သူယောင်မယ်သီး

ဂ်စ္စူOctober 24, 20111min28421

Nareepol Tree 3

သူယောင်မယ်သီးတွေ

 

 

Nareepol Tree 2

ဖန်ဖန်ကြံကြံ

 
Nareepol Tree 1

အများကြီးဘဲ

မတင်ခင်….

ဒီအကြောင်း.တင်ပြီးသားရှိလား..တစ်ချက်ရှာရသေးရဲ့..

သူယောင်မယ်သီး..Nareepool ဆိုပြီးရှာတာ..ရွာမှာမတွေ ့ဝူးဗျာ

မတွေ ့ တော့ မရှိဝူးမှတ်တယ်..

မရှိတော့ တစ်ချို ့ မသိဝူးမှတ်တယ်…အဲတော့ ….တင်ဒယ်..ဒါဗျဲ.. 😯

 

ဆိုဒ်တစ်ခုမှာတွေ ့မိရာက အနော်လဲ တစ်ကယ်လား မှတ်တာပေါ့….

သူပြောတာက..

မိန်ခလေးသဏ္ဌာန်နဲ ့ အံ့ဩစရာကောင်းအောင်တူလှပါတယ်။ အင်္ဂလိပ်အခေါ် Nareepool ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အနီးက Petchaboon မှာ တွေ့ရတာဖြစ်ပါတယ်..။ မြန်မာပြည် ရှမ်းပြည်နယ်ဘက်မှာလဲ ရှိကြောင်း သိရပါသေးတယ်။ ဣန္ဒိယ နိုင်ငံ ဟိမဝန္တာတာင်တန်း ဝန်းကျင်မှာလဲ ပေါက်ရောက်ကြောင်းလဲ ထပ်မံသိရ ပါသေးတယ်။ Naree ဆိုတာ ကတော့ မလေးလို မိန်းကလေးဖြစ်ပြီးတော့ pol ဆိုတာကတော့ သစ်ပင်ဖြစ်ပါတယ်။ မိန်းကလေးသစ်ပင်ပေ့ါရှင်.

တဲ့

ကျနော်လဲ အံဩပြီး..ကိုယ့်ကိုယ်ကို တုံးလှချည်ဆိုပြီး ခံပျင်းနေတာ..

သူ ့ပုံတွေ ဆက်ကြည့်တော့..

အပင်မှာ ကောင်မလေး ဖင်ပြောင်လေးတွေနဲ ့…အသီး သီးနေလေရဲ့..

တစ်ချို ့အသီးကျတော့လဲအသက် ဝင်နေသား မပြောတတ်..ရှက်ပြီး အုပ်ထားလေရဲ့

တစ်ချို ့ကြတော့လဲ ရှက်ဘူး..ဗျာ..အုပ်မထားဘူး..အဟိ..

အသီးရဲ့ ဘော်ဒီကြည့်ရတာလဲ မဆိုးလှဘူး….ဆိုဒ်ပျက်…ဂိုက်ပျက်မဟုတ်လေတော့..ကျနော်လဲ

သံသယ  စဝင်လာတာပဲ….တစ်ကယ့်အသီး မဟုတ်ဘူးဆိုတာ..

တော်တော်လက် ကမြင်းတဲ့ ဓာတ်ပုံဆရာ ပဲ..

ဘယ်လိုများ လုပ်ပြီး ရိုက်ထားသလဲ မပြောတတ်ဘူး..ကြံကြံဖန်ဖန်ဗျာ..

တော်တော်နောက်တယ်..

 

 

21 comments

  • kocho

    October 24, 2011 at 8:44 pm

    လန်းတယ်နော် အဲယောင်လို့ တူတယ်နော် 😀

    • ပေါက်ဖော်

      October 24, 2011 at 8:49 pm

      ဇော်ဂျီတောင် ဖြစ်ချင်လာဘီ ကိုချိုရေ
      ကွိကွိ..
      😆

  • windtalker

    October 24, 2011 at 8:50 pm

    ရဲဘော် အဲဒါကြီးက အင်ကြီးတဲ့ ဆိုကလားပဲနော်
    ရဲဘော် မေ့နေပြီ ထင်ပါရဲ ့
    “…မူးပြီလား….. မေ့ပြီလား…ငါ့ကို ပုလင်းသောက်ခွင့် ပေးပါ ”
    🙂

  • blackchaw

    October 24, 2011 at 8:52 pm

    ပေါက်ဖေါ်ကြီးရေ။
    တစ်လုံးဘယ်လောက်နဲ့ရောင်းနေလဲ။
    တစ်ပင်လုံး ပုတ်ပြတ်ရော ဝယ်လို့ရလား။
    ရွာသားတွေ လည်း ဝေမျှပေးချင်လို့ပါ။ ဟားဟား။

  • naywoonni

    October 24, 2011 at 9:15 pm

    ကိုကိုဖော်….။ ခင်ဗျားကတော့ ရှာရှာဖွေဖွေ တွေ့တတ်ပါပေရဲ့…။ သူယောင်မယ်ဆိုတာ ရှေးဟောင်းဒဏ္ဍာရီ ပုံပြင်ထဲက ယုံတမ်းပုံပြင် ထဲမှာပါတဲ့ အသီး မဟုတ်လား …… ယုံလွယ်တတ်သူတွေ အဟုတ်ထင်မှာပေါ့ဗျာ…… ခင်ဗျားအမြင်လေးပါထည့်ရေးပေးလိုက်တာကောင်းပါတယ်…။ တော်ကြာ ရေသူမရှာသလို သူယောင်မယ်လိုက်ရှာနေကြမှဖြင့်……… ရွာထဲက မောင်ပေတို့ ဂရုစိုက်…။ တော်ကြာသူယောင်သီးလိုက်ရှာနေဦးမယ်…….။ 😛

    • windtalker

      October 24, 2011 at 9:21 pm

      သူယောင်သီး တော့ လိုက်မရှာတော့ဘူး
      တပ်ကုန်းဘက် က မွာမွတ်နီ မှန်မှန်မူး ဆိုတာကိုတော့
      ဖက်ကြမ်းတစ်လိပ် ထွေးညိုတစ်ခွက်ရယ်နဲ ့
      တွေ ့ချင်မိသားဗျ
      ဟားဟား

  • kocho

    October 24, 2011 at 9:28 pm

    ဒီအသီးကစားလို့ရရင်တောင် သွားကြားညပ်မဲ့အမျိုး

  • koyinmaung

    October 24, 2011 at 9:38 pm

    ကိုချိုကတော့လုပ်ချလိုက်ပြန်ပြီ…
    ဘာကသွားကြားညှပ်မှာတုန်းဗျ….

  • Koyin Sithu

    October 24, 2011 at 9:44 pm

    ဘယ်သူယောင်မဖြစ်ဖြစ်.. လာထား..
    ဒီက ဖိုဝင်သားကွ.. ဟဲဟဲ..
    မီးဖိုးအမြဲဝင်နေရလို့.. ဖိုဝင်သားလို့ပြောတာပါ.. 😛

  • padonmar

    October 24, 2011 at 11:01 pm

    ရွာထဲမှာတွေ့ဖူးတယ်။
    မနောဖြူလေးတင်တာလို့ထင်တယ်။
    မှတ်မိတာတော့ ရွှေနီရဲ့ လာအိုနယ်စပ်ကသူယောင်သီး post နဲ့သိပ်မကွာဘူး၊photoshop တွေပါလို့ နားလည်သူတွေပြောတယ်။
    ရွာတော်ရှင်မမေးကြည့်။

  • “ဘီလူးကြီး”ogre

    October 25, 2011 at 7:39 am

    ဒီအသီးကြီးက အင်ကြီးတဲ့ဗျ
    အတုနဲ့တော့ စိတ်လာမဆွနဲ့
    အစစ်ဖွက်ထားတာများရှိရင် လိုခြင်းပါကြောင်း ..။။

  • Shwe Tike Soe

    October 25, 2011 at 8:59 am

    မဖြစ်နိုင်ဘူးဆိုတာသိသာပါတယ်.. သဘာဝက သီးတဲ့အသီးဗျာ. Shade တူတယ်ဆိုရင်ထားတော့..
    အခုဟာက နှာခေါင်း၊မျက်လုံး ၊ပါးစပ်က ပန်းပုထုထားတာကျနေတာပဲ အတိအကျပေါ်လွင်နေတယ် အဲဒီကတည်းက မဖြစ်နိုင်တော့ပါဘူး…
    အသီဆိုတာ တစ်လုံးနဲ.တစ်လုံး ဆိုဒ်တူချင်မှတူမှာလေ အခုဟာက သူယောင်မော်ဒယ်သီးတွေချည်းပဲ ဟဟဟဟ

  • etone

    October 25, 2011 at 9:27 am

    ထင်တော့ထင်သားပဲ အင်မှန်းလို့ … ။ ဘာလို့လဲဆိုတော့ အသီးက လူပုံ အဲ့လောက် ချွတ်ဆွတ်တူမှာ မဟုတ်ဘူး … ။ 😛

    • ပေါက်ဖော်

      October 25, 2011 at 9:58 am

      ထင်တယ် ဘွားတော်..
      Source လိုက်ရှာတာ 2008 လောက်က ဖြစ်နေတယ်..
      အဲတော့…ရွာထဲလဲ ရှိလောက်တယ်ဆိုုပြီး လိုက်ရှာတာ မတွေ ့ဘူး
      အဲတာကြောင့်…ဖော်လိုက်တာဘာ..

      မယ်ရွှေနီရဲ့ပို ့စ်က ပုံနဲ ့တော့ မတူပါဘူး….
      သားပုံက လန်းပါတယ်..
      😆

  • ဆူး

    October 25, 2011 at 9:46 am

    အစက ဒီပိုစ်ကို မမန်းတော့ဘူးလို့ပါပဲ.. သိတာလေး ဝင်ဖော လိုက်ပါအုန်းမယ်။
    အဲဒီ အသီးပုံတွေက အတုတွေပါ။ ဟိုမှာ ရှိတယ် ဒီမှာ ရှိတယ် ဆိုပြီး ယုံတမ်းကို သက်သေထူထားတာပါ။
    သူယောင်သီး အစစ်ကတော့ တကယ်ရှိချင်ရှိပါလိမ့်မယ်။
    ပေါက်ဖော် ကသာ မသိရှာတာ လမ်းဘေးမှာ သူယောင်သီးပုံ ဆိုပြီး ပြက္ခဒိန် အရွယ် စာရွက်နဲ့ ထုတ် ပလက်စတစ်လောင်းပြီး လိုက်ရောင်းနေတာ စီးပွားတောင် ဖြစ်လို့… တောက လာတဲ့ လူတွေ ရွာက အပြန်မှာ အိမ်က မိသားစု မြင်ဖူးအောင် လက်ဆောင်အနေနဲ့ ဝယ်တာမျိုးတွေ ရှိတတ်တယ်။ တခါတလေ မီးပွိုင့်တွေမှာတောင် တွေ့သေးတယ်။ အင်တာနက်မှာ မြင်ဖူးနေတာ အနည်းဆုံး ၃နှစ်လောက် ရှိနေလေမလားပဲ..

  • sukoko

    October 25, 2011 at 12:40 pm

    စွတ်ချွတ်ပဲနော်လူနဲ့တူတာ
    အင်တော့အင်ပေါ့………………
    ဒါပေမဲ့အင်ပေါ့နော်
    ဖေဇော်ဂျီကဘာလို့သူယောင်သီးကိုကြိုက်တာလဲမသိဘူးနော်

  • eveningstar

    October 25, 2011 at 1:02 pm

    ဇော်ဂျိံ ဒုတ် အဲ တောင်မွှေး(တောင်ဝှေး)ပဲလိုတော့တယ်။

  • chitthu135

    December 5, 2011 at 10:29 pm

    အဲ့အသီးကိုမတွေ ့ဖူးဘူးအခု့မှတွေ ့ ့ဘူးတာအခု့ကြည့်ခွင့်ရတဲ့အတွက်နောက်ဝမ်းသူပါတယ်နောက်လာနောက်သားတွေ ကိုလည်းပြလို့ရတယ်ပုံလေးကိုကြိုက်လို့ဖုန်းထဲမှာတောင်ထည့်ထားလိုက်ပြီး

  • မှော်ဆရာ

    December 5, 2011 at 10:36 pm

    ဖယ်လော့ ရှားလော့ ……
    သင်တို့ အနုမြူဝိဇ္ဖာနှင့် မဆိုင်………….
    ကျွန်ုပ် ပတ်ဝန်းကျင်ထိမ်းသိန်းရေး လေစွမ်းအင် ဝိဇ္ဖာနှင့်သာ ဆိုင်သော သူယောင်မယ်များ ဖြစ်ပေတယ်….

  • aye.kk

    December 6, 2011 at 4:24 am

    စိတ်ကူးထဲက ပုံဖော်မိတဲ့..
    သူယောင်မယ်သီး နက်ထဲမှာတွေ ့လို့ခူးစားမိတာကြာပါပြီ..
    သူများတော့မဖွရဲလို ့ငြိမ်နေမိပါတယ်..။

Leave a Reply