ညမွှေးပန်း…သို့

ညမွှေးတယ် ဆိုတဲ့ပန်း

နမ်းဖူးချင်သလား

နမ်းချင်သူ ရှားပေလိမ့်

နေစိမ့်သည် မပြောပါနှင့် 

ဖြေသိမ့်တော့ ငှက်ငယ်ရယ်…

(သက်လှယ်…)

ရှက်ဖွယ်…ကို

ပြက်ရယ်လို့ မဆုံး

မျက်ကွယ်မှာ ဟိုတုန်းဆီက

မျက်မှောက်မှာ နောင်တဆို

သီ က ဆို သံစဉ်ဆွေးလို့

ကြိုးလေးက တည်းတည်းသာ

တယောအိုကို နံရံမှာ ချိတ်

ည လူခြေတိတ်တောင်

အိပ်ပျော်နိုင်ပါ့လား…

မျက်ကွင်းက ညို

မျက်ဝန်းက ငိုကာ (ရယ်မော)

မနက်ဖန်မှာ အမောပြေလိမ့်

မြေနိမ့်ရာမှာ ပွင့်တဲ့သဇင်

ခြွေစိမ့်ငှာ မဝေချင်ပါနှင့်

ကြွေလွင့်ပေမယ့်လည်း အနေတင့်ရဲအောင်

လောကကို ခါးမှာ စောင်းတင်

ပေါင်းပင်တွေကြား

ရနံ့တွေ ထုံသင်းနေငြားလည်း

ဘယ်သူပန်ကာရယ် ဆန်မြန်း

ကေသာထက်မှာ လန်းဆန်းဝံ့မယ်…

ဂုဏ်ဆင့်တယ် မဆိုပါနှင့်

ဂုဏ်မြင့်မှ အလှယဉ်

သူတကာတွေ အလှဆင်လိမ့်

နွေအရိပ်က ရေအိုးစင်လို

နွေမို့သာ ပူချင်ရှာရော့

နေပြောက်က မိုးနေလည်း

နွေ မိုးကိုပဲ မျှော်ပါသတဲ့

လိပ်ပြာလေးလည်း မောရှာမယ်…

ပိတုန်းငယ် အစွယ်ထွက်ချိန်မှ

ဝတ်ရည်က မခမ်းနိုင်ရှာဘု

ကွယ်လုလု နေရောင်အောက်

မနက်က ရေသောက်ခဲ့ရတယ်…

မွှေးလွန်းသည့်…ပန်း။ ။

(ငရဲခန်း)

တောက ကိုရင်

၂၄.၁၀.၂၀၁၁

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…