“ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား” / ‘ဒို့ခတ်မှာ မညံ့ပါရစေနဲ့’

panpanOctober 25, 20111min38441

အန်တီပဒုမ္မာရဲ့ ပိုစ့်ကိုဖတ်ပြီး တွေးမိသမျှ ရေးချလိုက်ပါရဲ့
မန်းရင် အရမ်းစာကရှည်နေလို့ တစ်ပိုစ့်ရေးလိုက်တာပါ
ကိုယ်တိုင်ကလည်း လူငယ်ဆိုတော့ လူငယ်ကိုပဲ အခြေခံပါရစေ
ကိုယ့်ဖီးလ်နဲ့ကိုယ်ပါပဲ
ကျွန်မလည်း အရမ်းရှုပ်ထွေးနေပါတယ်
ကျွန်မတော့ စင်ကာပူထွက်မယ်ဆိုပြီး မနေ့က ဆုံးဖြတ်ချက်ချလိုက်တယ်
အရင်က လုံးဝနိုင်ငံခြားထွက်ပြီး အလုပ်မလုပ်ဘူးလို့ နေလာခဲ့တာ
စင်ကာပူသွားဖို့ အခွင့်အရေးတွေပေါ်လာခဲ့ပေမယ့် ပေကပ်ပြီးနေလာခဲ့တာ
ကျွန်မမှာလည်း ဖီလင်တွေရှိနေတယ်
ကျွန်မလက်ရှိလုပ်နေတာ နိုင်ငံခြားလူမျိုးပိုင်ကုမ္ပဏီမှာပါ
အလုပ်က ပရိုဂရမ်မာ
ကျွန်မအမြဲတွေးမိတာက ကျွန်မတို့တွေ ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတစ်ခုဟာ ကျွန်မတို့ မြန်မာနိုင်ငံသူ
နိုင်ငံသားတွေ သုံးဖို့မဟုတ်ပါဘူး
နိုင်ငံခြားက အလုပ်တွေကို လက်ခံပြီး မြန်မာပြည်မှာ မြန်မာဝန်ထမ်းတွေနဲ့လုပ်နေရတာပါ
ပရောဂျက်တစ်ခုလုပ်လိုက်ပြီး ဟိုဖက်ကိုတင်ပို့လိုက်ရတယ်
ကျွန်မတို့မြန်မာလူမျိုးတွေ ကိုယ်စွမ်းဉာဏ်စွမ်းရင်းပြီး ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ဟာ
ကျွန်မတို့နိုင်ငံအတွက်မဟုတ်ဘူး
ကျွန်မတို့လူမျိုးတွေ အချိန်ကုန်၊ လူပန်းသက်သာအောင် အသုံးပြုဖို့မဟုတ်ဘူး
ပြီးတော့ ကျွန်မတို့ရလိုက်တဲ့ လုပ်အားခက ပရောဂျက်အတွက်ရတဲ့ငွေနဲ့ယှဉ်ရင် ပါမွှားပဲ
ကျွန်မတို့ စွမ်းအားတွေနဲ့ ကျွန်မတို့ဟာ သူများတိုးတက်ဖို့လုပ်ပေးနေရတယ်
ပြည်တွင်းမှာမဟုတ်ရင် ပြည်ပမှာ
တိုင်းတစ်ပါးကျွန်က ကျွန်ပဲ
ကျွန်မစိတ်ထဲ ခုပြီးကျန်ခဲ့တာတစ်ခုရှိတယ်
၂၀၁၁၊ ဖေဖော်ဝါရီ၊ ၁၄ရက်နေ့တုန်းက ၅သိန်းတန်ဂျီအက်အမ်ဖုန်းတွေ စပြီးချပေးတယ်
အဲဒီနေ့ ရုံးကခွင့်ယူပြီး ဖုန်းသွားလျှောက်တယ်
ဖောင်ထုတ်ဖို့တန်းစီရတယ်၊ နောက်တစ်ခါ ဘဏ်သွင့်ခွင့်အတွက်စာရွက်ရဖို့ စောင့်ရတိုးရတယ်
ပြီးတော့ ဘဏ်ကိုပြေး၊ ဘဏ်မှာထပ်တိုး ထပ်စောင့်
ဘဏ်မှာငွေသွင်းပြီးတော့ ကဒ်ထုတ်ပေးမယ့် ဆက်သွယ်ရေးရုံးကိုပြေး
ကဒ်ထုတ်ပေးမယ့် ဆက်သွယ်ရေးရုံးက စောစောက ဖောင်တင်တဲ့ရုံးမဟုတ်ပြန်ဘူး
ဖောင်တင်တာ ဗဟန်း၊ ဘဏ်က သင်္ဃန်းကျွန်း၊ ကဒ်ထုတ်ပေးမယ့် ဆက်သွယ်ရေးရုံးက ဘုရင့်နောင်
ကျွန်မတန်းစီရင်းတွေးမိတာက အွန်လိုင်းကနေ ဖုန်းလျှောက်ဖို့၊ ဒါမှမဟုတ် ဆက်သွယ်ရေးရုံးမှာပဲ
ငွေသွင်းလို့ရအောင် Banking System ရှိဖို့
ကျွန်မတို့လုပ်ခဲ့ရတဲ့ Applicationတွေ၊ Systemတွေ ဒီနိုင်ငံမှာဘာလို့ မသုံးရတာလဲ
ဒီမှာ လူစွမ်းအားတွေရှိပါတယ်
ကျွန်မတို့လူငယ်တွေ မညံ့ကြပါဘူး
ကျွန်မတို့ကို လူမှန်နေရာမှန် အသုံးချပေးကြပါ
ကျွန်မတို့ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာ ပညာတွေသင်ပြီး ဒီနိုင်ငံအတွက် ဒီဦးနှောက်တွေ
အသုံးချနိုင်အောင်လုပ်ပေးကြပါ
ကျွန်မတို့ စွမ်းအားတွေနဲ့ သူများနိုင်ငံကို လုပ်မကျွေးပါရစေနဲ့
ကျွန်မတို့ကို နေရာပေးပါ၊ နိုင်ငံအတွက် အသုံးပြုပါ
နိုင်ငံကို ကျွန်မတို့ ဉာဏ်စွမ်းနဲ့ တည်ဆောက်ခွင့်ပေးပါ

ဆရာအော်ပီကျယ်ပြောတဲ့ သားအိမ်လိုနိုင်ငံ အဖြစ်မခံနိုင်ပါဘူး
မွေးထုတ်ပေးပြီး စွန့်ပစ်လိုက်ရတာမျိုး အဖြစ်မခံသင့်ပါဘူး

ကျွန်မတို့နိုင်ငံမှာ လူငယ်တွေဉာဏ်ကောင်းတယ်
ဒါပေမယ့် ဒါကိုအသုံးပြုဖို့ လုံလောက်တဲ့ အခွင့်အရေးမရှိဘူး
အသုံးပြုနိုင်သူ နည်းပါးတယ်၊ နေရာနည်းတယ်
ဒီတော့ နိုင်ငံခြားထွက်အလုပ်လုပ်ကြတယ်
ကိုယ့်တိုင်းပြည်မချစ်လို့လား၊ မဟုတ်ပါ၊ ချစ်တော့ ချစ်ကြမယ်ထင်ပါတယ်
ခုဆို ရုံးကနေပဲ ပြည်ပထွက်အလုပ်လုပ်သူတွေ တော်တော်များနေပြီ
ဟိုမှာအုပ်စုလိုက်ဖြစ်နေကြပြီ
ကျွန်မနဲ့ တစ်နှစ်တည်း အလုပ်ဝင်သူတွေ တဝက်ကျော်လောက် စင်ကာပူရောက်ကုန်ပြီ
ဒီမှာလည်း လုပ်လို့မဖြစ်နိုင်ဘူးဆိုတော့ ဖြစ်နိုင်ပါတယ်
၁ဝယောက်ရှိရင် ၁ဝယောက်လုံးစာအတွက် မဖြစ်တာပဲရှိတယ်
၂ယောက်စာ၊ အလွန်ဆုံး၃ယောက်စာပဲပေ့ါ
ဒီတော့ ကျန်တဲ့လူတွေက ဘာလုပ်ကြမလဲ
ရတဲ့နေရာမှာ ရသလောက်လေးနဲ့ ဒီမှာလုပ်ကိုင်ကြမှာလား
ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့လည်း လုံလောက်တဲ့အရင်းအနှီးမရှိပြန်ဘူး
ဒီတော့ အရင်းအနှီးရှာဖို့သဘောနဲ့ ပြည်ပသွားသူတွေရှိလာတယ်
လုံလောက်တဲ့ငွေရရင် ပြန်လာမယ်ပေ့ါ
နောက်ပိုင်းတော့ ဟိုမှာနေရတဲ့ နေထိုင်စားသောက်မှုအခြေအနေတွေက ဒီမှာလိုမဟုတ်တော့
ဒီကိုပြန်မလာချင်တော့ဘူး (ပြည်ပမှာ နေရာကောင်းကောင်းနဲ့ အလုပ်ရသူတွေပါ)
ဒီလိုနဲ့ ဒီနိုင်ငံမှာ ရှာလို့မလွယ်တဲ့ငွေအတွက် ဟိုနိုင်ငံကပေးနိုင်တော့ ဟိုနိုင်ငံတိုးတက်ဖို့
သွားလုပ်ပေးရတယ်
ငွေကိုကြည့်တာ အပြစ်မပြောကြပါနဲ့
တစ်ဦးချင်းစီမှာ သူတနောက်ပိုင်းမှာ ဘာတွေရှိလဲ၊ မှီခိုသူတွေ၊ ဘဝတွေ
ကျွန်မကတော့ ဒီနိုင်ငံမှာပဲနေပြီး အလုပ်လုပ်မယ်တွေးထားတာ
ပုံမှန်စားသောက်ဖို့လည်းမပူရ
အထက်တန်းလွှာတွေလို့ ငွေမသုံးနိုင်ပေမယ့် ကိုယ်လိုချင်တာ ကိုယ်သုံးချင်တာတွေလည်း ဝယ်နိုင်သုံးနိုင်တယ်
နေစရာလည်း အသင့်အတင့်အဆင်ပြေတယ်
ကျန်းမာရေးအရ တစ်ခုခုဖြစ်ရင်လည်း ဆေးကုဖို့ လုံလောက်တဲ့ငွေက အရံသင့်ရှိတယ်
ဒါဆိုကျေနပ်စရာပါပဲ
ဒါပေမယ့် ဒီငွေတွေက ကျွန်မလုပ်အားငွေတွေမဟုတ်ဘူး၊ အဖေ့ငွေတွေ၊
ကျွန်မလုပ်အားခက ကျွန်မသုံးတာနဲ့ကုန်တယ်၊ တခါတလေ အဖေ့ဆီကတောင် ပြန်ယူသုံးတယ်
ကျွန်မအဖေကို ကျွန်မဘယ်လိုပြန်ကျွေးမလဲ
အဖေအလုပ်မလုပ်နိုင်တော့တဲ့အခါ ကျွန်မကိုယ့်အားကိုယ်ကိုးရတော့မယ်
ပြီးရင် အဖေ့အတွက် တာဝန်ယူပေးရမယ်
မောင်လေးက ခုဆေးတက္ကသိုလ်တက်တုန်း
သူ့ကို ပြုစုပျိုးထောင်ဖို့ နှစ်တော်တော်ကြာဦးမယ်
အဖေအလုပ်မလုပ်နိုင်တော့တဲ့အချိန်ထိ သူအတွက်ပျိုးထောင်လို့မပြီးနိုင်သေးရင်….
အမေလည်း ဆုံးသွားပါပြီ၊ ကျွန်မတို့ မိသားစု၃ယောကပဲကျန်တာပါ
ကျွန်မနိုင်ငံခြားမှာ အလုပ်သွားမလုပ်ချင်ဘူး
ဖြစ်နိုင်ရင် လပိုင်းလောက်ပဲလုပ်ချင်တာ
ကျွန်မတွေးမိတာက ဖြစ်စေချင်တာက စိတ်ကူယဉ်မိတာက

“မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်ပြီး၊ ရတဲ့ငွေတွေနဲ့ နိုင်ငံခြားကို အလည်သွားနိုင်ရင် ကောင်းလေစွ”
“အဆင့်မြင့်ပညာတွေကို နိုင်ငံခြားမှာ ငွေအများကြီးအကုန်ခံသင်စရာမလို၊ မိသားစုနဲ့ခွဲစရာမလိုပဲ
ပြည်တွင်းမှာပဲ သင်ကြားနိုင်ရင် ကောင်းလေစွ”
“အဲဒီလိုပညာသင်ပြီး ထူးချွန်တဲ့ပညာရှင်တွေ ထိုက်သင့်တဲ့နေရာတွေရပြီး ကိုယ့်နိုင်ငံမှာ အဲဒီစွမ်းအားတွေ
အသုံးချနိုင်ရင် ကောင်းလေစွ”

41 comments

  • windtalker

    October 25, 2011 at 12:58 pm

    မိန်းကလေး တစ်ယောက်အနေနဲ ့ပညာရပ်တစ်ခုကို တစ်ကယ်တတ်ကျွမ်းခဲ့ရင်
    ပန်ပန် ပြောသလို ဘဲ ၊ အပြင်ထွက် အလုပ်လုပ်တာ အကောင်းဆုံးပါဘဲ လို ့မြင်ပါတယ်
    ဒီမှာဆို ဘယ်လောက်ပညာတတ်တတ် ၊ လခ ၃ သိန်းဆိုတာ အမြင့်ဆုံးပါဘဲ
    ထို၃သိန်း ကို သွားလာစရိတ်၊စားစရိတ်နုတ်သော် ရှေ ့ရေး မည်မျှ ကျန်မည်နည်း ။
    ဒါတောင် မကြာခင် ၊ ဝင်ငွေခွန် လာတော့မယ် လို ့သိထားရတယ် ။

    • pan pan

      October 25, 2011 at 1:04 pm

      ကျွန်မတို့တော့အလုပ်စလုပ်ကတည်းက အခွန်ဆောင်လာရတာပါ
      ဝင်ငွေရဲ့ ၁၀%ပါ
      ခုတော့ ၂%ဖြစ်သွားပြီး ၂%လို့ အမိန့်စာထုတ်ပြီး ၆လအထိပဲ ၂%အခွန်ပေးရမှာ
      နောက်ပိုင်း ၁၀%ပြန်ဖြစ်သွားမှာ 😥

      • windtalker

        October 25, 2011 at 1:10 pm

        ဟောဗျာ ၊ ပန်ပန် တို ့က အစကတဲ က ဆောင်ခဲ့ရတာလား
        မသိခဲ့ဘူးဗျာ ။ အခုမှ သိရတယ် ။ တစ်ကယ်ပါဘဲ ။ ကျွန်တော့်အမျိုးသမီးလဲ ဝန်ထမ်းပါဘဲ ။
        သူတို ့ကြ မဆောင်ရဘူးဗျ ။ အေးဆေးဘဲ ။ ဟဲဟဲ

        • nikita

          October 25, 2011 at 1:56 pm

          နိုင်ငံခြားသားပိုင်ကုမ္ပဏီမှာ အလုပ်လုပ်ရင် မြန်မာအစိုးရကို
          အခွန် ၁၀% ဆောင်ရပါတယ်ရှင့်။

        • “ဘီလူးကြီး”ogre

          October 25, 2011 at 3:01 pm

          ကိုပေ ရေ
          ကုမ္ပဏီတွေမှာလုပ်တဲ့ဝန်ထမ်းတိုင်ဝင်ေွခွန်ဆောင်ရတယ်ဗျ
          တစ်ချို့ကျတော့ လုပ်ငန်းရှင်က စိုက်ဆောင်ပေးတတ်သလို
          တစ်ချို့ကျတော့ ကိုယ့်လစာထဲကပဲ ဆောင်ခိုင်းတတ်ကျတယ်
          လုပ်ခနည်းဝန်ထမ်းများပြားတဲ့ စက်ရုံအလုပ်ရုံကြီးတွေအတွက်ကတော့
          လုပ်ငန်းရှင်က စိုက်ဆောင်ပေးရကြောင်းပါ
          ဒါကလဲ..ဝန်ထမ်းထိမ်းနဲ့သဘောပါပဲခင်ဗျား။။

      • inz@ghi

        October 25, 2011 at 1:15 pm

        ကျနော်ကတော့ တတ်လို့ လုပ်စားတာမဟုတ်ဝူး ငတ်လို့ လုပ်စားတာ …

        လိမ့်တော့မယ်ဆိုတော့လည်း သဘောပါဗျာ ..
        အောင်မြင်ပါစေ ..
        😀

        ကျနော်လည်း လာခဲ့ပါ့မယ် …
        အလုပ် လုပ်ဖို့တော့ ဟုတ်ဝူး …ဒါ့ပုံရိုက်ဖို့ အဲ့က ဘော်ဘော်တွေ ကိုတွေ့ဖို့ …

        အသက်ကြီးလာရင်တော့ ဘာဖြစ်မလဲ မသိဝူးဗျ ..
        လောလောဆယ်တော့ အူလည်ကြောင်ကြား ဖြစ်နေတယ်…

        anyway အားပေးပါတယ်ဗျ….

        Guy Inz@ghi

        • pan pan

          October 25, 2011 at 1:29 pm

          လိမ့်တော့မလို့မဟုတ်ဘူး ကိုမင်းဇာနည်ရဲ့
          လိမ့်မလားလို့ တွေးတာ
          ခုမှာ လိမ့်ဖို့စဉ်းစားပြီး လိမ့်ဖို့လုပ်မလို့
          ချက်ချင်းကြီးတော့ မဟုတ်သေးပါဘူး
          ဒီမှာ နေဦးမှာ 😀

  • Foreign Resident

    October 25, 2011 at 1:25 pm

    တိုင်းပြည် ကိုတကယ်ချစ်တယ်
    တိုင်းပြည် အတွက်ပေးဆပ်လိုစိတ် တကယ်ရှိတယ်
    အဲဒီ စိတ်ဟာ နောင်မှာ ပြောင်းလဲမသွားဘူး ဆိုတာသေချာရင် ။

    နိုင်ငံခြားကို ထွက်ဖြစ်အောင် ထွက်ပါ ။
    ( Repeat ) နိုင်ငံခြားကို ထွက်ဖြစ်အောင် ထွက်ပါ ။

    နွားခြေရာခွက်ထက် အများကြီးကျယ်တဲ့ ပင်လယ်ပြင်ကြီးရဲ့
    ပိုမို ကြီးကျယ် နက်ရှိုင်း များပြားလှတဲ့
    ပညာ
    အတွေ့အကြုံ
    အတွေးအခေါ်
    ဓလေ့ထုံးစံ တွေကို
    အားပါးတရ လက်ကုန် သင်ယူပြစ်လိုက်စမ်းပါ ။

    ပြီးမှ အဲဒီအစွမ်းတွေ နှင့်
    အမိပြည် ကြီးကို ပြန်ပြီး အလုပ်အကြွေး ပြုလိုက်စမ်းပါ ။

    • pan pan

      October 25, 2011 at 1:39 pm

      “တိုင်းပြည် ကိုတကယ်ချစ်တယ်
      တိုင်းပြည် အတွက်ပေးဆပ်လိုစိတ် တကယ်ရှိတယ်
      အဲဒီ စိတ်ဟာ နောင်မှာ ပြောင်းလဲမသွားဘူး ဆိုတာသေချာရင် ။
      နိုင်ငံခြားကို ထွက်ဖြစ်အောင် ထွက်ပါ ။
      ( Repeat ) နိုင်ငံခြားကို ထွက်ဖြစ်အောင် ထွက်ပါ ။”

      ဦးဖောပြောသလိုပဲ။ အဲဒီ စိတ်ဟာ နောင်မှာ ပြောင်းလဲမသွားဘူး ဆိုတာသေချာဖို့ပဲလိုတယ်။
      ဒီပြန်လာဖို့ အကြောင်းပြချက်တွေနဲ့ ငြင်းပယ်ကြသူတွေလည်း ရှိတယ်။ တကယ်လည်း ပြန်လာရင် အံမဝင်တော့လို့ဖြစ်တာလည်း ရှိတယ်။
      အဲဒါကျတော့ ပြန်မလာတဲ့လူတွေပဲ အပြစ်တင်ရမလား၊ ပြန်လာတဲ့လူတွေအတွက်
      နေရာမရှိတာကိုပဲ အပြစ်တင်ရမလားမသိပါဘူး။

      “အဲဒီအစွမ်းတွေ နှင့်
      အမိပြည် ကြီးကို ပြန်ပြီး အလုပ်အကြွေး ပြုလိုက်စမ်းပါ”

      ကျွန်မကတော့ ကြီးကြီးကျယ်ကျယ်ကြီးတွေ မလုပ်နိုင်ပါဘူး
      မလုပ်နိုင်လို့ လုံးဝမလုပ်ရင်လည်း ပိုဆိုးမှာပါ
      တစ်တပ်တစ်အားမဟုတ်တောင် တစ်ယောက်တစ်အားလေးပေ့ါ

      ပြီးတော့ ဒီမှာ ကိုယ်နိုင်သလောက် စီးပွားရေးလေးလုပ်ဖို့ အရင်းအနှီးလိုလို့
      ပြည်ပသွားသူတွေရှိပါတယ်
      တချို့ကပြောတာ ဟိုမှာ နှစ်နဲ့ချီနေပြိီး ဒီပြန်လာပြီး စီးပွားရေးလုပ်ရင် ဘယ်လိုက်နိုင်တော့မလဲ
      စီးပွားရေးအကွက်တွေ ပြောင်းကုန်တာ ဘယ်လိုက်လို့ရတော့မလဲတဲ့။ အဲဒါကို ကန့်ကွက်ပါတယ်။ ကိုယ့်နိုင်ငံထက်တိုးတက်တဲ့နိုင်ငံကပြန်လာတဲ့လူတစ်ယောက်ဟာ ကိုယ့်နိုင်ငံရဲ့ စီးပွားရေးပြောင်းလဲမှုအကြောင်းမှာ လိုက်မမီဘူးဆိုတာ မဖြစ်သင့်ပါဘူး

      • Foreign Resident

        October 25, 2011 at 2:21 pm

        သမီး pan pan
        အဘ အမြင်ပြောကြည်မယ်နော် ။

        ” တချို့ကပြောတာ ဟိုမှာ နှစ်နဲ့ချီနေပြိီး
        ဒီပြန်လာပြီး စီးပွားရေးလုပ်ရင်
        ဘယ်လိုက်နိုင်တော့မလဲ
        စီးပွားရေးအကွက်တွေ ပြောင်းကုန်တာ
        ဘယ်လိုက်လို့ရတော့မလဲတဲ့ ”

        အဲဒီ အမြင်လည်း မမှားဘူး ။
        စီးပွားရေး လုပ်ငန်းတခု
        အခြေခိုင်ခိုင် ( အခြေခိုင်ခိုင် )
        အောင်မြင်ဖို့ ဆိုရင်
        အနဲဆုံး ၁၅ နှစ် ၂ဝ နှစ် လောက်
        အတက်အကျ ဒါဏ် ခံပြီးမှ ငြိမ်သွားတာ ။

        တရုတ်တွေက အဲလိုအနာခံပြီးမှ တက်ကြတော့
        အစက ငွေရင်းနဲပြီး နှေးတယ်ထင်ရပေမယ့်
        တဖြေးဖြေးနဲ့ပဲ ရောက်ပြီးရင် မြဲကြတယ် ။

        မြန်မာတွေကတော့ နိုင်ငံခြားသွား ငွေရှာပြီး
        ပြန်လာတဲ့ အချိန်မှာ ပြန်ကြိုးစားကြပေမယ့်
        ငွေကော အတွေ့အကြုံ အသိုင်းအဝိုင်းကော
        မမှီတော့တာ အတွေ့ရများတယ် ။

        ဒါပေမယ့် အဲဒါက စီးပွားရေး လုပ်ငန်းလေ ။

        သမီး လဲ တရုတ်တွေလို
        ဟိုးအောက်ဆုံးထိ အောက်ကျို့ပြီး
        စုတ်စုတ်ပြတ်ပြတ် ကစလုပ်နိုင်မယ်မထင်ဘူး ။

        ဘာလို့လဲဆိုတော့
        သမီးက Computer နှင့်လည်း ပြီးတယ် ၊
        ” ကျွန်မလုပ်အားခက ကျွန်မသုံးတာနဲ့ကုန်တယ် ”
        လို့ရေးထားတယ်လေ ။

        နောက်ပြီး သမီးမှာ အရင်းအနှီး မလုံလောက်သေးဘူး မဟုတ်လား
        ” အဖေအလုပ်မလုပ်နိုင်တော့တဲ့အချိန်ထိ သူအတွက်ပျိုးထောင်လို့မပြီးနိုင်သေးရင် ”

        အဲဒီတော့ ထွက်ဖို့ chance ရှိရင် ထွက်သာထွက်ပါ ။
        ကိုယ့် ပညာအရည်အချင်း ကတော့ လုံလောက် ပေစေနော် ။

        စိတ်ထဲမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ထား ။
        ငါ ဒီနေ့ကစပြီး ကျွန်ခံတော့မယ် လို့ ။
        သူများခိုင်းဖတ် ဘဝ ကိုကျေကျေနပ်နပ်ကြီး နှစ် ၂ဝ လုပ်မယ်လို့ ။
        နို့မို့ရင် နေရခက်တယ် ။ လူသတ်မိလိမ့်မယ် ။
        အဘတို့လည်း ဒီဘဝတွေ ဖြတ်လာတာ ။

        သမီး အောင်မြင်ပါစေကွယ် ။

        • pan pan

          October 25, 2011 at 2:36 pm

          အဘပြောမှပဲ အားပဲတက်ရမလို၊ အားလျော့ပြီး ငိုချင်လာသလိုပါပဲ
          အဘက အတွေ့အကြုံစုံတော့ မသိတာတွေ မေးရဦးမယ်
          နှစ်၂ဝလောက် သူများခိုင်းဖက်အဖြစ် ကျွန်ခံရမှာတော့ ဟုတ်ပါပြီအဘရယ်
          ခုနကလို အဘပြောသလိုပဲ ပြန်လာရင် စီးပွားရေးလုပ်ဖို့က မလွယ်တော့ဘူးလေ
          ဘာအလုပ်လုပ်ရမလဲ
          သူများကုမ္ပဏီမှာပဲ လုပ်ရဦးမလား၊ အသက်ကြီးတဲ့လူဆို လက်မခံတာများတယ်

          စီးပွားရေးဆိုတာလည်း ကြီးကြီးကျယ်ကျယ်ကြီးတော့ မဟုတ်ဘူးပေ့ါ
          ကိုယ်နိုင်သလောက် ရောင်းဝယ်ဖို့ပါပဲ

        • Foreign Resident

          October 25, 2011 at 2:53 pm

          ” ဘာအလုပ်လုပ်ရမလဲ
          သူများကုမ္ပဏီမှာပဲ လုပ်ရဦးမလား ”

          တဆင့်ခြင်းလုပ်ပါ သမီးရယ် ။
          ပထမအဆင့် ကို
          အရင်အောင်မြင်အောင်လုပ်ပါအုံး ။

          နောက် ၁ဝနှစ် မှာသမီး
          အရည်အချင်းတွေ
          အတွေး အခေါ်တွေ
          အမြင်တွေ နှင့်
          နိုင်ငံ့ အခြေနေတွေ
          အများကြီး ပြောင်းဦးမှာ ။

          တစိုက်မတ်မတ်
          ကြိုးစားနေသရွေ့
          ဘယ်တော့မှ
          မရှုံးပါဘူးကွယ် ။

    • inz@ghi

      October 25, 2011 at 1:44 pm

      အန်ကယ်ဖော နဲ့ ကျနော် သည်နေရာမှာ သဘောထားချင်း တိုက်ဆိုင်ပြန်ပြီ …
      ကျနော် ပြန်မှာဗျ …တနေ့နေ့ …လုံလောက်တဲ့ အသိပညာရပြီဆို ရင် ပြန်မယ်…
      ဗမာပြည်မှာပဲ လုပ်စားမယ်ဗျ …

      မှန်တာပြောရရင် ဗမာပြည်က ခုမှ ဖွံ့ဖြိုးဖို့ တာစူတဲ့ ကာလပါ …
      (ဟုတ်တယ်နော် ပြောင်ပြောင် ….မငြိုငြင်ချင်ဘူးနော် …)

      ကျနော်တို့ တကယ်သာ အရည်အချင်းရှိ ရင် ဖြစ်ပေါ်လာမယ့်
      နေရာကောင်းတွေ အများကြီး ရလာစရာရှိပါတယ် …

      နိုင်ငံတကာ ကိုမှီဖို့ အသာထားလိုက်ဦး ..နိုင်ငံတကာမှာ လုပ်လို့
      သုံးလို့ရတဲ့ အခြေခံinfra-structure တွေ
      (currency exchange, internet, media right, customer right,
      insurance, tax, transportation, cell phone, etc..)
      တကယ်ရှိလာကောင်းလာ မယ်ဆိုရင် businessတွေ အများကြီး ဖြစ်ထွန်းလာမှာပါ

      အဲ့သည့်အချိန် ကြုံဖို့ မျှော်လင့်တယ်ဗျာ…
      ပြည်တွင်းမှာပဲ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ လုပ်မယ်

      နိုင်ငံခြားထွက်ပြီး သူများခိုင်းတာလုပ် ပေးတာယူ ကျွေးတာစားနဲ့
      ပိုက်ဆံ ခြစ်ခြုပ်စုရတဲ့ ဘွ ထက်တော့ အများကြီး သာလာစရာရှိတယ်ဗျာ

      ခုတော့ အဲ့လို လုပ်နိုင်ဖို့ ပညာ အတွေ့အကြုံနဲ့ ငွေကြေးကို ကြိုးစား စုပေါ့ဗျာ.. 🙁

      • Foreign Resident

        October 25, 2011 at 2:32 pm

        ကို inz@ghi
        ဟုတ်တယ် ။
        မြန်မာပြည်မှာ အခွင့်အလမ်း ကောင်းတွေ စပေါ်နေပြီ ။

        ဒီအခြေအနေမှာ ဘယ်အစိုးရကမှလည်း
        နောက်ပြန်လှည့်တော့မယ်မထင်ဘူး ။

        အခုချိန်ဟာ အသိအတတ်ပညာ ခိုင်ခိုင် နှင့်
        အတွေ့အကြုံ လုံလုံလောက်လောက် ရှိပြီးသား
        လူတွေအတွက် အခွင့်ကောင်း လို့ထင်တယ် ။

        Dawei & Kyauk Phyu Deep Sea Ports
        နှစ်ခုတည်းကကို Millionaires တွေ မွေးထုတ်ပေးတော့မှာ
        Yangon မှာ သူငယ်ချင်းတွေ စပြင်နေကြပြီ ။

        • inz@ghi

          October 25, 2011 at 2:41 pm

          ဟုတ်ကဲ့ အဘ..
          ကျနော် လည်း ကျောက်ဖြူရေနက် ဆိပ်ကမ်း ကိစ္စ သိပ် စိတ်ဝင်စားပါသည်..
          အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေ အများကြီး ပေးနိုင်မည်ဟု ယုံကြည်ပါသည်ခင်ဗျား..

          အခု infra စလုပ်နေတော့ အနိမ့်ဆုံး ဆောက်လုပ်ရေးအခြေခံ ဝန်ထမ်းကနေ
          အမြင့်ဆုံး ဗိသုကာ ပညာရှင် အထိ အလုပ်တွေရမယ် …

          နောက်တဆင့် electricians တွေ networkသမားတွေ
          software systems တွေinstallationတွေ အတွက်

          ဒါပြီးရင်တော့ Operation ပိုင်းအတွက် သက်ဆိုင်ရာ လုပ်ငန်းပေါင်းဆုံက
          professionals တွေအတွက် ပေါ့ဗျာ..

          အပေါ်၂ဆင့်က ပညာရှင်တွေလည်း ဆောက်ပြီး ဆင်ပြီး ပြီးပြီ ပြုတ်ပြီ
          မမှတ်ကြပါနဲ့…. maintenance အတွက်နဲ့ သည်ဟာကြီးအပေါ်မှာ
          တည်မှီပြီး ဖြစ်ပေါ်လာမယ့် ဆင့်ပွား စီးပွားရေး အဆောက်အအုံတွေမှာ
          ဆောက်လိုက် ဆင်လိုက်ကြရမယ့်ဖြစ်ချင်းဗျာ…

          တကယ်တော့ ကျနော်တို့ဘက်ကသာ အဆင်သင့်ဖြစ်နေဖို့ ပညာရည် ပြည့်ဝနေဖို့ လိုတာပါ…

          အနာဂါတ်ကို ရင်ခုန်နေသော
          Guy Inz@ghi

  • amatmin

    October 25, 2011 at 1:37 pm

    အဲဒီလို ထွက်သွားကျရင်းနဲ့ ပညာရပ်အပေါ်တကယ်ကျွမ်းကျင် .စေတနာရှိတဲ့..
    လုပ်အားစုတွေ.ပိုရှားပါးလာရင်..သူတို့တွေ မျှော်လင့်ထားတဲ့
    ကိုယ့်တိုင်းပြည်က ပညာရှင်တွေကို လူရာသွင်းမှ ပြန်လာမယ်ဆိုတဲ့ အိမ်မက်တွေ.
    ဖြစ်မလာဖို့ ပိုများ.သွားပြီနော်….
    ဒါပေမဲ့လည်း ငါ့ဝမ်းပူဆာ မနေသာကိုး..မှန်ပါတယ်..လုုပ်ပါ.
    ကိုယ်အရင်ပြည့်ဝ နေမှ သူများကို..ရှယ်နိုင်မှာလေ..(ပညာ.ဓန နှစ်မျိုးလုံးပေါ့)

  • Koyin Sithu

    October 25, 2011 at 1:42 pm

    မပန်ပန်ရေ.. အားပေးတယ်.. စလုံးကို ဒိုးသာဒိုး..
    ဒီမှာ နိုင်ငံခြားက အရင်ရှင်းတွေက လာပြီး ဦးနှောက်ဖောက်စား
    နေတာ.. ဟိုမှာ အတွေ့အကြုံ၊ အတွေးအခေါ် ပညာတွေ ပြည့်စုံရင်
    အဲ့ကျမှ ရွှေပြည်ကို ပြန်လာခဲ့…
    လူငယ်တွေအားလုံးကိုလည်း နွားခြေရာခွက်ဖြစ်နေတဲ့ ရွှေပြည်ကြီးက
    ခဏထွက်ပြီး ပညာ၊ ဗဟုသုတ၊ အမြင်တွေကျယ်အောင် လုပ်ကြပါ..
    တချိန် မြန်မာနိုင်ငံ ဒီမိုကရေစီ အစစ်ရတဲ့အချိန် တက်ညီလက်ညီ
    ကြိုးစားကြရအောင်..
    (မပန်ပန်ရဲ့ ခံစားချက်ကို နားလည်ပါတယ်.. ကျနော်တစ်ယောက်သောသူကလည်း
    ပရိုဂရမ်မာဖြစ်နေလို့ပါ… ဟီးး :D)

    • inz@ghi

      October 25, 2011 at 1:48 pm

      ကိုရင့်နှယ့် မကြောက်မရွံ့ ပလိုဂလမ်မာ ကို ကြိုက်ထားတယ်ပေါ့
      ခင်ဗျာ့ looping ပတ်ပီးရစ်မှာ
      if, if else, if else
      နဲ့ condition စစ်ပြီးမေးခွန်းထုတ်မှာ ..
      ဟိုဟာ မရဘူး သည်ဟာခွင့်မပြုဘူး
      ဘယ်ဟာ ဘာဖြစ်ညာဖြစ်နဲ့ validate check လုပ်မှာ ကြောက်ဝူးလား..
      ဒါတောင် AND တွေ OR တွေနဲ့ combo attack တွေ ပါသေးဝူးနော်

      😛
      ခင်တဲ့
      Inz@ghi

      • Koyin Sithu

        October 25, 2011 at 2:45 pm

        ဟုတ်ပါ့ ကိုယ့်လူ အင်ဇာဂိ ရယ်..
        ပရိုဂရမ်မာဆိုတော့… အမြဲတမ်း error check တာခံနေရတယ်..
        ကိုရင်ကလည်း အကြီး (အသက်)ဆိုတော့ ဝင်းဒိုး xp SPI လို ဟောင်းနေပြီလေ..
        ဝင်းဒိုး ရ လို ကိုယ့်အပေါ် သိပ်အားမရဘူးထင်ပါ့..
        မိန်းမ အရက် ဆိုရင် Acess Denied တဲ့…
        မကြိုက်တာတွေလုပ်ရင်… Log in ပိတ်မယ်တဲ့…
        ကိုယ့်ရဲ့ အချစ် Sever က ကောင်းနေလို့..

        ခင်တဲ့…
        ကိုရင်စည်

  • ပေါက်ဖော်

    October 25, 2011 at 1:55 pm

    ဟိုကို လိမ့်ပြီး အခြေအနေကောင်းရင်..ဒီကိုပြန်လှိမ့်ဖို ့မမေ့နဲ ့နော်..

    အနော်တို ့တော့ ကိုသိန်းစိန်ကြီး ဘာတွေ လှုပ်ရှားမလဲပဲ စောင့်ကြည့်ရဦးမယ်.
    ဘာပဲ ပြောပြော ဘိုးတော်သန်းရွှေထက်တော့ သာမယ်လို ့မျှော်လင့်တယ်..(မြစ်ဆုံကိစ္စ.ရပ်ထားလို ့.အထင်ကြီးမိတာ)

    ဘိုးတော်ရွှေရွှေ ကတော့..ရသမျ..တိုင်းကျိုးပြည်မပြုပဲ အိတ်ထဲ လွှတ်ထည့်ပလိုက်တော့….ကျုပ်တို ့..တွေ..
    ဖွတ်ဘဝက မတက်တာပါ..
    လူတွေသာ ဖွတ်ဘဝက မတက်ပေမဲ့..ကုန်ဈေးနှုန်းကတော့….လှိမ့်တက်တာပဲ..ပြန်မဆင်းဘူး..

    ဘာမှလုပ်မပေးရင်နေ…ကုန်ဈေးနှုန်းလေးသာ လျှော့ချပေးပါ..
    အူမတောင့်သွားပြီဆို…ဉာဏ်ရွှင်ပြီး….ကောင်းရာကောင်းကြောင်း..စဉ်းစား..ဆက်လုပ်လို ့ရမှာမို ့ပါ

    အခုက..
    လခ နှစ်ပဲတပြားနဲ ့..လိုင်းကားခနဲ ့…ဝါးတီးခနဲ ့..သောက်ကျွေးတွေချည်ပဲ လှိမ့်တင်နေတယ်..
    ပြောရင်းပြောရင်း ကိုယ့်ဘဝကိုယ် စိတ်နာလာဘီ…အဆုံးစီရင်မိတော့မယ် 😆

    အဆုံးစီရင်မယ်ဆိုလို ့…တစ်မျိုးမထင်နဲ ့….
    အကြွေးမဆပ်ပဲ..ထွက်ပြေးမလားလို ့ပါ 😆

    • inz@ghi

      October 25, 2011 at 1:58 pm

      ရွှေခတ်ကုန် လို့ စိန်ခေတ်ရောက်ပီပဲ မှတ်လိုက်ပါ ကိုပေါက်ဖော်
      စိန်ခေတ် လွန်ရင်တော့ “စုနိုင်” တော့မယ် ပဲ မှတ်ပါသည်

      ခင်တဲ့.
      Guy Inz@ghi

      • ပေါက်ဖော်

        October 25, 2011 at 2:06 pm

        အဓိပ္ပါယ်တွေပါတယ်နော့..
        နှလုံးထီဂဏန်း အတိတ်ပေးတဲ့ ဘိ်ုးတော်လုပ်ခဲ့ဘူးသလား မှန်မှန်ပြော..
        🙄

        • inz@ghi

          October 25, 2011 at 2:16 pm

          တိန်. …

          ဘာ၂လုံးထီလဲ တိဝူး …တားက အလောင်းအစား ဝါဒနာပါတာ ဟုတ်ဝူးရယ် ..
          ဘိုးဒေါ်တို့ နတ်ဂဒေါ်တို့နဲ့လည်း တိဝူး …အလုပ်ချိန်နဲ့ အိပ်ချိန်ကလွဲရင်
          ပညာရေးကိုပဲ ဇောင်းပေးထားတဲ့လူဂေါင်းလေး…
          (မဟုတ်တာတခုခုက အမြဲ လုပ်နေပီး အားတာနဲ့ အိပ်နေတာ …ခစ်ခစ်…)

        • pan pan

          October 25, 2011 at 2:18 pm

          ကိုဇာက ဒီမှာတုန်းက ဘိုးတော်လေ
          အတိတ်စိမ်းပေးတယ်
          ခုလည်း ၃ရကိုမွေးထိုးခိုင်းတာ
          မထွက်မချင်း ဆတိုးမွေးရမှာ
          သူက ပိုက်ဆံစုနိုင်တော့မှာတဲ့
          အဲဒါကြောဒါနေမှာ 😆

        • inz@ghi

          October 25, 2011 at 2:23 pm

          @pan pan
          ဟားဟား…
          အဲ့လို ဆိုရင်တော့ ဟုတ်မယ်ဗျ…
          အားအားရှိ ဟိုလူမနေရ သည်လူမနေရ လုပ်လား လုပ်ရဲ့
          ဒိုင်ကြောင်တွေကလွှတ်လား လွှတ်ရဲ့
          ပေါက်ပန်း၄ဝ တွေ ရေး လား ရေးရဲ့
          ပီး ..ဟိုမှာလျောက် ပြ သည်မှာ လျောက်ပြောနဲ့
          အဲ့ရာနဲ့ သက်ဆိုင်ရာက မျက်စိနောက်ပြီး ၆မြင်ကပ်လို့
          အလုပ်ကြမ်းနဲ့ ပြည်နှင်ဒဏ်ပေးထားတာ..

  • kocho

    October 25, 2011 at 2:11 pm

    အချိန်နဲ့ဒီရေသည်လူကိုမစောင်, တဲ့ငယ်တုံးရွယ်တုံးဘဲ နိုင်ငံခြားကိုထွက်လို့ကောင်းတယ် ငါ့ညီမအောင်မြင်မှာပါ မပူနဲ့အားပေးတယ်

  • nozomi

    October 25, 2011 at 2:49 pm

    တချို့ပြောကြတယ် တိုင်းပြည်ကို ချစ်ကြပါ ချစ်ကြပါ နဲ့ တကယ်က လူတိုင်းက တိုင်းပြည်ကို ချစ်ကြပြီးသားပါ ။

    ချစ်ပုံ ချစ်နည်းသာ ကွာကြတာ ၊ ပန်ပန်လဲ တော်တော် ချစ်တတ်တာပဲ

    လူတိုင်းမှာ ဘဝက ပေးထားချက်တွေ ရှိတာမို့ ပေးထားချက်ကနေ အကောင်းဆုံးဖြစ်အောင် လုပ်နေကြရတာမို့ ဘေးကနေ ဟိုလိုလုပ် ဒီလိုလုပ်လို့ အကြံမပေးတော့ပါဘူး

    ဘယ်မှာပဲ နေနေ ဒီရွာထဲကတော့ ထွက်မပြေးနဲ့နော

  • koyinmaung

    October 25, 2011 at 3:00 pm

    (ရွှေခတ်ကုန် လို့ စိန်ခေတ်ရောက်ပြီပဲ မှတ်လိုက်ပါ
    စိန်ခေတ် လွန်ရင်တော့ “စုနိုင်” တော့မယ် )
    inz@ghi says: ရေ ခုမှကြားဘူးတယ်
    ကောင်းလိုက်တ ဲ့တဘောင် ပါလား….
    ပန်ပန်လေးက စ ကိုထွက်ဘို့စိတ်ကူးနေတယ်ဆိုတော့
    အားပေးပါတယ် အဆင်ပြေပါစေလို့ဆုတောင်းပါတယ်

  • naywoonni

    October 25, 2011 at 4:13 pm

    တို့တစ်တွေ ညံ့ခဲ့တယ်ပဲ ပြောပါတော့ ပန်ပန်ရေ…..။ ဝန်ခံပါတယ်..။ တို့တစ်တွေညံ့ခဲ့တာပါ…။ အဲဒိတော့ ညီမလေးရေ……… မင်းတို့တွေ တို့ အသက်အရွယ်ရောက်တဲ့ အချိန်မှာ ဒီလို ညံ့ရမှာလား မညံ့ပါရစေနဲ့ ဆိုတဲ့ ကိုယ့်ထက်ငယ်တဲ့ သူတွေရဲ့ ညည်းထွားသံ တွေ ကင်းလွတ်အောင် ကြိုးစားကြပေါ့ကွာ…….. နော့…။

    • pan pan

      October 25, 2011 at 4:28 pm

      အဘနီရေ
      အင်အားကတော့ ခပ်ချိချိရယ်
      လိုချင်တာကို ရအောင်လုပ်တာတော့ဟုတ်ပါပြီ
      ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့လည်းလိုသေးသတဲ့ (အမေစုပြောတာ)
      ———————————————-
      ခုတော့ လူငယ်တွေတဖြည်းဖြည်းညံ့လာကြသလားလို့
      ပညာရေးအစပေ့ါ
      အသိဉာဏ်အညွန့်တွေ တုံးကုန်ပြီ
      အရမ်းတော်တဲ့လူတွေတော့ ရှိပါရဲ့၊ ရှားကုန်ပြီ
      ဒီလိုနဲ့ တဖြည်းဖြည်း ညံ့ကုန်မှာစိုးရတယ် 🙄

  • alinsett

    October 25, 2011 at 4:17 pm

    လူငယ်တွေ..မညံ့ပါဘူး။ ညံ့တဲ့လူငယ်တွေလည်း ပြုပြင် လမ်းပြပေးသူကောင်းကောင်းတွေ တွေ့ရင် ညံ့မှာ မဟုတ်တော့ပါဘူး

    ဒီပို ့စ်လေး က အသိ တွေ ရစေတဲ ့အတွက် ကျေးဇူးပါပဲ..။

  • naywoonni

    October 25, 2011 at 4:35 pm

    တစ်ကယ်တော့ ဘယ်ခေတ်က လူငယ်တွေ မှာမှ သိပ်မညံ့ခဲ့တယ်လို့ မထင်ပါဘူး…။ ရိုးရာ အစဉ်အလာတွေ ခြံခတ်ခံထားရပြီး ဘေးပတ်ဝန်းကျင် နဲ့ အဆက်အသွယ်ပြတ်သွားခဲ့ကြတာပါ…။ ကိုယ်အိမ်ထဲမှာတင် ကိုယ်အိမ်ကျယ်တွေ ဖြစ်နေကြတာ…။ အများစု လက်ခံထားတဲ့ ရိုးရာ အစဉ်အလာအတိုင်း ဆက်လက် မကျင့်သုံးပဲ ကိုယ်နဲ့ ကိုက်ညီတဲ့ ကိုယ်နဲ့ လိုက်လျောညီတေထွဖြစ်မဲ့ ဝတ်စုံကို ကိုယ်တိုင်ချုပ်ပြီး ဝတ်ဆင်နိုင်ကြမယ်ဆိုရင် အားလုံး အဆင်ပြေ သွားပါလိမ့်မယ်…။

  • padonmar

    October 25, 2011 at 7:17 pm

    ပန်ပန်ရေ၊
    အပြင်ကတတ်လာတဲ့ပညာနဲ့ ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့သူတွေရှိပါတယ်။
    ဥပမာ-ဒါရိုက်တာ အောင်ကိုလတ်
    ဓာတ်ပုံ ဇော်မင်းယု
    Yangon Directory ဦးမိုးကျော်
    င်္ရိုးမဘဏ် FMI ဥက္ကဌ ဦးသိမ်းဝေ

  • km

    October 25, 2011 at 8:26 pm

    carry on pan pan but be sure that you has a well-plan
    If I have a chance , I’d like to go abroad and get modern technical know-how

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2011 at 11:28 pm

    စိတ်ဝင်စားစရာတော့ ကောင်းသားဘဲ
    ထင်တာကိုတော့ပြောခြင်ပါတယ် ခက်တာက ခြောက်တန်းကျော်ကျော် ခုနစ်တန်းပြီးအောင်
    မနေခဲ့ဘူးတဲ့သူက ပရိုဂရမ်မာ ဆိုတဲ့သူကို အာဘို့က အတော်တော့ဂွကျသား
    ပရိုဂရမ်မာ ဆိုတာဘာမှန်းကိုမသိတာက အဆိုးဆုံး 🙁 ပရိုဂရမ်မာ ဆိုဒါ ဘာဂိုခေါ်သဒုံး
    ဒါပေမယ့် အထင်တော့မသေးပါနဲ့ လက်ရှိမှာ အဆင့်မြင့်မြင့်အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ
    အိမ်ခေါင်မိုး မိုးယိုရင် ခေါက်မိုးတက်ဖါတဲ့အလုပ်ကို လုပ်သူဆိုတော့ အဆင့်မြင့်တာပေါ့နော
    ပြောပုံအရတော့ နိုင်ငံခြားကုမ္ပဏီမှာအလုပ်လုပ်တယ် အဲ့သည်နိုင်ငံကိုဘဲသွားမယ်လို့ဆိုတယ်နော
    ဘယ်လိုပုံနဲ့သွားမှာလဲ ဒီ ကုမ္ပဏီရဲ့ အလုပ်ကိုဘဲ မူရင်းနိုင်ငံမှာ ဒီကုမ္ပဏီနဲ့ဘဲလုပ်မှာလား
    ဒါကတော့အရေးကြီးတယ်ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ ဝင်ငွေကိုတွက်ရတော့မှာမို့ပါ
    မုရင်းကုမ္မဏီနဲ့ လုပ်ခွင့်ရခြင်းဟာ ဝင်ငွေရယ် အခွင့်ရေးရယ်တွက် သိပ်ကောင်းပါတယ်
    ကြားဘူးမှာပါ မသွားခင်ကတော့ ဟိုလောက်ရမယ် ဒီလောက်ရမယ်
    ဟိုဒါလုပ်ရမယ် ဒီဒါ လုပ်ရမယ် ဆိုပြီး နောက်ဆုံးကျ တစ်လွဲတွေဖြစ်ကုန်တာတွေ ( ရှိတတ် ) လို့ပါ
    မြန်မာပြည်ကအလုပ်ရဲ့ မူရင်းနိုင်ငံ မူရင်းကုမ္ပဏီးမှာ သွားပြီးလုပ်ခွင့်ရမယ်ဆိုရင်ဖြင့်
    ဒါဟာ သိပ်ကောင်းတဲ့အခွင့်ရေးတစ်ရပ်လို့ ဆိုခြင်ပါတယ်
    ဒါတွေကတော့ အကြမ်းဖျင်းလက်တန်းပြောတာပါနော တတ်လို့တော့မဟုတ်ရပါဘူး
    နှစ်ရက်လုပ်မှ တစ်နပ်စားရတဲ့ အလုပ်ကြမ်းသမားတစ်ယောက်ပါ
    တိုင်းပြည်တွက်တွေဘာတွေဆိုတာကတော့ လက်ရှိဖွဲ့စည်းပုံတွေနဲ့ဆို ဒီစကားက
    ရီစရာဖြစ်သွားတယ်လို့တောင်ထင်မိပါတယ် ( အထင်ပါ )
    မိသားစုရယ် အချိန်နှင့် အတတ်ပညာရယ် အနာဂတ်မှာ မိမိရပ်တည်နိုင်ဘို့ တွက်ချက်တာ လေးကို
    သဘောကျမိပါတယ် ဂယ်
    လွယ်လွယ်လေးတွက်ကြည့်လိုက်ပါမယ် ပိုက်ဆံမှာမကုန်တာနော
    ( ယ္ခုလက်ရှိ မိမိရဲ့ဝင်ငွေ နှင့်အလုပ် အနာဂတ်တိုးတက်မှု့အခြေနေကို သုံးသပ်ကြည့်ပါ )
    ဆိုလိုတာက ဝင်ငွေဘယ်လောက်ရှိလဲ ကိုယ်ဘယ်လိုတိုးတက်လာနိုင်မလဲ ဆိုတာကို သေသေခြာခြာတွက်ပါ
    သိပ်အရေးကြီးတယ်နော် စိတ်ကူးယဉ်ရင်တော့ နာပြီသာမှတ် ( အရေးကြီးတယ် )
    ကိုယ့်ရဲ့ကြိုးစားမှု့မှာ အနာဂတ်ကိုယ်ဘာဖြစ်လာနိုင်လဲ ဒီအလုက်ကနေ တစ်နေ့ မိမိဘယ်လို ခွဲထွက်
    ရပ်တည်နိုင်မလဲ
    ဥပမာ ဗယာကြော်ရောင်းတဲ့ကုလမအဖွားကြီးဆီမှာ အလုပ်လုပ်တယ် ပဲခြမ်းကိုဘယ်ကဝယ်တယ်
    ဘယ်လို ဘာညာလုပ်တယ် သိပြီး ငါလဲဗယာကြော် ကြော်ရောင်းမယ် ( ရှဲ ရှဲ ရှဲ )
    ( ပြည်ပမှာနေပြီး ငွေရလာလို့ မြန်မာပြည်အကြောင်းမသိမှာ နောက်ကျနေမှာ )
    တစ်ကယ်တော့ ဒီအကြောင်းမှာ ပြောစရာတွေအများးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးကြီးရှိပါတယ်
    ပြောတော့ပြောခြင်ပါတယ် သိပ်မတတ်လို့ပါ 😀
    တစ်ယောက်နဲ့တစ်ယောက်တော့ ယူဆပုံခြင်းမတူပါဘူး ပြောလို့သာပြောရတာ
    ထမင်းနပ်မမှန်တဲ့ သတ္တဝါက ပရိုဂရမ်မာ ဆိုတာကို လက်ချာပေးရတာ မျက်နှာတော့ပူသကွယ်
    အကြမ်းဖျင်းလေးဘဲပြောတာပေါ့ကွယ်နော ဆိုခဲ့ပြီးသလို
    မိမိကဒီကနေ ဒိုးတာနဲ့ ကိုယ့်ရဲ့ မူရင်းအလုပ်ကိုဦးတည်မှာလား ဟိုရောက်မှ ရရာအလုပ်ကိုလုပ်မှာလား
    ဒီအပေါ်မှာလည်းမူတည်သေးတယ် ဒါကလည်းအရမ်းအရေးကြီးတဲ့အကြောင်းဘဲ
    ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံရဘို့ အချိန်ကုန်ခံနေ အလုပ်လုပ်ပြီး အထုပ်ကလေးပိုက်ပြီး
    ရွာပြန်ရောက်လို့ကတော့ ဘစ်ဇနစ်မှာ ချဉ်ပေါင်ရွက်သည်လောက် ကိုယ်အဖြစ်မရှိဖြစ်နေမယ်
    ( အဓိကကတော့ မိမိအနေနှင့် ငွေကြေးကိုစုစည်းနိုင်မှု့ကလေးကတော့
    ထိပ်တန်းလိုအပ်ချက်ဘဲလို့ထင်တာဘဲ ( အထင် ) )
    ဆိုတော့ကာ ကိုယ်ကအလုပ်လုပ်ပြီး ငွေကိုစုပြီ ရလာတဲ့ငွေလေးကို ဘယ်လို လှုပ်ရှားနေအောင်လုပ်မလဲ
    ( ရွှေဝယ်လိုက် မရှိရင်အပေါင်ဆိုင်မှာသွားထားလိုက် လခထုပ်ရင်ပြန်ရွေးလိုက် )
    ပြောပြခြင်ပါတယ် အများကြီးပါ မပြောတတ်လို့

    • pan pan

      October 27, 2011 at 9:09 am

      ဘပု
      ခုကျမအလုပ်လုပ်တာက ဂျပန်လူမျိုးပိုင်ပါ
      သွားဖို့စဉ်းစားတာက စလုံး
      ဟိုရောက်လည်း လုပ်မယ့်အလုပ်ကတော့ လက်ရှိလုပ်နေတဲ့အရာနဲ့ပါပဲ
      စားဖို့နေဖို့ကတော့ ဟိုမှာအစ်မတစ်ယောက်ရှိလို့ နေစရာရှိတယ်(အလုပ်မရသေးရင်တောင်)
      ဒါပေမယ့် အလုပ်ရဖို့သေချာမှ သွားမှာ (ဟိုက ဘော်ဘော်တွေကို အလုပ်ရှာခိုင်းမလို့)
      တခြားလုပ်ချင်တာတွေကတော့ နယ်စပ်တိုက်ရိုက်သွားပြီးပစ္စည်းဝယ်
      ရန်ကုန်မှာ ပြန်ရောင်းချင်ပ့ါ၊
      ဒါမှမဟုတ် ဓါတ်ပုံတို့၊ ဒီဇိုင်းတို့နဲ့ ပတ်သက်တဲ့ဆိုင်လေးဖွင့်ချင်တာ၊
      ဒါမှမဟုတ်လည်း လက်မှုပစ္စည်းဆိုင် (ဒါတွေကို စိတ်ကူးယဉ်တယ်ပြောပြောပေ့ါ)
      အဲဒီအတွက် ငွေလေးစုပြီးလုပ်ရကောင်းနိုး စဉ်းစားတာပါဘပုရယ်
      ( ယ္ခုလက်ရှိ မိမိရဲ့ဝင်ငွေ နှင့်အလုပ် အနာဂတ်တိုးတက်မှု့အခြေနေကို သုံးသပ်ကြည့်ပါ )
      ဆိုတော့ လက်ရှိဝင်ငွေနဲ့ကတော့ လောလောဆယ်မိဘနားကပ်စားနေတာဆိုတော့ အိုကေနေတာပေ့ါ

      • ကြောင်ကြီး

        October 27, 2011 at 10:17 am

        ပန်ပန်လာမယ်ဆိုရင် ဦးကြောင် ကျိုနေမယ် ရေနွေး။ စားစရာလည်းရှိတယ် တနင်္ဂနွေနေ့ဆိုရင် ချပ်ချ်ကျောင်းမှာ၊ ကျန်တဲ့ရက်တွေအတွက် ယမ်ယမ်ခေါက်ဆွဲပြုတ် သေတ္တာလိုက်သယ်ခဲ့၊ ခရီးစရိတ်သက်သာအောင် ကုန်းကြောင်းလျောက်၊ ဟိုဟိုဒီဒီမသွားနဲ့ အိမ်ထဲမှာနေ။ မြေအောက်မီးရထား ခိုးစီးနည်း သင်ပေးမယ်။ နေစရာကိုတော့ မပူနဲ့၊ ဦးကြောင် လုံးဝ လုံးဝ လုံးဝ တာဝန်ယူတယ်။ အမျိုးသားရေးတာဝန် အဖြစ်သတ်မှတ်တယ်။

  • ရွှေအိမ်စည်

    October 26, 2011 at 12:00 am

    ပန်ပန်ရေကုမ္ပဏီမှာလုပ်တာ.မစုမိဘူးပေါ့
    ဒါဆိုပန်ပန်လုပ်တဲ ့ကုမ္ပဏီကနေ တခြားတစ်ခုခုပြောင်းကြည့်ပါလား…
    နိုင်ငံခြားမထွက်ချင်ရင်လေ…

    ကျမကတော့မသွားချင်တာ…ဒီမှာအဆင်ပြေတယ်လေ။
    ကျမတို ့ကတော့တနှစ်ကိုလစာတဝက်နီးပါးပြန်စုပေးပါတယ်ဆိုပါဆို ့…၄သိန်းရရင်..၂သိန်းကိုထုတ်ပေးတယ်..
    ကျန်တဲ ့၂သိန်းနဲ ့၁၂လနဲ ၂၄ သိန်း အတိုးပါထဲ ့ပေးပြီး၂၅ သိန်း့ပြန်ပေးကြပါတယ်
    ဒါကြောင့်ဝန်ထမ်းတစ်ယောက်ဟာ..၂၅သိန်းလောက်တော့စုမိပါတယ်..။
    နောက်ပြီးမြန်မာပြည်က၁၂လရာသီပွဲတွေချည်းဘဲလေ…
    ပွဲတော်နေ ့တိုင်းတော့…ဘောက်ဆူး(မုန်ဘိုး)အနဲဆုံးတော့၅သောင်းလောက်ပေးပါတယ်..။

    ၅နှစ်ပြည့်တဲ ့ဝန်ထမ်းတိုင်း ဖုန်းတစ်လုံးအမည်ပေါက်…အလာကားပေးပါတယ်..။

    မိသားစု၃ယောက်ဆိုတော့..လစဉ်၂သိန်းကလောက်မှာပါ..။
    လစဉ်..ဆန ၊်ဆီထောက်ပံ့တဲ ့ကုမ္ပဏီရှိပါတယ်..ကျမတို ့ပေါဆန်းမွေးဆန်လည်းတော်တော်ကောင်းပါတယ်..တအိတ်၃၅၀၀၀
    လစဉ်ဆီကအမေထွားပဲဆီ ၃ပိသာပေးပါတယ်..။
    နောက်ထပ်..ကြက်သွန်နီ..ငရုပ်သီးပဲ..ကအစတလကို၂၅၀၀ဝလောက်အပိုလည်းဝယ်ပေးပါသေးတယ်..။

    ဝန်ထမ်းတွေ ကအားလုံးလစာစကေးကလွဲရင်..ကျန်တာတူတူရပါတယ်…

    ဒါမှမဟုတ်သူဌေးကိုညှိကြည့်ပါလား..
    ဒါမှမဟုတ်…..ကျမတို ့သူဌေးကိုညှိပြီးအကုန်တောင်းခဲ ့တာလေ

    နိုင်ငံခြားသားမဟုတ်ပါဘူး..မြန်မာပါဘဲ

    အကြံပေးတာနော်

    ခုနောက်ပိုင်းကျမမိတ်ဆွေကုမ္ပဏီတော်တော်များများ…ဒီလိုပေးချင်ပေး.
    .မပေးရင်ထမင်းကြွေးပါ….။
    တချို ့ကုမ္ပဏီပိုင်ရှင်ဆို..ကျောင်းဆက်တက်တာတောင်ထောက်ပံ့ပါတယ်..

    • inz@ghi

      October 26, 2011 at 6:51 am

      အန်တီစည်
      အန်တီ ဘယ် ခန်ပနီ မှာ လုပ်ထှာလဲဟင်
      တား လည်း လာလုပ်ချင်ရို့ …

    • pan pan

      October 27, 2011 at 8:57 am

      ဒါချို မရွှေအိမ်စည်လုပ်တဲ့ ကုမ္ပဏီလာခဲ့မယ် 😛
      ကျမလုပ်တဲ့ဆီမှာ ဘောနပ်မချိဝူး
      ပိတ်ရက်ပဲများဒယ်
      ခုတော့ ကုမ္ပဏီပြောင်းဖို့တော့ရှိတယ်
      သူဌေးဆီမှာတော့ ညှိနှိုင်းတောင်းဆိုထားတယ်
      အိုကေ၊ မကေ မသိသေးဘူး
      မရွှေအိမ်စည်လို အိုကေမှာ ကိုဇေပဲဆိုရင်တော့ လုံးဝမသွားဒေါ့ဝူးးးးးးးးးးး

  • htoosan

    October 26, 2011 at 11:51 am

    ရွှေအိမ်စည် ရေ။ ရွှေအိမ်စည့် ဆီ အလုပ်လျှေက်ချင် သူတွေတန်းစီ တိုးမပေါက် ဖြစ်ကုန်တော့မယ်။
    ရွှေအိမ်စည်တို့ ကုမ္မဏီမှ လူများကို အလွန်ကံကောင်းသူများလို့ မှတ်ယူရမလို ၊ ရွှေအိ်မ်စည့် သူဌေးကိုလည်း လွန်စွာ ချီးကျူး ရမှာပါ။
    စိတ်ရင်းကောင်းရှိသူအပြင် ဝင်ငွေကောင်းရှိသူလည်းဖြစ်ရမှာပါ။
    ရှာမှ ရှားမယ်လို့လဲထင်ပါတယ်။ ဘယ်သူလည်းဆိုတာ တကယ်သိချင်ပါတယ်။ စံပြ နမူနာ အတုယူရအောင်ပါ။

Leave a Reply