လွယ်လွယ်ချက် လွယ်လွယ်စား အကိုရေလိုက်ခဲ့ပါလားကွယ်

ကျနော်ဆီလာတဲဖိတ်စာလေး

မနေ့ညက မနက်လေးနာရီလောက်ထိအစည်းအဝေးထုိုင်ရပါတယ်။
အစည်းဝေးထိုင်ရတဲ့အကြောင်းကတော့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိနေတဲ့ရေခဲတွေကို အရည်မပျော်အောင်
သယ်လာပြီး ကမ္ဘာမှာရေခဲလိုနေတဲ့နေရာတွေကို ပို့ပေးနိုင်မယ်ဆိုရင်
ရေခဲအောင်လုပ်ရတဲ့ ကုန်ကျစာရိတ်တွေသက်သာမယ်၊
လျှပ်စစ်စွမ်းအင်တွေ၊နူစွမ်းအင်တွေကို အသုံးပြုရတာ သက်သာမယ်လို့ တင်ပြလာသူရှိတာ
သိပ်ကောင်းတဲ့အတွက် ဘယ်လိုပုံစံနဲ့သယ်ရင်ပိုကောင်းမယ်ဆိုတာကို ဆွေးနွေးကြတာပါ။

ဒါပေမယ့် အစည်းအဝေးလုပ်နေတုံး ကျွန်တော်တို့ ခါတိုင်းလို ကေတီဗွီမှာ ကဲနေတယ်ထင်တဲ့ အိမ်က မဒမ်တွေက ဖုန်းဆက်ခေါ်ကြလို့
အစည်းအဝေးကို ရပ်ပြီး အိမ်ပြန်ပြေးကြရတာပါ။
နောက်နေ့က အလုပ်ပိတ်ရက်ဆိုတော့ အေးဆေးဘဲအိပ်လိုက်ပါတယ်။
မနက်ကိုးနာရီအိပ်ယာထတော့ အင်တာနက်ထဲမှာမေးလ်တွေရောက်နေတယ်လို့ အချက်ပြနေတာနဲ့ဝင်ဖတ်လိုက်ပါတယ်။
ဟောဗျာ ရွာထဲက မိတ်ဆွေ အလွယ်ချက်နည်းတွေကို အင်တာနက်ကနေသင်တန်းပေးနေတဲ့ မဝေနဲ့ ဆူးတို့ကနှစ်ယောက်ပေါင်းပြီးဆိုင်ဖွင့်ထားတဲ့ဖိတ်စာလေးကို တွေ့ရပါတယ်။
သူတို့က လူတိုင်းကိုဖိတ်စာပို့မယ်လို့ မထင်ဘူး။
သိရက်နဲ့မသွားလို့ကလဲမဖြစ်ဘူး။
အဲဒါနဲ့ ခရီးသွားအေဂျင်စီကို ရန်ကုန်သွားဘို့ ဟတ်စကီးရမလား နေ့လည်တစ်နာရီမထိုးခင်ရောက်ချင်တာလို့လှမ်းမေးတော့
ရတယ်တဲ့ လေးယာက်ပြည့်ရင်ထွက်ပေးမယ် ဒါပေမယ့် တစ်ယောက်စာလိုနေသေးတယ်ပြောပါတယ်။
အဲဒါနဲ့ ဘဲ မနက်ဆယ်နာရီထွက်ချင်တယ် လိုတဲ့တစ်ယောက်ရရင်ရ မရရင်နှစ်ယောက်စာပေးမယ်လို့ပြောတော့ အဆင်ပြေသွားပါတယ်။
အဲဒါနဲ့ဘဲရေချိုး မနက်စာစားပြီး အဆင်သင့်လုပ်ထားလိုက်ပါတယ်။.
ဆယ်နာရီမတ်တင်းကြတော့ ဖုန်းလာပါတယ် အခုထိ လိုတဲ့တစ်ယောက်မရသေးဘူးလို့ ပြောတာ လာကြိုလိုက် တစ်ယောက်စာအပိုပေးမယ်ဆို အကြောင်းပြန်တော့
ခဏနေရင် လာကြိုမယ်အဆင်သင့်စောင့်ပါလို့ ပြောလိုက်ပါတာနဲ့ အပေါ်ဆုံး 108ထပ်ခေါင်မိုးကနေပြီးစောင့်နေပါတယ်။
သိပ်မကြာသေးဘူး ကိုပေါက် ကိုပေါက် ဆိုအော်သံနဲ့အတူ ဟတ်စကီးတစ်စင်း ခေါင်မိုးပေါ်ဆင်းလာတာ့တက်လိုက်ခဲ့ပါတယ်.
12း30ရောက်တော့ ရန်ကုန်မြို့ကိုဝင်ပါပြီ။
ရွှေတိဂုံဘုရားကို အဝေးကမြင်ရတော့ ထိခြင်းငါးပါးနဲ့ ကန့်တော့ဘိုလက်အုပ်လေးချီပြီး အရိုအသေပြု။
ကိုယ်နဲ့အတူလာတဲ့ခရီးသည်နှစ်ယောက်ကို အရင်ပို့။
ပြီးတော့အချိန်နည်းနည်းစောနေသေးတာနဲ့ လေယာဉ်မောင်းတဲ့လူကို ပိုက်ပိုက်အပိုပေးပြီး မြို့တစ်ပါတ်ပါတ်ခိုင်းပါတယ်။
ပြီးမှသူတို့ဆိုင်ဖွင့်တဲ့အင်းယားကန် စိန်းလန်းဆိုပြေနားတစ်ဝိုက်ကို ဗြူးဗြဲမြေပုံကနေကြည့်ပြီးလိုက်ရှာပါတယ်။
ဆိုင်ပုစုခရု ကြားမှာ တွေ့ပါပြီ ဆူးဝေဝေဆူရှိ ဆိုင် ဆိုင်းဘုတ်။
အပြာရောင်အောက်ခံမှာ ပုဇွန်ဆီရောင်စာလုံးနဲ့ထင်းနေအောင်ရေးထားတာ။
အဲဒီနားရောက်တော့ ပန်းရောင်လွန် အလင်းဆာမှန်ပြောင်း(လေဆာမှန်ပြောင်းတဲ့အဆင့်မြင့်တဲ့မှန်ပြောင်းပါ)နဲ့ထုတ်ကြည့်တော့ ဆိုင်ထဲမှာလူတွေအုံးအုံးထနေပါတယ်။
ဖိတ်ထားတဲ့သူရော လာစားတဲ့သူရော ဖြစ်ဘို့များပါတယ်။
ဆက်ကြည့်လိုက်တော့ စားပွဲတွေကြားမှာဆိုင်ဆိုင်းဘုတ်အရောင် ပုဇွန်ဆီရောင်အကျီမှာ ဆူးဝေဝေ တံဆိပ်တ်ထားတဲ့အကျီရယ်
အနီရောင်စကပ် တိုတိုလေး(ထူးအထက် နှစ်တောင်လောက်ထိဆိုတော့ ရွာက ကောက်စိုက်သမများကောက်စိုက်ခါနီးဝတ်ထားတဲ့အတိုင်းပါဘဲ)
ဝတ်ထားတဲ့ ဝန်ထမ်းမလေးတွေ(အားလုံးဖြူဖြူချောချောတွေပါ)ကလဲ ဗန်းကိုစီနဲ့ပျားပန်းခပ်သလိုသွားနေတာတွေရရပါတယ်။
တစ်ချိုကလဲ တူလေးတွေကိုယ်စီကိုင်ပြီးစားပွဲလေးတွေနားမှာ ဟန်ပါပါရပ်လို့နေကြပါတယ်။
အလင်းဆာမှန်ပြောင်းရဲ့ပြင်းအားကို မြှင့်ကြည့်လိုက်တော့ သူတို့ဆိုင်ဝန်ထမ်းတွေက ယူနီဖောင်းက အပြင်တင်မက အတွင်းပါညီအောင်လုပ်ပေးထားတာတွေ့လိုက်ရပါတယ်။
(အောက်ကဝတ်ထားတဲ့ ဘရာစီယာကလဲ အနီရဲရဲ အောက်ခံဘောင်းဘီကလဲ အနီရဲရဲ)
သူတို့ရဲ့ ဝန်ထမ်းတွေကို ညီညွတ်အောင် လုပ်ပေးထားပုံက စိတ်ကူးကောင်းလှတဲ့အတွက် စိတ်ထဲက ချီးကျူးလိုက်ပါတယ်။

ခဏနေတော့ ဟတ်စကီးက ဆိုင်နဲ့နီးတဲ့ မြေကွက်လပ်ကလေထဲမှာရပ်။
ကျနော်ကို ခြင်းလေးထဲကတစ်ဆင့် အောက်ကိုချပေးထားပါတယ်။
ကျနော်လဲဆို်င်ရှေ့ရောက်ရော “မင်္ဂလာပါ လေးပေါက်ကို ကြိုဆိုပါတယ် သမီးလေးတို့ရေ လေးပေါက်ကုို ခုံအမှတ်(6)မှာနေရချပေးလိုက်ပါ”ဆိုတဲ့
စပီကာထဲက အသံကိုကြားရတော့ ဆူးနဲ့မဝေတို့ အသံမှန်းသိလိုက်ပါတယ်။
ခက်တာက သူတို့နဲ့က လူခြင်းတစ်ခါမှမတွေ့ဘူးပါဘူး။
ဖုန်းနဲ့ပြောလို့ အသံဘဲကြားဘူးပါတယ်။
အဲဒါနဲ့ခုံမှာလဲထိုင်ပြီးရော မဖောက်ရသေးတဲ့ တူအသစ်ကလေးတွေကိုင်ထားတဲ့ ကောင်မလေးနှစ်ယောက်ကကျနော့်ဘေးလာရပ်ပါတယ်။
ညည်းတို့မမနှစ်ယောက်ရောလို့မေးတော့
“မမတို့နှစ်ယောက်ကို သမီးတို့လဲအခုထိမမြင်ဘူးပါဘူး။
အသံကြားရတယ်။အင်တာနက်ကနေစာနဲ့ ညွန်ကြားပေးကြတာပါ။
ဘယ်သူမှ သူတို့မှန်းမသိအောင် လှုျို့ဝှက်ထားတယ်လို့တော့ သိရပါတယ်”လို့ လက်ကလေးပိုက် ခေါင်းကလေးငုံ့ပြီး
စမ်းရေစီးကျ သလိုအသံလေးနဲ့ ဖြေတာကို သာယာစဖွယ်နားဆင်လိုက်ရပါတယ်။
ခဏလေးနေတော့ တွန်းလှည်းလေးပေါ်မှာ ပေါင်းအိုးလေးတွေအများကြီးသယ်လာတာမြင်ရပါတယ်။
ပေါင်းအိုးလေးတွေလဲ ခုံပေါ်ချပြီးရော “လေးပေါက် အားရပါးရသုံးဆောင်ပါနော် “ဆိုပြီးအသံထွက်လဲလာလို့ စားမယ်လို့ တူကိုင်မယ်လဲလုပ်ရော။
“လေးလေး ပါးစပ်ဘဲ ဟပေးပါ သမီးတို့ ကခွန့်ကျွေးမှာပါ သမီးတို့ဆိုင်က အလွယ်ချက် အလွယ်စား ဆိုတဲ့ဝန်ဆောင်မူ့ကိုပေးတာပါ “ဆိုပြီးတူကိုင်ထားတဲ့
ကလေးမနှစ်ယောက်ကဘေးတစ်ဘက်ချက်မှာရပ်လို့ မုန့်တွေခွန့်ကြွေးပါတော့၊
အဲဒါနဲ နင်လာတာနဲ့ရေသောက်ချင်လု့ိအချက်ပြလိုက်တဲ့အချိန် နောက်ရပ်နေတဲ့တစ်ယောက်က ရေခွက်လေးနဲ့ရေတိုင်ပေးဘို့ပြင်ပါတယ်။
ရေခွက်ကိုင်လာလို့ ပါးစပ်လဲဟပေးလိုက်ရော ခွက်ကိုင်တဲ့လက်ကို တစ်ယောက်ကလက်နဲ့တိုက်မိလို့ထင်ပါရှဲု့ ရေတွေကျနော်ပေါ်မှောက်ကြတော့ အေးကနဲ့ဖြစ်သွားပါတယ်။.

အေးကနဲဖြစ်လာမှ သတိရလို့ကြည့်လိုက်တော့ အိမ်ကမွေးထားတဲ့ကြောင်မက လူပေါ်တက်သေးပေါက်တာဖြစ်နေပါတယ်။
မနေ့ညက ရွာထဲက မောင်ပေက သူ့ဆီရောက်လာတဲ့ဖိတ်စာလေးကို အလင်းဆာပရင်တာနဲ့ထုတ်လာတဲ့ပုံလေးကို ကျနော့်လာပြရင်း
ဓဆူးနဲ့ဝေဝေက ကျနော့်ကို သီးသန့်ဖိတ်ထားတာ” ဆိုတဲ့စကားကို ကြွားသလိုလို နဲ့ အားရဝမ်းသာ သတိရတိုင်းလာလာပြောတာ အကြိမ်နှစ်ထောင်မကတော့လို့ အဲဒါကို
စိတ်စွဲပြီးမက်လိုက်တဲ့အိပ်မက်လေးပါ

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။
(26-10-2011 ဒေပါဝလီနေ့)
ဆူးဝေဝေ ဆိုင်ဖွင့်ပွဲ အမှတ်တရ နောက်တဲ့စာ။

22 comments

  • Yin Nyine Nway

    October 26, 2011 at 4:51 pm

    မိုက်တယ်ဗျား….
    ရီပြီး ဘာပြောရမှန်းမသိတော့ဘူးဗျု့
    တကယ်စားကောင်းတာတော့ ဆူရှီလေးပါ …

  • ဆူး

    October 26, 2011 at 5:03 pm

    လေးပေါက်ရဲ့ ဟတ်စကီး ဆင်းလာလို့ ထင်တယ် မိုးတွေ ရွာလို့ နေရာတောင် ရွေ့လိုက်ရသေးတယ်။

  • water-melon

    October 26, 2011 at 5:32 pm

    ဟတ်စကီးနဲ့ဆင်းလာတာ လေးပေါက်လား။ ဆောရီးဗျာ ကျွန်တော်မသိလို့ ။ ကျွန်တော် စီးတော်ယာဉ်နဲ့မလွတ်လို့ ရော့ကတ်နဲ့ပစ်လိုက်တယ်။ နောက်မှ မော်ဒယ်မြင့် ဟတ်စကီးတစ်စီးလောက်ပို့လိုက်မယ်လေ။

  • windtalker

    October 26, 2011 at 6:50 pm

    “(အောက်ကဝတ်ထားတဲ့ ဘရာစီယာကလဲ အနီရဲရဲ အောက်ခံဘောင်းဘီကလဲ အနီရဲရဲ)”
    အဲဒီ့နောက် မှန်ပြောင်းအားကို ထပ်မံတိုးချဲ ့ကြည့်လိုက်သော အခါ…..
    ဒန်တန်းတန်…ဒန်တန်းတန်
    ဟီဟိ…. စတာနော် ။ စိတ်ချိုးရဝူးနော်
    စကားမစပ် ။ ။ ကိုပေါက် ပို ့စ်ပါ မှန်ပြောင်းမျိုး တစ်လက် အလိုရှိပါသည် ။ ဈေးကောင်းပေးဝယ်မည် ။
    လေးပေါက် ရေ မသွားဖြစ်တာ ခပ်ကောင်းကောင်းဘဲ ။ လာတဲ့သူမှန်သမျှ ကို အဆင့်မြင့် စစ်ဆေးရေး စက်ကိရိယာတွေနဲ ့၊ တစ်သက်လုံး ဘာတွေလုပ်ခဲ့လဲ ၊ ဂေဇက်မှာ ဘာတွေရေးခဲ့လဲ က အစ အကုန် စစ်မှာတဲ့ ဗျ ။ ကြောက်ချာဂျီးနော်

  • ပေါက်ဖော်

    October 26, 2011 at 6:53 pm

    မီးပွိုင့်မှာ ကျနော့်နွားလှည်းနဲ ့ လှော်တက်ချင်းချိတ်မိတာ လေးပေါက် ဟက်စကီးလား
    ဒီလိုမှန်းသိ..လေးပေါက် ဟက်စကီးမှာ တွယ်လိုက်ခဲ့ပါတယ်ဗျာ…
    အခုက လမ်းတစ်ဝက် ဆီပြတ်သွားလို ့…ဆူရှိ မတီးလိုက်ရဘူး..ဖြစ်တွားဒယ်
    😆

  • zaymdy

    October 26, 2011 at 7:50 pm

    ကျွန်တော်ကတော. လှည်းတန်းမီးပွုင်.မိ ပြီး စီးတော်ယာဉ်ဆိုက်ကား ဆီကုန်သွားလို. မလာဖြစ်တာ ခွင်.လွတ်ပါဗျာ..မိုးပော်ကတော. ဟက်စကီးတစ်စီးဖြတ်သွားတာ အတွေ.သာ လေးပေါက် ဟက်စကီးမှန်း..မသိလိုက်လို. သိရင် လောက်လေးနဲ. ပြစ်လိုက်ပါပီ… 😛

  • ဖိတ်စာသာတစ်ရက်လောက်ကြိုရောက်ခဲ့ရင် မန်းလေးမှာရှိနေတဲ့ရွာထဲကလူအားလုံးကို
    ဒုံးပျံရထားတစ်စီးပုတ်ပြတ်ငှားပြီး ခေါ်ခဲ့ပါရဲ့ဗျာ။
    နောက်တစ်ခါပွဲလုပ်ရင်ပြော မိုးလွှဲဂါထာပေးမယ်နော်။

  • MaMa

    October 27, 2011 at 7:53 am

    မောင်ပေက လေနဲ့ ကြွားတယ်။ ကိုပေါက် အိမ်မက်မက်ပြီး ကြွားတယ်။ မကြွားပဲ တကယ်စားခဲ့ရတဲ့လူတွေ ရှိတယ်နော်…. 😉

  • မမရေ
    မောင်ပေကို လေနဲ့ဖိတ်တော့ လေနဲ့ဘဲကြွားရတာပေါ့။
    ကျနော်ကတော့ တစ်ဆင့်စကားနဲ့ ကြားရတော့ တကယ်လိုလို အိပ်မက်လိုလိုဆို
    အိပ်မက်နဲ့ဘဲကြွားရတာပေါ့။
    တကယ်စားခဲ့ရသူတွေက တော့ ကျိတ်ရီနေမှာပေါ့။
    ဒါနဲ့ ဒီတစ်ခါရေညိလိပ်က လက်သဲခွံပါ ထည့်လုပ်တယ်လို့ နေကြတယ် ဟုတ်လား။
    စားပြီးသူတွေဖြေနော်…………..

  • တညင်သား

    October 27, 2011 at 8:42 am

    အကို ပေါက်ရာ တစ်ယောက်လိုတာများ ခေါ်လိုက်တာမဟုတ်ဘူး………… ဆူရှီတော့မစားချင်ဘူး .. ဟတ်စကီး စီချင်လို့ပါ…

  • ကြောင်ကြီး

    October 27, 2011 at 8:47 am

    မရှင်းလို့ မေးပါရစေ အံတယ်ပေါက်။ ခလေးမလေးတွေက ဒူးအထက် နှစ်တောင်တိုတက်နေတဲ့ မီနီစကပ်၊ အတွင်းခံ နီတာရဲလေးတွေ ဝတ်ထားတယ်ဆိုတော့ လောပန် အန်တီဆူးနဲ့ အန်တီဝေတို့ကရော ဘယ်လိုဝတ်ထားမယ် ထင်သလဲ။ တပည့်တွေထက်တော့ ညံ့မယ်မထင်ဘူးနော်။ 😎

    • etone

      October 27, 2011 at 9:02 am

      လော်ပန် အန်တီတွေက ခပ်ပါးပါး အနက်ရောင်ဝတ်စုံဆင်တူဝတ်ထားပါတယ် …. ။ အတွင်းကတော့ … အဖြူရောင် အစက်ပြောက်လေးတွေနဲ့ပါ …. ( လူတွေအများကြီးလာတာမို့ ဆူရှီတွေကုန်ပြီလား ထပ်လုပ်ရဦးမလား စိတ်ပူလို့ ထွက်လာတဲ့ လော်ပန်နှစ်ယောက်ကို … အဝေးကမြင်လိုက်မိလို့ပါ :mrgreen: )

  • Shwe Tike Soe

    October 27, 2011 at 8:51 am

    ဘာပဲပြောပြော ဆူရှီလာစားတဲ့ ရွာသူရွာသားအားလုံး ဓာတ်ပုံချောင်ရိုက်တာခံလိုက်ရတယ်ဗျာ.. ဟိဟိဟိ

  • etone

    October 27, 2011 at 9:12 am

    ကိုဘီလူးကြီး ဘယ်ပျောက်နေပါလိမ့် …. သူလည်း ဓါတ်ပုံချောင်းရိုက်တဲ့လူကို မှတ်တမ်းများတင်ထားလိုက်သလားလို့ပါ 😛

    • နွယ်ပင်

      October 27, 2011 at 2:02 pm

      ကိုဘီလူးက ဘီလူးပါဝါနဲ့ ကိုယ်ယောင်ဖျောက်ထားပါတယ် ဒါတောင် ဓာတ်ပုံက
      အရိုက်ခံလိုက်ရရှာတယ် တစ်ချို ရွှေစောင့် နတ်တွေကတော့ ဘေးနားက
      အစောင့်အရှောက် လိုက်လာလို့ ဆူရှီကို တစ်ခုပဲ စားလိုက်ရပါတယ်တဲ့ ….. 😛

      • etone

        October 27, 2011 at 3:57 pm

        သိပ်စားလို့ မဖြစ်ဘူးတဲ့ နွယ်ပင်ရေ…ဘေးက မျက်စောင်းခဲနဲ့တင် ပြာကျသွားလောက်တယ် … ။ ရွှေစောင့်နတ်ကိုပြောပါတယ် ..ဟဲဟဲ 😛 😛

  • Moe Z

    October 27, 2011 at 9:47 am

    ကိုပေါက်စာထဲက waitress တွေရဲ့uniform နဲ့ ဖိတ်စာထဲကပုံက မတူပါလား 🙂

  • စုံ စုံ

    October 27, 2011 at 9:59 am

    လေးပေါက်ပို့စ်ကိုဖတ်ပြီးမှဘဲဆူရှီထပ်စားချင်လိုက်တာ
    ဆူးနဲ့မဝေရေ ရှိသေးလားဗျို့
    ရှိသေးရင်နဲနဲကျွေးပါ 😛

  • pan pan

    October 27, 2011 at 10:02 am

    ဆူရှီစားခဲ့ရဒယ်
    ဒါပေမယ့် နည်းနည်းနောက်ကျသွားလို့ မဝလိုက်ဘူး
    အစုံလည်းမစားလိုက်ရဘူး
    အလာတုန်းက အင်းယားကန်ထဲကနေ ရေကူးလာတာ
    အပြန်မှာ လေးပေါက်ဟက်စကီးနဲ့ ကြုံကြုံ မကြုံကြုံ လူကြုံကပ်လိုက်မယ်

  • hmee

    October 27, 2011 at 1:42 pm

    လေးပေါက်ရယ် လူတယောက်လိုတာများ နှစ်ယောက်ခ ပေးစရာမလိုပါဘူး။ လိုတဲ့တယောက်များ အရှေ့အလယ်ပိုင်းကို ဝင်ခေါ်ရတဲ့ဟာကို။ 🙂

  • Moe Z ရေ ဖိတ်စာရိုက်ပြီးဝေမယ်ဆိုတော့ စာပေစီစစ်ရေးတင်တာ စကပ်အတိုနဲ့ဆိုတော့ စီစစ်ရေးမကျဘူးတဲ့။
    အပြင်မှာဘာဖြစ်ဖြစ် စာနဲ့ပေနဲ့မှတ်တမ်းတင်တာတော့ လက်မခံဘူးဆိုတာနဲ့ ပုံပြောင်းပြီးထုတ်လိုက်ရတာတဲ့။
    အဲတော့ ဖိတ်စာဘဲမြင်ရသူတွေက အပြင်ကအရှိအတို်င်းမမြင်ရတော့ဘူး။

    ဆိုင်ပိုင်ရှင်မမနှစ်ယောက်ကိုတော့ အခုထိမမြင်ဘူးသေးဘူးဗျာ။
    သူတို့ကလူတွေ့သိပ်မခံဘူးဆိုဘဲ။
    လှလွန်းလို့နေမှာပေ့ါ။
    ဒါမှမဟုတ်…………………..။
    အေးဗျာ ကျနော်ကလဲ အချိန်မမီမှာစိုးလို့ လောလော နဲ့ထွက်လိုက်တော့ မောင်ပေကိုတောင်မခေါ်လိုက်မိလို့
    အဲဒီလူက ကျနော်ကိုစိတ်ကောက်တယ်ဆိုအကြောင်းပြပြီး
    ဘီယာတွေလှိမ့်သောက်နေတာ။
    ကျနော်ကလဲသူ့ကိုအဖော်မစပ်ရဲတာ မောင်ပေက ရေစီးကမ်းပြိုဖြစ်နေပြီး ပါးစပ်မလုံဘူးဆိုတော့
    အများနဲ့တွေ့မှာကို ရှက်ပြီး မလိုက်ဘူးထင်လို့ မခေါ်မိတာ။
    နောက်တစ်ခါပွဲအတွက် ငါးဆင့်ဂျက်လေယာဉ်ပျံငှားထားမယ်။
    ရွာထဲကအဝေးရောက်နေသူအားလုံးကို လေပေါ်နိုင်ငံတကာလေဆိပ်(မြန်မာပြည်)မှစုခိုင်းထားပြီး
    အဲဒီမှာဝင်ခေါ်လိုက်မယ်။
    ဒီတစ်ခါတော့ နောက်ကျလက်ဖက်ရည် လို့သာ မှတ်လိုက်ကြပါတော့ဗျာ။

Leave a Reply