“ရွာကိုပြန်လာကြပါဗျို့း………………”

“ရွာကိုပြန်လာကြပါဗျို့း………………”

ဟိုအရင် လွန်ခဲ့ပြီဖြစ်တဲ့
ရက်ဟောင်းများမတော့ ၊
ငြင်းကြခုန်ကြ
အပြင်မှာ ဖြစ်ခဲ့တဲ့
မကြင်နာအငြိုးတွေနဲ့
ရွာထဲကိုဝင် ဇွတ်အတင်းကို
ရန်ပွဲတွေခင်းကြ။

အချိူ့များကြပြန်တော့လဲ
သူကြီးစကား ဘာသာပြန်မှားပါလို့ ။
မတူတဲ့အတွေးတွေနဲ့ မရေးဘဲ
မတူတဲ့အမြင်တွေနဲ့
ကိုယ်လက်ခံတဲ့ပေတံ၊ကိုယ့်စံတွေနိုင်းလို့
မမောနိုင် မပန်းနိုင် ဘဲ
ငြင်းကြ ခုန်ကြ။

စိတ်ပေါက်ပေါက်နဲ့ကိုဟဝှာ
ဆဲလိုက်တာကို၊
ရွာပြင်ထုတ်ရေးမထုတ်ရေး
အလေးအနက်ကြီးဆွေးနွေး၊
အခုတော့လဲ ကိုအဝှာကလည်းဆဲမြဲ့ပါဘဲ။
ဆဲတယ်ဆိုတာကလဲ
မပြင်နိုင်တဲ့သူ့အကျင့်
ခွင့်လွတ်လိုက်ရင်တော့လဲပြီးသွားတာပါဘဲ။

အချစ်များ ယာယီ ဆိတ်သုဉ်းချိန်လေးမှာတော့၊
နားရွက်တံတွေးဆွတ်သူကဆွတ်လိုဆွတ်
လက်မညောင်းသမျ လက်ခမောင်းထခတ်သူကလဲခတ်
တစ်ယောက်နဲ့တစ်ယောက်
စိတ်ကောက်ပြ ထိပ်ခေါက်ကြနဲ့
ခဏလေးတော့ ဂယက်ထ

အမှိုက်သရိုက်တွေရှိနေသဟာ
လေလာတော့ ပွထသွားသလို။
ကျနော်တို့ချစ်ရတဲ့ရွာကလေး………………………….
ယာယီတော့ အရုပ်ဆိုးသွားပါသေးတယ်။

အခုများမတော့ သာယာ
ကောင်းသောလာခြင်းနဲ့ရေးဖွဲ့တဲ့ ပို့စ်တွေကလဲ
တစ်ရက်ထက်တစ်ရက် တစထက်တစ များ…… များလို့လာ၊
သဘာဝအလှ ၊ဒေသန္တရဗဟုသုတ၊
ပန်းလေးများတွေရဲ့အလှ၊
မရှိမဖြစ်လိုအပ်လှပါသော၊
လောကကြီးရဲ့သတင်းများ
ချစ်ခြင်းအားဖြင့်ဝိုင်းပံ့ပိုးကြတာကတစ်ကြောင်း၊
မုဒိတာ အခြေခံထား
တစ်ယောက်ရေးတာ တစ်ယောက်ဖတ်
သင့်မြတ်မှန်ကန်တဲ့ကော်မင်းတွေပေးကြဆိုပြန်တော့
မိုးရွာပြီးစ နံနက်ခင်းလို
သန့်ရှင်းလန်းဆန်း ခြင်းနဲ့ကျက်သရေတွေဝေ
လက်ရှိကျနော်တို့ရွာလေးရဲ့ အခြေအနေပါဘဲ။
အဲသဟာကြောင့်ဗျာ……………….
ပျော်ရွှင်ဘွယ်ရာ ရွာကလေးနဲ့
ခဏလေး ဝေးနေသူတွေ၊
စိတ်ကောက်လို့ကိုယ်ယောင်ဖျောက်နေသူတွေ၊
စိတ်ပေါက်လို့ မလာချင်သူတွေ၊
စိတ်တိုလို့ မဝင်တော့တဲ့သူတွေ၊
စိတ်ကုန်လို့အရိပ်အယောင်တောင်မပြတဲ့သူတွေ၊
အားလုံးကို ဒီနေရာကနေ
လာတော်မူကြပါလို့
ရွာပီပီဗျို့ဟစ်လို့အော်
ဖိတ်ခေါ်လုိုက်ပါသဗျိုး……………………………..။

(ဘလက်ကောင်ရဲ့အနက်ရောင်အတွေးများကိုဖတ်ရင်း ဒီကဗျာလေးဖြစ်သွားပါတယ်။)

ကိုပေါက်လက်ဆောင်အတွေးစဉ်

69 comments

  • တွက်ကြည့်တော့ လူမစုံသေးဘူးနော်။
    ပုန်းနေရင်လဲထွက်ခဲ့။
    စိတ်ကောက်ရင်လဲပြောတော့။
    စိတ်ကုန်နေတယ်ဆိုရင်တော့ စိတ်အားဖြည့်ဆေးပေးမယ်။

    • maythakhin

      October 29, 2011 at 10:49 am

      မင်္ဂလာပါ ကိုပေါက်ရေ …………………..

  • ရွှေဘိုသား

    October 29, 2011 at 10:08 am

    ပူတင်းတော့လာစားချင်သား ရထားခလေး သနားပါလား ဖေကြီး အသွားအပြန်မှ 5000 လောက်ပေါ့

  • nature

    October 29, 2011 at 12:41 pm

    ကိုပေါက်ရေ ကျနော်ပျောက်နေရတာတော့လောလောဆယ်လေးဘက်နာဖြစ်နေလို့ပါ။ အဲဒီမတိုင်ခင်က ကွန်နက်ရှင်တွေကမကောင်းတော့ တပတ်လောက်ဝင်လို့မရတော့ တော်တော်လေးစိတ်ပင်ပန်းခဲ့ရပါတယ်။ အိပ်ပျက်တာတွေလည်းများခဲ့ပါပြီ။ ဒါကြောင့်အကြောင်းအရင်းကို ပြန်ဆန်းစစ်ကြည့်တော့ ရွာထဲကို တပတ်လောက် ဝင်မရလို့ို့စိတ်ပင်ပမ်းရခြင်းဟာ mg ကိုစွဲလမ်းမှုကြီးခဲ့လို့ လို့မှတ်ချက်ချမိတယ်။ ဒါကြောင့်စွဲလမ်းမှုကို လျှော့ချဖို့ဆုံးဖြတ်မိတယ်။ ဘယ်သူမပြုမိမိမှုပါပဲ။ အဲဒီလို ဆုံးဖြတ်ပြီးလို့မကြာမီမှာပဲ လေးဘက်နာဖြစ်လို့အိပ်ယာထဲကမထနိုင် ဖြစ်ခဲ့ပါတယ်။ ချစ်ခင်ရပါသောသူကြီးနဲ့ ရွာသားများကို အမြဲသတိရလို့ ရွာထဲတော့ ဝင်ဖြစ်ပါတယ်။ မှတ် thitmin နဲ့ တံခါးစောင့်ကြီး blackchaw စိတ်ကူးကောင်းတဲ့ Post လေးကလည်း ရွာကို တမျိုးတဖုံစည်ကားစေလို့ ဝမ်းမြောက်မိပါတယ်။ ကြောင်ကြီးရဲ့ဘာဆန်းလဲဆိုတဲ့ post လေးကလည်းတော်တော်လေးကောင်းပါတယ်။ ဗေဒင်ဆရာ ကောင်းကောင်း ရှိတဲ့ fatty ဆီမှာလည်း ဗေဒင်တွက်ချင်ပါသေးတယ်။ ကိုကိုလူဆိုးရဲ့ ထိုင်းရေဘေး ဖတ်ရတော့ ကိုယ်ထင်ထားတာထက်ပိုပြီးဆိုးဝါးနေတယ်ဆိုတာသိရပါတယ်။ ထိုင်းဘုရင် ကိုးဆက်မြောက် ပြီးရင် ထိုင်းမှာ မင်းဆက်ပြတ်မလိုလိုဒုက္ခ ရောက်မလိုလို တဘောင်ရှိတယ်လို့ ကြားဖူးပါတယ်။ ဆူရှီစားပြီးဆွေမျိုးမေ့သွားတဲ့ shwetikesoe ကိုတွေ့တဲ့ရွာသားများခေါင်းကို တချက်လောက်နာနာလေးတီးမယ်ဆိုရင် သတိပြန်လည် စေနိုင်တယ်လို့ ကြားဖူးပါတယ်။ 🙂 Shwetikesoe က တရားပြန်စွဲရင်တော့ ရှေ့နေအလိုက်ကောင်းတဲ့ koyin ရဲ့ သောနုထိုမုဆိုးကို ရှေ့နေလိုက်သလို nature ခိုင်းလိုပါဆိုပြီး လွဲချမှာမြင်ယောင်မိပါတယ်။ ကျနော်က ပါစပ်နဲ့ပြောတာပါ။ သူသွားမရိုက်ရင် ဒီအမှုမဖြစ်ပါဘူ.လို့ချေပဖို့စဉ်းစားထားပါတယ်။ ဘာပဲဖြစ်ဖြစ် ၂ယောက်စလုံးကြံရာပါမလွတ်နိုင်ပါဘူး။ ရွှေအိမ်စည်ရဲ့ တောင်များနိမ့်ဆင်းခြင်း မြေပြင်မြင့်တက်ခြင်းတွေဟာ မြန်မာနိုင်ငံမှာ ထူးခြားဖြစ်စဉ်တွေ ဖြစ်လာဦးမယ်လို့ထင်မြင်မိပါတယ်။ ဒီနှစ် ဦးပိုင်းက ကြွက်တွေ အသိုက်ပြောင်းကြတာ အစာရှားပါးလို့လား ရေကြီးမယ့်နိမိတ်လားဆိုတာမဝေခွဲတတ်ပါ။ တိရိစာန်တွေဟာ ရာသီဥတု ကို ကြိုသိနိုင်တယ်လို့ ကြားဖူးပါတယ်။ blackchaw ရဲ့ ကုလားအစ်နဲ့ ဗမာအစ် ဟာလည်း ဗုဒဘာသာအခြေခံလေးကိုပြောပြတာဖြစ်လို့ သတိမမူဂူမမြင်ဖြစ်နေတဲ့ သူတွေအတွက် သတိထားလိုက်နာသင့်ပါတယ်။ amatmin ရေ ဒေါ်လာတွေဈေးကွာရင် လူ ၂ယောက်ခွဲပြီး ၂နေရာသွား တယောက်နဲ့တယောက်ဖုံးဆက်ဈေးပြောပြီး သာတဲ့နေရာမှာလဲပေါ့။ ကင်မရာတွေဝယ်မယ်ဆိုရင်တော့ inz@ghi ကိုအားကိုးရမှာပဲ။ မင်းတိုင်ပင် fatty ကတော့ ငါတိုင်ပင်ရင်ကောရပါ့မလားမသိဘူး။ 🙂 (ကတော့ နော် ဆရာဖက်) foreverရဲ့ ငြိမ်းလူနဲ့ထွေရာလေးပါးမှာ ကျန်ကျောင်းကားအကြည့်များပြီး ကိုယ်ခံပညာ အဆင်မြင့်သွားလို့လား ၊ကြံ့ဗဟုံး ကာတွန်းထဲကလို ချောင်းပစ်လိုက်ကျည်ဆံကို ၁ဝပြားစေ့တွေလို့ ငုံ့ကောက်ရင်လွတ်သွား တာလားမသိဘူး။ comegyi ရဲ့ ရင်တွင်းဖြစ် အငယ်အနှောင်းမြို့ကတော့ ၂ခါလောက်ဖတ်မှသဘောပေါက်မိတယ်။ ကိုငြိမ်းအေးရဲ့ သီလပုံစံဖြည့်ကြပါ က တရားသဘောကို လက်တွေ့နဲ့ဆက်စပ်အသုံးပြုဖို့အကျိုးရှိပါတယ်။ rate up ကိုအားပေးသွားပါတယ်။ ဆုတ်ကပ် ကြီးမှာ လူတွေဟာ လောဘဒေါသ မောဟ များလာတာနဲ့အမျှ သူ့ထက်သူဆိုးတဲ့ ကပ်ဘေးတွေ ကျရောက် လာစေနိုင်ပါသဖြင့် မနုသာဓမ လောကပါလတရား စသော မြတ်စွာဘုရားဟောကြားတော်မူသော တရားတော်များကိုသိရုံ မဟုတ်ပဲ လက်တွေ့လိုက်နာ ကျင့်ကြံပွားများ နှလုံးသွင်းကြမှသာမည့်ဆယ်စုနှစ်တခုအတွင်း ကပ်ဘေးရောဂါတွေ ကင်းရှင်းစေနိုင်မယ်လို့ယုံကြည်ပါတယ်။ အကုသိုလ်မီးဆိုတာ လူတိုင်းကိုင်နိုင်အောင် ချက်ခြင်းမပူပဲ မေ့လောက်တဲ့ အချိန်ရောက်တော့ မှ သေလောက်အောင်ပူပြင်းတဲ့ ဆင်းရဲဒုက္ခကိုပေးတတ်ပါတယ်။ မြန်မာ ပြည်သူား များအားလုံး ၊သူကြီးနဲ့တကွ ရွာသူားများအားလုံး ကျန်းမာ ချမ်းသာကြောင်းများတရားများကို သိရှိယုံကြည် ကျင့်သုံးကြပြီး ချမ်းသာသော အကျိုးတရားများကို ရရှိကြပါစေလို့ဆုတောင်းလိုက်ပါတယ်။

  • နေချာရေ
    ကျန်းမာရေးမကောင်းဘူး သိရလို့ စိတ်မကောင်းပါ။
    ရွာထဲက ဆရာဝန်များ နေချာရဲ့လေးဘက်နာအတွက် ဆေးစွမ်းကောင်းတွေပြပေးကြပါ
    ပွင့်လင်းစွာပြောရရင်တော့ ကျနော်က အင်တာနက်ဆို်င်ရောက်တာနဲ့ ပုံတင်စာရေးအားထုတ်ရပါတယ်။
    အဲတော့ ရွာထဲက စာအားလုံးမဖတ်နိုင်ပါ။
    မန်းထားတာလိုက်ကြည့်
    ခေါင်းစဉ်တွေကြည့် စိတ်ဝင်စားမိသလောက်လေးဘဲ ဖတ်မိ ဖတ်ရသလောက်ဘဲ မန်းပေါ့။
    အဲလိုလေးဝင်တာနဲ့တင် ရွာထဲကလူတွေကို သိနေပါတယ်။
    အခုတစ်လောမြင်နေကျလေးတွေပျောက်နေတာရယ် ဘလောချက်ရဲ့ပိုစ်ကို ဖတ်မိတာရယ်ကြောင့်
    ဒီကဗျာလေးနဲ့ အားလုံးကို တမ်းတလိုက်မိတာပါ။
    အခုတော့ လူတော်တော်စုံသွားပြီ။
    ဝမ်းသာပါတယ်။
    နေချာ အသေအချာ နေကောင်းပါစေ။

  • unclegyi1974

    October 29, 2011 at 11:16 pm

    ရွာကိုပြန်လာကြပါလို့ကိုပေါက်ကဗျို့ဟစ်
    မျက်လုံးကဝေသီသီကြည့်လို့ကမကောင်း
    မြန်တိုင်းရဲ့အင်တာနက်မြန်နှုန်းကမကောင်း
    ရေးစရာများစိတ်ထဲကရေးနေတယ်
    ဘရဲ့အကြောင်း

  • ကော်နက်ရှင်မကောင်းတိုင်းသာမဝင်ဘူးဆိုရင်
    ဘယ်တော့မှာရွာထဲရောက်မှာမဟုတ်ဘူးအီးကယ်ဂျန်ရေ

  • nyochaw

    October 31, 2011 at 11:49 am

    မရောက်ဖူးတဲ့ ရွာလေးမို ့ ဝင်ကာဖြင့်ကြည့်ချင်မိ..
    ခင်ချင်တာရွာသူ၊ ရွာသားအားလုံးကိုဖြင့်…
    ရေးချင်သည်စာလေးများ.. သို ့ပေမယ့်…
    အရေးအသားကမကောင်း..ဗဟုသုတကနည်း..
    အပြောအဆိုက မတတ်..ပြောဖို ့ရာ ရှာကြံမရတော့ ..
    ဝင်ကာပဲဖတ်မိပြီမို ့ ….မမြင်ချင်ယောင်မဆောင်ဘဲ …
    အသိအမှတ်တော့ ပြုပေးပါလို ့……အို……………
    ရွာသူ ရွာသားအပေါင်းတို ့…………….

  • blackeye

    October 31, 2011 at 12:32 pm

    ကယ်ကြပါ ၊ ရွာ ကိုပြန်အလာလမ်းခရီးမှာ လမ်းပျောက်နေလို့ပါ ၊
    ကျနော်တို့မြို့မှာ ဝိုင်ဖိုင် ပေးတဲ့ အင်တာနက်ဆိုင် ကိုအရေးယူမလို့တဲ့ ၊
    ကျနော်ဖြင့် မကြားဖူးပေါင်ဗျာ ၊ ဘယ်လိုမျိုးကြီးလဲ ၊
    အဲလို အာဏာသုံးပြီး လုပ်ခွင့်ရှိပါသလား၊ နားမလည်နိုင်လွန်းလို့ပါ ။
    ပီးတော့ ပိတ်ခံထိတာ တစ်ဆိုင်ထဲဖြစ်နေပြန်တယ်၊ တစ်ခြားဆိုင်တွေကိုသုံးခွင့်ပေးထားတယ်၊
    ပိတ်ထားတဲ့ဆိုင်က ဝိုင်ဖိုင်ယူထားတဲ့ ကျနော်လဲ လမ်းပျောက်နေပြီ ဗျို့ ။

Leave a Reply