စမ်းချောင်းတွင်တညအိပ်ခဲ့ရပါသည်( ဘဝပုံရိပ်များ) မောင်ဖက်တီး

fattyOctober 25, 20111min16412

ကမာရွတ်လှည်းတန်းတော့ရစ်ပြီးပြီ။
အစာကပြောသလို ကျနော်ကအစွဲအလန်းကြီးတတ်တယ်နော် ဆယ်တန်းအောင်တော့ DSA
သုံးခါဖြေတယ် မရဘူး။
တင်သန်းဦးရဲ့စစ်တက္ကသိုလ်
ကအကြောင်းတွေဖတ်ပြီးရူးခဲ့တာလေ ..။
သူနဲ့လဲဆုံမယ်လို့မထင်ခဲ့ဘူး ဖြစ်ချင်တော့
ကျနော်မြန်မာ့ရုပ်သံရောက်တော့
သူတို့က သူတို့ကဆိုတာ
သူရယ်မြသန်းဇံရယ် ……………..။

ကျနော်တို့ဆီလာပြီးတပည့်ခံကြရတယ် အဟဲနောက်တာပါ
လာလေ့ကျင့်တာပေါ့ ..။ အဲတုန်းက သူက ဒုဗိုလ်မှုးကြီး
ကျနော်က ကြိတ်ပြီးအားကျတာပေါ့ ၈၈ မတိုင်ခင်အထိပေါ့
ကျနော်စမ်းချောင်းမြေနီကုန်းက မိုးနတ်မယ်ဆိုင်မှာ သွားသွားသောက်ဖြစ်တယ် …။
တကာကတော့ တင်သန်းဦးပေါ့ …။အဲဒီမှာ စမ်းချောင်းစခန်းက ဒုရဲအုပ်တယောက်
နဲ့ ခင်နေတယ် သူကလဲ ညနေတိုင်းလာသောက်တယ် ..။

ကျနော်ကနဂိုကထဲက ယူနီဖေါင်းဝတ်ချင်နေတဲ့ကောင် သောက်ဖြစ်မရှိလို့မဖြစ်တာလေ
(မဖြစ်တာဘဲကျေးဇူးတင်ရမယ် ) ဥိးလေးက ဆက်သွယ်ရေးက ဒုတပ်ရင်းမှုး
နောက်ဦးလေးက စခန်းမှုးလေဗျာ ..။
သွေးပါတာပေါ့နော …။
ဒါပေတဲ့ သူတို့က ကျနော့ကိုကန့်ကွက်ကြပါတယ် ..။
ထားပါလေ ..။

ကျနော်အားရင်အားသလို ရဲစခနးကရဲဘော်လေးတွေကိုသနားတာနဲ့ ညနေပိုင်းကျနော်သောက်ပြီးရင် မုန့်သွားသွားကွေးတယ် ..။
သူတို့ဆီကဇာတ်လမ်းမျိုးစုံအောင်လဲသိရပါတယ် ..။အဲဒီတုန်းက
ဇော်ဇော်အောင်တို့ ဇော်ရဲအောင်တို့ နာမည်ကြီးနေချိန်ပေါ့ …..
တရက်တော့ ..
ဘယ်ကနေ ဘယ်လိုမူးလာလဲတော့မသိဘူး
စမ်းချောင်းစခန်းကိုဒရီးဒရိုင်နဲ့ရောက်လာတယ်တဲ့ ….
တဲ့ လို့ပြောရတာက ကျနော်မမှတ်မိတော့လို့ပါ သူတို့ပြန်ပြောပြလို့ကိုး ..

ပြီးတော့ရုံးအဝင်ဝရောက်တော့ မှန်တခါးကြီးကိုမဟန်နိုင်ဘဲမှီလိုက်တာ
မှန်တံခါးကြီးကွဲရောဆိုပါတော့ ..
ကျနော်နဲ့သိတဲ့ ကောင်တွေကလည်းတကောင်မှမရှီဘူး ..။
ဒါနဲ့ အဲဒီည …. ဆေးပေါင်းတော့မခဘူး ကျနော် အချုပ်ထဲ တညအိပ်လိုက်ရတယ် ..။
မနက်ကြတော့ အလျှော်ပေးလိုက်ရတာပေါ့ …။
ဒါလောက်လေးနဲ့များတချို့က ကျနော့ကို အတော်ဆိုးတာဘဲတဲ့။

တခုတော့လှို့ဝှက်ချက်ပြောပြရအုံးမယ် ကျနော်နဲနဲအံ့ဩတာရှိတယ်။
ကျနော်ဆုတောင်းရင်ပြည့်တတ်တယ်။
ဟိုတုန်းကမောင်သာရတို့ဘာတို့ဖတ်ပြီးသူတို့လို
လက်တွေ့လေ့လာချင်လို့ အချုပ်ထဲရောက်ဖူးချင်လိုက်တာလို့ဆုတောင်းခဲ့ဘူးတယ်လေ …။ သိလား …..။

12 comments

  • zaymdy

    October 25, 2011 at 8:47 pm

    ဗဟုသုတရပါတယ်ဗျာ.. နောက်တစ်ခါ ဆုတောင်းမမှားစေနဲ.နော် သန်.ရှင်းတည်းစင်ကြယ်တည်း စစ်တပ်ကြီးကြမှ အတူတူ စစ်မူထမ်းကြတာပေါ့ဗျာ…:)

  • ပေါက်ဖော်

    October 25, 2011 at 8:50 pm

    ဆုတောင်းစရာရှားလို ့..အချုပ်ခန်းမှ ဆုတောင်းရသလားကွဲ ့..
    ကျနော်တို ့တော့ ဖြတ်သွားရင်တောင် လှည့်မကြည့်တော့ဝူး..စိတ်ပျက်ရို ့.
    😮

  • blackchaw

    October 25, 2011 at 8:52 pm

    အင်း ကိုဖက်တီး ရေ။
    ရဲစခန်းထဲကည အကြောင်းလေးပါ ဆက်ရင်ကောင်းမယ်ဗျာ။
    ဟားဟား။

  • windtalker

    October 25, 2011 at 8:53 pm

    ဒါဆိုရင် ဦးဖက် က ဂျေမီ့ အရင် “ စမ်းချောင်းမှာ ကျင်လည်ကျက်စား ” ဆိုသလို ပေါ့ဗျာ ဟားဟား

  • Mg Ni Tut

    October 25, 2011 at 8:57 pm

    ဆုတောင်းပြည့်တယ်ပေါ့.. 🙂

  • hmee

    October 25, 2011 at 9:17 pm

    လေးဖက်ကတော့ ဖြစ်ရမယ်။ 🙂

  • koyinmaung

    October 25, 2011 at 9:45 pm

    အင်…ဆရာဖက်ကအချုပ်ကျတာမှမဟုတ်တာ
    အချုပ်ထဲမှာအိပ်ခိုင်းထားတာပါ အချုပ်ကျတဲ့အရသာလဲသိမှာ
    မဟုတ်ပါ…..
    ဆရာဖက်ရေ…တင်သန်းဦးနဲ့မြသန်းဇံ တို့အကြောင်းလဲရေပါအုံး
    ဖတ်ချင်လို့ပါ……

  • amatmin

    October 25, 2011 at 10:25 pm

    ကျွန်တော်က ခေါင်းစဉ်လေး ကို ဖတ်ပြီး ဦးဖက်တီး တော့အပျော်ခရီးထွက်တုန်းက
    စမ်းချောင်းလေးမှာ ဇိမ်ရစ်တဲ့ သမိုင်းကြောင်းလး စမြုံ ပြန်.ပြီထင်လို့ အားပေးမလို့.ကို
    အထင်နဲ့အမြင် တက်တက်စင် လွဲ သဗျာ..ဟား ဟား
    ဆုတောင်းကောင်းတဲ့. လေးဖက် ပေါ့ဗျာ..

  • kai

    October 26, 2011 at 4:52 am

    မဟာဗျူဟာ..နည်းဗျူးဟာတွေနဲ့.. လူထုစိတ်ဓါတ်စစ်ဆင်ရေးလာလုပ်..
    .. စစ်သားကကိုယ်နဲ့မဆိုင်တဲ့နယ်တွေ.. အတင်းတိုးဝင်တော့ကာ.. ဆိုင်ရာနယ်တွေရဲ့.. ပရိုအဆင့်တွေ ဆွဲချဖြစ်ကုန်တယ်ပဲ..ထင်မိတယ်.။
    မြန်မာပြည်Failed state ဖြစ်သွားတာမှာ.. စစ်သားက သူ့ပရိုဖက်ရှင်နယ်ဖြစ်တဲ့.. စစ်ကိုမတိုက်ပဲ.. အနုပညာနယ်တွေအထိ ..ဝင်ရှုပ်တာ.. အရပ်အုပ်ချုပ်ရေးတွေထဲ.. ဝင်ခြေရှုပ်တာတွေ.. အဓိက ပါတယ်..။
    “စစ်သားဟေ့”ဆိုရင်.. တိုက်ပါလား.. ပြည်တွင်းစစ်အဆုံးသတ်အောင်…။ 🙁

    ဆိုတော့..
    မဆလခေတ်က.. ဝန်ကြီးသွားဖြစ်တဲ့.. လွတ်လပ်ရေးခေတ်ကဗိုလ်မှုးကြီးတယောက်ပြောစကား.. သတိရမိတာပဲ..။
    “ငါက.. စစ်တိုက်ချင်လို့ စစ်ထဲဝင်ခဲ့တာ.. အရပ်ဖက်ဘာတွေလာလုပ်ခိုင်းမှန်းမသိ.. စိတ်ပျက်တယ်တဲ့…။”
    မှားပြီတဲ့..လေ။
    စစ်သားစစ်စစ်ကြီးတွေ.. ဆိုတာ… အဲဒီလို စဉ်းစားတာ…။

    ထားပါတော့..
    ဦးတင်သန်းဦး “အာရုံဦးမှာဖူးသည့်ကြာ” ဆိုပြီး.. လုပ်ထည့်လိုက်တာ.. ယူအက်စ်က .. မြန်မာအသိုင်းအဝိုင်းတွေ.. အုပ်စုတွေကွဲ.. ရန်ဖြစ်..ဖြစ်သွားခဲ့သေးတယ်.။
    သူက.. အဲဒီလို.. အဲဒီလို.. ညီညွတ် စည်းလုံးရေး..လုပ်တာ.. ကျွမ်းကျင်တာ….။ (ေ–ာက်တလွဲ)

  • fatty

    October 26, 2011 at 10:44 am

    မှန်ပါတယ်ခင်ဗျာ တင်သန်းဦး ဟာတော်တော်တော်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးသမားတဦးပါ။
    သူလည်းကျနော့ဆီက ရုပ်မြင်သံကြားထုပ်လွှင်မှုပိုင်းဆိုင်ရာကိုလေ့လာသလို ကျနော်လည်းသူ့ဆီကနေ စိတ်ဓါတ်စစ်ဆင်ပုံပိုင်းဆိုင်ရာကို သတိပြုပြီးလေ့လာခဲ့ပါတယ် ..။ အများကြိုက်ပေးထားပြီးကိုယ်လိုချင်
    တဲ့ ဟာကိုပါးပါးလေး propaganda လုပ်သွားတာပါဘဲ …။ မြန်မာ့အသံကိုမူအရဆိုပြီးနင်းကန်
    တင်းကြပ်ထားလိုက်တယ်။ ဆိုချင်တာက အဆိုတော်တွေ ကိုယ်အောက်ပိုင်းမလှုပ်ရဘူး လယ်ဟိုက်မဝတ်ရဘူး … ဘာညာပေါ့ ..။ မြဝတီကြတော့လွှတ်ပေးလိုက်တယ် ..။လယ်ဟိုက်တယ် ..။
    ဘောင်းဘီရှည်ဝတ်လို့ရတယ် Shade လို့ရတယ် ..။ အဲလိုအဲလိုတွေပေါ့ …။ ကျနော်တို့ဆီ
    နွဲ့ယဉ်ဝင်းတို့လိုလာရိုက်တော့ပြသနာပေါ့ ကိုယ်အပါ်ပိုင်းဘဲရိုက်နေရတယ် သူက ကောင်းကောင်းကတတ်တော့အောက်ပိုင်းက က နေတာကိုး …..။
    အရင်အစိုးရ လက်ထက်ကာ ဟာတွေပြောနေတာပါနော် …..။

  • MaMa

    October 27, 2011 at 9:48 am

    အလည်အပတ်ထွက်တာတောင် ပိုစ့်တင်ရဦးမယ်ဆိုပြီး သူများထက်စောပြန်ပြီး စာပေတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်တတ်တယ်တဲ့။
    ဒီလိုဒီလို ကြားဖူးတယ် ဟုတ်လားတော့ မသိပါ။ 😀

  • Diamond Key

    October 27, 2011 at 9:49 am

    အထဲမှာ အထောင်းလေးဘာလေး မခံခဲ့ရဘူးလား fatty ရေ။ ကြားဖူးထားလို့ပါ။ ချန်မထားပဲ ကျန်တာတွေလည်း ရေးပြအုံးလေ။ . 🙂

Leave a Reply