Las Vegas မှ ပြန်ခဲ့သည်..

kaiOctober 25, 20114min32630

ဆရာကြီးမောင်သာရ အသက်၈ဝပြည့်မွေးနေ့သွားရင်း ဗေးဂတ်စ်ကိုရောက်ဖြစ်ပါတယ်။
အဲဒါနဲ့.. ခရီးသွားဒ့ါပုံလေးတွေ တင်လိုက်ရောဆိုပါစို့..။ 😆
မွေးနေ့ပွဲက မနက်၁ဝနာရီကနေ နေ့လည် ၂နာရီအထိ ထိုင်းလာအိုမြန်မာဘုန်းကြီးကျောင်းမှာ လုပ်တာပါ..။
အဲဒီဘုန်းကြီးကျောင်းက ဗေးဂတ်စ် မြို့လယ်နဲ့ နဲနဲလှမ်းပါတယ်..။
အယ်အေက မနက် ၈နာရီခွဲထွက်..တောက်လျှောက်မောင်းသွားတာ.. ဟိုရောက်တော့ နေ့လယ် ၁နာရီခွဲလောက်ရှိနေပြီ..။
လူလည်းတော်တော်ပါးနေပါပြီ..။အလာပ ဘာညာကွိကွ စကားပြောရင်း.. ရွာထဲက ဆရာကြီးအတွက်.. မွေးနေ့ဆုတောင်း စုစုပေါင်း၄၉ခုကို ပရင့်ထုတ်ထားတာ ပေးလိုက်ပါတယ်..

ဆရာကြီးက .. မြေးမလေးပြောထားပုံရတာမို့.. ကြိုသိနေပြီး.. ရေးပေးတဲ့သူတွေကို ကျေးဇူးတင်ကြောင်းပြောရင်း.. အေးအေးဆေးဆေးအချိန်ယူဖတ်မယ် ပြောလေရဲ့.။
ခုတလော အာအက်ဖ်အေမှာ အပါတ်စဉ်အသံလွှင့်နေတာမို့ သိပ်မအားပါဘူးတဲ့လေ..။ မော်တာတပ်ထားတဲ့..ဝှီးချဲကလေးနဲ့.. အေးအေးဆေးဆေး ကျမ်းကျမ်းမာမာပါပဲ..။
မှတ်ညဏ်လည်း.. တော်တော်ကောင်းသေးတာတွေ့ရပါတယ်.။ သတိလုံးဝမလွတ်ပါဘူးနော..။
ဆိုတော့..
မန္တလေးဂေဇက်အတွက်တော့.. စာမူမရလာသေးပါဘူး..။ 🙁

ဘတ်ဖလိုးပြည်နယ်နေတဲ့.. သားတယောက်က.. ဆိတ်၂ကောင်သတ်ခိုင်းပြီး ရေခဲရိုက်.. လေယာဉ်နဲ့ယူလာတာကို.. ချက်ကြွေးတာပါ။ အဲဒါက အဓိကဖြစ်ပြီး.. ကျန်တာတွေလည်း အစုံပါပဲ..။
ပုန်းရည်ကြီးနဲ့ ဝက်သားဟင်းတောင်ပါသေး…။
ဆိတ်သားလတ်လတ်ဆတ်ဆတ်နဲ့.. ထမင်းစားပြိး ဟိုတယ်သွား ခဏနားပါတယ်..။
ပြီးတော့.. ည ရနာရီလောက်ထပြီး Vegas strip တလျှောက်လမ်းလျှောက်ရင်း ဓါတ်ပုံရိုက်ပါတယ်..။
မနက် ၃နာရီလောက်ဟော်တယ်ပြန်ရောက်တာပေါ့..။ ညမအိပ်တဲ့ မြို့ပါပဲ.. စည်ကားနေတုံးပါ..။
ပလပ်တွေမှာ တိုးဝှေ့စားသောက် ပျော်ပါးနေကြတာပါပဲ..။
တည်းတဲ့..ဟိုတယ်ကို ၂ပါတ်ကြို ဘွတ်လုပ်ထားတာမို့..တည ဒေါ်လာ ၈ဝကျော်နဲ့ ရထားတာပါ။ ပုံမှန် ဒီအတိုင်းဝင်တည်းရင် ၁၅၀-၂၀ဝလောက်တော့ အသာလေးပေါ့..။

မနက်.. ၁၁နာရီ ချက်အောက်လုပ်.. တရုတ်တန်းသွားထမင်းစားပြီး.. အယ်လ်အေမောင်းပြန်လာပါတယ်..
တနာရီ ၈၀-၉ဝမိုင် လောက်နဲ့ တောက်လျှောက်ချလာတာ.. ညနေ ၅နာရီလောက် ပြန်ရောက်ပါကြောင်း.. ရွာသားအပေါင်းအား သတင်းပေးမျှဝေပါတယ်ခင်ဗျား…။ 😆

ဆရာကြီး မောင်သာရ အသက်၈ဝ မွေးနေ့ ပွဲလုပ်တဲ့ ဘုန်းကြီးကျောင်းမှာ ရိုက်ထားတာပါ။


ကာစီနိုအတွင်းက စားသောက်ဆိုင်


Cosmopolitan အတွင်းက နိုက်ကလပ်၊ဒေးကလပ် ( လူတွေအရမ်းများများကို တန်းစီနေတာတွေ့ရတယ်)


Laxor ကာစီနိုနဲ့..မန္တလေးဘေး မြေအောက်လမ်းအကူးက.. ကြော်ငြာတွေ


MGM နဲ့..မြို့လည်လမ်း


ဖက်ရှင်ရှိုးတွေလုပ်တဲ့. တိုက်ရှေ့


ကာစီနိုကစားနေကြတာ


ကာစီနိုကစားတဲ့သူတွေကို ဖျော်ဖြေနေတဲ့ မိန်းကလေးတွေ (အရင်က ဒါမျိုးတွေမတွေ့မိဘူး)


ကားတွေက ကြော်ငြာတွေတပ်ပြီလိုက်မောင်းနေတာမှာ ဒီလိုကြော်ငြာမျိုးတွေ တော်တော်များများ တွေ့ရတယ်


မနက်ရောက်တော့ las vegas blvd ပေါ်မှာကားမောင်နေရင်းလှမ်းရိုက်ထားတာ


China Town မပါမပြီးမို့ သွားရိုက်ထားတာပါ


တရုတ်တန်းက ဘုတ်မှာကပ်ထားတဲ့ ကြော်ငြာ..ဘာဘာညာညာတွေ


လပ်စ်ဗေးဂတ်ကနေ အယ်လ်အေ အပြန်လမ်း.. မိုင် ၂၈ဝကျော်ဝေးတယ်..။

30 comments

  • nozomi

    October 25, 2011 at 4:05 pm

    ကာစီနိုကစားတဲ့သူတွေကို ဖျော်ဖြေနေတဲ့ မိန်းကလေးတွေ (အရင်က ဒါမျိုးတွေမတွေ့မိဘူး) ဆိုတာမှာ ဆော့နေတဲ့သူကတော့ ကောင်မလေးလဲ စိတ်ဝင်စားမှာ မဟုတ်ပါဘူး စိတ်ဝင်စားလိုက်ရင်လဲ ဒီဘက်မှာ ရှုံးမှာပဲ

    သူကြီးရော ဆော့ခဲ့သေးလား ဘယ်လောက်နိုင်လဲ ရွာသားတွေကို ပွိုင့်တိုးပေးတော့မလား

    ပုံလေးတွေက မမြင်ဘူးတော့ ဗဟုသုတ ရတယ် ၊ ပုံတွေရဲ့နောက်ကွယ်က အကြောင်းလေးတွေ ကို ပို စိတ်ဝင်စားတယ်

    ဆရာမောင်သာရ အကြောင်းလုပ်ပါဦး

  • alinsett

    October 25, 2011 at 4:05 pm

    အိုး….ကိုယ်လည်း အဲဒီကို သိပ်ရောက်ချင်တာပဲ…

    မြို့ကြီးက အံ့မခန်းပဲ..။ ပြိးတော့ ဆရာကြိး မောင်သာရ ရှိနေတဲ ့မြို ့…။

    ကိုယ် တစ်နေ့တော့ ရောက်အောင် သွားပါဦးမယ်

  • Koyin Sithu

    October 25, 2011 at 4:10 pm

    အဘခိုင်ရေ…
    Las Vegas ရောက် ဓါတ်ပုံတွေ တင်ပေးလို့ ကျေးဇူးဗျို့…
    ဒါနဲ့ အဘဆရာကြီးမောင်သာရကော တွေ့ခဲ့ရတာ ကျန်းခံ့သာလို့ မာပါရဲ့လားဗျ..။
    ကာစီနိုဝိုင်းတွေမှာ တစ်ခါလောက်တော့ ဆော့ဖူးချင်တယ်…။
    ခုတော့ ဂိမ်းထဲက Las Vegas မှာ ပိုကာဒေါင်းနေရတယ်… 🙂
    Chip တော်တော်များများပိုင်နေပြီ..
    အပြန်လမ်းလေးက မြန်မာပြည်က လမ်းလေးတွေကျနေတာပဲ
    ဖြူးနေတာပဲ…။
    ဆရာဂျော်နီတို့အတွက်တော့ Gay Club ပုံတွေကော ရိုက်ခဲ့ပေးဖူးလား..

  • Moe Z

    October 25, 2011 at 4:16 pm

    ကစားဝိုင်းတွေနဲ့ကောင်မလေးတွေမဟုတ်တဲ့ ရှုခင်းပုံတွေရှိရင်တင်ပေးဦးလေ သဂျီးရယ်
    အများကြီးရိုက်လာတယ်လည်းဆိုသေး 🙂

  • Shwe Ei

    October 25, 2011 at 4:19 pm

    သဂျီးကိုအားကျလိုက်တာဗျာ။

  • ပေါက်ဖော်

    October 25, 2011 at 4:23 pm

    ဆရာကြီးပုံကြည့်ရတာ..ကျန်းမာနေပုံပါပဲ..ကောင်းပါတယ်..
    အင်း.
    မောင်ပေရေ
    ကျောက်အောင်ရင်..ကာစီနိုသွားငမ်း…အဲ..အဲ..သွားဆော့ကြရအောင်….
    😆

    • “ဘီလူးကြီး”ogre

      October 25, 2011 at 5:59 pm

      ကျမ်းကျမ်းမာမာ တွေရတာပဲဗျ
      ဆရာကြီး ဆီသွားရင်း
      လက်ဗေးဂတ်စ် ကိုဝင်ကြတာပေါ့
      ပေါက်ဖော် ငါလဲလိုက်မှာနော်..။။။

  • နွယ်ပင်

    October 25, 2011 at 4:35 pm

    ဆရာကြီးကို အခုလိုကျန်းကျန်းမာမာ တွေ့ရတာ ဝမ်းသာစရာပဲ
    သဂျီးရေ ပုံတွေက အများကြိး ရိုက်လာတာဆို များများတင်ပေးလေ …. 🙂

  • thit min

    October 25, 2011 at 5:03 pm

    သမတ ဟော်တယ်ပေါ်မှာအများအားဖြင့်နေလေ့ရှိခဲ့တဲ့ဆရာကြီးကို ကံအရခုလိုနေရာမှာတွေ့ရတာမဆန်းဘူးလို့ဘဲပြော
    ရမယ်ထင်ပါရဲ့။ ဘာဘဲဖြစ်ဖြစ်ကျန်းကျန်းမာမာနဲ့တွေ့ရပြီး၊သင့်တင့်တဲ့အနေအထားမို့(ခုနှယ်ခါမှာ)ဝမ်းသာစရာပါ။
    မြေးတွေသားတွေနဲ့ ထိတွေ့နေခွင့်ရှိတာကလဲ စိုပြေတဲ့သဘောဆောင်တာပေါ့နော်။
    လူ့ဘဝခရီးရှည်ကြီးမှာ ကပ်လိုက်ရတဲ့ သောင်၊ကမ်း ဟာ ရေလဲကြည်မယ်၊မြက်လဲစိမ်းစိုအလှပိုမယ်ဆိုတာမျိုးကို ရရန်မသေချာ
    တဲ့”မြန်မာပြည်သားဟေ့၊မြန်မာပြည်သား” တွေအနက်က ဆရာကြီးလိုလူမျိုးကိုတော့မြင့်မြင့်မားမားတင့်တင့်တယ်ရှိစေချင်ပါတယ်။
    ခေါင်းစဉ်လေးတွေနဲ့ခေတ်ကိုသရော်တတ်တဲ့ ဆရာကြီးလိုလူမျိုးကလဲ ၂ ယောက်မရှိဘူးမဟုတ်လား။
    အဖြစ်ပုံသနစ်စုံ ကိုနားထောင်တော့မှ သူဟိုတုံးကထိန်းခဲ့(ရ)တာတွေ ပိုသိသွားရတယ်။
    ဆရာကြီးကိုမြင်လိုက်ရလို့စိတ်ထဲပေါ်လာတာတွေရေးလိုက်မိတာပါ။အမှန်ကကျနော်ဒီရက်ပိုင်းအရမ်းအလုပ်ရှုပ်နေတာပါ။
    နောက်ထပ် ထပ်တင်ပေးစရာတွေရှိအုန်းမယ်လို့မျှော်လင့်ပါတယ်။စောင့်မျှော်ဖတ်ပါ့မယ်။

    ကျေးဇူးတင်ပါသည်သူကြီးဦးခိုင်ခင်ဗျား။
    ရွှင်လန်းပါစေဗျာ။

  • Diamond Key

    October 25, 2011 at 5:04 pm

    များများပြော၊ များများပြ ပါသဂျီးရာ၊ သိချင်ကြည့်ချင်သေးတယ်။

  • ဆူး

    October 25, 2011 at 5:26 pm

    ကာစီနိုကစားတဲ့သူတွေကို ဖျော်ဖြေနေတဲ့ မိန်းကလေးတွေ (အရင်က ဒါမျိုးတွေမတွေ့မိဘူး)
    မျက်စိပဲ မလျင်လို့လား မသိဘူး သေချာ မမြင်ဘူးဖြစ်နေတယ်။
    မကာအို ကာစီနိုတွေမှာတော့ ကောင်မလေးတွေက စားပွဲထိုးလုပ်ပြီး စားချင် သောက်ချင်တာ မှာသမျှ ထိုင်ရာ မထ ကစားနိုင်အောင် ကူညီပေးကြတယ်။ အဲလိုမျိုး လုပ်ပေးတဲ့ ကောင်မလေးတွေလား။

    • nozomi

      October 25, 2011 at 5:42 pm

      ဆိုင်းဘုတ် နောက်မှာလေ ဆူးမမ ရဲ့ တိုင်း ၅ ချောင်းထဲ ကနေတာ နှစ်ယောက် လားလို့

      သူကြီးပို့စ်ကလဲ ပထမ တစ်ခါကြည့်တော့ ဆရာမောင်သာရပုံ မပါ နောက်တစ်ခါကြည့်တော့ ပါ နောက်တစ်ခါ ထပ်ကြည့်ရင် ဘာတွေ ထပ်တိုးနေဦးမယ် မသိ

      • ဆူး

        October 25, 2011 at 5:46 pm

        ဟိဟိ တွေ့ပြီ.. သံတိုင် လှောင်အိမ်ကြားထဲမှာ ရောက်နေတာ ကိုး…
        မျက်စိ ရှမ်းတာ ဆရာကြီးရေ.. စိတ်ထဲမှာ ကုတ်အကျီနဲ့ ကောင်မလေးတွေများလားလို့ လိုက်ရှာသေးတယ်။ အခုမှ သေချာ ထပ်ရှာလိုက်မှ မြင်တယ် သူတို့က အမြင့်မှာ တပ်ရပ်နေကြတာကိုးးးးးး

  • kocho

    October 25, 2011 at 6:04 pm

    ဆရာခိုင်အားကျေးဇူး အထူးတင်ပါ၏ us ကကာစီနိုထက် ဂျပန်ကပါချင်ကို ကိုပိုရွေ။နှစ်သက်ပါကြောင်း 😀

  • hmee

    October 25, 2011 at 6:20 pm

    သဂျီးတစ်ယောက် သဂျီးကတော် မသိအောင် ကာစီနိုသွားတာ ပေါ်ပြီ။ 🙂

  • MaMa

    October 25, 2011 at 6:50 pm

    MGM ဆိုတဲ့ ကာစီနိုဝိုင်းနာမည်တွေ့တော့ မကာအိုက ကာစီနိုင်ဝိုင်းနာမည်ကလည်း MGM ပဲ။ တူတူပဲလားတော့ မသိဘူး။
    လပ်စ်ဗေးဂတ်နဲ့ အယ်လ်အေကို မိုင်၂၈ဝ ဝေးတယ်ဆိုတော့ အကွာအဝေးက ရန်ကုန်နဲ့ မန္တလေးလောက်ပဲ ရှိတယ်။ အခုလည်း နေပြည်တော်လမ်းက သွားရင် ရန်ကုန်ကနေ မန္တလေးကို ၆နာရီခွဲလောက်ပဲ ကြာတယ်ပြောတယ်။ ဒါဆို တို့တစ်တွေလည်း ယူအက်စ် စံချိန်မီနေပြီလို့ ပြောနိုင်တာပေ့ါ။ :laugh:

  • padonmar

    October 25, 2011 at 7:40 pm

    ဆရာကြီးက ရုပ်သိပ်မပြောင်းသွားဘူး၊သတိမလွတ်ဘူးဆိုလို့ ဝမ်းသာပါတယ်။
    သဂျီးက မန္တလေး ဆိုင်းဘုတ်လည်း ရိုက်မပြဘူး။
    တစ်ခါက ဘုရားပုံကို မိန်းမပုံအောက် ချိတ်လို့လားမသိ ဝိုင်းပြီးကန့်ကွက်စာ ပို့ကြရတာလည်း Vegas က ဆိုင်တစ်ဆိုင်လို့ ထင်ပါတယ်။

  • captainamerica

    October 25, 2011 at 8:04 pm

    နာမည်သာအမေရိကသာပါတာ တစ်ခါမှလည်းမရောက်ဖူးပါဝူး 😀
    မသေခင်တော့အမေရိကန်မြေကိုတစ်ခေါက်လောက်တော့ရောက်ဖူး
    ချင်ပါရဲ့။

  • windtalker

    October 25, 2011 at 8:14 pm

    ဆရာ မောင်သာရအား ကျန်းကျန်းမာမာ တွေ ့မြင်ရပါသဖြင့် ဝမ်းမြောက်ရပါတယ် ဗျို ့။
    ဒါနဲ ့ဆရာ့ ညာဘက် စားပွဲခုံပေါ်က သံဗူးလေး က ဘာဗူးလေးလဲဗျ ။
    နောက်ပြီး သဂျီးက ပို ့စ်ကို သည်လို ပိတ်ထားတာကို လဲ သတိထားမိတယ် ဗျ ။
    “ရွာသားအပေါင်းအား သတင်းပေးမျှဝေပါတယ်ခင်ဗျား…။ ”
    ဆိုတော့က ရွာသူတွေ အတွက် မပါဘူးပေါ့လေ 🙂
    သည်ပို ့စ်ထဲမှာ ကိုပေါက်ဖော် ၊ ကိုဘဲလူး တို ့အတွက် အထူးမှတ်စရာ နံပါတ်တစ်ခု ကတော့
    “ 002-696-9696 ” ပါဘဲ ဗျို ့
    အကြောင်းထူးလို ့အခြေအနေထူး လို ့ကျုပ်တို ့သုံးယောက် လက်စ်ဗီးဂတ် ကို သွားဖြစ်ခဲ့ရင်
    အဲဒီနံပါတ်က အထူးအသုံးဝင်မှာ ဖြစ်တဲ့အကြောင်း ကွန်မင့်လိုက်ပါသည် ခင်ဗျာ ။

    • ပေါက်ဖော်

      October 25, 2011 at 8:27 pm

      အင်း..
      အနုပညာမျက်စိရှိသူတွေတော့ ခုမှ စုမိကြတာထင်ပါ့ 😯
      😆

      • windtalker

        October 25, 2011 at 8:48 pm

        အလဲ့..လာလာချည်သေး ၊ သူရို ့အတွက်လဲ ဒီက လုပ်ပေးနေတဲ့ဟာ..လူဆိုးသွား ၊ ငါ နဲ ့ကိုဘဲလူး ပဲ သွားမယ် ၊ ခေါ်ဝူး ၊ တစ်ယောက်ထဲသာ ပလိုင်ကင်းပြီး ရှေ ့ထိုးနောက်ဆုတ် လုပ်နေခဲ့ ၊ ဟွန်း

  • Don Juan Ronald

    October 25, 2011 at 8:57 pm

    Communist များ၏ slogan နဲ့
    တဂျီး~~ သက်တော်ရာကျော်ရှည်ပါစေ~~

  • blackchaw

    October 25, 2011 at 9:17 pm

    သူကြီး ပွဲ အကြောင်းရေးပါဦးဗျ။
    အဲဒါလေး ဖတ်ချင်နေတာ။ ဘယ်သူတွေလာတက်လဲ ဘာညာသာရကာ။
    အင်ကြင်းခိုင်လေးကော တွေ့ခဲ့ရသေးလားဗျ။ ဟင် သူကြီး ဟင်ဟင်။

    • amatmin

      October 25, 2011 at 10:12 pm

      ကိုဘလက်ကြီး ကမေးတတ်လိုက်တာဗျာ..ဟုတ်တယ် သူကြီးရေ.
      ပုံတွေကြည့်ရတာ.. တခုခု လိုတယ်ထင်နေတာ..ခမျာလေး ပုံ မပါလို့ကိုး..
      ရှိရင်တင်လိုက်ပါ. သူကြီးရယ်..နော်..

      • Foreign Resident

        October 26, 2011 at 7:25 am

        ကို blackchaw တို့
        ကို amatmin တို့ များ
        ဒါမျိုးကျ မှတ်မိပါ့
        ချက်ချင်းမေးတယ် ။

  • kai

    October 26, 2011 at 6:06 am

    @nozomi
    တူးပိစ်နဲ့ မိန်းကလေးတွေ.. ဘေးနားခုန်ပေါက်ကခုန်နေတာ.. ကာစီနို…ဖဲကစားနေသူတွေ..စိတ်ထွေပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့.. ထင်မိတယ်.။
    ကျုပ်တော့ သိပ်မဆော့ခဲ့ပါဘူး..။ ၅ဒေါ်လာထည့်ကုန်.. ၁ဝဒေါ်လာထည့်ကုန်မို့.. ရပ်လိုက်တယ်..။
    ဗေးဂတ်စ်က.. ဒီနှစ်ထဲအရမ်းပြင်ဆင်ထားတာ…။ အဲဒီစရိတ်ကုန်တာတွေများတာမို့.. ကစားလည်း.. (အနိုင်ရာခိုင်နှုန်းမတရားကြီး ချထားမှာမို့.). ရှုံးမှာပါပဲ.။ :mrgreen:

    @alinsett
    မရောက်ခင်သာ ဆန်းသလိုလိုနဲ့.. ရောက်တော့လည်း.. အင်မတန် ငွေသုံးဖြုန်းလွယ်တဲ့ နေရာလို့ သတိထားမိလိမ့်မယ်..။

    @Koyin Sithu
    ဂေးကလပ်တော့မသိ.. ယောက်ျားတွေချွတ်ကတာမျိုး. .ကြော်ငြာတွေ တော်တော်တွေ့မိတယ်..။
    ကြည့်ရတာ.. မိန်းမတွေ အလာများတယ်နဲ့တူတယ်..။

    @thit min
    တခြားသတင်းဌာန.. စာပေမိတ်ဆွေတွေ တယောက်မှလာတာမတွေ့မိဘူး..။
    နောက်ဆုံးတော့… မောင်သာရကလည်း.. မောင်သာရပဲလေ..။ ဟုတ်တယ်ဟုတ်..။ 😆

    @hmee
    မှီမမရယ်..။ ကျုပ်သွားတာ.. မိသားစုနဲ့ပါခင်ဗျ..။
    ကာစီနိုက ..ကျုပ်ကစားတာထက်..သူကစားတာက ပိုများများရယ်..။ 🙁

    @MaMa
    MGM ကတူတူပဲဖြစ်ပါလိမ့်မယ်..။ သူတို့ မကာအိုမှာရင်းနှီးမြုတ်နှံထားတယ်လို့.. သတင်းထဲဖတ်ဖူးတယ်…။
    ကားက.. အယ်လ်အေအထွက်နဲ့.. ဗေးဂတ်စ်အဝင်.. ထရပ်ဖစ်ဖြစ်နေတာပါ..။
    အယ်လ်အေ ထရပ်ဖစ်က.. ကမ္ဘာ့အကြပ်ဆုံးတခုပါပဲ..။
    တခါတလေ.. ၁ဝမိုင်လောက်ကို.. ၁နာရီလောက်ကြာနေတတ်တာ..။
    ကျုပ်ရောက်တော့… နောက်ကျတာမို့.. လူတောင်သိပ်မရှိတော့ပါဘူးဆိုနေမှ…။
    ဆရာကြီးက မိန်းမ၂ယောက်နဲ့ကလေးတွေရှိတာ. ယူအက်စ်မှာနေတဲ့သူ.. အကုန်လိုလို လာသွားပုံရပါတယ်..။

    @padonmar
    Mandalay Bay Hotel & Casino က.. Las Vegas Strip ရဲ့.. အစွန်ဆုံးမှာရှိတာ..
    တည်းခက.. ၂၀၀-၃၀ဝမို့.. မကပ်တော့ဘူး..။
    အထဲမှာ.. ရန်ကုန်..ပဲခူး စသဖြင့်.. ဟောလ်တွေနာမယ်ပေးထားတယ်..။
    မန္တလေးသူတယောက်က.. ဟောင်ကောင်သားနဲ့အိမ်ထောင်ကျပြီး..ယူအက်စ်လာ တည်ထောင်ထားတာလို့ ပြောတာကြားဖူးတယ်..။

    @windtalker
    မြန်မာပြည်က အဆိုတော်၊မင်းသားမင်းသမီးတွေလာရင်.. ဗေးဂတ်စ်သွား. အဲဒီရှိုးတွေ ကြည့်ကြတာပဲ..။
    ခင်ရင်မေးကြည့်..။
    ပြည်တန်ဆာလုပ်ငန်း တရားဝင်လုပ်ခွင့်ရှိတဲ့ မြို့ပေါ့..။ အဲဒါတွေနဲ့.. သဲကန္တာရပြင်ကြီးကို.. ငွေဝင်အောင်လုပ်ခဲ့တာ..။
    လမ်းဘေးပလက်ဖေါင်းပေါ်မှာ..မိန်းကလေး အဝတ်ဗလာနဲ့.. ကြော်ငြာကပ်ပြားကလေးတွေများ.. ပြန့်ကျဲလို့..။

    .. ပေါင်ပေါ်က,ရင်(lap dance )ဘယ်လောက်.. ရင်သားကိုကိုင်ရင်..ဘယ်လောက်.. တကိုယ်လုံးထိရင်ဘယ်လောက်..မိန်းကလေးက ပြန်ထိရင်ဘယ်လောက်.. ၁၅မိနစ်ဘယ်လောက်.. နာရီဝက်ဘယ်လောက်.. တညဘယ်လောက်.. ဆီလူးရင်ဘယ်လောက်..။ ပါးစပ်ပါရင်ဘယ်လောက်..
    အောင်မလေး… ၁သိန်းလည်း မလောက်..။
    ပရိုဖက်ရှင်နယ်ပြည့်တန်ဆာလုပ်နည်း.. ဆားဗစ်ပေးနည်း..သင်တန်းကျောင်းတွေလည်း ရှိတာမို့.. တခြားနိုင်ငံက လာတက်တာတွေ.. လာလေ့လာတာတွေလည်း ရှိတာပေါ့..။ 😆

    • windtalker

      October 26, 2011 at 6:24 pm

      ဟီးဟီး
      ကျေးဇူးအထူးတင်ရှိပါကြောင်းပါ ခင်ဗျ

  • ကြောင်ကြီး

    October 26, 2011 at 11:56 am

    ဓဂျီးတို့များ ပြောတော့ ဆရာကြီး ဆရာကြီးနဲ့၊ ပုံ၁၃ပုံမှာ ဆရာကြီးပုံ တပုံပဲပါတယ်။ ဒါတောင် မကောင်းတတ်လို့ ထိပ်ဆုံးမှာ တင်ထားတာနေမှာ 🙁
    ဆိတ်ကိုများ
    သတ်ကျွေးရတယ်လို့
    ကိုယ့်စိတ်ကိုယ်တော့
    မသတ်ဘူး 😡
    ဆိတ်ကြီးရေ
    အမျှ အမျှ..
    နင့်အသား
    သဂျီးစား
    ရွာထဲပြန်လာကြွား..။ 😀

  • manawphyulay

    October 30, 2011 at 11:38 am

    ဆရာကြီးကတော့ ခုထိ မာမာချာချာကြီး ရှိသေးတဲ့အတွက် အလွန်တရာမှ ဝမ်းသာမိပါတယ်။ ဆက်လက်ပြီးလည်း စာပေပညာများ ဖြန့်ဝေပြီး သားစဉ်မြေးဆက် အမွေပေးခဲ့ရင် အတော်ကောင်းမှာပဲ။ သဂျီးကောင်းမှုကြောင့် လေယာဉ်မစီးရပဲ နေရာစုံကို ရောက်ရှိသွားသလိုခံစားရတယ်။ နောက်လည်းဖြစ်နိုင်ရင် သဂျီးတို့မြို့လေးရဲ့ ရှုခင်းနဲ့ သဘာဝနေရာလေးတွေ ဘဝဖြတ်သန်းပုံလေးတွေကို တင်ပြပေးပါဦး။

  • char too lan

    October 30, 2011 at 12:57 pm

    ဪ……… ပြန်ပီဆိုတော့ ပီသွားပီပေါ့
    ကျနော်လဲ ဆက်မငန်းရတော့ဘူးပေါ့…. 🙁
    ဒီနေရာတွေက ငန်းရုံပဲရမယ် ရောက်ဖို့က သားနဲ့ အလှမ်းဝေးတယ် 🙁

Leave a Reply