မကျေနပ်ချက် (၁)

MariposaOctober 25, 20111min500

ဒီမှာ . . . မိတ်ဆွေ။
တံတားတွေဆောက်
လမ်းတွေ ဖောက်ပြရုံနဲ့
ခင်ဗျားလျှောက်မယ့်လမ်း
တောက်ပသွားပြီ ထင်လား။
သူများတွေ
မြှောက်တင်နေတဲ့ စကားတွေနဲ့
ခင်ဗျား မြောက်ချင်မနေပါနဲ့။
ကြာရင် ခင်ဗျားဘဝကြီး
လောက်တင်သွားလိမ့်မယ်။
တကယ်တော့ . . .
ခင်ဗျားလည်း
မြန်မာနိုင်ငံမှာနေတာပဲ။
စာတတ်ဖို့ မလိုပါဘူး။
အထာနပ်ဖို့ပဲ လိုတယ်။
ကျေးဇူးပြုပြီး
ကျွန်တော်တို့ကို
စာမကျက်ခိုင်းပါနဲ့။
ဖြစ်နိုင်ရင် . . .
ကော်ပီ စာရွက်တစ်ရွက်လောက်
လိုချင်တယ်။