Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၂ ) ( ဇလုပ်မတိုက်ပစ်ပါနှင့် )

Foreign ResidentOctober 26, 20115min25723

Voice Journal ရဲ့ ရှယ်ဖွချက် နှင့်

အတွေးများ ( ၂ )

 

ထုံးစံအတိုင်း ပါပဲ ခမျ ။

ဆရာ “Young Man” ရဲ့

“ဆရာဝန်ဖြစ်ဖို ့ကျွန်တော်ကြိုးစားမည်”

Post ကို Reply လုပ်တာပါ ခမျ ။

နဲနဲရှည်တော့ Point လေးများရအောင်

Post ကြီး လုပ်ဖြစ်သွားပါတယ် ။

 

အဲဒီအပြင် ဆရာ ကို Htoo San က

ပွဲမပြီးပါနှင့်အုံး ဆိုလို့

ဆက်ပြီးဖြေပေးထားပါတယ် ခမျ ။

 

အဲဒီတော့ကာ အဲဒီ

“ဆရာဝန်ဖြစ်ဖို ့ကျွန်တော်ကြိုးစားမည်”

Post နှင့် တွဲဖတ်မှ ဇတ်ရည်လည်မဗျ ။

 

ဟီဟိ ။ ရွာသူား တွေကတော့

သတ်ချင်တော့ မှာပဲ ။

 

ရွာသူားများလည်း ဝဋ်ပါလာတယ်

သဘောထားပြီး သည်းခံဖတ်ပေါ့ဗျာ ။

 

” Retired သွားတော့ အများဆုံး ရှိလှမှ သံလွင်လမ်း၊ အင်းလျားလမ်း လိုနေရာမျိုးမှာ

လုံးချင်းတိုက်တစ်လုံး ၊ ကား တစ်စီး နှစ်စီး ရှိမယ် ထင်ပါ တယ် “

 

အင်း Post ရဲ့ ပြောချင်တဲ့ ဦးတည်ချက် နှင့် တော့ မဆိုင်လှပါဘူး ။ ရွာသားတွေကို ဗဟုသုတ ဝင်ပြောတယ်ပဲ မှတ်ကြပါ ။ နို့မို့ဆို ရွာသားတွေ အရမ်း အရမ်း ကို သနားသွားမှာစိုးလို့ပါ ။

 

အခုလက်ရှိပေါ့လေ အင်းလျားလမ်းမတန်း ပေါ်မှာရှိတဲ့  လုံးချင်း ခြံ နှင့် တိုက်တစ်လုံးရဲ့ အကြမ်းဖျင်းတန်ဖိုးက  သိန်း သုံးသောင်း ( US$ 4 millions ) ဝန်းကျင်မှာ ရှိပါတယ် ။

 

အဘ တို့များ ယောင်လို့တောင် အိပ်မက်မမက်ရဲပါဘူး ။

ဒါတောင် တိုက်ကလေး တစ်လုံးပဲ ရှိသေးတာနော် ။

 

ဒါပေမယ့် အဘရဲ့ လက်ရှိဘဝအတွက် အဘ ဝမ်းမနည်းပါဘူး ။

အဘ လက်ရှိဘဝမှာပဲ ရောင့်ရဲ တင်းတိမ် နိုင်ပါတယ် ။

မရောင့်ရဲ မတင်းတိမ် လို့လဲ မရဘူးလေ ။

 

ဘယ်နိုင်ငံမှာမဆို ပေါ့ ၊

အဘတို့ လင်မယားလို နှစ်ဦးစလုံး အောက်ခြေကနေ စခဲ့ရတဲ့ ၊

မိဘ အမွေအနှစ် လောက်လောက်လားလား မရှိတဲ့ ၊

ခန္ဓာကိုယ် နှင့် အသိအတတ် ပညာပဲ ရင်းနှီးနိုင်တဲ့ သူတွေကတော့ ၊

သူဌေးကြီး ဖြစ်ဖို့ ချမ်းသာဖို့ မမျှော်မှန်းနိုင်ပါဘူး ။

 

နိုင်ငံတကာ မှာလည်း

သူဌေးကြီး ဖြစ်ချင်ရင် ခန္ဓာကိုယ် နှင့် အလုပ်လုပ်တာ မဟုတ်ပဲ ၊

ငွေကိုခိုင်းစားရတဲ့ ကိုယ်ပိုင် စီပွားရေး ( Business ) တစ်ခုခုလုပ်မှ ၊

သူဌေးကြီး ဖြစ်တာပါ ။

 

အဘရဲ့ ဒီအမြင်ကို အဘရဲ့

” ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် နှင့်

ဆင်ခြင်တွေးတော ပုံလေးတွေ အပိုင်း ( ၁ ) “

https://myanmargazette.net/73880/creative-writing

မှာ မန့်ထားပါတယ် ။

ဖတ်ကြည့်ကြပါအုံး ။

 

နိုင်ငံတကာမှာလည်း ဆရာဝန် ဆိုတဲ့ဘဝဟာ လူချမ်းသာ စာရင်းထဲ မဝင်ပါဘူး ။ အလုပ်သဘောအရ လူရိုသေ ရှင်ရိုသေ ဖြစ်တဲ့ Upper Middle Class လောက် ရှိတာပါ ။

 

အဲဒီတော့ အဘ တိုက်တွန်းချင်တာကတော့ သူဌေးကြီး ဖြစ်ဖို့ ဦးတည်ချက်နှင့် တော့ ဆရာဝန် မလုပ်ကြပါနှင့် ။ လမ်းလွဲနေပါတယ် ။

 

သူဌေးကြီး ဖြစ်ချင်ရင် ကိုယ်ပိုင် စီပွားရေး ( Business ) တစ်ခုခုလုပ်ပါ ။ အဲဒါကမှ လမ်းပိုမှန်ပါတယ် ။

 

” ဒါတွေကတော့ AE တစ်ယောက် Project တစ်ခုတည်းနဲ့ကို ရနိုင်တဲ ့အနေအထားပါ။

တခြား စည်ပင်တို့ ၊ အကောက်ခွန်တို ့၊ လဝကတို ့တော့ မပြောတော့ပါဘူး “

 

ဆရာ Young Man ရယ် မနိုင်းသင့် မနိုင်းအပ် တာကို မနိုင်းပါနှင့် ဆရာရယ် ။

 

ဆရာရယ် ဆရာပြောတဲ့ AE တို့ ၊ စည်ပင်တို့ ၊ အကောက်ခွန်တို ့၊ လဝကတို ့က

နိုင်ငံ့ဝန်ထမ်းတွေပါ ဆရာရယ် လစာနည်းနည်းလေးရတာပါ ဆရာရယ် ။

သူတို့ ပင်စင်ယူခါနီး ကမ်းကုန် ဒု ညွှန်မှူး လောက်ဖြစ်မှ လစာ တစ်သိန်း နှစ်သောင်း လောက်ရတာပါ ဆရာရယ် ။

 

ဆရာဝန်ကြီးတွေ ရဲ့ ဝင်ငွေနှင့်ဆိုရင် ကလေးမုန့်ဖိုး သာသာလောက် ရှိတာပါဆရာရယ် ။

 

အဲ သူတို့ရဲ့ ခိုးတဲ့ လာဘ်စားတဲ့ အပိုင်းကို ဆရာ Refer လုပ်တာ ဆိုရင်တော့ ဆရာ မနိုင်းသင့် မနိုင်းအပ် တာကို နိုင်းမိပြီလို့ ပြောရမှာပါပဲ ။

 

လူ့အသက်ကယ်တဲ့ မြင့်မြတ်တဲ့ ဆရာဝန် Profession နှင့် ခိုးတဲ့ လာဘ်စားတဲ့ Practice ကို

ဝင်ငွေ တစ်ခုတည်း ကြည့်ပြီး ဇလုပ်မတိုက်ပစ်ပါနှင့် ဆရာရယ် ။

 

အဲဒီ ဝင်ငွေရဲ့ ပမာဏထက် အဲဒီ ဝင်ငွေရဲ့ ဖြူစင်မှုက

ကျွန်တော်အတွက်တော့ အများကြီး ပိုအရေးပါပါတယ် ဆရာရယ် ။

 

ကြုံလို့ ပြောပြချင်တာ တစ်ခုက

အဘတို့ ညီအကိုတွေ လူလားမြောက်စ အချိန်မှာ

အဘ တို့ရဲ့ God Father လိုခင်မင်ရတဲ့သူက

ဘဏ္ဍာ အခွန် ဝန်ကြီး ဖြစ်နေပါတယ် ။

 

အဘတို့ ညီအကိုတွေ အကောက်ခွန်တို ့၊ အခွန်ဦးစီးတို့ မှာ

လုပ်ချင်ရင် နှစ်ခါမပြောရပါဘူး လွယ်ပါ့ ။

 

ဒါပေမယ့် အဘတို့ ညီအကိုတွေ အားလုံး

ခန္ဓာကိုယ် နှင့်ရင်းပြီး ရိုးရိုးသားသား ငွေရှာရတဲ့

ဆရာဝန် အင်ဂျင်နီယာ သင်္ဘောသား ဘဝကိုပဲ

ရွေးချယ်ခဲ့ကြပါတယ် ။

 

အခြေအနေ အကြောင်းကြောင်း အရ စားဝတ်နေရေး နှင့် ဘဝ အတွက် AE တို့ ၊ စည်ပင်တို့ ၊ အကောက်ခွန်တို ့၊ လဝကတို ့ကို ရွေးချယ်ခဲ့ရတဲ့သူတွေကိုလည်း အပြစ်မပြောပါဘူး နားလည်ပေးနိုင်ပါတယ် ၊ ခေတ် ကြီးကိုက စောင်းချမ်းပေါ်ပြီး ဘူးတောင်းနစ်နေတဲ့ ခေတ်ပျက်ကြီးကိုး ။

 

ဒါပေမယ့် ဆရာရယ် ခိုးတဲ့ လာဘ်စားတဲ့ Practice ကြီးကိုတော့ဖြင့် ( လူငယ်တွေ အတုယူ မမှားစေဖို့ ) စံတစ်ခုအနေ နှင့်တော့ မခိုင်းနှိုင်းပါနှင့် ဆရာရယ် ။

 

ကျွန်တော် ဆရာဝန်တွေဘက်က ခံစားပြီး ရင်နင့်လွန်းလို့ပါ ။

အဆင်မပြေတာက အဆင်မပြေတာတပိုင်း ၊

မြင့်မြတ်တာက မြင့်မြတ်တာတပိုင်းပါ ဆရာရယ် ။

 

 

” ဆရာဝန်တွေ ပေါချင်းသောချင်းများနေ တဲ ့ ဒီခေတ် ကြီးထဲ မှာ —–

ရွေးချယ် သင့်မသင့် မိမိကိုယ် မိမိ ဆင်ခြင်သုံးသပ် ဆုံးဖြတ်ကြစေလို ပါ သည် “

 

အဲဒါနှင့် ပါတ်သက်လို့ကတော့ စာရေးသူ Young Manကို ထောက်ခံပါတယ် ။

လက်ရှိ မြန်မာပြည် အခြေအနေအရ ဆိုရင်

ဆရာဝန် Profession ဟာ

နိုင်ငံခြားထွက်ဖို့ ဦးတည်ချက် မရှိဘူးဆိုရင် ၊

ဝါသနာအတွက် ဂုဏ်အတွက် ကုသိုလ်ရဖို့အတွက် မဟုတ်ရင် ၊

( ဝင်ငွေ ကောင်းလိမ့်မယ်လို့ မျှော်လင့်ပြီး တော့ )

မရွေးချယ်သင့်တဲ့ Profession တစ်ခုဖြစ်သွားပါပြီ ။

 

ဒါကြောင့်လည်း လူတော်တစ်ချို့က

ဆရာဝန် Profession ကို မရွေးချယ်ကြတော့ပါဘူး ။

 

အင်းးးးးး  ကြုံလို့ ပြောလိုက်ဦးမယ် ။

 

တိုင်းပြည်ကြီးမှာ ၊

ငတုံးတွေ အလုံးအရင်းနှင့် ဆရာဝန်ဖြစ်လာ တော့မှ ၊

အဘတို့ မှားပါပြီလို့ မျက်ရည် မကျကြဘို့ ။

အုပ်ချုပ်တဲ့ အစိုးရ မင်းများကို

ကြိုတင် လျှောက်ထားအပ်ပါတယ် ။

 

အင်းးးးးး  အဘတစ်သက် အတွေ့အကြုံအရ ပြောရရင်တော့

သူတို့ကတော့ မျက်ရည် ကျမယ် မထင်ပေါင် ။

နိုင်ဂျန်ဂါး သွားကုကြမယ့် လူတွေပဲ ။

ကျခြင်းကျ ပြည်သူတွေပဲ မျက်ရည်ကျမှာ ။

 

အင်းးးးးး  ငါ့နှယ် မဟုတ်သေးပါဘူး ။

ဘယ်ကိစ္စပဲပြောပြော

နောက်ဆုံး တရားသိမ်းတဲ့အခါကျတော့

ဒေဝဒါတ် ဆီပဲ ရောက်ရောက်လာတယ် ။

ဒီအကျင့် ပြင်အုံးမှပါပဲ ။

 

တော်သေးဘီ ။

 

မြို့မေတ္တာ ခံယူအုံးမယ့်

 

ဒေဝဒါတ်

အဲလေဟုတ်ပေါင် ယောင်လို့ ။

 

 အဘ ။

( Foreign Resident )

 

 

အင်းးးးးးး  အောက်ကဟာတွေကတော့ ။

 

အဘရဲ့

” Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ”

https://myanmargazette.net/75450/creative-writing  Post မှာ

ဆရာ ကို Htoo San က ပွဲမပြီးပါနှင့်အုံး ဆိုလို့

ပြန်လည်ဖြေကြားပေးရတာ တွေပါကွယ် ။

 

အဘ ဘဝတော့ လှလှ နှင့် ဒုက္ခ တွေ့ကြပြီ ထင်တာပဲ ။

ရွာသူား တို့ရေ မကယ်နိုင်တော့ဘူးလား ။

သူတို့က သားသားကို ပြန်တောင် လွှတ်ပါ့မလားကွယ် ။

 

” ကျွန်တော်လူ ရီမိသလောက် ၂၈ ယောက် ဝင်မန့်သွားတယ် “

 

ကျန်တဲ့ ၂၈ ယောက် အမြင်ကိုတော့

အဘ မဝေဖန်ရဲပါကွယ် ( အခုတောင် ဒုက္ခရောက်လှပြီ )

အဘ အမြင်ကိုပဲ အဘ ပြောပါရစေ ။

 

( ၁ )

ပထမဦးဆုံး အနေနှင့်

အဘ အဓိကထား Point out လုပ်ခဲ့တာကဖြင့်

နိုင်ငံတကာ အဆင့်မှီ ဝင်ငွေ အထူးကောင်းနေသော

အထူးကု ဆရာဝန်ကြီးများကိုသာ အဓိက ဆိုလိုပါတယ် ။

အနစ်နာခံ နေရတဲ့ သာမာန်ဆရာဝန်ငယ် များကို မဆိုလိုပါ ။

 

( ခက်တာကလည်း ဒီလို Post တွေကို ဆရာဝန်ကြီးတွေက အချိန်ရှားတော့ မဖတ်ပဲ အငယ်တွေကပဲ ဖတ်ကြတော့ ပစ်မှတ်က တော်တော် ကို လွဲနေတာ )

 

( ၂ )

” ဆရာဝန် အများစု သည် ငွေနောက်လိုက်ကြသည် “

 

အဲလို ခပ်ကြမ်းကြမ်းကြီးတော့ အဘ မဆိုလိုရဲပါကွယ် ။

ငွေသည်အရေးကြီးသော ကြားခံပစ္စည်း တစ်မျိုးဖြစ်သဖြင့် သူသူ ငါငါ

ငွေနောက်လိုက်ကြလျှင်လည်း အတိုင်းအတာ တစ်ခုထိ လက်ခံပါတယ် ။

 

ဒါပေမယ့်  ဆရာဝန်အလုပ်ဆိုသည်မှာ

လူ့အသက်များ နှင့် တိုက်ရိုက် ဆက်စပ် နေသည့်ပြင်

 

တချို့ အထူးကုဆရာဝန်ကြီးများမှာ ငွေနောက်သို့

သဲသဲမဲမဲ ပက်ပက်စက်စက် လိုက်လာကြသည်ကိုတွေ့လာရတော့

 

ထိုသူများကိုသာ အနည်းငယ် ဟန့်တားပေးမည့်

စံနစ် System တစ်ခုပေါ်ပေါက် စေလိုရင်း ဖြစ်ပါတယ် ။

 

ငွေထက် Professional Pride ပို ကြီးကြသည်ကိုလည်း အဘသိပါတယ် ။

တခါတခါတော့ လိုသည်ထက် ပိုနေသည်ဟုပင် ထင်မှတ်မှားမိရပါတယ် ။

 

( ၃ )

” ဆေး ပညာ အဆင့်မမီ ( Updated မဖြစ် ) ဟု ထင်မြင်ကြသည် “

” စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးရန် နှင့် ခောတ်မီ ဆေးရုံသုံးဆေးပစ္စည်းများ လိုအပ်သည်။

 

အဘ ရဲ့ Personal အမြင် လို့ ပြောလို့ရပါသည် ။

Updated လုပ်ဖို့ လိုနေတယ် လို့ပဲ ပြောပါရစေ ။

အဘ အနေနှင့် ဘယ်သူကတော့ ဘယ်နေရာမှာတုန်းက

ဘယ်လို မှားခဲ့တာဟု မပြောလိုပါ ။

အရမ်း ကို Personal ဖြစ်သွားပါ့မယ် ။

 

အဘ ရေးထားတဲ့ ” ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် နှင့်

ဆင်ခြင်တွေးတော ပုံလေးတွေ အပိုင်း ( ၁ ) ” မှာလို

သူများ နိုင်ငံတွေမှာလို

By Law နှင့် Updated မလုပ်နိုင်ပဲနဲ့တော့

Updated ဖြစ်ဖို့ မမျှော်လင့် ကြပါနှင့် ဟုသာ ဆိုလိုချင်ပါသည် ။

ဆရာများ ကိုယ်တိုင်လည်း အစွဲမထားပဲ သေချာပြန် စဉ်းစားကြပါအုံး ။

 

By Law နှင့် Updated လုပ်ရသော System

( Continuous Professional Development System )

ပေါ်ပေါက်စေလိုရင်းပါ ။

 

( ၄ )

” ခေတ်မီ ဆေးရုံသုံး ဆေးပစ္စည်း ကိရိယာ စက် များ လိုအပ်သည် “

 

အဲသဟာကိုဖြင့် အဘ အားရပါးရ အူလှိုက် သည်းလှိုက်ကို ထောက်ခံ ပါသည် ။

နောက်ဆုံးပေါ် 3D CT Scan များ ဗုံးပေါလအော သုံးနိုင်ပါက ခွဲစိတ် ဆရာဝန်ကြီး Dr. မျိုးမြတ်သူ လည်း ယခုလို ဒုက္ခရောက်ရမည် ဟု မထင်ပါ ။

 

Australia မှာကတော့ ခွေး တောင် CT Scan မရိုက်ရသေး လျှင် မခွဲပါဘူး ။

 

CT Scan, CT Scan နှင့် လွယ်လွယ် ပြောနေကြတာ မြန်မာပြည်က CT Scan နှင့် Australia က CT Scan အရည်အသွေး အထူးကွာပါသည် ။

ပြောရလျှင် Telephone Camera နှင့် Nikon D-7000 လောက် နီးနီး ပုံထွက် ကွာပါသည် ။

မြန်မာပြည်က စက်တွေ က Model အောက်လို့ မသုံးတော့တာတွေကို ဈေးချောင်တယ်ဆိုပြီး ဝယ်ထားတာတွေ ဖြစ်ပါသည် ။

သိပ်ဝေးဝေးမသွားပါနှင့် ယိုးဒယား နှင့်ပဲ ယှဉ်ကြည့်လိုက်ပါ Result မှာ ပက်ပက် စက်စက်ကွာ ပါသည် ။

 

ကျွန်တော့် သူငယ်ချင်းထဲမှာ နှာစေးချောင်းဆိုး ကလွဲရင် မြန်မာပြည် မှာဆေးမကုတော့သောသူတွေ ရှိပါသည် ။ ( PS ; အဲဒီ နှာစေးချောင်းဆိုး တောင် ပန်းလှိုင်မှာ ကုတယ် )

 

မြန်မာပြည် ဆေးကုသမှုကို စိတ်နာသွားသူတွေ ဖြစ်ပါတယ် ။

သူတို့ ရှင်းပြတာတွေ နားထောင်ကြည့်တော့လည်း သူတို့ မမှားရှာပါ ။

 

( ၅ )

” တာဝန်ခံမှု မရှိ ၊ ပြီးလွယ်စီးလွယ် လက်လွတ်စပါယ်လုပ်သည် ဟု ခံစားကြရသည် “

 

အဲဒါကတော့ ဆရာဝန် တစ်ဦးချင်းစီပေါ်မှာ

လူနာတစ်ဦးချင်းစီ ရဲ့ Individual အမြင်လို့ပဲ ပြောရမှာ ပေါ့ ။

 

အဘ ကိုရိုင်းသည်ဟု မထင်စေလိုပါ ။ ဆရာ ကို Htoo San ကိုယ်တိုင်လဲ အများစု၏ အမြင်ကို ဖတ်ပြီး ဖြစ်ပါမယ် ။ အဘ ဘာများထပ်ပြောနိုင်ဦးမှာ လည်း ။

 

အဘ တစ်ဦတည်းရဲ့ အမြင်ကို ပြောရရင်ဖြင့် အရမ်း အရမ်းကို ကောင်းကြပါတယ်လို့သာပြောရမှာပါ ။

 

ဘာကြောင့်လည်း ဆိုတော့ အဘရဲ့ အမေ ညီ မိန်းမ နာမည်တွေကို

သင့်တော်သလို ပြောလိုက်တာ နှင့် အထူးတလည်ကို ဂရုစိုက်ကြပါသည် ။

Machine Gun Therapy တို့  Hydro Cortisone တို့

နှင့်လည်း မတွေ့ရတော့ပါ ။ သာဓု သာဓု သာဓု ပါကွယ် ။

 

ရွာသူား တို့ကိုလည်း တစ်ခု အကြံပေးလိုပါတယ် ။ ဆေးခန်း တခုခုများ ပြစရာရှိလျှင် အသိဆွေမျိုးထဲက နီးနီး ဝေးဝေး ဆရာဝန်တယောက်ရဲ့ နာမည်ကိုတော့ ပြောလိုက် စေလိုပါတယ် ။

 

ဘယ်သူမှ မရှိရင် Dr. E Tone ရဲ့နာမည်ကို ယူသုံးပေါ့ ။

Machine Gun Therapy နှင့် Hydro Cortisone ပြဿနာ တော်တော်ကြီး နေပါပြီ ။

ဆက်မရေးတော့ပါ ဆက်ရေးလျှင် နောက်ထပ် ဆယ် Post စာ ထပ်ထွက်လာအုံးမှာ ။

အခုတောင် သားသား တော်တော် ကြောက်လှပါဘီ ။

 

( ၆ )

” ဆရာဝန်များ သည် ကျေးဇူးရှင်များ မဟုတ် လူနာ များသည် အခကြေးငွေ ပေးသောသူများဖြစ်သောကြောင့် လူနာများကို Medical Service ပေးရမည် “

 

အကြမ်းဖျင်းအားဖြင့် နိုင်ငံတကာတွင်လည်း ဒီလိုပဲ ယူဆကြပါသည် ။

လူနာက သူ့သဘောနှင့်သူ ကျေးဇူးတင်တာကို ဘာမှ မပြောလိုသော်လည်း

ဆရာဝန် ကိုယ်နှိုက်ကပါ ကျေးဇူးရှင် ဟု

ကိုယ့်ကိုယ်ကိုထင်နေလျှင်တော့ တခုခု မှားနေပြီဖြစ်သည် ။

 

( ရ )

နိုင်ငံတကာ အဆင့်ကို သွားကြတော့မယ် ဆိုရင်ဖြင့်

နိုင်ငံတကာ မှာတော့ ဒီလို အတွေးအခေါ် နှင့်

ဒီလို အလေ့အကျင့် တွေ ရှိနေကြပြီ ဆိုတာ သိစေချင်လို့ပါကွယ် ။

 

မြန်မာနိုင်ငံ နှင့် လက်တွေ့မှာ အဆင်မပြေနိုင်တာလေး တချို့ ရှိနေပေမယ့်

တနေ့ ဒီစနစ်ကို ပြောင်းကို ပြောင်းရမှာပဲ မဟုတ်လားကွယ် ။

 

( ၈ )

Media များနှင့် ပါတ်သက်လို့ ၊

ကိုယ့် ပေါင်ကို သူများလာထောင်း တော့ ပိုနာယုံတင် မကဘူး အမြင်ကလည်း မတင့်တယ်ပေဘူး ပေါ့ကွယ် ။

 

သူများနိုင်ငံတွေ မှာဖြင့် သူများ မထောင်းခင် ကိုယ့်ပေါင်ကို ကိုယ်ကိုတိုင် ထောင်းတဲ့ စနစ်တွေရှိကြပါတယ်ကွယ် ။ ကိုယ့်ပေါင် ကိုယ့်ဖာသာ ကျိတ်ထောင်းတော့ နာတာ မနာသာ အသာထား ၊ လူမြင်တော့ တင့်တယ်တာပေါ့ ။

 

အဲဒီလို စံနစ်မျိုးလေးများ မပြောင်းချင်ဘူးလားလို့ပါ ။

 

( ၉ )

ပြည်သူ ကိုလည်း အပြစ်ပြောလို့မရပါ ။

Media ကိုလည်း အပြစ်ပြောလို့မရပါ ။

ဆရာဝန် ကိုလည်း အပြစ်မပြောရက်ပါ ။

 

စနစ် နှင့် ဆင်းရဲ မွဲတေမှုကိုသာ အပြစ်တင်ချင်တော့တယ် ။

ဆက်ပြောလျှင်လည်း ဒေဝဒါတ် ဆီပဲ ထပ်ရောက်ဦးမည် ဖြစ်သဖြင် ၊

အဘ ဆက်မပြောတော့ပါ ။

 

မြို့မေတ္တာ ခံယူအုံးမယ့်

 

 အဘ ။

 

( Foreign Resident )

 

 

23 comments

  • padonmar

    October 26, 2011 at 7:48 am

    ဆရာဝန်တွေလည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ် မကျန်းမာတာတွေရှိကြတာဆိုတော့ တနေ့တော့ လူနာဘဝ ရောက်ဖူးမယ့်သူတွေချည်းပါဘဲ၊
    ပိုက်ပိုက်တတ်နိုင်လို့ နှာစေးရင်တောင် ပန်းလှိုင်သွားလည်း အရေးပေါ်ဖြစ်ရင် မြန်မာပြည်ရဲ့ မဟာသူဌေးကြီးကတော်တောင် အဲဒီပြဿနာဖြစ်တဲ့ ဆေးရုံမှာဘဲ အနိစ္စရောက်ရတာ ကြားဖူးကြမှာပါ။
    အဲဒီတော့ FR ရဲ့
    Primary Medical Care System
    Health Insurance System
    Continuous Professional Development System ဆိုတာတွေကို လိုချင်တာပေါ့။

    မြန်မာနိုင်ငံ ဆရာဝန်အသင်း နဲ့ ဆေးကောင်စီကလည်း ဆွေးနွေးနေတယ်လို့တော့ သတင်းသဲ့သဲ့ကြားနေရတယ်။
    ကျွန်မက in service မဟုတ်တော့ သေချာမသိပါ။
    ဒေါ်မိုးသီတာစိုး နဲ့ သိသူ များဖြေပေးကြစေလိုပါတယ်။

  • blackchaw

    October 26, 2011 at 9:25 am

    “ဟီဟိ ။ ရွာသူား တွေကတော့
    သတ်ချင်တော့ မှာပဲ ။
    ရွာသူားများလည်း ဝဋ်ပါလာတယ်
    သဘောထားပြီး သည်းခံဖတ်ပေါ့ဗျာ ။”
    မသတ်ချင်ပါဘူး FR ကြီးရယ်။
    FR ကြီးလို ပြောနိုင်ဆိုနိုင် ပြောတတ်ဆိုတတ် တဲ့ လူမျိုး ရွာမှာရှိတာ
    ရွာသူား တွေက ကြိုဆိုပါတယ်ဗျာ။ ဆက်သာလုပ်ပါ။
    တစ်ရွာလုံး အနောက်မှာရှိပါတယ်။

  • Foreign Resident

    October 26, 2011 at 10:46 am

    မ padonmar, ဘဘ, ကို Htoo San, Young Man နှင့်
    အားလုံးသော ရွာသူားတို့ ရေ

    ဒီ Comment ကို နိုင်ငံချစ်စိတ် နှင့် နှလုံးရောဂါ ရှိရင်
    မဖတ်ဖို့ တောင်း ဆိုချင်ပါတယ် ။

    အဘ တောင် အချက်အလက်စုရင်း နှင့် ရေးရင်း
    ရင်ထဲက စို့ပြီး မျက်ရည်ကျမိတယ် ။
    ငါ့တိုင်းသူပြည်သားတွေရယ် ၊ ငါတို့ခေတ် ကြမှ ဖြစ်ရလေခြင်း ဆိုပြီး ။

    ” မြန်မာနိုင်ငံ ဆရာဝန်အသင်း နဲ့ ဆေးကောင်စီကလည်း ဆွေးနွေးနေတယ် ”

    အင်းးးးးးး ပိုက်ဆံ မရှိပဲတော့ ဘာမှလုပ်လို့မရပါဘူး ။
    တိုင်းပြည်က ဆင်းရဲတော့ ဘတ်ဂျက်က နဂိုထဲကနဲ ။
    အဲဒီ နဲတဲ့ ဘတ်ဂျက်ထဲကမှ ကျန်းမာရေး အတွက်က ထပ်နည်း ။

    2011 ခုနှစ် အတွက် မြန်မာ ဘတ်ဂျက် သုံးစွဲမှု မှာ

    မြန်မာ လူဦးရေ 50 သန်း အတွက်
    ဘတ်ဂျက် သုံးစွဲမှု စုစုပေါင်း ကျပ် 7983000 သန်း ။

    ကျန်းမာရေး က 1.30 % = ကျပ် 103779 သန်း = လူတဦးကို 2075 ကျပ်
    ပညာရေး က 4.13 % = ကျပ် 329698 သန်း = လူတဦးကို 6594 ကျပ်
    ကာကွယ်ရေး က 23.60 % = ကျပ် 1883988 သန်း = လူတဦးကို 37680 ကျပ်

    2011 ခုနှစ် အတွက် Australia ဘတ်ဂျက် သုံးစွဲမှု မှာ
    ( http://en.wikipedia.org/wiki/2011_Australian_federal_budget )
    Australia လူဦးရေ 22.7 သန်း (2011) အတွက်
    ဘတ်ဂျက် သုံးစွဲမှု စုစုပေါင်း ဒေါ်လာ 365800 သန်း ။

    လူမှုဖူလုံရေး က 33 % = ဒေါ်လာ 121,907 သန်း = လူတဦးကို 5370 ဒေါ်လာ
    ကျန်းမာရေး က 16 % = ဒေါ်လာ 59,858 သန်း = လူတဦးကို 2630 ဒေါ်လာ
    ပညာရေး က 8 % = ဒေါ်လာ 29,870 သန်း = လူတဦးကို 1315 ဒေါ်လာ
    ကာကွယ်ရေး က 6 % = ဒေါ်လာ 21,277 သန်း = လူတဦးကို 937 ဒေါ်လာ

    အဲဒီတော့ Australia မှာ
    ကျန်းမာရေး အတွက် လူတဦးစီတိုင်းကို အစိုးရက
    2630 ဒေါ်လာ = နှစ်ဆယ့်တစ်သိန်း ကျပ် နှစ်စဉ် သုံးစွဲပေးနေတယ် ။

    လူမှုဖူလုံရေး အတွက် လူတဦးစီတိုင်းကို အစိုးရက
    5370 ဒေါ်လာ = လေးဆယ့်သုံးသိန်း ကျပ် နှစ်စဉ် သုံးစွဲပေးနေတယ် ။

    အဲဒီတော့ Australia အစိုးရ က တနှစ်ကို လူတဦးချင်းစီအတွက် ကျန်းမာရေး စရိတ်
    ကျပ် နှစ်ဆယ့်တစ်သိန်း သုံးနေတဲ့ အချိန်မှာ
    မြန်မာ အစိုးရ က 2075 ကျပ် ပဲသုံးစွဲနေတာတွေ့ရတယ် ။
    အဆ တစ်ထောင် ( အဆ တစ်ထောင် ) ကျော်ကွာတာကို တွေ့ရတယ် ။

    အဘ ရေးရင်း နှင့် မျက်ရည်ကျမိတယ် ။
    ဖြစ်မှဖြစ်ရပလေတယ် ငါတို့နိုင်ငံကြီးရယ် ဆိုပြီး ။
    တော်ပါပြီ ဘာမှကို ထပ်ရေးချင်စိတ် မရှိတော့ဘူး ။
    ရက်စက်လိုက်ကြတာ ။

    • ဘဘ

      October 26, 2011 at 1:35 pm

      ကို FR ရေ၊ အဲဒီဘတ်ဂျက်
      နဲနဲလေး ကိုကြားထဲကထပ်ခိုးလိုက်ရင် ဘယ်လောက်ကျန်မလဲ။ ငိုသာငိုလိုက်ပါတော့။ ကျနော်ရှေ့ မှာလဲမန်းထားပါတယ်၊ ဒီမှာလဲထပ်မန်းလိုက်ဦးမယ်။

      ဆရာဝန် အလုပ်ဆိုတာ ချမ်းသာဖို့ မသေချာဘူးမဟုတ်ဘူး။ ချမ်းကိုမချမ်းသာတာ။ ချမ်းသာ ချင် ရင် ဆရာဝန်မလုပ်နဲ့ (အကုသိုလ် ဖြစ်ကုန်မယ်) ဒါမှမဟုတ်လဲ စီးပွါးရေးပါတွဲလုပ်။

      ((မြန်မာနိုင်ငံ ဆရာဝန်အသင်း နဲ့ ဆေးကောင်စီကလည်း ဆွေးနွေးနေတယ်လို့တော့ သတင်းသဲ့သဲ့ကြားနေရတယ်။))
      ဆွေးနွေးပါတယ်၊ တကယ်လိုအပ်တာတွေတော့ သိပ်မပါဘူးပေါ့။ ( တကယ် လိုအပ်တာတွေ ကိုပြောမိမှာ ဆိုးလို့ ကွေ့ဝှိုက်ရှောင်ရှား ဆွေးနွေးနေပါတယ်)။ အာဏာရှိနေရာရသူ တွေကလဲ ” ယုန်နှာစေး ” နေကြပါတယ်။ ခုလွှတ်တော်မှာလဲ ဆွေးနွေးပါတယ်၊ မေးပါတယ်မြန်းနေကြပါတယ်၊ ။

      လိုအပ်တဲ့ နေရာဒေသ တွေကို ဆရာဝန် တွေ ပို့ပေးပါ့မယ် လို့လဲပြောပါတယ်။ ဆရာဝန်တွေပဲ ပို့မယ် လို့ကတိပေးတာပါ။ ကျန်တဲ့ (ဆေးဝါး၊ နေရာထိုင်ခင်း၊ စက်ကိရိရာ၊ အကူအညီ ၊သူနာပြု၊ သူနာပြုအကူ စတာတွေ) တော့ ထဲ့မပြောကြပါဘူး၊ (နှာစေး နေကြပါတယ်)။ ခု ၅၀ဝ ခေါ်မယ် ။ အဲဒီ ၅၀ဝထဲက ဆိုင်ရာပိုင်ရာ ဘာညာဘာညာ မရှိတဲ့ ကလေးတွေတော့ သွားကြပေါ့၊ (ကြိုးကြာတောင်ပံ ခတ်သံ ကလို) တောကြိုအုံကြား တွေကို နားကြတ်လေးတလတ်၊ ဆေးထိုးအပ်လေးတချောင်း ကိုင်ပြီး။

      • ဘဘ

        October 26, 2011 at 1:59 pm

        အဲဒီ လက်ထောက် ဆရာဝန် ၅၀ဝခေါ်မဲ့ အကြောင်းကိုလဲ ကြုံတုန်းပြောပါရစေ။ ခုခေါ်မဲ့ အသုတ် က လွန်ခဲ့တဲ့၃နှစ်ကျော်ကကျောင်း ပြီးသွားတဲ့သူတွေပေါ့။ ဒီနှစ် (2011) ၁လပိုင်း လောက်တုန်းက လျှောက်လွှာ စလက်ခံတယ်။
        အဲဒီတုန်းကလျှောက်လွှာမှာ လက်ထောက်ဆရာဝန်၊ ဆေးသုတေသနအရာရှိ၊ တိုင်းရင်းဆေး ၊သင်ကြားရေး စတဲ့ရာထူး တွေပါဝင်ပါတယ်။

        ခုတခါ ခေါ်ပြန်တော့ ကျန်တဲ့နေရာ ရာထူး တွေမပါဝင်ပဲ လက်ထောက်ဆရာဝန်ရာထူးပဲပါပါတယ်။ ကျန်တဲ့ ရာထူး တွေရော ခေါ်ဦးမလားဆိုတော့ ”ဘုရား မှ သိမည်” တဲ့။ အဲဒီတော့ ကျောင်းတက်ကတည်း က သင်ကြားရေးကိုစိတ်ဝင်စားသူတွေ၊ တိုင်းရင်းဆေးကိုလေ့လာချင်သူတွေ၊ ဆေးသုတေသန မှဝါသနာ ပါသူတွေ လဲ တချို့ အလုပ်မရမှာဆိုးတာနဲ့ လျှောက်လွှာတင်၊ တချို့ကတော့ လုံးဝစိတ်ပျက်သွားပြီး ဝန်ထမ်း( service) မလုပ်တော့တာတွေဖြစ်လာပါတယ်။
        ခေါ်တဲ့နေရာ မှာလဲ နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်တဲ့သူပဲ လျှောက်လွှာတင်လို့ရပါတယ်။ (ခုမှဖြစ်သွားတာပါ)။ ကျောင်းတက်နေစဉ် ကလဲ ဒီကိစ္စ မပြော ၊ကျောင်းပြီးတော့လဲမပြော၊ ခုတကယ် ခန့်တော့မယ်ဆိုမှခုလိုဖြစ်သွားတာ နိုင်ငံသား မှတ်ပုံတင်မရှိတဲ့ကလေး တွေအရမ်းကိုနစ်နာပါတယ်။ ( သူတို့မှာ ၃-၄ နှစ် ဘုမသိဘမသိ နဲ့ အလုပ်ဝင်ဖို့ စောင့်နေကြတာ)

        ကျောင်းဝင်ခွင့်ကျ ပေးထားလိုက်တာ ၁ကျောင်း၅၀ဝ ။ ခု အလုပ်ခန့်မယ်ဆိုတော့ ၅၀ဝ ထဲ၊ ဒါတောင် ဟိုဟာဆိုမဝင်ရဘူး၊ ဒီဟာဆိုမလျှောက်ရဘူး ခုထလုပ်နေသေးတာလား။ (နောက်ဆို ဝတဲ့သူ မခန့်ဘူး၊ ပိန်တဲ့သူမခန့်ဘူးပါလုပ်ဦးမလား)

        ပြောရရင် စံနစ် တကျ လုပ်ထားတာ တခုမှမရှိပါဘူး။ အားလုံးက ဗြဲလျှမ်း တွေပါပဲ။ ခုတမျိုးတော်ကြာ တမျိုး၊ (ဆိုင်ရာပိုင်ရာ ဘာညာဘာညာ ရှိရင် ) အပြောင်းအလဲရှိမယ်၊ နေရာရမယ်။

        တဖက် ပို့စ် မှာမန်းဖူးလို အာဏာရ၊နေရာရတဲ့ ဆရာဝန်များကလဲ ခုထိ နှာစေးကောင်းတုန်း။

  • htoosan

    October 26, 2011 at 11:25 am

    ဦး FR ရေ။ ဩစီမှာ လူတစ်ဦးခြင်းကလည်း Tax ဘယ်လောက်ပေး Insurance တွေ ဘယ်လောက်ဖိုးပြန်ဝယ် စသဖြင့် ပြန်တွေးပေးရင်တော့ မျက်ရည်ကျ နဲနဲ (နဲနဲလေး) သက်သာမယ်ပ။ နောက် ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ် ဆင်နွဲနေသော ၊ ဟိုဘက် post မှာ သူကြီးရေးထားတဲ့ ၁ယောက်ထဲနဲ့ ၃မျိူးကွဲ တဲ့ကျွန်တော်တို့ ပြည် ၊ ဆက်ကွဲကြမလား လက်တွဲကြမလားက ပို အရေးပါ နေ ပါပြီ။

  • parlayar46

    October 26, 2011 at 12:05 pm

    သာမန်အားဖြင့်တော့ ကိုယ်တွေးတာ သူရေးလိုက်ပါပြီဆိုပြီး ဒီအတိုင်းနေလိုက်ရုံပါပဲ။
    ကိုဖေါရင်းကြီးကိုတော့ သူ့စေတနာကိုနားလည်လေးစားလို့
    သံယောင်လိုက်ပြီး ဝင်ဖြည့်လိုက်ပါဦးမယ်။

    ဖတ်သူများအတွက်လဲ
    အသားဟင်းနဲ့တူတဲ့ ပညာရှင်အမြင်တွေကြားမှာ
    အချဉ်သုပ်လေးနဲ့တူတဲ့ လူပြိန်းအမြင်လေးတဇွန်းလောက် စွက်ပါရစေ။

    တကယ့်အခြေအနေမှန်က ကျုပ်တို့နိုင်ငံက အလွန်အမင်းဆင်းရဲလှပါတယ်။
    စပါးစိုက်တဲ့နိုင်ငံမို့ ထမင်းမငတ်တာတော့ဟုတ်ရဲ့
    ထမင်းကလွဲရင် ကျန်တာအကုန်နီးပါး “ငတ်” နေတာ။ ချို့တဲ့နေတာ။ လိုအပ်နေတာ။

    လောကသဘောကတော့ ဆင်းရဲတဲ့သူဟာ
    ပြည့်စုံဘို့ မမျှော်လင့်နိုင်ပါဘူး
    အကောင်းဆုံးတွေရဘို့မမျှော်လင့်နိုင်ပါဘူး
    အဆင်ပြေမှု့တွေ အမြဲကြုံရဘို့ မမျှော်လင့်နိုင်ပါဘူး။
    ဘယ်တတ်နိုင်မလဲဗျာ – ဒါကကျုပ်တို့မြေပေါ်က နိုင်ငံသား အားလုံးနီးပါးရဲ့ ကံကြမ္မာပဲ
    နေပူရင်လဲအတူတူ မိုးရွာရင်လဲအတူတူ ခံကြရမှာပေါ့။
    ကြိုးစားရုန်းကန်ဖြေရှင်းကြရင်းနဲ့
    လသာတဲ့တနေ့ရောက်လာရင်လဲ အတူတူစံကြတာပေါ့။

    အဲဒါကိုပဲ
    တချို့ကတော့ ဆရာဝန်တွေကို လက်ညှိုးထိုး
    ဝါးလုံးရှည်နဲ့သိမ်းရိုက်ပြီး အပြစ်တွေပုံချကြ

    တချို့က – ဆရာဝန်တွေဘက်က ဆတ်ဆတ်ခါနာပြီး
    ဆရာဝန်တွေမှသာ အင်မတန် နစ်နာလှချည်ရဲ့ ကံဆိုးလှချည်ရဲ့ဆိုတာမျိုးတွေ
    ဆရာဝန်တွေမရှိတော့မှ ဒင်းတို့သိမယ်ဆိုတာမျိုးတွေ

    ကျုပ်တခုတော့တွေးမိတယ်
    ဆရာဝန်ဆိုတာ လူကမွေးတာမို့တော်တော့တယ်။
    မိုးပေါ်ကကျလာတာများဆိုရင်
    အပြစ်ပြောမယ့်လူကလဲ ဘယ်လောက်တောင် တာဝန်ခံခိုင်းမယ်မသိဘူး
    ဆရာဝန်ဘက်ကနာမယ့်သူကလဲ – ဘယ်လောက်တောင်နစ်နာလှချည့်ရဲ့ဆိုပြီး ရင်ကွဲနာကျနေမလဲမသိဘူး။

    တကယ့်တာဝန်ရှိသူတွေက ကျုပ်တို့ကိုယ်တိုင်ပဲငါ့လူတို့
    ကောင်းမွန်တဲ့အုပ်ချုပ်ရေးရဘို့
    မျှတ တဲ့လူ့ဘောင်ကိုဖန်တီးဘို့
    ချမ်းသာတဲ့နိုင်ငံကိုထူထောင်ဘို့
    တတ်နိုင်သမျှ အသိရှိသူတိုင်း ကြိုးစားကြရမှာ၊ ဖြည့်ဆည်းကြရမှာ။
    အင်း- တရုတ်ပစ္စည်းပေါချောင်ညံ့တွေသုံးရင်း
    ဘာမီတွန်သောက် လျှက်ဆားလျှက်ရင်း
    ဖရောင်းတိုင်ထွန်း မီးစက်မောင်းရင်း
    မဖြစ်မနေကြိုးစားကြရမှာပါ။

    အော် မေ့တော့မလို့-
    ဒီဒါဏ်တွေမခံနိုင်ရင် နောက်တနည်းရှိပါသေးတယ်။
    ဒီနိုင်ငံက ထွက်သွားပေါ့။

  • captainamerica

    October 26, 2011 at 12:08 pm

    ဩဇီနဲ.ကျွန်တော်တို.ဗမာနိုင်ငံနဲ.တော့ယှဉ်လို.မှ မရတာဦးဖောရယ်
    နံသာဆီနဲ.အီးလောက်ကိုကာွနေတာကြီးကို…….သူသိပ်နောက်တာပဲ..
    နှိုင်းမှနှိုင်းရက်လေတယ်….. 😀 😀 😀

    • Foreign Resident

      October 27, 2011 at 3:28 am

      captainamerica ရေ
      “Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၃ )” မှာ
      ပြန်ဖြေထားပါတယ်ကွယ် ။

  • parlayar46

    October 26, 2011 at 12:12 pm

    ကွန်နက်ရှင်ကြောင့် ပြန်မစစ်ပဲ အလောသုံးဆယ် ပိုစ့်လိုက်တာ
    ကျုပ်အချဉ်သုပ်က နဲနဲစပ်သွားတယ်
    အားလုံးပဲ တောင်းပန်တယ်နော်……………….

  • kai

    October 26, 2011 at 2:41 pm

    ယူအက်စ်ကတော့.. သာမန်အားဖြင့်.. ရသမျှဝင်ငွေရဲ့.. ၅ဝရာခိုင်နှုန်းက… အန်ကယ်ဆမ် ပြန်မ,သွားတယ်လို့.. တွက်ထားကြတာရှိတယ်..။
    အခွန်တွေက အင်မတန်ကြီးလေးပါတယ်..။ ဩစီအပါအဝင်.. တိုးတက်ပြီးနိုင်ငံတွေ ..ဒီအတိုင်း သူမသာ..ကို်ယ်မသာတွေပါ..။

    ဟိုဖက်ပို့စ်မှာ.. ဆရာဝန်တွေ.. လူနာက..တရားစွဲရင် ပြန်ချဖို့..လျှော်ဖို့.. အာမခံဝယ်ရတဲ့..ကြေးတွေအကြောင်း တင်ပေးထားတယ်..။
    အဲဒီမှာပြထားတာကိုက.. တချို့ဆရာဝန်ဝင်ငွေ တဝက်လောက်အထိ.. အဲဒီအာမခံထဲဝင်သွားတာပဲ..။
    နောက်ပြီး.. ဆရာဝန်က.. ငွေကြေးချမ်းသာတဲ့ လူတန်းစားထဲမပါပါဘူး.။
    အလယ်လတ်တန်းစားထဲပါတာပါ..။

    ဆိုတော့..
    မြန်မာပြည်က ဥပဒေကြောင်းအရ..အမြတ်ခွန်စံနစ်တွေ.. ကြပ်မတ်သေချာတာမရှိသေးတာမို့.. ငွေသာရှိ.. အင်မတန်နေပျော်တဲ့ တိုင်းပြည်လို့ ထင်မိတာပဲ..။
    ဒါကို.. ထွက်တော်မူနန်းကခွာမဲ့သူတွေက်ို.. လက်တို့ပြောထားချင်ပါတယ်..။
    ပြည်ပမှာ.. ငွေလေးစုဆောင်းမိရင်.. မြန်မာပြည်ထဲပြန်နေဖို့.. ရည်ရွယ်ထားသူတွေရှိမှာ သေချာပါတယ်..။

    လူဝင်မှုဥပဒေတချို့နည်းနည်း.. ညှိပြင်ပေးလိုက်ယုံနဲ့.. တိုင်းပြည်ထဲငွေတွေ တော်တော်လှိမ့်ဝင်လာမယ်… ထင်မိတယ်..။
    ကျုပ်ကတော့.. ဒေါ်လာ၂သိန်းပါလာရင်.. နိုင်ငံသားပေး စံနစ်လေးဖြစ်စေချင်တယ်..။ 😆

  • km

    October 26, 2011 at 7:09 pm

    1. to reevaluate the healthcare system of myanmar
    2.to get reliable family doctor
    3. specialists who can live at Inyar road are minority of doctor [ < 1% ]
    4. medical profession is not a way to get rich
    5. It is necessary to get points for extension of SAMA e.g., attending CME, Workshop for GP doctors in a couple of years

  • windtalker

    October 26, 2011 at 9:19 pm

    “ မြန်မာ လူဦးရေ 50 သန်း အတွက်
    ဘတ်ဂျက် သုံးစွဲမှု စုစုပေါင်း ကျပ် 7983000 သန်း ။
    ကျန်းမာရေး က 1.30 % = ကျပ် 103779 သန်း = လူတဦးကို 2075 ကျပ် ”
    အောင်မငှီး….
    ပြီးခဲ့တဲ့ ၂၀၁ဝ နှစ်အတွက် တစ်နှစ်လုံးစာ အမြတ်ခွန် ၊ ၂ ခါ ကောက်ပါသည် ။ ပထမ တစ်ခါ က ၂သိန်းရသောင်းကျော် ၊ ဒုတိယ အခါ က ၃ သိန်း၅သောင်း ၊ စုစုပေါင်း ဘာကြေးညာကြေး နှင့်ဆို ၆သိန်းခွဲ နား ရှိသည် ။
    ဦးဖောကြီး ရဲ ့တွက်ပြမှုကို မြင်တွေ ့ရမှ ၊ ကိုယ် ဟာ ၂၀၇၅ ကျပ် လောက်ဘဲ ကျန်းမာရေးစရိတ် ခံစားခွင့်ရှိသည် ဆိုတော့…..

  • weiwei

    October 26, 2011 at 10:53 pm

    ဒီနှစ် တက္ကသိုလ်ဝင်ခွင့်မှာ ရေကြောင်းတက္ကသိုလ်က နောက်ဆုံးမှတ် ၄၉၃ မှတ်ဖြစ်ပြီး ဆေးကျောင်းက ၄၂၆ တဲ့ … နောင်တစ်ခေတ်ကျန်းမာရေးအတွက် ရင်လေးမိသေးတယ် …

    • Foreign Resident

      October 27, 2011 at 5:04 am

      အဲဒါပဲ မ wei wei ရေ

      ကျွန်တော် ရေးခဲ့တဲ့
      ” တိုင်းပြည်ကြီးမှာ ၊ ငတုံးတွေ အလုံးအရင်းနှင့် ဆရာဝန်ဖြစ်လာ တော့မှ ၊
      အဘတို့ မှားပါပြီလို့ မျက်ရည် မကျကြဘို့ ။
      အုပ်ချုပ်တဲ့ အစိုးရ မင်းများကို ကြိုတင် လျှောက်ထားအပ်ပါတယ် ” ဆိုတာ ။

      ရေကြောင်းတက္ကသိုလ် နှင့် ဆေးကျောင်းက ၆ရ မှတ်တောင်ကွာသွားပြီပေါ့ ။
      ဟိုး တမြန်နှစ်ကတောင် ၂၅ မှတ်ပဲကွာတာ ။
      အခုတော့ ပက်ပက်စက်စက်ကို ကွာသွားပြီပေါ့ ။
      မထူးဆန်းပါဘူး ဟိုအရင်ထဲက ကြိုမျှော်လင့်ပြီးသားပါ ။

      ရေကြာင်းတက္ကသိုလ်က စာတော်ရင် တက်နေရင်းနှင့်ကို နိုင်ငံခြား ကုမ္ပဏီက
      လစဉ် ဒေါ်လာ ၁၅ဝ လောက် Scholar ပေးတယ်လေ ။
      ကျောင်းပြီးတာနှင့် အဲဒီ ကုမ္ပဏီက သင်္ဘောပေါ် တန်းတက်ရုံပဲ ။

      ပုံမှန် ကြိုးစားသွားရင် အသက် ၃ဝ – ၃၅ လောက်ဆို
      Captain, Chief Engineer ဖြစ်ပြီလေ ။
      စားပြီးသောက်ပြီး စရိတ်ငြိမ်း တလ လစာ
      ဒေါ်လာ ၅၀၀ဝ ကနေ ၁၀၀၀ဝ ကြားက ပြေးမှ မလွတ်တာ ။
      ( အဲဒီဝင်ငွေက အသက် ၃ဝ ကျော် လောက်မှာ ရမှာနော် )

      အဘတို့ Marine Field ကို လူတော်တွေရောက်လာလို့ ဝမ်းသာပေမယ့် ။
      အဘ အထင် တိုင်းပြည် အတွက်ဆိုရင် Medical ကပိုအရေးကြီးပါတယ်ကွယ် ။
      ပိုဦးစားပေးသင့်ပါတယ်ကွယ် ။

      ဒါတောင် ဆယ်တန်းဖြေတဲ့အထဲမှာ
      မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အတော်ဆုံး တချို့ မပါသေးဘူး ။
      သူတို့က ငယ်ငယ်ကတည်းက အစိုးရကျောင်း တက်တာ မဟုတ်ဘူး ။
      International School & Diplomatic School တက်ပြီး
      နိုင်ငံခြား University တန်းသွားကြတာ ။

      မိန်းမ ကိုအဲဒီ အကြောင်းပြောလိုက်တော့ မြန်မာနိုင်ငံရဲ့
      ကျန်းမာရေး အဆင့်အတန်းက အရမ်းနိမ့်ကျသွားပြီတဲ့ ။
      သူတို့တုန်းက လူ တရာကျော် ပဲတက်တဲ့ကျောင်းမှာ
      လူ ငါးရာကျော် တက်နေတာတဲ့ ။
      မြန်မာနိုင်ငံ ကိုပြန်မနေနေနဲ့တော့တဲ့ ။ အန္တရာယ်များတယ်တဲ့ ။
      Australia နိုင်ငံသား သာခံလိုက်ပါတော့တဲ့ ။

    • Foreign Resident

      October 27, 2011 at 5:11 am

      နောက်တစ်ချက်က Captain, Chief Engineer လက်မှတ်တွေကို
      နိုင်ငံတကာ ( IMO, White List ) က အသိအမှတ် ပြုထားတယ် ။
      နိုင်ငံတကာ အဆင့်လည်း မှီတယ် ။

      အဲဒီတော့ Singapore နိုင်ငံက Permanent Resident တန်းပေးတယ် ။
      သိပ်မကြာခင်မှာပဲ Singapore နိုင်ငံသား ခံခွင့်လဲ လွယ်လွယ်ရတယ် ။

    • kai

      October 27, 2011 at 5:22 am

      ပြောရရင်..ကမ္ဘာ့အလုပ်အများဆုံးထဲပါလာတော့မယ့်. ရေနက်ဆိပ်ကမ်း၂ခုက.. မြန်မာပြည်ထဲဖြစ်လာတော့မှာမို့..
      ရှေ ့ရေးတွက်တတ်သူတွေက.. ရေကြောင်းတက္ကသိုလ်ရွေးတာလို့.. ထင်မိတယ်…။

      အဟမ်း..
      လူထုက.. အလုပ်အကိုင်တွေ ရှိကြ.. ဝင်ငွေကောင်းတဲ့ ..အလုပ်တွေလုပ်ကြ.. ငွေတွေရှိကြဖို့ပဲလိုတာပါ…။
      ငွေသာပေးရင်.. မြန်မာဆရာဝန်တွေ လုပ်နိုင်တာထက်.. ပိုပြီး.. အိနိ္ဒယဆရာဝန်တွေ လာလုပ်ပေးလိမ့်မယ်..။
      .. အိနိ္ဒယဆရာဝန်တွေ ဆိုတာ.. ယူအက်စ်မှာ USMLE ဖြေလိုက်ရင်.. ၉၉ အမှတ်တွေချည်း.. တော်လိုက်တာ.. ဖလန်းဖလန်း ထနေကြတာ…။
      ပ်ိုများပေးရင်.. အင်္ဂလန်ကသမားတော်တွေ ဆင်းလာလိမ့်မယ်..။ ယူအက်စ်က.. အထူးကုတွေ လာလိမ့်မယ်..။

      ဆိုတော့..
      ကျမ်းမာရေးအတွက်.. အပြိုင်တွေရှိလာတော့မှာမို့.. ရင်မလေးမိပေါင်…။ 😉

    • Foreign Resident

      October 27, 2011 at 6:01 am

      အင်းးးးးးးးး
      အဲဒါကြောင့် သူကြီး က သူကြီး ဖြစ်နေတာကိုး ။
      မြင်တတ်ပါပေ့ သူကြီး ရယ် ။

      အဲဒီခေတ် ကြမှ မြန်မာပြည် ပြန်ပြီး
      ရောဂါ တစ်ခုတည်း ကိုပဲ
      တရုတ် ဆရာဝန်မချောချောလေး
      ကုလား ဆရာဝန်မချောချောလေး
      ဗိုလ် ( အဖြူ ) ဆရာဝန်မချောချောလေး
      သုံးယောက်စလုံး နှင့် အကုခံပစ်လိုက်မယ် ။

      သမီးချောလေးတွေ ဝိုင်းအကုခံရမှတော့
      ကုန်ချင်သလောက် ကုန်ပေ့စေ ။

      ဟေးးးးး ရွာထဲက ဆရာဝန်ကြီးတွေ
      အဲဒီအချိန်ကြလို့ သူတို့
      Myanmar Medical Council Exam
      လာဖြေကြရင် မငယ်လို့ မချောလို့ ကတော့
      လုံးဝ အအောင် မပေးနှင့်နော် ။

    • ကြောင်ကြီး

      October 27, 2011 at 10:39 am

      ကြောင်ကြီးတို့က လေကြောင်းတက္ကသိုလ် ဆိုရင်တောင် မစဉ်းစားဘူး။ ဘယ်နှယ်ဗျာ အင်္ဂါဂြိုလ်ပေါ် အနောက်နိုင်ငံက လူတွေပြောင်းနေဖို့ပြင်နေပြီ၊ မြန်မာပြည်မှာ အခုထိ လှေလှော်လို့ကောင်းတုန်း… 😡

  • kosharshi

    October 27, 2011 at 12:20 pm

    အသိ အသက် ၅ဝ ကျော် အထူးကုဆရာဝန်မကြီးတစ်ဦးကပြောတယ်.. သူ အသက်ကြီးလာပြီးကျန်းမာရေး မကောင်းရင်တော့ ခုခေတ်ဆရာဝန်တွေဆီ ဆေးကုသမှုခံရမှာသိပ်ကြောက်တယ်တဲ့ ၊ သူ့ work မှာ house ဆင်းတဲ့ ဆရာဝန်ပေါက်စတွေ ကြည့်ပြီးပြောပြတာ..

  • kyeemite

    October 27, 2011 at 2:22 pm

    အော်..ကိုယ်သင်ပေးလိုက်ပီး…ကိုယ်ပြန်ကြောက်နေတယ်..
    ရီရတယ်..ဗျဲ..

  • etone

    October 27, 2011 at 3:55 pm

    (((ငတုံးတွေ အလုံးအရင်းနှင့် ဆရာဝန်ဖြစ်လာ တော့မှ ၊
    အဘတို့ မှားပါပြီလို့ မျက်ရည် မကျကြဘို့ ။
    အုပ်ချုပ်တဲ့ အစိုးရ မင်းများကို
    ကြိုတင် လျှောက်ထားအပ်ပါတယ် ။ ))) ဆိုတဲ့ ခေတ် ရောက်လာဦးမယ်လို့တော့ ထင်တာပါပဲ … ။

    နိုင်ငံခြားမှာ တရားစွဲတာ၊ အလျှော်စားရှိသည်ထားဦးတော့ … လုပ်ခလစာ ၊ လူနေမှူစရိုက် ကွာခြားတဲ့အခါ … ဆရာဝန်အတော်များများက နိုင်ငံခြားထွက်ဖို့ကို ရွေးချယ်လာကြပြီလေ …. ဒီတော့ … အသစ်တွေများများဝင်လာဖို့ .. စံနှုန်းချရပါလိမ့်မယ် …. ။ တွေးရင်း … ရင်လေးတယ် … ။ ဒီမှာနေတဲ့ လူ အများစုက လူလတ်တန်းစားနဲ့ .. .အခြေခံ လူတန်းစား များတယ် … ထစ်ခနဲဆို နိုင်ငံခြားဆေးသွားကုဖို့မပြောနဲ့ … ပန်းလှိုင် ဆေးရုံတို့ … ဝိတိုရိယတို့ရှေ့တောင် ဖြတ်မလျှောက်ရဲသလောက်ပဲ … ။ စံနှုန်းနိမ့် ခေါ်ထားတဲ့ လူတွေ ဆရာဝန်ဖြစ်တဲ့ခေတ်ရောက်လာခဲ့လျှင် … အာ…… မတွေးချင်တော့ဘူး …. သတ္တဝါတစ်ခု ကံတစ်ခုပဲ …. ။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်မှ …. 😥

    • Foreign Resident

      October 27, 2011 at 4:51 pm

      မ E Tone ရဲ့

      တော်တဲ့ ဆရာဝန်က ထွက်သွားတဲ့ ပြဿနာတင် မကဘူးကွဲ့ ။
      အခု ပြဿနာက တော်တဲ့လူက ဆရာဝန်ကို မလုပ်တော့တာကွဲ့ ။

      မ Wei Wei ပြောသလိုဆို
      ဆေး နှင့် သင်္ဘောသား က ၆ရ မှတ်ကွာသွား ပြီ ။
      မှန်တာပြောရရင် ၆ရ မှတ် ဆိုတာ သိပ်များတယ် ။
      လူတော်တွေ ဆေး ကိုစိတ်မဝင်စားတော့ဘူး လို့ယူဆရမယ် ။

      ၂၅ မှတ်ပဲ ကွာတုန်းကတောင် ဆေး အထက်မှာ
      Myanmar Maritime University ( MMU )
      Myanmar Mercantile Marine College ( MMMC )
      University of Foreign Language ( English )
      University of Foreign Language ( Chinese )
      လေး ခု ရှိခဲ့ တယ် ။
      အခုဆို ဆေး အထက်မှာ ဘယ်လောက်တောင် ရှိနေပြီလဲမသိ ။

      ပြဿနာက ကျန်းမာရေး အဆင့်အတန်း နိမ့်ကျလာလိမ့်မယ် ။
      ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက် ကြတော့ကွယ် ။

Leave a Reply