ဒီတစ်ခေါက် ရောက်ခဲ့တဲ့ ဝေဘူတောင်

Diamond KeyOctober 25, 20113min20713

ကျောက်ဆည် ဝေဘူတောင်က ဖြစ်သွားဖြတ်လာသာ ကျောက်ဆည်မြို့ကို ဖြတ်နေတုန်း ကားပေါ်၊ ရထားပေါ်က တွေ့တွေ့နေရပေမယ့် တောင်ပေါ်မရောက်ဖြစ်တာ ကြာပြီ။ ဝေဘူတောင်ကို ၁၉၉၈ ခုနှစ်ရှေ့ပိုင်းမှ နှစ်ခေါက်နဲ့ ၂၀၀၃ ခုနှစ် မှာ တစ်ခေါက် တက်ခဲ့ဖူးပါတယ်။
အရှေ့နှစ်ခေါက်တုန်းဆီကတော့ စောင်းတန်းလှေကားတွေ ဆီကနေ တောင်ပေါ်တက်ခဲ့တာပါ။ ၂၀၀၃ ခုနှစ်က ရောက်တုန်းကတော့ တောင်တက် ကားလမ်းကနေ ကားနဲ့ရောက်ခဲ့တာပါ။ မရောက်တာကြာတာနဲ့ အခွင့်ကြုံလို့ တစ်ခေါက်ပြန်တက်ဖြစ်ခဲ့ပါတယ်။
ဒီတစ်ခေါက် ရောက်တော့ တောင်ပေါ်တက်တဲ့ ကားလမ်းလေးကလည်း အရင်နဲ့မတူ တော်တော်ကို ကောင်းနေပါပြီ။ ၂၀၀၃ တက်တုန်းကဆိုရင် လမ်းကလည်းမတ်စောက်နေတော့ ကားတက်နေတုန်း လန့်နေရသေးတယ်။

တောင်ပေါ်တက်တဲ့ ကားလမ်းလေး

တောင်ပေါ်စတက်ရင် တွေ့ရတဲ့ လွမ်းမြေ့စေတီ
တောင်ပေါ်စတက်ရင် တွေ့ရတဲ့ လွမ်းမြေ့စေတီ

လွမ်းမြေ့စေတီက တောင်စောင်းလေးမှာ တည်ထားတာပါ။
တောင်ပေါ်စတက်ရင် တွေ့ရတဲ့ လွမ်းမြေ့စေတီ

လွမ်းမြေ့စေတီကနေကြည့်ရင် တွေ့ရတဲ့ မြို့ကျောက်ဆည်မြင်ကွင်း
လွမ်းမြေ့စေတီကနေကြည့်ရင် တွေ့ရတဲ့ မြို့ကျောက်ဆည်မြင်ကွင်း

ဒီတစ်ခေါက် တောင်ပေါ်ရောက်တော့ တောင်ပေါ်မှာ တွေ့ရတဲ့ သာသနိက အဆောက်အဦးတွေက အံ့မခန်း အထူး များပြားတိုးတက်နေတာ တွေ့ခဲ့ရပါတယ်။
တောင်ပေါ်က သာသနိက အဆောက်အဦးတွေ

ဝေဘူတောင်ပေါ်မှာ ဖူးတွေ့ရတဲ့ ရုပ်ပွားတော်ကြီး

တောင်ထိပ်က ဖူးတွေ့ရတဲ့ မြင်ကွင်းလေး
တောင်ထိပ်က ဖူးတွေ့ရတဲ့ မြင်ကွင်းလေး

တောင်ထိပ်က ဖူးတွေ့ရတဲ့ ရပ်တော်မူ ရုပ်ပွားတော်ကြီးတွေ (တောင်ပေါ်ကို အဝေးက ကြည့်ရင် ဒီရပ်တော်မူဘုရားကို ဖူးတွေ့ရပါတယ်)
တောင်ထိပ်က ဖူးတွေ့ရတဲ့ ရပ်တော်မူ ရုပ်ပွားတော်ကြီးတွေ

ရင်ပြင်တော်ပေါ်မှာတော့ အေးဆေးငြိမ်းချမ်းလှပါတယ်။ အဝေးရှုခင်းတွေကလည်းလှမလှပါပဲ။

ရင်ပြင်တော်က ထိုင်စရာ ခုံကလေးတွေ

ကျောက်ဆည် ဝေဘူတောင်ကို မရောက်ဖူးသူတွေ နဲ့ မရောက်တာကြာပြီ ဖြစ်တဲ့သူတွေ အတွက် အမှတ်တရပါ။

13 comments

  • windtalker

    October 25, 2011 at 2:36 pm

    ၆ ပုံမြောက် ရုပ်ပွားတော် ကို ကြည်ညိုစွာ ဖူးမျှော်ရပါတယ်
    ၁၉၉၈ လောက်က တစ်ခေါက်ပဲ ရောက်ခဲ့ဖူးတာဆိုတော့ ၊ ကိုစိန်သော့ ကောင်းမှု နဲ ့အများကြီး ပြောင်းလဲတိုးတက်မှု တွေ ရှိနေတာကို တွေ ့မြင်ရပါတယ် ။ ကျုပ် သွားခဲ့တုန်းက လမ်းက အရမ်းမတ်တယ် ။ နံပါတ် ၁ ပုံထဲက လမ်းလိုမျိုးလည်း မကောင်းသေးဘူး ဗျ ။ ကျေးကျေးပါ ကိုစိန်သော့

  • ဆူး

    October 25, 2011 at 2:59 pm

    အဲံဒီဘက်တွေက သိပ်မရောက်ဖူးလှဘူး။ ဝေဘူ ဆိုတာ ဝေဘူ ဆရာတော်ပဲ ကြားဖူးတာ ဘယ်နားမှာ ရှိမှန်းတောင် သေချာ မသိဘူး။ ကျေးဇူးတင်ပါတယ်။
    ထိုင်တော်မူ ဆင်းတုကြီးက ရွှေရောင်ဝင်းအိနေသလိုပဲ ရွှေအစစ်ချထားတာ ထင်တယ်နော် ။

  • nozomi

    October 25, 2011 at 3:01 pm

    မရောက်ဘူးသေးဘူးဗျ
    လွမ်းမြေ့စေတီ တည်ထားတာလေးက စိတ်ကူးကောင်းတယ်
    ကျောက်ဆည်ကတော့ အရှင်မွေးတော့ နေ့ချင်းကြီး ဆိုတာလို ကြည့်ရှုစောင့်ရှောက်မှုအောက်မှာ အံဩဘို့ကောင်းလောက်အောင် တိုးတက်သွားတယ် ကြားမိပါရဲ့

    ကျူရှင် မြန်မြန်စပါတော့

  • kocho

    October 25, 2011 at 3:04 pm

    တောင်ကတော်တော်မြင့်တယ်နော် မရောက်ဘူးဘူးဗျာ မြင်ရလို့ကျေးဇူးအထူးပါ

  • နွယ်ပင်

    October 25, 2011 at 3:34 pm

    ကျောက်ဆည်ကို ရောက်တုန်းက ဝေဘူတောင်ကိုလဲရောက်ဖြစ်ခဲ့တယ်
    ဒါပေမယ့် ဒီလောက်ကြိးလမ်းက မကောင်းသေးဘူး
    တောင်ပေါ်က လွမ်းမြေ့စေတီကိုလည်း ဝင်ဖူးမြှော်ဖြစ်တယ်
    နွယ်ပင်တို့ ရောက်တုန်းက ဝေဘူတောင်ပေါ်မှာ ဖူးတွေ့ရတဲ့
    ရုပ်ပွားတော်ကြီးတောင် ရွှေသင်္ကန်းမကပ်ရသေးဘူးပဲ
    ကျောက်ဆည်ကို မရောက်တာ တော်တော်ကြာနေပြီ ….

  • amatmin

    October 25, 2011 at 4:03 pm

    ကြားဖူးနေတာ တော့ ကြာပြီ..အခုမှ ပဲကြားဖူးနေတဲ့ ဝေဘူတောင်နဲ့ ဘုရားကို ဆက်စပ်ပြီး မြင်ရတော့တယ်..
    ဝေဘူဆရာတော်က ဦးဆောင်တည်ခဲ့တာပေါ့နော်..သို့မဟုုတ်.မြို့သားကြီးကောင်းမှုများလား…
    အပေါ်က မနွယ်ပင် စကားအရသမိုင်းလေး သိချင်လာလို့ မေးကြည့်တာပါ..
    အောက်ဆုံးပုံလေး က ပန်းချီကားလေးတချပ်လိုပဲဗျာ…
    ကိုစိန်သော့ကြီး ရေ မှတ်တမ်းအတွက် ကျေးဇူးပါဗျာ…

  • စုံ စုံ

    October 25, 2011 at 4:38 pm

    ဝေဘူတောင်ဆိုတာကြားဘဲကြားဖူးတာ
    မရောက်ဖူးဘူး အခုလိုတင်ပေးတဲ့သူရှိတာကျေးဇူးတင်ပါတယ်
    ကိုစိန်သော့ရေ အောက်ဆုံးကရေရင် ဒုတိယမြောက်ပုံကိုအရမ်းသဘောကျတယ်

  • blackchaw

    October 25, 2011 at 9:24 pm

    လှတယ်ဗျာ။ ခင်ဗျားကို အားကျတယ် ကိုစိန်သော့ရေ။

  • mandalarthu

    October 25, 2011 at 11:12 pm

    ကိုစိန်သော ့ေ၇
    ဝေဘူတောင်ကို တခါမှ မရောက်ဘူးလို ့ဘုရားရုပ်ပွားတော်တွေ ကို ဖူးတွေ ့ခွင် ့ရလို ့တကယ် ဝမ်းမြောက်မိပါတယ်။ကျေးဇူးပါနော်။
    ပုံ( ၂)နဲ ့(၃)ရိုက် ချက် က မတူဘူး။ တမျိုးစီ ဦးတည်ထားတဲ့ ရိုက်ချက်တွေမို ့သဘောကျတယ်။
    နောက်ဆုံး(၂)ပုံဲုကတော ့အပြတ် လန်းတယ်။ အကြိ ုက် ဆုံးဘဲ။ရသ အမျိုးမျိုးပေးလို ့ပါ။
    ပုံတွေကူးထားလိုက်တယ်။ကောင်းတဲ့နေရာလေးတွေ ရှိရင ်လဲနောက် မျှဝေပါဦးနော်။

    • Diamond Key

      October 26, 2011 at 4:53 pm

      ဒီလိုလေးတွေ ပြောပေးနေသူတွေ ရှိနေသရွှေ့တော့ အားရှိပေ့ါဗျာ။

  • inz@ghi

    October 26, 2011 at 6:44 am

    မသိဘူး မမြင်ဘူးတာတွေ မိတ်ဆက်ပေးတဲ့အတွက်
    ကျေးဇူးပါ ဆြာသော့စ်….

    ခင်တဲ့
    inz@ghi

    • Diamond Key

      October 26, 2011 at 4:56 pm

      ကျွန်တော်လည်း ဝါသနာတူခြင်း ဆိုတော့ ကိုဇာ့ပုံလေးတွေ ပို့စ်လေးတွေ အတွက် ကျေးဇူးတင်ပါတယ်။

  • athaylay

    October 26, 2011 at 1:07 pm

    ကျောက်ဆည်ကိုတော့ ကြားဖူးတယ်။
    ဝေဘူတောင်ကို မကြာဖူးဘူး။ အခုလို မြင်ရဖူး၊ ဖူးရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်။

Leave a Reply