ကာလင်း ၊ စီးရီးအေ နှင့် လာလီဂါ

မောင် ပေOctober 25, 20111min2059

မင်္ဂလာပါ ။

၂၅.၁၀.၂၀၁၁ အင်္ဂ ါနေ ့ည ဘောလုံးပွဲစဉ်များ အကြောင်းပါ ။

ပွဲစဉ်တွေ နဲ ့အချိန်တွေ ကတော့

၁၂:၃၀  ဂရာနာဒါ  –  ဘာစီ

၂:၃၀     ဆီဗီးလား  –  ရေစင်း

၁:၁၅     ဂျူဗင်တပ်  –  ဖီအိုရင်တီးနား

။         အဲဒါရှော့  –  မန်ယူ

။         အာဆင်နယ်  –  ဘော်တန်

။         ကာဒစ်  –  ဘန်လေ

။         ခရစ်တယ်ပဲလေ့  –  ဆောက်သင်ပတန်

အထက်ပါ ပွဲစဉ်များထဲမှ

“  ဂျူဗင်တပ်(၃)  –  ဖီအိုရင်တီးနား(၁၀)   ”

ဂျူဗင်တပ် အသင်းဟာ ပွဲစဉ်၂ခု ဆက်တိုက် သရေပဲ ရခဲ့လို ့အဆင့်၁ နေရာကနေ အဆင့်၃ ကို ဆင်းပေးလိုက်ရပါတယ် ။

ဖီအိုရင်တီးနား အသင်းကလဲ ၂ ပွဲဆက် သရေကျခဲ့ပြီး ဒီ၂သင်းလုံးရဲ  ့နောက်တန်းတွေဟာ ပြီးခဲ့တဲ့ စနေနေ ့မှာ ၂ ဂိုးဆီ ပြန်ပေးထားရတာကို တွေ ့ရပါတယ် ။

ဂျူဗင်တပ် အသင်းဟာ ဒီနှစ်စီးရီးအေ ချန်ပီယံဖြစ်ဖို ့အားစိုက်ကစားနေတဲ့ အသင်းဖြစ်ပြီး ဖီအိုရင်တီးနား အသင်းထက် ကစားသမားအင်အား ၊ စိတ်ဓါတ်ပိုသာပါတယ် ။

ဒီနှစ်သင်းတွေ ့ဆုံခဲ့တဲ့ နောက်ဆုံး ၆ ပွဲ ရလဒ်အရလဲ ဖီအိုရင်တီးနားအသင်းဟာဂျူဗင် ကို အမြင့်ဆုံး သရေပဲ ကန်နိုင်ခဲ့တာကို တွေ ့ရပါတယ် ။

ဈေးအနေအထားအရ ဂျူဗင်တပ် အသင်းဟာ တစ်ဂိုးသွင်းတာနဲ ့ခပ်ပါးပါးအမြတ်ရမှာပါ ။

သရေ တစ်ပေါက် ကြောက်ရသော်လည်း အဆင့်၁ နေရာအတွက် ပြန် နိုင်ပွဲကစားမယ့် ဂျူဗင်တပ် အသင်းကိုပဲ အားပေးပါမယ် ။

————-xxx————-

အာဆင်နယ်  –  ဘော်တန်  [ ကာလင်းဖလား ]

တနင်္ဂနွေနေ ့ပရီးမီးယားပွဲစဉ်မှာ အာဆင်နယ် အသင်းက အိမ်ကွင်းမှာ စတုတ်စီးတီးအသင်းကို ၃-၁ နဲ ့အနိုင်ယူထားပါတယ် ။

ဘော်တန် အသင်းကတော့ သူ ့အိမ်ကွင်းမှာ ဆန်းဒါးလန်း အသင်းကို ၂-ဝ နဲ ့ရှုံးနိမ့်ထားပါတယ် ။

အာဆင်နယ် အသင်းနဲ ့ဘော်တန် အသင်းတို ့ဟာ ၂၄/၉/၂၀၁၁ မှာ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် အာဆင်နယ်အိမ်ကွင်းမှာ ကန်ပြီးခဲ့ပါပြီ ။

ဘော်တန် အသင်းက ၃-ဝ နဲ ့ရှုံးနိမ့်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို ့မလွယ်မှန်း နည်းပြကိုယ်တိုင် ဝန်ခံထားပြီး ဖြစ်လို ့၊ ကာလင်းဖလား ကို ရအောင်ယူမယ့် အနေအထားရှိပါတယ် ။

လက်ရှိ ခြေစွမ်းအရ လဲ အာဆင်နယ် အနေ နဲ ့ဘော်တန်အသင်းကို ၂ ဂိုးအသာနဲ ့အနိုင်ယူနိုင်စွမ်း ရှိတာမို ့အာဆင်နယ် ကို ပဲ အားပေးပါမယ် ။

————-xxx————-

ဂရာနာဒါ(၁၈)  –  ဘာစီလိုနာ(၃)

ဂရာနာဒါ နောက်ဆုံးငါးပွဲကစားရာတွင် ၂ ပွဲသရေ ၊ ၃ ပွဲရှုံး ထားသည် ။

ဘာစီလိုနာ နောက်ဆုံးငါးပွဲကစားရာတွင် ၄ ပွဲနိုင် ၊ ၁ ပွဲသရေ ကျထားသည် ။

တန်းတက် ဂရာနာဒါအနေဖြင့် နိုင်ပွဲပြန်ရှာမည့်အချိန်တွင် အသင်းကြီးများနှင့် ဆက်တိုက်ကစားနေရသည်မှာ ကံဆိုးလှသည် ။

ယခု ဘာစီလိုနာ မှာလည်း အမှတ်ပေးဇယား ထိပ်သို ့ပြန်တက်ဖို ့အနိုင်ပြန်ရှာမည့် အသင်း ။

ဂိုးသွင်းများသူ စာရင်းတွင် လည်း မက်ဆီသည် ရိုနာဒို နှင့် ၁ဝ ဂိုးစီဖြင့် ထိပ်ဆုံးမှာ အပြိုင်အဆိုင်ဖြစ်နေကြသည် ။

ပြီးခဲ့သည့် ပွဲ သရေကျထားပြီး ၊ ယခုပွဲ တွင် ဂိုးသွင်းအများဆုံး ဆုအတွက အစွမ်းကုန်ကြိုးစားလာမည့် မက်ဆီ ကြောင့် ဘာစီလိုနာ ကို သာအားပေးပါမည် ။

————-xxx————-

————————– ဘောလုံးပွဲချစ်သူတိုင်း အောင်မြင်မှုများ သိမ်းပိုက်နိုင်ကြပါစေ ————————–

9 comments

  • ပေါက်ဖော်

    October 25, 2011 at 3:39 pm

    မောင်ဘောပေရေ..
    ဲမြန်မာအမျိုးသမီးပွဲလဲ ရှိတယ်ပြောတယ်
    သတင်းရရင် ပြောပါဦး…
    ဘယ်နိုင်ငံမှာ ကန်သလဲတော့ မသိဘူး
    မြန်မာပွဲတော့ စိတ်ဝင်စားဒယ်
    😯

    • Mg Ni Tut

      October 25, 2011 at 8:31 pm

      ဒီနေ ့၂၅.၁၀.၂၀၁၁ မြန်မာစံတော်ချိန် ညနေ ၆း၃ဝ မှာ မြန်မာမလေးတွေ ထိုင်းမလေးတွေ နဲ ့ ဖိုင်နယ်ပွဲအဖြစ် ကစားပြီး ဝ-၂ နဲ့ ရှူံးသွားပါတယ်တဲ့။
      ဒုတိယပဲရတာပေါ့။

    • windtalker

      October 25, 2011 at 8:34 pm

      ကိုပေါက်ဖော် ဆန္ဒ ကို မဖြည့်ဆည်း ပေးနိုင်ပါသဖြင့် ဝမ်းနည်းပါတယ်ခင်ဗျာ

      • Mg Ni Tut

        October 25, 2011 at 8:50 pm

        ၀-၂ ကနေ ၁-၂ ဖြစ်သွားပါတယ်တဲ့ခင်ဗျ။ အခုမှပွဲပြီးသွားတာပါ။ ဆောရီး
        ဒါနဲ့ ကိုပေါက်ဖော်ရဲ့ဆန္ဒကဘာများလဲဗျ။ 😀

        • windtalker

          October 25, 2011 at 8:52 pm

          ဟဲဟဲ
          ဖိုရမ်ကနေ PM ဆိုတာရှိသဗျ
          သူ ့ဆန္ဒကို သိချင်သပ ဆိုရင်
          အဲဒါကနေသာ မေးပေတော့ မိတ်ဆွေ

        • ပေါက်ဖော်

          October 25, 2011 at 8:53 pm

          အင်း..၁-၂ ဆိုတော့လဲ ဒုတိယပေါ့ဗျာ..
          ဥကွဲတာပဲ ကျေးဇူးတင်ရမယ်.
          ကျနော့်ဆန္ဒကတော့..ကိုယ့်အသင်းပဲကိုယ် အားပေး.နိုင်စေချင်တာပေါ့လို ့
          😳

  • Mg Ni Tut

    October 25, 2011 at 8:24 pm

    ဒီသုံးပွဲပဲ ကြိုက်လို့ သုံးပွဲပဲ ခန့်မှန်းတာလားဗျာ

    • windtalker

      October 25, 2011 at 8:31 pm

      ဟုတ်ပါတယ်Mg Ni Tut ခင်ဗျာ ။ ဒီနေ ့ပွဲစဉ်များထဲမှ
      ဂျူဗင်တပ် ၊ အာဆင်နယ် ၊ ဘာစီလိုနာ သုံးသင်းကို အကြိုက်တွေ ့မိပါတယ် ။
      မန်ယူအသင်းဆိုရင်လည်း ၂-ဝ တော့ အောက်ထစ်ဖြစ်နိုင်ဖွယ်ရှိတယ်လို ့ခန် ့မှန်းမိပါတယ် ။

      • Mg Ni Tut

        October 25, 2011 at 8:35 pm

        ဟုတ်ကဲ့ ခန့်မှန်းချက်တွေက ဖတ်လို့ကောင်းပါတယ်။ ကျေးဇူးပါ။

Leave a Reply