Steve Jobs ဆီက ကျနော် ဘာတွေသင်ယူနိုင်ခဲ့သလဲ …

ムラカミOctober 25, 20115min1238
Jobs ဆီကနေ ဘာတွေ သင်ယူနိုင်ခဲ့တယ် ..ဘာ lesson တွေ ကြုံခဲ့တယ် လို့
ပြောတတ်ကြပါတယ်။သူနဲ့ အလုပ်လုပ်ခဲ့ရတဲ့  experience ကို အသေအချာ
သရုတ်ခွဲကြည့် တဲ့သူတော့ ရှားပါလိမ့်မယ်.. ကျနော်ကတော့ ရရှိခဲ့တဲ့ သင်ခန်းစာ
အတွေ့အကြုံတွေကို အမေ့မခံနိုင်တဲ့အတွက်  Jobs ဆီက ရခဲ့တဲ့ lessons ၁၂ခု
ကို ခုလို ချရေးလိုက်ပါတယ်..

၁။ ဆြာကြီး ဆိုသူတွေဟာ တကယ်တော့ အာပလာ

experts လို့ ဆိုကြတဲ့ ဂျာနယ်လစ်စ်တွေ၊ ဝေဖန်ရေးသမားတေ၊ွ အတိုင်ပင်ခံပုဂ္ဂိုလ်
တွေ ၊ ငွေးကြေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ဂုရု ဆိုသူတွေဟာ တကယ်တော့
သူတို့ ပြောသလို ၊ အကြံပေးသလို သူတို့ဟာသူတို့ မလုပ်နိုင်တဲ့ မလုပ်တတ်တဲ့
သူတွေသာဖြစ်ပါတယ်။ ကျနော်တို့ ထုတ်တဲ့ပစ္စည်းဟာ ဘယ်နေရာမှာ ဘာလိုအပ်
နေတယ် ဘာပြင်သင့်တယ် ပြောနိုင်ပေမယ့် သူတို့ဟာ သူတို့တော့ ပစ္စည်းကောင်း
တခုထုတ်နိုင်တဲ့ လူတွေမဟုတ်ကြပါဘူး။နောက် ထုတ်ကုန်ပစ္စည်းတခုကို ဘယ်လို
ရောင်းရမယ် ကောင်းကောင်းပြောပြနိုင်ပေမယ့် သူတို့ဟာသူတို့တော့ ရောင်းတတ်
ကြတဲ့လူတွေ မဟုတ်ပါဘူး၊ ဆက်ပြောရ ရင် အဖွဲ့စည်းတွေအသင်းတွေ ဘယ်လို
ဖွဲ့ရမယ် လို့ပြောတတ်ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ စက်ကပ်ကြေးမ
တယောက်လောက်ကိုပဲ ညွှန်ကြားတဲ့အလုပ်ကိုသာ လုပ်နေတတ်ကြတာပါ ။
၁၉၈ဝပြည့်လွန်နှစ်တွေတုန်းဆီက ထုတ်ခဲ့တဲ့ Macintosh မှာ Daisy-wheel printer
driver မပါတာနဲ့ IBM ရဲ့ နာမည်ကျော် Lotus software support မဖြစ်တာ ကို
ဝိုင်းထောက်ပြခဲ့ကြတဲ့ experts တွေအများကြီးရှိပါတယ် သူတို့ဟာ Compaqပဲ ကို
ဝယ်ဖို့ recommend လုပ်ခဲ့ကြပါတယ်..အချုပ်ဆိုရရင် expertsတွေ ပြောတာကို
ကြားအောင်လုပ်ပါ ..တကူးတကတော့ လိုက်နားတော့မထောင်ပါနဲ့ (ဝေဖန်မှုတွေ
ကိုလည်း အမြဲတမ်းတော့ လိုက်ဖြေရှင်းစရာ fix လုပ်စရာ မလိုပါဘူး)

experts တွေကိုစော်ကားတဲ့စိတ်နဲ့ ရေးထားတာမဟုတ်ဘဲ
experts are for buyers not for makers ဆိုတာ
ကိုရှင်းရှင်းလင်းလင်းပြထားတဲ့အတွက်တယ်။
ဟုတ်ပါတယ် ..maker side က ကြည့်ရင် ထောက်ပြသမျှ အားနည်းချက်
တိုင်းကို လိုက်အဖြေပေးစရာ ပြုပြင်စရာမလိုပါဘူး။ ဒါကိုက apple ရဲ့ styleပါ။)
၂။ သုံးစွဲသူတွေဟာ သူတို့ လိုချင်တာကို ပြောမပြတတ်ဘူး.

Appleရဲ့ Market Research အပိုင်းဟာ အလွန်stupid ဖြစ်ပါတယ် ..(Oxymoron
လို့ကို ပယ်ပယ်နယ်နယ် တွယ်ထားတာပါခင်ဗျ) Creativityနဲ့ Innovation
ကို Steveရဲ့ ဦးနှောက် ဘယ်ဘက်ခြမ်းကပဲ လာတာပါ .. customer တွေကို သွား
မေးကြည့်ပါ "ပိုကောင်း.. ပိုမြန် ...ပို ဈေးချို .."ဒါမျိုးပဲဖြေပါလိမ့်မယ် လက်ရှိ နဲ့
နှိုင်းဆပြီး အနှစ်သာရ တူညီပြီး ပိုသာတဲ့ အရာကိုသာတောင်းဆိုပါလိမ့်မယ်..
လက်ရှိ အနေအထားကို တော်လှန် ပြောင်းလဲတဲ့ ပစ္စည်းမျိုး အဖြေထွက်မှာ မဟုတ်
လို့ပါပဲ။ Macintosh စထွက်တုန်းက လူတွေဟာ ပိုဈေးချိုပြီး ပိုမြန်တဲ့ MS-DOS
လိုချင်တယ် ဆိုတဲ့ အဖြေပဲ ပေးခဲ့ကြတာပါ.. Steve နဲ့  Woz ကတော့ သူတို့တကယ်
လိုချင် သုံးချင်တဲ့ ပစ္စည်းမျိုး ကိုဖန်တီးခဲ့ပြီး ဒါကိုပဲ ကမာ္ဘကိုချပြခဲ့တာပါ။
၃။နောက်ထပ် အချိုးအကွေ့တခု ကို ခုန်ကျော်ကြည့်ပါ

ဆင်တူမှု ဆိုတာကို ကျော်လွှားနိုင်ရင် အကြီးအကျယ် အနိုင်ရမှု ကိုတွေ့ရတတ်ပါတယ်
အကောင်းဆုံးသော Daisy-wheel printer(Dot-matrix) firms တွေဟာ
fonts အသစ်တွေ size ရွေးချယ်စရာ အသစ်တွေ ချပြကြပါတယ်.. Appleကတော့
အချိုးအကွေ့ အသစ်တခုဖြစ်တဲ့ new technology: Laser Printing ကိုချပြခဲ့တာပါ။
၄။ အမြင့်မားဆုံး စိန်ခေါ်မှု .... အကောင်းဆုံး အလုပ်

ကျနော်ဟာ ကျနော် ဒါမှ မဟုတ် ကျနော့် လုပ်ဆောင်ရည်ဟာ ၆၃မကျဘူးလို့ Steve
ကလူရှေ့မှာ တွယ်ထည့်လိုက်မှာ ကြောက်တဲ့စိတ်နဲ့ နေခဲ့ရပါတယ်။ အဲ့သည့်
အကြောက်တရားဟာ အလွန် မြင့်မားတဲ့ စိန်ခေါ်မှု တရပ်ဖြစ်ခဲ့ပါတယ်။ IBM တို့လို
Microsoft တို့လို ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင် ရတာကလည်း စိန်ခေါ်မှု ပဲမဟုတ်လား။
ကမာ္ဘကြီးကို ပြောင်လဲဖို့ ဆိုတာကိုယ်တိုင် ကိုက အလွန်ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်ပြီးသား
(Change the world) ဖြစ်ပြီး သား မဟုတ်ပါလား။ သည့်အတွက် ကျနော် ရော တခြား
ဝန်ထမ်းတွေအားလုံးဟာ သူ့ရှေ့မှာသာမက နောက်ကွယ်မှာပါ သည်မြင့်မားတဲ့
စိန်ခေါ်မှုတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ အကောင်းဆုံး လုပ်ဆောင်ခဲ့ကြရပါတယ်..
၅။ Design အရေးပါပုံ

Jobs ရဲ့ design ပိုင်း တောင်းဆိုမှုဟာ လူတွေကို ရူးသွပ်သွားစေလောက်အောင်ပါပဲ
မှောင်မည်းနေတဲ့ အရိပ်design တွေရှိတယ် ဆိုပါစို့ အဲသည် ..အရိပ်တွေဟာ
လုံးဝ နက်မှောင်နေတဲ့ အမည်းရောင်ဟုတ်မဟုတ် စုံစမ်းစစ်ဆေးတဲ့လူ ရှားပါလိမ့်မယ်
အမည်းဟာ အမည်းပဲပေါ့ ... သူကတော့ သည်လိုမဟုတ်ပါဘူး ..လုံးဝဥဿုံပြီးပြည့်
စုံချင်သူ ဖြစ်ပါတယ် ။ အဲသည်ထက်တောင် ပိုသေးတယ် လို့ ဆိုနိုင်ပါတယ်။
သည်လို တိကျလွန်းသူကြီး တယောက်ဖြစ်ဖို့ လိုအပ်တယ် ဆိုတာ သူက သက်သေပြ
ခဲ့ပြီးပြီမဟုတ်လား။ တချို့လူတွေဟာ design ကို အလေးထားကြပါတယ်။အဲ့သည့်ထဲ
ကတော်တော်များများ ကတော့ ခံစားကြတာပါ။ လူအားလုံးတော့ မဟုတ်ဘူးပေါ့
သို့သော် ကျနော်တို့ အတွက် အရေးကြီး တဲ့လူတချို့ကတော့(pro-customer) ကတော့
ခံစားကြတယ်လေ။

၆။ ရုပ်ပုံကြီးကြီးတွေ font ကြီးကြီးတွေ သုံးလို့ မှားမသွားနိုင်ဘူး

Steve ရဲ့ slides တွေကိုကြည့်ပါ။ font တွေဟာ 60pt ရှိပါတယ်လ။ print screen ဖမ်း
ထားတာတွေ graphics တွေဆိုရင်လည်း တကယ်ကြီးမားတဲ့ အရွယ်ကို သုံးတတ်ပါ
သေးတယ်။ Steve ကို အားကျတယ် လို့ ဆိုတတ်တဲ့ တခြား technological presenter
တယောက်ရဲ့ slides ကိုယှဉ်ကြည့်ပါ။ fontတွေဟာ 8pts လောက်ပဲရှိတတ်ပြီး တခါတခါ
ရုပ်ပုံတွေ မပါဘဲ ဗြောင် သက်သက်တောင် ဖြစ်တတ်သေးပါတယ်။ လူ အတော်များများ
ကတော့ Steve ကို အကောင်းဆုံးသော ထုတ်ကုန်ပစ္စည်းသစ် မိတ်ဆက်သက်အဖြစ်
သတ်မှတ်ထားကြပါတယ် ။ ကဲ ဒါဆိုကျနော်တို့ ဘာလို့ သူ့ပုံစံကို အတုမယူနိုင်ရမှာလဲ။
၇။ သင့်စိတ်ကို ပြောင်းလဲတွေးခေါ်ခြင်း သည်ပင်လျှင် intelligence ဟုခေါ်နိုင်သည်။

ကျနော်တို့ iPhone ကိုစတင်ထုတ်လုပ်ခဲ့တုန်းက Apps တွေ သည်လောက်များများ
မပါဝင်ခဲ့ပါဘူး။ Steve ဟာ မူလကတော့ Apps တွေဟာ ဘာလုပ်ပေးနိုင်တယ်ဆိုတာ
သည်လောက် ယုံကြည်ခဲ့ဟန် မရှိပါဘူး။ သို့သော် ၆လကြာပြီးနောက်မှာ Safari web
Apps စတင်ထွက်ပေါ်ခဲ့ပါတယ်။ Steve ဟာ ကိုယ့်စိတ်ကို ကိုယ် ပြင်နိုင်ခဲ့သလား..
တစုံတယောက်ကပဲ Steve ကို တိုက်တွန်းနိုင်ခဲ့သလားတော့ မသိပါဘူး အဲ့သည်နောက်
ပိုင်းမှာတော့ iPhone Apps ဟာရွှေခေတ် ကိုရောက်လာခဲ့ပါတယ် ။သည် အချိန်ဆို
 နတ်ပြည်တံခါးဝမှာ ဘုတ်အုပ်ထူကြီးလှန်နေတဲ့ St. Michael ကို Steve က
"there's an app for that " လို့ပြောနေလောက်ပါပြီ
၈။ တန်ဖိုးနဲ့ ဈေးနှုန်း ကွဲပြားခြားနားခြင်း

ကျနော်တို့ဟာ ဘယ်အရာမဆို ဈေးနှုန်းနဲ့ စဉ်းစား ဆုံးဖြတ်ကြမှာလား ...
price ဆိုတာ အရာရာတိုင်းအတွက် ဆုံးဖြတ်တဲ့ ပေတံ တော့ မဟုတ်တာ သေချာပါတယ်
လူတချို့ အတွက်တော့ ဟုတ်မှာပါ ။ တခြားသော လူတချို့
အတွက်တော့ value ဆိုတဲ့ တန်ဖိုး ဆိုတဲ့အရာက ပို အရေးကြီးပါတယ်
ထုတ်ကုန်ပစ္စည်းတခု ကို စမ်သပ်သုံးစွဲ ပြီး စူးစမ်းခြင်း ကျေနပ်နှစ်သိမ့်ခြင်း
စတာတွေကသာ value နဲ့ တိုက်ရိုက်ဆက်စပ်တာပါ ကျနော်ပြောရဲတာကတော့
Apple products တွေကို ဈေးတော်လို့ ဝယ်တယ် ဆိုတဲ့လူ တယောက်မှ မရှိကြောင်းပါ
(ဈေးလည်း တကယ်မချိုပါ)
၉။ A Grade ရထားတဲ့သူတွေဟာ A+ Grade ရထားသူတွေကို ခန့်ပါသည်။

တကယ်က Steve ပြောခဲ့တာဟာ A သမားတွေဟာ A သမားတွေကို သာ ခန့်သည ်ဆိုတာပါ
ဒါကို ကျနော်က ပြန်ပီး မွမ်းမံထားတာပါ ...ကိုယ့်ထက် တော်တဲ့လူကို မှ ခန့်သည်ပေါ့ ...
တကယ်လို့သာ B သမားဟာ ကိုယ့်လက်အောက်မှာ ထိန်းချုပ်ရ လွယ်မယ့် C ကိုခန့်မယ်
C ကလည်း တဖန် D ကိုခန့်မယ်ဆိုရင် အဲ့ဒါ သွားပီသာ မှတ်ပေတော့ဗျို့ ..
Apple မှာတော့ Bသမား ကိုသာ စ ခန့်မိပြီဆိုရင် "သောက်ရူး ပေါက်ဖွားမှု စပြီလား" လို့ Steve
က ထောပနာပြုမှာ မလွဲပါဘူး

၁၀။ တကယ့် CEO တွေရဲ့ Demo presentation

Steve ဟာ တနှစ်မှာ သုံးကြိမ်လောက် ကျင်းပလေ့ရှိတဲ့ Mac Expo ပွဲတွေမှာ
pod, phone, pad နဲ့ mac ကို demo ပြသဖို့ အခွင့်အရေး ရရှိခဲ့ပါတယ် ...
ဒါပေမယ့် သူမလုပ်ခဲ့ပါ ...အခြားသော CEO တွေဟာ Engineering Dept က
Vice Presidentတွေကို ခေါ်ခေါ်ပြီး product  demo ပြသလေ့ ရှိပါတယ် ...
Steve ကတော့ ခြားနားသူပါ ..သူဟာ ဒါကို ဆန့်ကျင်ပါတယ် CEO တယောက်
ဟာ ကိုယ့် ပစ္စည်းကို ကိုယ် အသေးစိတ် မသိရှိတဲ့အတွက် အကူအညီယူရတယ်
team နဲ့ ယိမ်းတိုက်သလို လှုပ်ရှားရတယ် လို့ မှတ် တယ်လို့ဆိုပါတယ်..
(Apple ဟာ အပြည့်အဝမပြီးသေးတဲ့ product ကို demo ပြလေ့ မရှိပါ
product launch ကို တန်းလုပ်လေ့ရှိပါတယ်ကျနော်တို့ ကြည့်ခဲ့ရတဲ့ ပွဲတွေဟာ
product introduction & launching တွေပဲဖြစ်ပါတယ်)

၁၁။ တကယ့် CEO တွေရဲ့ တင်ပို့မှု

ထုတ်ကုန်ပစ္စည်း တခုဟာ ပြီးပြည့်စုံတဲ့အခြေအနေရောက်ပြီ လို့ ယူဆတဲ့အခါမှာ
Steve ဟာ တင်ပို့မှု ကို စတင် ပြုလုပ်လေ့ရှိပါတယ် .perfect မဟုတ်ရင်တောင်
တင်ပို့ဖို့ အတွက် လုံလောက်တဲ့ ကောင်းမွန်မှု ရှိနေတဲ့ အခြေအနေမျိုး ကို ဆိုလိုပါတယ်
သည်မှာ Steve ကပေးတဲ့ lessonကတော့ သူ့မှာ ရည်မှန်းချက် ရှိနေပါတယ်..
အဲ့ဒါကတော့ အခြေအနေ အချိန်အခါ ကို လိုက်ပြီး ရှိပြီးသား market ကို လွှမ်းမိုး
ချုပ်ကိုင် နိုင်ဖို့ နဲ့ market sector အသစ်တွေ ဖော်ဆောင်ဖို့ ပဲ ဖြစ်ပါတယ်.
Appleဟာ engineering ကို အခြေပြုတဲ့ company ဖြစ်ပါတယ်
Xerox PARC လို research ကို အခြေပြု ထားတာမဟုတ်ပါဘူး ..
ဒါကြောင့် seasonal ကို လိုက်ပြီး တင်ပို့ ရောင်းချဖို့ အရေးကြီးပါတယ်..
၁၂။ Marketing and Unique Value

ကျနော်တို့ ဒေါင်လိုက် အလျားလိုက် အကွက် ၂ခုစီပါတဲ့ လေးထောင့်ကွက် ၄ကွက်
အနေနဲ့တွေးကြည့်ရအောင် ဒေါင်လိုက် ဝင်ရိုးပေါ်မှာ တခြား ထုတ်ကုန်ပစ္စည်းနဲ့
မတူကွဲပြားမှု [unique] ကိုထားပါမယ် အလျားလိုက် ဝင်ရိုးကတော့ ထုတ်ကုန်
ပစ္စည်းက ပေးနိုင်တဲ့ တန်ဖိုး[value] ဖြစ်ပါတယ် သည်တော့ ကျနော်တို့ ရဲ့
ထုတ်ကုန်ပစ္စည်းဟာ ဘယ်အကွက် ထဲမှာ ရှိနေသလဲဆိုတာ လေ့လာကြည့်ရအောင်
ညာဘက်အောက်ထောင့်က အကွက် ဆိုပါစို့ တန်ဖိုး[value]တော့ ရှိတယ် [unique]တော့
မဖြစ်ဘူး ဒါဆို ရင် ဈေးနှုန်းကို ပဲ အခြေပြုပြီး ထိုးဖောက်ရပါတော့မယ်
ဘယ်ဘက် အပေါ်ထောင့် ဆိုရင်တော့ [unique]ဖြစ်ပြီး [value]တော့မရှိပါ ..
ဒါဆိုရင်တော့ သင်ဟာ အရင်ကမရှိသေးတဲ့ market အသစ်ကို ရပါမယ် ..
(ဒါမှမဟုတ်ရင်လည်း ဘယ်သူမှ မရှိတဲ့ market sector) ကိုရပါမယ်
ဘယ်ဘက် အောက်ထောင့် [unique]ရော [value]ပါ မရှိတဲ့ ပစ္စည်းမျိုးကို
ထုတ်မိပြီဆိုရင်တော့ ခင်ဗျားဟာ လူပြတ် ပါပဲ ..

ညာဘက် အပေါ်ထောင့် [unique]လည်းဖြစ်မယ် [value]လည်းရှိတယ်
ဆိုတဲ့ပစ္စည်းမျိုးကို ထုတ်ရင်တော့ သင်ဟာ ပြိုင်ဘက်တွေဆီက
ခွဲထွက်မှု သီးခြားဖြစ်မှု [margin] ငွေကြေးအရ အောင်မြင်မှု[money]နဲ့
သမိုင်း[history]ကို ရေးနိုင်ပြီဖြစ်ပါတယ်

ဥပမာပေးရရင် iPod ဟာ သည်လိုပစ္စည်းဖြစ်ပါတယ် သူဟာ [unique]
ဖြစ်သလို [value]လည်း မြင့်တဲ့ ပစ္စည်းလို့ ဆိုချင်ပါတယ် ..
ဘာကြောင့်လဲဆို အဲ့သည့်အချိန်တုန်းက ဈေးသက်သာပြီး တရားဝင်(copyright)
နည်းလမ်း အနေနဲ့ ကမာ္ဘ့အကြီးဆုံး တေးသံသွင်းကြီး ၆ခု ဆီကနေ
သီချင်းတွေကို download လုပ်ပြီးနားစဉ်နိုင်တဲ့ တခုတည်းသော နည်းလမ်း
ဖြစ်လို့ပါပဲ ..

Bonus: တချို့အရာတွေဟာ တကယ် ဖြစ်လာရနိုင်ရမယ် လို့ ယုံကြည်ပေးဖို့ လိုပါတယ်

ကျနော်တို့ အချိုးအကွေ့တွေကို ခုန်ကူးတဲ့အခါ ဆြာကြီး ဆိုသူတွေရဲ့စကားကို
လစ်လျူရှုတဲ့အခါ ကြီးမားတဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်တဲ့အခါ ...design ပိုင်းကို
အလွန်အကျွံဇောင်းပေးတဲ့အခါ unique value ရဖို့ အားထုတ်တဲ့အခါ မှာ
သည် အားထုတ်မှု အသီးအပွင့်တွေ ဟာ တကယ် သီးပွင့်လာရမယ် လို့
ယုံကြည်အောင် လူအချို့ကို ဆွဲဆောင်စည်းရုံးနိုင်ဖို့လိုပါတယ်.. ကျနော်တို့
Macintoshဟာတကယ် ဖြစ်လာရမယ့် အရာ လို့ ယုံကြည်ခဲ့ကြပါတယ်
iPod, iPhone နဲ့ iPad တို့လည်း ထို့နည်းတူစွာပါပဲ ..
ဟုတ်ပါတယ် လူအားလုံးကတော့ ယုံကြည်မယ် မဟုတ်ပါဘူး .ဒါဟာ ပြဿနာတော့မဟုတ်ပါဘူး
ကမာ္ဘနဲ့ ချီတဲ့ ပြောင်းလဲမှုတွေ စတင်ဖို့ ဆိုတာ ကျနော်တို့တွေရဲ့ စဉ်းစား
တွေးခေါ်ပုံ ကို ပြောင်းလဲရာက စတယ် လို့ ဆိုချင်ပါတယ်
ဒါဟာ Steve ဆီက ကျနော် သင်ယူခဲ့တဲ့ အထဲမှာ အကြီးကျယ်ဆုံး သင်ခန်းစာ ဖြစ်ပါတယ်
R.I.P Steve!


စာကြွင်း ...
သည်နေရာမှာ နည်းနည်းလောက်တော့ ရှင်းပြပါရစေ
လက်ရှိ Venture capitalist တယောက် စာရေးဆြာ တယောက်ဖြစ်တဲ့
တချိန်က Macintosh ကို promotion လုပ်ခဲ့တဲ့ Apple က marketing head
(Apple Evangelist) Guy Kawasaki ရေးတဲ့ What I Learned From Steve Jobs
ကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်

Guy Kawasaki ရဲ့ ပုံ ဖြစ်ပါသည်

inz@ghi ကို apple မှာ Steve နဲ့ တွဲပြီး
အလုပ် လုပ်ခဲ့တယ် လို့ မှားပီး အထင်မကြီးစေချင်ပါ။
(Guy Inz@ghi ရဲ့ပုံကိုတော့ မတင်ပေးတော့ဘူးနော် ..ခစ်ခစ်..)

ခင်တဲ့..
Guy Inz@ghi

8 comments

  • ပေါက်ဖော်

    October 25, 2011 at 10:53 am

    ၉။ A Grade ရထားတဲ့သူတွေဟာ A+ Grade ရထားသူတွေကို ခန့်ပါသည်။
    ဆိုတဲ့အချက်တော့ တော်တော်ကြိုက်တယ်ဗျာ..
    ကျနော်လဲ..Jobs လိုလူ တစ်ယောက် မဟုတ်တော့….ကျန်တာတွေ..ဉာဏ်မမီဝူး..
    စေတနာအပြည့်နဲ ့..ဘာသာပြန်ပေးတဲ့ ကိုဇာဂီကိုတော့ ကျေးဇူးအထူးပါ

  • inz@ghi

    October 25, 2011 at 12:16 pm

    ဆြာပေါက်ဖော်ရေ…
    အားပေးသွားတာ ကျေးဇူးတင်တယ်ဗျာ …

    သည်ရက်ပိုင်း ကျနော် ဖတ်မိတဲ့ထဲက ကောင်းနိုးရာရာလေး တစ်ခုပါ …
    ဘာရယ် မဟုတ် ရွာက ဘော်ဘော်တွေကို ပြန် မျှချင်လို့ ..

    😀
    ခင်တဲ့
    inz@ghi

    • ပေါက်ဖော်

      October 25, 2011 at 12:28 pm

      ဆြာပေါက်ဖော်ဆိုတော့
      အနော်က အာပလာ ပေါ့လေ.. ဟုတ်စ 😯
      တစ်ကယ်တော့ အာပလာထက်ဆိုးတဲ့..ပလာတာလောက်တောင် အသုံးမဝင်ဘူးလို ့ပြောမို ့ပါ
      😆

      • inz@ghi

        October 25, 2011 at 12:35 pm

        Oops….
        ကျနော်တို့ ဒါ့ပုံရိုက်တဲ့ သယ်ရင်းတွေကြားထဲ တယောက်ကိုတယောက် (နည်းနည်းလည်း ရိပြီးတော့)
        ဆြာ တပ်တပ် ခေါ်နေကြတာ အကျင့်ပါနေလို့ပါ ..
        စိတ်မဆိုးပါနဲ့ဂျာ …နော့် ကိုပေါက်ဖော် …

        (ကိုပေ ကိုလည်း ဆြာတပ်ခေါ်လို့ ပြောခံရပီးပီ…ဟီး…. )

        Inz@ghi

  • eveningstar

    October 25, 2011 at 12:17 pm

    ဆြာကြိံးဆိုသူတွေဟာ တကယ်တော့်အာပလာ
    သဘောကျတယ်ဗျာ အခုတက်ကျမ်းတွေရေးနေတဲ့ လူတွေလဲ
    ဒိံသဘောပါပဲ။ကိုယ်တိုင်မလုပ်နိုင်ပဲ ဆြာကြိံးလုပ်ပြိံး ပိုက်ဆံရှာ
    နေတာ။

    • inz@ghi

      October 25, 2011 at 12:33 pm

      eveningstar ရေ
      ကျနော် ပြောချင်တဲ့ message နဲ့ နည်းနည်းလေးလွဲသွားပြီ လို့ထင်တယ်ဗျ…
      ကျနော့် စာထဲမှာလည်း ပါပါတယ်ဗျာ ..သူတို့ပြောတာကို လစ်လျှူရှု ဖို့ဆိုတာ
      maker side အတွက်ပါ customer side အတွက် မဟုတ်ဘူးခင်ဗျ …

      ကျနော်တို့ ဝယ်သူဘက်က ဆိုရင်တော့ သူတို့ ရဲ့ professional review
      တွေ compare and contra တွေက လိုတယ်ဗျ ..ဘာလို့လဲဆို ကိုယ်မှ
      သူ့လောက် မတတ်တာ ကိုး ..သည်အချက်ကိုတော့ ဝန်ခံတယ်ဗျ…

      စားသောက်ဆိုင်တွေလှည့်ပတ်စားပြီး ဆိုင် review ရေးတဲ့ ဂျာနယ်လစ်စ်
      တယောက် ရှိတယ် ဆိုပါစို့ သူက သည်ဆိုင်ဟာ အစပ် ကဲ တယ် လို့ ရေးတယ်
      ဆိုပါစို့ရဲ့ ဗျာ ….စားသုံးသူ (စာဖတ်သူ) အတွက်က တော့ ဒါကို ကြည့်ပြီး ..
      အစပ်ကြိုက်ရင် သွား မကြိုက်ရင် မသွားနဲ့ပေါ့ .. သူ့အတွက် မသွားဘူး မစားဘူး
      သေးတဲ့နေရာ ရဲ့ information ကို ရတာ ကို က တန်ဖိုးရှိနေပြီလေဗျာ ..

      ဆိုင်ရှင် အနေနဲ့ကတော့ စပ်တာ ကိုက သည်ဆိုင်ရဲ့ culture ဖြစ်နေ
      trademark လို ဖြစ်နေတယ် ဆိုရင် သတင်းထောက် သည်လိုရေးလို့
      သူ့ ဟင်းတွေကိုအစပ်လျှော့ ဖို့က တော့ မလိုဘူးလို့ ပြောရမယ်ဗျ …
      ဘာလို့လဲဆို လက်ရှိ အစပ်ကြိုက်တဲ့ မူလcustomer တွေ လျော့သွားမှာ မို့လို့ပါပဲ ..
      Guy က ဒါမျိုး ဆိုချင်တာပါ ..ကျနော် ဘာသာပြန် အားနည်းတာလည်း ပါမှာပါဗျ…

      တက်ကျမ်းဆြာ တွေကိုတော့ မဝေဖန်ချင်ဘူးခင်ဗျ ….
      evening star ပြောသလို လူတွေ လည်းရှိသလို
      တကယ်တော် တကယ် တတ်ပြီး တကယ်လည်း အောင်မြင်ကြီးပွားပြီးတော့မှ
      ဘယ်လိုကျင့်ကြံ လုပ်ဆောင်ခဲ့တယ် ဆိုတာ မျိုးရေးခဲ့ကြတဲ့ ဆြာတွေလည်း
      ရှိနေလို့ပါ ….ကိုယ်နဲ့ကိုက်တဲ့ လိုက်တဲ့ဟာ ယူသုံးပေါ့ဗျာ …မကြိုက်တော့
      လည်း ပယ်ပေါ့ …

      Apple လိုနေရာမျိုးမှာ လုပ်ချင်ပြီး Donald Trumpt ရဲ့
      strategy တွေ သုံးမယ် ဆိုရင်တော့ relevance ဖြစ်မှာ မဟုတ်ဘူးပေါ့..

      ခင်တဲ့ Inz@ghi

  • windtalker

    October 25, 2011 at 12:41 pm

    Steve Jobs ဆီက ဘာမှ မယူဘူး
    ဘိုဇာ့ ဆီကပဲ အခုရေးပေးတဲ့ဟာတွေ ယူသွားပြီ ဗျို ့
    ရှဲရှဲ

  • နီလေး

    October 25, 2011 at 2:17 pm

    ဘာမှလဲ မမြင်ရဘူး အတုံးလေးတွေပဲမြင်ရတယ် ကိုယ်ပဲမျက်စိမှုန်လို့လား ဒါမှမဟုတ် ကော်နက်ရှင်ပဲမလာတာလား တစ်ခုခုပဲ

Leave a Reply