သူငယ်ချင်းအပျိုကြီးတစ်ယောက် မင်္ဂလာဆောင်သွားတဲ့အပေါ် သူငယ်ချင်းတွေရဲ့ထင်မြင်ချက်လေးတွေ နဲ့ ကိုယ့်ရဲ့ထင်မြင်ချက် မတူတဲ့အပေါ် ခံစားရေးဖွဲ့ထားတဲ့ weiwei ရဲ့ feeling 40 ကတော့ အပျိုကြီးတွေရဲ့ အတွေးတစ်ပိုင်းတစ်စကို ဖတ်ရမှာပါ။ ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြဘို့ တိုက်တွန်းပါတယ်။

Feeling 40 နဲ့ တွဲဖတ်ဘို့ ညွှန်းထားပါတဲ့ ကိုသစ်မင်းရေးတဲ့ပို့စ်လေးက ဘာအကောင်းဆုံးလဲ ဆိုတဲ့ ပို့စ်လေးပါ။

ကိုသစ်မင်း ရဲ့အတွေးအရေးကို အားလုံးလည်းသိပြီးသားမို့ ညွှန်းစရာမလိုတော့ပါဘူး။ ဖတ်ကြည့်ပါ။

နောက်တစ်ပုဒ်ကတော့ weiwei ရဲ့ guilin ခရီးစဉ် အပိုင်း ၁ ဖြစ်ပါသည်။ ဓါတ်ပုံလေးများပူးတွဲပါဝင်ပါသော ခရီးသွားဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကိုယ်တိုင်ဖတ်ကြည့်ဘို့ တိုက်တွန်းပါသည်။ ပို့စ်ထဲတွင်ပါသော ဓါတ်ပုံများထဲမှ တီရှပ်နဲ့ ဘလူးဂျင်း ၀တ်ထားသူလေးကို ရွာသားများစိတ်ဝင်စားကြပါသည်။

နောက်တစ်ပုဒ်က comegyi ၏ မန္တလာမြေခရီးစဉ်အပိုင်း၂ ဖြစ်ပါသည်။ ဖတ်ကြည့်ကြပါခင်ဗျာ။

မျိုးထက်၏ တရားသူကြီးအိပ်မက် နှင့် ရွှေတိဂုံစေတီရင်ပြင်တော်မှာ သင်္ချိုင်းရှိခဲ့ဘူးတာ သင်သိလားတို့ကိုလည်း

ကိုယ်တိုင်ဖတ်ကြည့်ကြပါခင်ဗျား။

ကိုပေါက်လမ်းသလားနေသည် ၁၉ (ဖေါင်တော်ဦး) ပို့စ်လေးအတွက် ကိုပေါက်ကိုကျေးဇူးစကားပြောချင်ပါသည်။

မမှီ ၏ ဂျေရုစလင် ၂ အတွက်လည်း ကျေးဇူးတင်ကြောင်းပြောပါရစေ ခင်ဗျား။

ဖားတုလို့ခရုခုန် အမေရိကန်ကိုတုလို့ တရုတ်ကြီးကခုန်အုံးမယ်တဲ့ဗျာ ဆိုတဲ့ ပို့စ်လေးကို ကိုရင်မောင်က ရေးပါတယ်။ ကိုယ်တိုင်ဖတ်ကြည့်ကြပါခင်ဗျာ။

လွမ်းမောစရာ တစ်နေရာ ဆိုသောပို့စ်လေးကို မနောဖြူလေးက တင်ပါသည်။ ရန်ကုန်တက္ကသိုလ်ရဲ့ ဓါတ်ပုံလေးများ ဖြစ်ပါသည်။ ကျေးဇူးပါခင်ဗျား။

ဒီတစ်ပတ်အတွက် အားရစရာပို့စ်တွေထဲမှာ ပါဝင်ပါတဲ့ ရွာသူရွာသားတို့အတွက် စကားလက်ဆောင် တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား ကို padonmar ကရေးပါသည်။ ကွန်းမန့်လေးများနှင့်တွဲဖတ်ကြည့်စေ ချင်ပါသည် ခင်ဗျား။

သဘာဝဘေးအန္တရာယ် ကိုယ့် ဘာသာကာကွယ် ပို့စ်လေးအတွက် ရွှေအိမ်စည်ကိုကျေးဇူးတင်ရပါသည်။ ဖတ်ဖြစ်အောင်ဖတ်ကြရမည့် ပို့စ်လေးပါခင်ဗျာ။

ကိုဖက်တီး၏ နောက်ဆုံးလက်ကျန် ပစ္စုပ္ပန် ကတော့ မိခင်မေတ္တာဖွဲ့လေးပါ။ ကောင်းပါသည် ကိုဖက်တီးခင်ဗျား။

ကိုသစ်မင်းကတောင် ဒီပို့စ်ဖတ်ပြီး ချက်ခြင်းပဲ အမေပို့စ်တစ်ခုကောက်ရေးသည်အထိ ဖြစ်သွားပါသည်။ ကျေးဇူးရှင် ဆိုတဲ့ပို့စ်လေးအတွက် ကိုသစ်မင်းကိုလည်းကျေးဇူးတင်ပါသည်ခင်ဗျား။

လယ်တွင်းနယ်က ခေတ်ငါးခေတ် ထပ်ဆင့်ကုသိုလ် ရှင်ပင်ရွှေဆပ်သွား ပို့စ်အတွက်လည်း ကိုစိန်သော့ကြီး ကို ကျေးဇူးတင်ရပါသည်။

မိုးထဲရေထဲကျိုက်ထီးရိုးခရီးသည် ရွှေတိုက်စိုး ၏ ဓါတ်ပုံလေးများကလည်းလှပါသည်ခင်ဗျား။

ဒီတစ်ပတ်၏ အထူးခြားဆုံး ဖြစ်စဉ်ကတော့ ဆရာမ ဆူး ၏ ပို့စ်တစ်ခုတက်လာခြင်းနှင့် ကွန်းမန့်များလည်း ချီးမြှင့်လာခြင်း ဟု ထင်ပါသည်။ ကြိုဆိုပါတယ်ဗျာ။

ဆူးရေးသားသောပို့စ်ကတော့ တစ်ဦးချင်းစီပြုပြင်နိုင်ပါ့မလား ဖြစ်ပါသည်။

ပြုပြင်စေချင်သည့်စေတနာဖြင့် ရေးသော ပို့စ်လေးဖြစ်ပါသည်။ ကျေးဇူးပါခင်ဗျာ။

ဒီတစ်ပတ် ပို့စ်တွေတက်တာ တော်တော် များပါသည်။ ဘလက်ချောလည်း အီစလံဝေသွားပါသည်။ ကျန်ခဲ့ပါသော၊ အသေးစိတ်မရေးနိုင်ပါသော ပို့စ်ပိုင်ရှင်များအား အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဘလက်ချော တစ်ယောက်တည်း ဒီအပတ်အတွက်အကောင်းဆုံးအဖြစ် ရွေးခြယ်ဖြစ်သော ပို့စ် လေးကိုတင်ပြချင်ပါသည်။

ကိုသစ်မင်းရေးပါသော သည်အလှူ ဆိုသည့် ပို့စ်လေးကို ဒီတပတ်အတွက် မန်းဂဇက်၏ အကောင်းဆုံးပို့စ် ဟု သတ်မှတ်ချင်ပါသည်။ ရွာသူရွာသားများအနေဖြင့် သဘောမတူ ပါကလည်း ဇောဒက တက်နိုင်ပါသည်။ ကျွန်တော် တစ်ဦးတည်း၏ ထင်မြင်ချက်သာ ဖြစ်ပါသဖြင့် အကြိုက်ခြင်းမတူပါက ပွင့်လင်းစွာ ဝေဖန် ဆွေးနွေး နိုင်ပါကြောင်း

နောက်တစ်ပတ် etone ပို့စ်မှ ပြန်စပါမည်။ မန်းဂဇက်တွင် ကာတွန်းလေးများ မြင်ချင်မိပါကြောင်းတင်ပြရင်း ဘလက်ချော အိမ်ပြန်ချိန်ရောက်ပါပြီ ခင်ဗျား။

black chaw

About black chaw

black chaw has written 332 post in this Website..