝါးကလေး ထောင်ပြီး) မီလျှံ ဘစ်ဇနက် အဲ… ဒါဗြဲ ပြောပြော နေတယ် တစ်…ခါမှ ရွာထဲက ခလးတွေကို မုန့်ကျွှေးးးးးးးးးးတာ မရှိသေးဘူး။ (ကုလားလေသံ)

      မီလျှံ ဘစ်ဇနက် တွေ့ပြီး ကုသိုလ်ကောင်းမှု ကံအားနည်းလို့ မြင်သာမြင်ရ မကြင်ရ ဖြစ်နေပုံရတယ်။ ထမင်းရေချောင်းစီး မောင်းတီးပြီး လှူသင့်နေပြီ။

      😀 😀

  • Captain

    October 26, 2011 at 3:48 pm

    ကျေးဇူးတင်ပါတယ် ဥိးဇင်း

Leave a Reply