ယောကျာ်းလေးများအနေဖြင့် မိန်းကလေးများကို ဆွဲဆောင်လွှမ်းမိုးရန်နည်းလမ်းမျ ား…

lu ta loneMay 20, 20101min23319

http://datingsavant.com/images/woman.jpg

၁- ချီးကြူးပါ၊(မြှောက်သင့်လျှင်မြှောက် 😀 )။

၂- ကြင်နာစွာနမ်းပါ။(အဝေးရောက်ေ

နရင်တောင် ယင်ကောင်အနမ်း(flykiss) ပေးပါ)။
၃- ဂရုစိုက်ပေးပါ။( ကျီးထိုးထိုး၊ ခွေးစားစား ပစ်မထားပါနဲ့)။
၄- ပျော်အောင်ထားပါ။( ဟာသာများများဖတ်၍ ရယ်စရာပြောပါ။ မရယ်လျှင် ကလိထိုး၍ရယ်ခိုင်းပါ)။
၅- သူမ အပေါ်အလေးအနက်ထားပါ၊( ဟန်ဆောင်ပန်ဆောင်လေးပေါ့)။
၆- သူမ အတွက် $ များများသုံးပါ၊( အိမ်မှာ ရေသောက်ဗိုက်မှောက်နေပြီး စုဆောင်းထားသမျှ ဖွန်ကြောင်ခြင်းတွင်သုံးပါ)။
၇- သူမ ကြိုက်တတ်သည့်အစားအစာများကို ကျွေးပါ( စားသောက်ဆိုင်မသွားခင် မိမိတွင် $ မလုံလောက်ဟုထင်ပါက သူငယ်ချင်းထံမှ လည်ပင်းညှစ်ခဲ့ပါ၊ မိန်းကလေးများ အစားကြီးသော်ကြောင့်ဖြစ်ဧ။်)။
၈- သူမ အတွက် အမြဲအဆင်သင့်ရှိနေပါစေ၊( ထမင်းဆာတယ်ဆိုလျှင် ခူးပြီးပါပြီ ဖြစ်နေရမည်)။
၉- သူမ စကားကို နားထောင်ပါ၊( ပေါက်သင်ညိုကို အတုယူ၍ အမြဲခေါင်းညိမ့်ပါ၊ ကွယ်ရာတွင် လုပ်ချင်ရာလုပ်ပေါ့)။
၁၀-သူမ ပြောသမျှကို အမြဲထောက်ခံပါ( အခြားသူများက သူမအား ငပေါဟု မြင်လာ၍ သူမအားထောက်ခံသောသင့်အား တပည် ့မွေး ပါလိမ့် မယ်)။
၁၁-သူမ အတွက်ဆိုလျှင် ကမာ္ဘအဆုံးထိသွားပါမည်။ ကောင်းကင်ကို ဒူးနဲ့ တိုက်ပါမည်၊ မိုးကြိုးပစ်လျှင် မိုးကြိုးကို ဒိုင်ဗင်ပစ်ဖမ်းပေးမည်ဟု ကြွေးကျော်ပါ။( တကယ်လုပ်လို့ရတာမှ မဟုတ်ပဲ ၊ တွေးမကြောက်ပါနှင့်)။
ဤကား မိန်းမတို့အား ဆွဲဆောင်နည်းတည်း။
ဟုတ်မဟုတ်တော့ မသိ…သိချင်လျှင်စမ်းကြည့်ကြပါ………

19 comments

  • kopauk mandalay

    May 20, 2010 at 9:54 am

    ခုခေတ်တော်တော်များများ အဲဒါတွေမလိုလောက်ပါဘူး။
    ငွေသာ အဓိကဖြစ်နေကြတာကိုး။
    တကယ်မိ်န်းမကောင်းကို ရဘို.ဆိုရင်လဲ အပေါ်က အချက်တွေနဲ.ဆွဲဆောင်ဘို.မလိုပါဘူး
    နှစ်ယောက်စလုံးရိုးသားတယ်ဆိုရင် အပိုတွေမလိုဘူး။
    ပွဲပြီးဘဲ။

  • lu ta lone

    May 20, 2010 at 10:13 am

    ဟား ဟား ကိုပေါက်က ဒဲ့ ပဲဗျာ…
    ငွေမှန်းတော့ သိတာပေါ့ဗျာ့…
    နည်းနည်း ဝေဝေဆာဆာနဲ့ လိုအပ်တာလေးတွေ ထပ်ဖြည့်တဲ့ သဘောပါ…
    Money Make Everything လေ…
    ဒါပေမဲ့ တကယ်ချစ်တတ်တဲ့ ကောင်မလေးတချို့ကိုတော့ ဝါးလုံးရှည်နဲ့ မရမ်းပါရစေနဲ့…
    တော်တော် ကောက်တော်မူနေဦးမယ်…

  • intro

    May 20, 2010 at 11:28 am

    အော်… တကယ်လိုလိုနဲ့ အတည်နောက်သွားတာကိုး… ဟိဟိ

  • banban

    May 21, 2010 at 2:42 am

    ဟိဟိ… အဲ့လို တစ်ကယ်ကြီးလုပ်ရမှာလားဂျ….

  • Ka Yae

    May 21, 2010 at 4:12 am

    မင်း တုန်း မင်း ခေတ် က method တွေကို ခု မှ သိတာလား end-date တွေ လာ မပြော နဲ့ hard-disk လေး က unknown နဲ့ error ပဲ ပြ မှာ

  • nyi

    May 21, 2010 at 5:22 am

    ရေးထားတဲ အချက် ၁၁ ချက် လုံးက မိန်းမတွေးဘက်က အသားကြီးပဲ။။
    ဒါမျိုးတာမိန်းမတွေး ဖက်လိုက်ရလိုကတော့ တပာီးပာီးနဲရီနေ ကြမှာ။။
    ယူပြီရင်လဲတသက်လုံး လုပ်ကျွေးရဦးမယ်။
    သမီးရည်းစား ဘဝမှာလည်းအရှုုံးပေးရဦးမယ်။
    မတန်လိုက်တာ..။
    မိန်းမမယူတော့ဘူး။
    မိဘ လုပ်ကျွေးပြုစုရင်တောင် ကုသိုလ်ရဦးမယ်။။
    မိန်မလုပ်ကျွေးတာ် အကုသိုလ်ပဲရ လိမ်မယ်။။

    • panchitthu

      August 17, 2010 at 10:15 am

      ဘုရားဟောတရားရှိပါတယ်.. အယူသီးရင် … ဘယ်ရောက်တတ်သလဲဆိုတာ ကိုတော့သိမှာပေါ့….. မိန်းမလုပ်ကျွေးလို့ အကုသိုလ်ပဲရမယ်ဆိုတော့ အဲ့ဒီ့မိန်းမတွေနဲ့ ရောကင်းအောင်နေနိုင်လို့လား… ???????????????

  • zamte

    May 21, 2010 at 6:34 am

    နည်းလမ်းတွေကတော့ ရှယ်ပဲဗျာ။ တကယ်လိုက် မလုပ်နိုင်တာဘဲ ခက်နေတာ။

  • khinmintatthu

    May 21, 2010 at 8:28 pm

    zamte ရ လုပ်ကြည့်ပေါ့… မဖြစ်နိုင်တာ ဘာမှမရှိပါဘူးဗျ….ခက်တာလေးကမှ ပိုကောင်းတာ….ဟဲ…ဟဲ

  • thantzinhtut

    May 24, 2010 at 4:05 am

    နားရွက်ကို အကိုက်ခံချင်တယ် 😀

  • nanu

    May 31, 2010 at 6:16 am

    hahaha… i like it , actually i m going to do this to someone .. lolz.

  • soemoe

    June 5, 2010 at 2:45 am

    မိန်းမတစ်ယောက်ရဖို့….ခုခောတ်မှာ အင်မတန်လွယ်ပါတယ် အဓိက ငဝိုင်း ရှိဖို့သာ
    ဒါပေမဲ့ အချစ်စစ် အချစ်မှန် ရဖို့ကတော့ဒီခောတ်ထဲမှာ အတော်ကို ခက်ခဲ သွားပြီနော်

    • panchitthu

      August 17, 2010 at 10:16 am

      အဲ့ဒါတော့ဟုတ်ပါတယ်.. မိန်းကလေးတွေ ငဝိုင်းရှိဖို့သာလိုတာမဟုတ်ပါဘူး .. ယောကျာင်္းလေးတွေလည်း မိဝိုင်း မက်တဲ့သူတွေ တစ်ပုံကြီးပါပဲ…. အချစ်စစ်ကိုတန်ဖိုးထားတဲ့သူ လည်းရှားပါးနေပါပီ… အခုခေတ်မှာအချစ်ထက် ကိုယ်နဲ့အဆင်ပြေမဲ့သူ ကိုယ့်အပေါ်နားလည်ပေးနိုင်မဲ့သူမျိုးကိုရတာ အကောင်းဆုံးပါပဲ…

  • nga pay

    June 6, 2010 at 3:32 pm

    nyi ရေ မိန်းမမယူတော့ဘူးဆိုတော့ အဲလိုလုပ်ကျွေးနိုင်မယ် ယောက်ျားတွေ ကိုများစဉ်းစားနေသလားကွယ်…
    မိဘကိုလုပ်ကျွေးမယ် ဆိုတာကိုတော့ မြတ်နိုးစွာ နဲ့ လေးစားမိပါတယ်.. …. ယောကျာ်း အချင်းချင်းတော့ စိတ်မဝင်စားလိုက်ပါနဲ့ကွာ ..

  • mcblue

    June 7, 2010 at 5:37 am

    ဒီလိုပါပဲ ခုခေတ်ကြီးက ကိုပေါက်ပြောသလိုပဲ ငွေသာအဓိက ဖြစ်နေပါပြီဗျ..။ရာထူးဆိုတာတောင်ထည့်မတွက်ကြတော့ဘူး “သွားပါပါမပါပါ ကားပါရင်ပြီးရော“ ဆိုတဲ့
    သူငယ်မတွေကော ယောက္ခမတွေကော ပုံလို ့..။ရိုးသားမှုတွေဘာတွေ မကြည့် ချင်ကြတော့ဘူး ချမ်းချမ်းသာသာ နဲ ့နေရရင်ကို ကျေနပ်နေတာလေ….။ဒီတော့အချစ်ဆိုတဲ ့
    အရာကြီးကလည်း သိပ်မထင်ရှားတော့ဘူးပေါ့ …။အချစ်အကြောင်းတလေးတနက် ပြောနေတဲ ့လူတွေဆိုရင် ငယ်သေးလို ့စိတ်ကစားတာလို ့ပဲ သူတို ့ကထင်ကုန်ရော….။
    ဒီတော့ အသည်းကွဲတာတွေ ကော မလို လား အပ် တဲ ့ပြစ်မှုတွေ တန်းစီပြီ း ဖြစ်လာတာပေါ့
    ..

  • Phyo Myint Kyaw

    June 14, 2010 at 10:25 am

    ဟုတ်ပနော်… ခုခေတ်က တကယ့်ကို ရေကအဓိက ဖြစ်နေပြီ…
    “မေတ္တာတွေ သစ္စာတွေဆိုတာ ဘာကိုပြောတာလဲဟင်”လို့တောင် မေးယူရမလို ဖြစ်နေပြီ…. ဟူး…
    ရုပ်ချောရေလျှံလို့ကတော့ ဘဝကြီးက လှပလို့………

  • khaizin

    August 28, 2010 at 5:11 pm

    တစ်ယောက်နဲ့တစ်ယောက်တကယ်သာချစ်ခဲ့မယ်ဆိုရင်……..
    ဟန်ဆောင်မှုတွေဆိုတာအလိုလိုပျောက်ကွယ်မှာပဲလေ….

  • thethtet87

    September 28, 2010 at 1:08 pm

    စမ်းကြည့်တာပေါ့။အရှုံးတော့မရှိနိုင်ပါဘူး။နည်းနည်း
    လောက်တော့ရင်းနှီးရမယ်လေ။ကျေးဇူးတင်ပါတယ်။

  • pu ma

    February 11, 2012 at 9:36 pm

    ယောက်ျားလေးတွေကပိုပြီးချိန်ခွင်ချိန်တတ်တယ်
    မပြောမရှိနော်၊ မျက်စိရှေ့မှာတင်မြင်ဘူးတယ်
    အစစသာသူကိုသာရွေးတဲ့ခေတ်ဖြစ်နေပြီ

Leave a Reply