ငါးဆယ့်နှစ်

မောင် ပေOctober 24, 20111min19712

မျက်နှာမြင် ချစ်ပါစေ ၊ ဆိုတာမျိုး

တစ်ရက်၊တစ်ရက်

ဘယ်နှစ်ခါ ပြုံးပြမိမှန်း မမှတ်မိဘူး

အားလုံးဟာ သန် ့စင်ပါရဲ  ့လား

မစဉ်းစားရဲဘူး ။

လမ်းခရီးမှာ ဓါတ်ဆီ ပြတ်လို ့

နီးရာ အိမ်ကိုဝင်ကြည့်တယ်

တံခါးပေါက်မှာတွေ ့ရတာက

“လူသာလာပါ၊ပြဿနာခေါ်မလာပါနဲ ့” တဲ့ ။

ဒီလိုနဲ ့

အဆင်ပြေလိုက် ၊ မပြေလိုက်နဲ ့

ပျော်သလို နေတတ်နေပြီ ဖြစ်တဲ့

တတ်ကာစ ဂြိုဟ်တုဒုံးပျံ တစ်စင်းလို

ရှိတာလေးတွေ ထုတ်သုံး ပျံသန်းနေရင်း

စူးစူးရဲရဲ နဲ ့

ကောင်းချီးပေးသံကြားလိုက်ရတယ်

အောင်မလေး အောင်ပန်းသားကြီးရယ်

အောင်မလေး အောင် ပန်း သား ကြီး ရယ် တဲ့ ။

12 comments

  • ပေါက်ဖော်

    October 24, 2011 at 9:38 pm

    လက်တန်းမောင်ပေပါဘဲ..ဗျာ..
    တော်တော်နောက်တယ်….ဟဟဟ
    “အောင်မလေး အောင် ပန်း သား ကြီး ရယ်” ဆိုတာဘာလဲ..
    နောက်မှ မေးကြည့်ပေတော့..
    ကြပ်ခဲ့ဘီ.mister pay ရေ
    🙄

  • Koyin Sithu

    October 24, 2011 at 9:42 pm

    (((အဆင်ပြေလိုက် ၊ မပြေလိုက်နဲ ့

    ပျော်သလို နေတတ်နေပြီ ဖြစ်တဲ့

    တတ်ကာစ ဂြိုဟ်တုဒုံးပျံ တစ်စင်းလို

    ရှိတာလေးတွေ ထုတ်သုံး ပျံသန်းနေရင်း)))) အဲ့ဒီ စာသားရေလည်လန်းတယ်.. ဟက်ထိတယ်.. ဦးပေ

    လေးစားပါတယ်.. အောင်ပန်းသားကြီးရယ်…

    • windtalker

      October 25, 2011 at 1:12 pm

      ဟီးဟီး..အောင်ပန်းသား လည်း မဟုတ်ရကြောင်းပါ ကိုရင်စည်သူ ရယ်

  • kocho

    October 24, 2011 at 9:45 pm

    ပေချင်တိုင်းပေလို့ရတယ်ဒါပေမဲ့ တန်းလန်းကြီးတော့ မလုဎ်ပါနဲ့ဂျာ 😀

  • “ဘီလူးကြီး”ogre

    October 25, 2011 at 7:34 am

    ကျုပ်ဆို ခဏခဏ ပြုံးပြနေရလို့
    ပါးစပ်ဆို ပ စေါက်ပုံပေါက်နေတယ်
    အပြုံးက သန့်စင်လားမစင်လားမသိဘူး
    ပြုံးပြတတ်တာတော့ တော်တော် အဆင်ပြေပါတယ်

  • ကြောင်ကြီး

    October 25, 2011 at 10:33 am

    ငါးဆဲ့နှစ်
    လက်ကီးဆဲဗင်း
    ခုနှစ်ဂဏန်း
    အလန်းတွေ့ရင်
    ဇွတ်ကြမ်း
    ရွှတ်ခနဲနမ်းလည်း
    ပြသနာမဖြစ်….။

  • inz@ghi

    October 25, 2011 at 10:45 am

    နေဘေတွေ အခံအအုပ်တွေနဲ့ပါလား ကိုပေ
    ကိုရင် စည်သူပြောသလို ပါပဲ
    …………..တတ်ကာစ ဂြိုဟ်တုဒုံးပျံ တစ်စင်းလို
    ရှိတာလေးတွေ ထုတ်သုံး ပျံသန်းနေရင်း……………..
    ဆိုတဲ့ စာသား ကတော့ ဇွန်း၂ချောင်းတပ်တဲ့ရှယ် ပါပဲဗျာ
    😀

  • ဆူး

    October 25, 2011 at 10:51 am

    (((အဆင်ပြေလိုက် ၊ မပြေလိုက်နဲ ့

    ပျော်သလို နေတတ်နေပြီ ဖြစ်တဲ့

    တတ်ကာစ ဂြိုဟ်တုဒုံးပျံ တစ်စင်းလို

    ရှိတာလေးတွေ ထုတ်သုံး ပျံသန်းနေရင်း))))

    မောင်ပေ အဆင်ပြေလိုက် မပြေလိုက် ဆိုတာ ဝမ်းချုပ်နေတာကို ပြောချင်တာ ဖြစ်မယ်။
    ဂြိုလ်တု ဒုံးပျံ တစ်စင်း လို ဆိုတော့… ဆေးသောက်ပြီး ဝမ်းနုတ်ရင်း ရှိတာလေး ထုတ် တယ် လို့ ပြောတာ ဖစ်ရမယ်။

    • windtalker

      October 25, 2011 at 12:31 pm

      အားရာရား
      တယ်ဉာဏ်ကောင်းနေပါ့
      ဘယ်သူ ့ကောင်မလေး ပါလိမ့်
      ိသိချင်စမ်းပါဘိ
      ဟီဟိ

  • pan pan

    October 25, 2011 at 1:25 pm

    အောင်ပန်းသားကြီး ကိုပေ
    အပြုံးတွေက ဝေဝေ
    ဓါတ်ဆီကုန်တော့ လေနေ
    အဆင်ကတော့ ပြေပြေ
    စိတ်ကတော့ မခေ
    အောင်ပန်းသားကြီးရယ်လေ
    (စဒါနော် :mrgreen: )

    • windtalker

      October 25, 2011 at 1:31 pm

      အောင်ပန်းသား မဟုတ်ရပါဘူး ဆို
      ဇွတ်…။

  • alinsett

    October 25, 2011 at 4:12 pm

    လက်တမ်းသာဆိုတယ် ..ကောင်းလှပါလားဗျ။

    ဆက်သာရေးပါ ။

    အားပေးပါတယ်။

Leave a Reply