အစွမ်းထက်သော AIDS ကာကွယ်ဆေးတွေ့ရှိ …

lu ta loneMay 20, 20101min1485

http://www.scientificamerican.com/media/inline/blog/Image/aids_vaccine.jpg

AIDS ရောဂါကိုကူးဆက်ခံနေရတဲ့ ဝေဒနာသည်တွေ နဲ့ ထိတွေ့နေရတဲ့ လုပ်အားပေးသူများကို ကာကွယ်နိုင်တဲ့ဆေးကို ပထမဦးဆုံးတွေ့ခဲ့ပါပြီ။ ထိုင်းနိုင်ငံတွင်
ပြုလုပ်ခဲ့တဲ့ စမ်းသပ်ချက် အများအပြား အရ ဆေးထိုးခြင်းမှုကူးဆက်ခြင်းကို
၃၁.၂% အောက်အထိ လျှော့ချနိုင် ခဲ့ပါတယ်။ အမေရိကန်က ထောက်ပံ့ပြီး
လုပ်အားပေးသူ ၁၆၄၀၂ ယောက်အပေါ် လေ့လာခဲ့တဲ့ ဤတွေ့ရှိချက် တွေဟာ HIV/AIDS
အတွက် ကွယ်ဆေးထုတ်လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု နဲ့
ထိုင်းနိုင်ငံရှိ သုတေသန ပညာရှင်တွေရဲ့ ၆နှစ်ကြာ လေ့လာ တွေ့ရှိမှု တွေဟာ
HIV/AIDS ရောဂါကာကွယ်ဆေး ဖော်ထုတ်ရန်အတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေ
ဖြစ်ပါတယ်လို့ ကျန်းမာရေးဝန်ကြီး Witthaya Kaewparadai ကဘန်ကောင်မြို့တွင်
ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဤရောဂါစတင်ဖြစ်ပေါ်သော ၁၉၈ဝပြည်နှစ်တွေ ကစပြီး ကုသခြင်း နှင့် ထိန်းချုပ်
ကာကွယ်ခြင်းများမှာ တိုးတက်မှုတွေရရှိခဲ့တာပါ။ ဒါပေမဲ့လည်း ယခုအထိတော့
ကာကွယ်ဆေးနဲ့ ပျောက်ကင်းအောင်ကုသနိုင်တဲ့ဆေး မတွေသေးပါ။

စမ်းသက်ခဲ့ပုံနှစ်မျိုး

AIDS ကူးဆက်ခြင်းလုံးဝမရှိနိုင်တဲ့ လိင်ဆက်ဆံခြင်း အလေ့အထ ရှိသော စေတနာ့ဝန်ထမ်း အားလုံး အနက် စေတနာ့ဝန်ထမ်း တစ်ဝက်လောက်ကို ပထမနေနဲ့
placebo ဆေးကိုပေးကြည့်ပါတယ်။ ဒုတိယ အနေနဲ့လည်း Alvac နဲ့ AidsVax
ဆေးကိုထိုးပေးကြည်ခဲ့ ပါတယ်။ ဒီဆေး နှစ်မျိုးလုံးဟာ သူတို့တစ်မျိုးတည်း
အခြေအနေမှာ အကျိုးသက်ရောက်မှု မရှိပါဘူး။ Sanofi-Pasteurရဲ့ Alvax ဆေးဟာ
ကျောက်ရောဂါကာ ကွယ်ဆေးဖြစ်ပြီး HIVမျိုးစေ့ထဲကို ခိုးဝင်ရောက်သွားပြီး
ရောဂါကာကွယ်တဲ့ T-cells ထုတ်လုပ်မှုကို အားပေးပါတယ်။
ကမာ္ဘတစ်ဝှမ်းကူစက်ရောဂါ ကာကွယ်ရေးလုပ်ငန်းက ပိုင်ဆိုင်တဲ့ AidsVax ကတော့
proteins ဆဲ(လ်)စု ပါဝင်ပြီး HIV cells တွေကို ခုခံပေး နိုင်တဲ့
ရောဂါကာကွယ်တဲ့ ပဠိပစ္စည်း (ကိုယ်ခံအားစနစ်) antibody ကို နိုးဆွ
ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ မမျှော်လင့်သောရလဒ်တွေ့ရှိ
လွန်ခဲ့သော ၂နှစ်ခန့်က ရောဂါကူးစက်နိုင်ဖို့ အခွင့်အရေးရှိတဲ့
လူပုဂ္ဂိုလ်တချို့ကို ထိုးပေးခဲ့သော Merck စမ်းသပ်ချက်တွင် အသုံးပြုသည့်Ad5
ကာကွယ်ဆေးကို ပြန်လည် လေ့လာချက်များ ပြုလုပ်ခဲ့ရာတွင် တွေ့ရှိရသော ရလဒ်သည်
လုံးဝ မျှော်လင့်ထားခြင်း မရှိသော အကျိုးရလဒ်များကို တွေ့ရှိရတယ်လို့
သုတေသနပညာရှင်များက ဆိုပါတယ်။ ထိုတွေ့ရှိချက်မှာတော့ ယင်းကာကွယ်ဆေးဟာ
ကိုခံအားစနစ် နှစ်ဆ အကျိုးသက်ရောက်မှုရှိတယ်လို့ဆိုပါတယ်။
အခုလိုတွေရှိချက်ဟာ စမ်းသက်မှု ပြုလုပ်သောသူ နှင့် စမ်းသပ်ခံသောသူများ
အတွက် မဟာအောင်မြင်မှု ဖြစ်ပါတယ်လို့ စမ်းသပ်မှုကို ပြင်းထန်သော
ဝေဖန်မှုများအကြား ထောက်ခံသူများက ဆိုပါတယ်။ “အခုလို ကာကွယ်နိုင်မှု
အရမ်းကောင်းပြီး ထိရောက်လိမ့်မယ်လို့ ကျွန်တော့ကိုယ်ကျွန်တော်
လုံးဝမထင်ခဲ့ပါဘူး” ဟု အမေရိကန် အမျိုသား ကူးဆက်ရောဂါနှင့်
ဆေးဝါးထိရောက်မှု တိုင်းတာရေးဌာနကို ငွေကြေး ထောက်ပံ့သူ Anthony Fauciက
ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ Alvac နဲ့ AidsVax ဒီကာကွယ်ဆေး ၂မျိူးကို
စမ်းသပ်မှုတွင်ပါဝင်သော စေတနာ့ ဝန်ထမ်းများကို ၆လကြာထိုးေးခဲ့ပြီး
၃နှစ်ကြာကာလအထိ ဆောင့်ကြည့်ခဲ့တာပါ။ သူတို့ ကို လုံခြုံစိတ်ချသော
လိင်ဆက်ဆံရေး အတွက် လမ်းညွန်မှုများခဲ့ပြီး ထိုဆေးကြောင့် ပြန်ထန်တဲ့
တန်ပြန်တုန့်ပြန်မှု မတွေရခဲ့ကြောင်း သုတေသီများက ပြောကြားထားပါတယ်။

5 comments

  • soeshinn

    May 20, 2010 at 12:14 pm

    ကျွန်တော်က Life Skills Base HIV Prevention Peer Education Trainer တစ်ယောက်ပါ ဒီလိုမျိုး ဖော်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • Burma

    May 20, 2010 at 12:21 pm

    ကောင်းပါတယ်

  • lu ta lone

    May 21, 2010 at 3:20 am

    ဟုတ်ကဲ့ အခုလို အားပေးတာ ကျေးဇူးတင်ပါတယ်…
    လိုအပ်တာရှိရင် ပြောပါခင်ဗျာ…

  • leohero

    June 10, 2010 at 10:58 am

    လုံးဝ ပြီးပြည့်စုံတဲ့ကာကွယ်ဆေးမျိုး အမြန်ထွက်ပေါ်လာဖို့ကောင်းပါပြီ …….. လူ့အသက်ပေါင်းများစွားကို ကယ်တင်နိုင်တော့မှာဖြစ်လို့ ကြိုတင်ဝမ်းသာလိုက်တော့မယ် ……

Leave a Reply