Best Teacher (17) ဆရာမလေးတို့ ပြန်တော့မယ်ဆို…..

TTNUOctober 24, 20111min18311

Best Teacher (17) 

 

ဆရာမလေးတို့ ပြန်တော့မယ်ဆို…(အခန်း ၁)

 

ကြားဘူးပြီးသားဖြစ်မဲ့ သီချင်းလေးတစ်ပုဒ်ပါ။

“ဆရာမလေးတို့ ပြန်တော့မယ်ဆို xxx ငိုမလို မျက်ရည်ဝဲ  xxx အသည်းမှာပျော်ရွှင် xxx

သံယောဇဉ်ကြိုး xxx တိုးလို့နှောင်ခဲ့ပြီလေ xxx

အမေတို့ရေ  xxx အဖေတို့ရေ  xxx ဘယ်ပြန်ချင်ပါ့မလဲ  xxx

သမီးတို့လည်းကျောင်းနေဆဲမို့ xxx ကြိုးစားလို့ဖြင့် xxx သင်ရဦးမလေ

နောင်နှစ်ခါလည်း လာဦးမယ်လေ  xxx  ရှေ ့နှစ်ကိုလည်း လာခဲ့မယ်လေ xxx ”

စာမတတ်သူပပျောက်ရေး အ သုံးလုံး စီမံကိန်းတွေ မှာ ပါဝင်လှုပ်ရှားခဲ့စဉ်က ဆရာမ လောင်း

ဘဝပုံရိပ် ထဲက ခရီးသည် တစ်ဦး အကြောင်း ရေးပြချင်ပါတယ်။ Best Teacher Series

ထဲမှာ ဝင်ရေးရတဲ့ ရည်ရွယ်ချက် ကတော့ အခုရေးမဲ့ Documentary ထဲမှာလည်း ကျမ

ကိုယ်တိုင် လုပ်အားပေး ဆရာမလေး အဖြစ်ပါဝင် ခဲ့လို့ပါ။ပြီးတော့ ကျမ ဒီအကြောင်း

ရေးထားတဲ့ နေ့စဉ်မှတ်တမ်းစာအုပ်လေးလည်း ပြန်ဖတ်မိလို့ပါ။ ကျမ ပါဝင်ခဲ့တဲ့ အဲဒီ

နွေရာသီ အ သုံးလုံး လုပ်အားပေးစခန်းက (ကျောက်ဆည်ခရိုင်) ပါ။  ဟိုး လွန်ခဲ့တဲ့ အနှစ်

(၄၀)ကျော်က ပေါ့။

၈.၄.၁၉၇ဝ (ဗုဒ္ဓဟူးနေ့)

နေ့လည်(၂)နာရီ  အထူးရထားဖြင့် ကျောက်ဆည်ခရိုင် နှင့် စစ်ကိုင်းခရိုင် များသို့ စာမတတ်သူ

ပပျောက်ရေး လုပ်အားပေး ခရီးစဉ် စတင် ခဲ့ ပါ တယ်။ ရထားထွက်ခွာရန် နေ့လည်(၁) နာရီ

သတ်မှတ်ခဲ့ပေမဲ့ အခြေအနေ အရပ်ရပ်ကြောင့် နေ့လည် (၂)နာရီ မှ ထွက်ဖြစ်ခဲ့ပါတယ်။

အလွန်ကျဉ်းမြောင်းတဲ့ ပလက်ဖောင်း နံပါတ် (၂) မှာ လူစုကြရတာ ကတစ်ကြောင်း၊

မန ္တလေးရထား ဆိုက်ရောက်ချိန်နှင့် တိုးနေတာကတစ်ကြောင်း၊ ရန်ကုန် ဝိဇ္ဇာ သိပံ္ပ

တက္ကသိုလ် ဘူမိဗေဒ ကျောင်းသားတွေ ကွင်းဆင်း ခရီးစဉ်နှင့် ကြုံကြိုက်နေတာက

တစ်ကြောင်း …. ဒီ အကြောင်းသုံးပါးဆုံလိုက်တာလေ ရထားမထွက်ခွာမီ နဲ့ တွဲ မထိုးမီ

အချိန်ပိုင်း ခဏလေးအတွင်း တိုးမပေါက်လောက်အောင် ဖြစ်ခဲ့ရတယ်။

 

ဒီအချိန်မှာပဲ အသံချဲ ့စက်မှ ကျေညာသံ ထွက်ပေါ်လာပါတယ်။ တွဲ (၁) မှ (၆) ထိ

ကျောက်ဆည် ခရိုင်၊ နောက်ပိုင်း တွဲတွေက စစ်ကိုင်းခရိုင် အတွက်ဖြစ်ကြောင်း အခါခါ

အော်ခဲ့ပေမဲ့  တကယ် တန်း တွဲထိုးလာတော့ ကျောက်ဆည်တွေ နောက်ပိုင်း စစ်ကိုင်းတွေ

တွဲ(၁)မှ(၆) ဖြစ်သွားပြန်ပါရော။

 

ကဲ… ပလက်ဖောင်း ရှေ ့ နားဆီမှာ စောင့်နေကြတဲ့ ကျောက်ဆည်တွေ အထုပ်အပိုးကိုယ်စီ

နောက်ကို လာကြပြီး နောက်နားဆီမှာစောင့်နေကြတဲ့ စစ်ကိုင်းလူစု အိပ်ရာလိပ် သေတ္တာ

စုံညီစွာဖြင့် ရှေ ့ ပိုင်းကိုလာကြရော။ သူတို့လည်းရှေ ့မတိုးနှိုင်၊ ကိုယ်တို့လည်းနောက်မဆုတ်

နှိုင်၊ ခြေထောက်မြေမကျ၊ အိပ်ရာလိပ်သေတ္တာ ဘာမှ မမ နှိုင်တော့ဘဲ သာခွေယိုင်လို့ သာ

လဲချလိုက်ချင်တော့တယ်။ ချွေးသီးချွေးပေါက် ဖြိုင်ဖြိုင်ကျလာ ဟစ်အော်လို့သာ

ငိုချင်လာပါတော့တယ်။ မောင်းတင်လာတဲ့ “ လုပ်အားပေးဟေ့”  ဆိုတဲ့ ရည်ရွယ်ချက် အပြည့်

နဲ့ မော်လာတဲ့ မျက်နှာတွေလည်း မမော်နှိုင်တော့ပါ။ စိတ်ဓာတ်ကျစပြုလာပါပြီ။

 

အခက်အခဲ ထူကြသည့်ကြားထဲမှာ သူငယ်ချင်းတစ်ယောက်က သူ့အဝတ်အစားသေတ္တာ

ဘယ်သူဆွဲသွားးမှန်းမသိ လို့ မျက်စိမျက်နှာပျက်ပျက် လာပြောပါရော။ အေးလေ..ဟုတ်ပေ

မယ်။ ကိုယ့် အဝတ်သေတ္တာပျောက်ရင်ကော… ဘယ်လိုလုပ်ပြီးခရီးဆက်ရပါ့မလဲ။

ကူရှာပေးချင်ပေမဲ့ ကိုယ့်မှာလည်း ကိုယ့်ဝန်နဲ့ ကိုယ်မို့ မကယ်နှိုုင်။ နောင်မှ သူများနဲ့ရောပါသွား

တဲ့သေတ္တာ ပြန်တွေ့ရှာတယ်။ တော်ပါသေးရဲ ့။ နောက် တစ်ယောက် စီနီယာတန်းက အစ်ကို

ကြီးတစ်ယောက်ကတော့ ကားပေါ်က ပစ္စည်းတွေ ကူချပေး၊ စင်္ကြ ံတံတားပေါ်က ကျော်ဖြတ်

ပြီး ပစ္စည်းတွေသယ်ပေး၊ အပြီးသတ်တော့ သူ့ အဝတ်အိပ်ရှာမတွေ့တော့

“ ကျုပ် အကျင်္ ီ ဝတ်စရာမပါဘူးဗျ ”  ဟု ငိုရခက် ရယ်ရခက် မျက်နှာနှင့် ပြောနေပါတယ်။

ရထားတွဲ ပေါ်ရောက်မှ ပြန်ရှာတွေ့ သွားပြီး စိတ်ကျေနပ်သွားတဲ့ ကူညီတတ်သူ နောက်ဆုံး

နှစ် အစ်ကိုကြီးရဲ ့ ဟန်ပန်ကို ပြောရယ်ကြရပါတယ်။

 

ရထားတွဲပေါ်နေသားတကျ မရောက်ခင်တုန်းကတော့ အဆိုးဝါးဆုံးအချိန်ပါ။ တိုးစရာလမ်း

ကိုပိတ်နေတာလေ။ ဒီကျောင်းသားရထားတွဲတွေကို အုပ်ချုပ်လိုက်ပါမဲ့ ပညာရေးသုတေသန

ဗျူရိုမှ ဆရာကြီးဦးဇော်ဝင်းရောက်လာပါတယ်။ အထုပ်အပိုးတွေနဲ့ ကျပ်တိုးနေတဲ့ ကြားထဲ

ဖြတ်ရန်ဟန်ပြင်နေသော အုပ်ချုပ်သူဆရာကိုလည်း မမှတ်မိ၊ (ဦးထုပ်ကြီး ငိုက်စိုက်ဆောင်း

ထားပြီး ကွမ်းတွေကဝါးထားပေသကိုး)။

“ဒီမှာရှင့် အတင်းမဖြတ်ပါနဲ့ နေရာမရှိဘူး ၊ပစ္စည်းတွေနဲ့ ဥစ္စာ ဟိုဘက်ကကွေ့သွားပါရှင့်”

သူ့ခမျာမှာလည်း    ချွေးသံရွှဲရွှဲ မတိုးနှိုင် မဆုတ်နှိုင်တဲ့ ကြားထဲ အထုပ်အပိုးတွေ ဆွဲကူမ

နေရာရွှေ ့ပေးသွားရှာတယ်။ ရထားပေါ်နေသားကျတော့မှ ပြန်ပြောကြရင်း အော်မိသူ

ကျောင်းသူခမျာ လန့်နေရှာတယ်လေ။

 

စိတ်မောကြရသမျှ အတိုးချ ၍ ရယ်မောကြ၊ မောခဲ့ရသမျှ သက်ပြင်းချကြ၊  အမလေး လေ

လုပ်အားပေးခရီးစဉ်ရဲ ့ ပထမဦးဆုံး အတွေ့အကြုံ ကတော့ စိတ်မောရ၊ စိတ်ညစ်ရ၊ ချွေးကျရ၊

ပင်ပန်းရ၊ ငိုချင်စိတ်ပေါက်ရ၊ ဖြစ်ခဲ့ကြပေမဲ့ ဒါတွေ အားလုံး မေ့ပစ်နှိုင်လောက်အောင် ပျော်ရွှင်

သွားစေခဲတဲ့ အတွေ့အကြုံကား….ကျောက်ဆည်ဘူတာရောက်တဲ့အခါ….တွေ့ရပါတော့တယ်။

 

၉.၄.၁၉၇ဝ (ကြာသပတေးနေ့)

ကျောက်ဆည်ဘူတာကို နံနက် (၂း၃၀) လောက်မှာရထားဆိုက်ပါတယ်။ စစ်ကိုင်းခရိုင် လုပ်

အားပေးတွဲ(၁၂)တွွဲမန ္တလေးထိခရီးဆက်မှာဖြစ်ပြီးကျမတို့ကျောက်ဆည်ခရိုင်လုပ်အားပေး

တွဲများ  ဖြုတ်ထားခဲ့ပါတယ်။ ကြိုဆိုရေး အဖွဲ့တွေ အင်အားက အားရစရာပါ။

လင်းအာရုဏ်ဦးအချိန် အောက်လင်းဓာတ်မီး တွေနဲ့ နွေးနွေးထွေးထွေး ကြိုဆိုတာတွေ့လိုက်ရ

တော့ ခရီးအစက ငိုချင်ရယ်ချင် ကိစ္စတွေ မေ့တေ့တေ့ တောင်ဖြစ်သွားပါရောလား။

 

စီစဉ်ထားတဲ့အတိုင်းကျောက်ဆည် အ.ထ.က(၁) မှာ ခရီးတစ်ထောက်နားကြရပါတယ်။

အထုပ်အပိုးတွေ လက်နဲ့ထိစရာတောင် မလိုလောက်အောင် ကြိုဆိုရေး အဖွဲ့တွေ ဧည့်ဝတ်

ကျေပွန်ကြပါတယ်။ ခဏတဖြုတ်နားကြပြီး မနက်မိုးလင်းတော့ သက်ဆိုင်ရာ စီမံခန့်ခွဲရေး

ဆိုင်ရာဆိုင်ရာ အသီးသီးတို့ ရွာခွဲဝေရေး၊ မြို ့နယ်ခွဲဝေရေး စည်းဝေးထိုင်ကြပြီး ကျေးရွာတွေ

က ကိုယ့်ရွာ အတွက် လုပ်အားပေးတွေကို လှည်းယာဉ်ကြော့ နဲ့ အသော့လာကြိုကြပါပြီ။

လှည်းတွေမှာ အလှတွေဆင်လို့ နွားတွေမှာလည်းပန်းပွားတွေ ရောင်စုံရယ်နဲ့  မိမိတာဝန်

ကျရာရွာကို ဒီလိုမျိုး ဂန ္တဝင်အကြိုခံပြီးသွားရမှာ ရင်တွေတောင်ခုန်ပါတယ်ဆို။

 

အခန်း(၂) တွင် ရွာမှာသင်ကြားနေထိုင်ခဲ့ရသော အတွေ့အကြုံများ ဆက်ဖော်ပြပါမည်။

11 comments

  • MaMa

    October 25, 2011 at 6:57 am

    ဆရာကြီးဦးသုခရဲ့ ဘယ်သူပြိုင်ရျ်လှပါတော့နိုင် နဲ့ အပြိုင် တီချာနုရဲ့ အလှကို စိတ်ဝင်စားပါတယ်။ 🙂

  • fatty

    October 25, 2011 at 9:23 am

    ွွှှTTNU ရေးပြလိုက်တော့လဲ ပြန်လွမ်းမိသား …………..။ ကျနော်တို့ အ သုံးလုံးမှာ ပါခွင့်မရခဲ့ပါဘူး
    ဒါပေတဲ့ တက္ကသိုလ်ကအပြန် အသွား ကျောင်းသားတွေတပြုံကြီး ဘူတာရုံမှာ ရုတ်ရုတ်သဲသဲနဲ့
    ပျော်စရာကြီးပါ …..။ အတွဲရှိတဲ့သူတွေ တခရီးထဲဆိုရင်ပျော်ကြ ခရီးမတူသူတွေ နှုတ်ဆက်ကြ မျက်ရည်
    ကျကြနဲ့ အုပ်ထိမ်းအောက်ကနေလွပ်လပ်တဲ့အရွယ်ဆိုတော့ ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင်ဆုံးဖြတ်
    အင်မတန်ပျော်စရာကောင်းတဲ့ ဘဝရဲ့အချိန်ပိုင်းပါဘဲ …….။

  • ကြောင်ကြီး

    October 25, 2011 at 9:58 am

    အသုံးလုံးတီတီနု
    စသုံးလုံးကြောင်ကြီး
    သုံးလုံးခြင်းပြိုင်
    ဘယ်သူနိုင်မလဲ
    စေတနာနဲ့အာဏာ
    နငယ် နကြီး
    သံတူနံတူဆိုပေမဲ့
    လုပ်ပုံခြင်းကွဲ…။

  • ပေါက်ဖော်

    October 25, 2011 at 10:31 am

    ချယ်ကြီးတို ့..လှုပ်ရှားခဲ့တဲ့ နှစ်တွေ ကြည့်လိုက်တာ..
    အနော်တို ့.မွေးဘို ့ xx နှစ်လောက်တောင် လိုသေးတယ်..
    ချယ်ကြီးအရေးအသားက နုနေတော့…အန်တီအရွယ်လောက်ပဲ ထင်ပြီး တစ်ခါတလေ လျှောက်နောက်နေတာ.. ဟီး. ဟီး..

    ဇာတ်လမ်းက ခုမှ စတုံးပဲရှိသေးတာဆိုတော့..စောင့်ဖတ်ရဦးမပေါ့ဗျာ
    😯

  • windtalker

    October 25, 2011 at 1:19 pm

    သိပ္ပံမောင်ဝ ရဲ ့မောင်လူအေး စာအုပ် ဖတ်ရသလိုပါဘဲလား ဆရာမ ရယ်

  • hmee

    October 25, 2011 at 1:56 pm

    တီချယ်တို့တွေ ဘယ်သူပြိုင်လို့ လှပါတော့နိုင်ရုပ်ရှင်ကို ပြန်ကြည့်တိုင်း ငယ်မူ ပြန်မိမယ် ထင်တယ်နော်။

  • nozomi

    October 25, 2011 at 2:23 pm

    အခု အဲဒီလို အသုံးလုံး လုပ်အားပေးတွေ မရှိတော့တာ စာတွေ အားလုံးတတ်ကုန်ကျလို့ ထင်ပါရဲ့

    ဆရာမကြီး စာ ဖတ်မိကတဲက ဆရာမကြီး ရထားနဲ့ ပါသွားတာ အခန်း(၂) ဆိုတော့မှ စာဖတ်မိနေတာပါလားလို့ သတိရမိတယ် နောက်ပိုင်းက ပိုကောင်းမဲ့ သဘောရှိတယ် မျှော်နေပါတယ် ခင်ဗျာ

    ဆရာမကြီးရဲ့ နေ့စဉ်မှတ်တမ်း ရေးတတ်တဲ့ အကျင့်လေးကိုလဲ သဘောကျမိတယ်
    ကျွန်တော်လဲ ၁၉၉၁ လောက်ကနေ ၂၀၀၄ ခုနှစ်လောက်အထိကို နေ့စဉ်မှတ်တမ်း မှန်မှန် ရေးဖြစ်တယ် အဲဒါတွေကို ပြန်ဖတ်ကြည့်ရတာ အရသာတမျိုးပဲ နောက်ပိုင်းတော့ အပျင်းကြီးပြီး မရေးဖြစ်တော့ဘူး
    အခုတော့ ပြန်စဘို့ကို မလွယ်တော့ဘူး

  • နွယ်ပင်

    October 25, 2011 at 2:58 pm

    တီချယ်နုရေးတာ အရမ်းကို ရသမြောက်လွန်းလို့ ပြီးလို့ပြီးသွားမှန်းကိုတောင်
    မသိလောက်အောင်ပါပဲ အပိုင်း(2) ကိုဆက်လက်အားပေးနေပါမယ့်ရှင်…

  • TTNU

    October 25, 2011 at 11:25 pm

    မမနဲ့ မှီရေ
    ဘယ်သူပြိုင်လို့လှပါတော့နိုင်ထဲမှာကို တီချာတို့ သူငယ်ချင်းတွေ ဖြတ်လျှောက်ပါကြတယ်။
    တီချာတောင် တင်တင်ညိုလောက် မလှလို့ အရွေးမခံရတာ (Joking)။
    ကိုဖက်တီးရေ
    ဟုတ်ပါ့တော်၊ အုပ်ထိန်းမှုအောက်ကနေ လွတ်လပ်တဲ့အရွယ်ဆိုတော့ ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင်ဆုံးဖြတ်အင်မတန်ပျော်စရာကောင်းတဲ့ ဘဝရဲ့အချိန်ပိုင်းပါပဲ…….။
    ဒီအတွေ့အကြုံတွေက ဘဝကို ပိုခိုင်မာစေခဲ့တယ်။
    ကဗျာစာဆိုကိုကြောင်ကြီး
    လက်ညှိုးညွှန်ရာ ကဗျာဖြစ်စေသတည်း။
    သားလေးပေါက်ဖော်
    ဒါကြောင့် မရမ်းဘို့ (ပုလင်းကို) ကြုံတိုင်းHints ပေးနေတာ ဒီဆရာမအိုကြီးကပေါ့။
    နောက်တာ စိတ်မဆိုးပေါင်တော်။ ဘာမှအာရုံမထားပါနဲ့။
    ကိုဝင်းထောလခါရေ မောင်လူအေးဖတ်တဲ့မောင်ရင့် ကို ကျုပ် အထင်ကြီးမိပါတယ်။
    ကျုပ်ကျောင်းသားတွေ စာမဖတ်ကြလွန်းလို့ပါ။
    နိုဇိုမိရေ အခု ပြန်ရေးပါလား။ Vampires’ Diaries ခေတ်စားနေတဲ့ အခါကာလမှာ လေ။
    နွယ်ပင်ရေ ဒီနေ့ည Connection ကောင်းရင် အခန်း(၂)တင်လိုက်မယ်နော်။ အားလုံး…. ကျေးဇူးပါ။

  • ရွှေအိမ်စည်

    October 26, 2011 at 12:08 am

    တီချယ်အန်တီလေးရေ…

    နေမကောင်းဖြစ်ပြီးထဲ ကမတွေ ့တာ….
    အသုံးလုံးသင်တန်းအကြောင်းဆိုတော့…ဦးအံ့ကျော်..ကားလေ..ကျနော်ကြည့်ဘူးတယ်…
    ရပ်ကွက်ထဲ ကပိတ်ကားမှာလား…ကျနော်တော်တော်တွေးနေတယ်…
    အဖြေမရပါတီချယ်…
    ဒီလိုဘဝတွေ အရမ်းပျော်စရာကောင်းမဲ ့ရသလေးတွေ ဖတ်ရတယ်တီချယ်…

    ဒီမှာမှဘဲ..ကျနော်စာကောင်းကောင်းဖတ်ရတော့တယ်…

    ဖေ ့ဘုတ်မှာကျနော်လုပ်ထားတာများသလို ့…..
    ဘာမှန်းမသိမအားတာပါတီချယ်ရယ်….
    တီချယ်စာတွေ မဖတ်မိတာအားနာတောင်းပန်မိပါတယ်..

    လေးစားသော
    ရွှေအိမ်စည်

    • TTNU

      October 26, 2011 at 12:29 am

      ရွှေရေ
      ဦးအံကျော် အကယ်ဒမီကားပေါ့။ ရုပ်သံမှာ ကြည့်ဖူးတာဖြစ်မယ်
      ထင်တယ်။ ဆရာကြီး ဘဘ ဦးသုခ အမှတ်တရ ပြန်ပြလေ့ရှိတယ်။
      FB မှာ ရွှေ ရဲ ့ Working Power ကို အိမ်က သားနဲ့ ခဏခဏပြောဖြစ်တယ်။
      သားက ဒီလူတော်တော် တော်တယ် အမေတဲ့။
      မိန်းကလေးပါကွဲ့ လို့ ငြင်းကြရသေးတယ်။
      နေကောင်းသွားပြီဆိုတာ ဖတ်လိုက်ရလို့ စိတ်အေးသွားတာ။
      ချစ်ခင်လျှက်
      အန်တီ။

Leave a Reply