အလင်းနှင့် ဆေးခြယ်ခြင်း …

ムラカミOctober 26, 20114min16612

 

Light Painting fotografy

 

Light Painting ဆိုတာ တကယ်တော့ ဖိုတိုဂလပ်ဖီ တက်ခနီကွေး တွေထဲက တခုပါ..

သူ့ သဘော သူ့သဘာဝကို အလွယ်ပြောရရင်တော့ အလင်းရောင်နည်းတဲ့ ..ည .. အမှောင်

စတဲ့နေရာတွေမှာ camera aperture ကို ဖွင့်ထားပြီး ဓါတ်မီး..လေဆာပွိုင့်တာ စတဲ့ စူးရှသေးငယ်

တဲ့ မီးရောင် တွေ သုံးပြီး ရေးတဲ့ graffiti (ဂဒါဖီမဟုတ်ပါ) တမျိုး ဖြစ်ပါတယ်..

 

တက်ခနီကွေး ကို ပြောပြရရင်တော့ shutter speed ကို bulb mode ပြောင်းနိုင်တဲ့ camera လိုပါတယ်

Bulb mode ဆိုတာ စက္ကန့် ၃ဝထက် ပိုပြီး aperture ကို ဖွင့်ထားတာ ကိုဆိုလိုတာပါ..

နောက်ပိုင်းထွက် D-SLR အတော်များများမှာ bulb mode ရပါတယ်..

 

 

လင်းတဲ့နေရာ ဒါမှမဟုတ် နေ့ဘက်ရိုက် မရဘူးလား ဆို ..အထက်ပါ အချက်ကြောင့် ရိုက်လို့ အဆင်မပြေပါဘူး လို့ ဖြေရမှာပါ …aperture ကြီး သည်လောက် အကြာကြီး ဖွင့်ရိုက်မှတော့ အလင်းတွေ တအား ဝင်ပြီး ပုံက ဖွေးထွက် burn-out သွားမှာ ဖြစ်လို့ ပဲ

 

ဟုတ်ပါပြီ သည်လို အချိန်အကြာကြီး ဖွင့်ရိုက်မယ်ဆို ဘယ်သူမှ ငြိမ်အောင် ကိုင်မထားနိုင်ပါဘူး တခုခုပေါ်

တင်ရိုက်ရမှာပါ … အဲ့သည်တော့ ဖြစ်နိုင်ရင် ထလိုင်ပေါ့ထ်tripod လိုပါတယ်

 

 

 

ပြီးတော့ စက္ကန့် ၃ဝ နဲ့အထက် trigger ခလုပ်ကို ဖိထားရမှာ လက်နဲ့နှိပ်ဖို့ သိပ် မဖြစ်နိုင်ပါ ..handshake ပါဝင်သွားနိုင်ပါတယ် ..အုတ်ခဲနဲ့လည်း ဖိမထားသင့်တဲ့အတွက် cable release လိုပါတယ် …သူက remote နဲ့ အနည်းငယ် ကွဲပြားပါတယ် ..

Remote နဲ့ ရိုက်တယ်ဆိုတာ အဝေးကနေ IR ကိုသုံးပြီး ခလုပ်နှိပ်ယုံ သက်သက်ရယ်ပါ ..

Cable release ကတော့ ရိုက်ချက် ကို မလွှတ်ဘဲ on ထားတယ် press and pull forward လုပ်လို့ ရပါတယ်

 

အလင်းဆေးခြယ်တာကတော့ ဓါတ်မီး မီးခြစ် LED လေဆာပွင့်တာ ခရစ်စမတ် မီးလုံးငယ်များ ..အဆင်ပြေရာ

သုံးနိုင်ပါတယ်

 

 

စမယ် ဆိုရင် ပထမဆုံး ကျနော်တို့ subject ရှာဖို့ လိုအပ်ပါတယ် ဘာကိုရိုက်မှာလဲ ဆိုတာပါ

Subject ရရင် အဲ့သည့် subject ကို ဘယ်လို ဆေးခြယ်မလဲ စဉ်းစားဖို့ လိုပါတယ်..

 

ဥပမာ ဖန်ခွက်လေး တစ်လုံးဆိုပါစို့ အဲ့သည့် ဖန်ခွက်ကလေးကနေ ရောင်စဉ်တွေဖြာ ထွက်နေတယ်

ဆိုတာမျိုး စဉ်းစားကြည့်လို့ ရပါတယ် ..

 

ဒါဟာ creative mood ဖြစ်သွားပါပြီ စိတ်ကူးဉာဏ် ကွန့်မြူးပြီး ဖန်တီးမှု ဖြစ်သွားပါပြီ တက္ကနစ် အရတော့

ဘယ်သူရိုက်ရိုက် ရိုက်လို့ရပေမယ့် ခရိအေးတစ်ဗ် လုပ်တဲ့အပေါ်မူတည်ပြီး ကွဲပြားတဲ့ ရလဒ်တွေ

ထွက်ပေါ်လာမှာပါ

 

လူကိုလည်း subject အနေနဲ့ သုံးနိုင်ပါတယ်..လူသပ်သပ် အလင်းတန်းတွေသပ်သပ် ရိုက်ပြီးတော့မှ

လည်း ပြန် ဆက်စပ် ယူလို့ရပါတယ် ..(ဒါကိုတော့ နောက် ပိုစ့် မာလထီပလစ်စထီ multiplicity မှာ ရေးပါ့မယ်)

ဥပမာ streetfighter game ထဲကလို လက်ထဲက power တွေထွက်လာသမျိုးပေါ့

 

ရိုက်နည်းကတော့ aperture ကို ခပ်ကျဉ်းကျဉ်းထားပါ f/9 နှင့်အထက် လို့ ဆိုချင်ပါတယ်

ကျနော်ကတော့ f/16 တဝိုက် ကိုသုံးပါတယ်  ISO 100ပါ..

 

Exposure meter လို tools တွေရှိရင် ပိုကောင်းပေမယ့်

(ဈေးကြီးလို့ မဝယ်နိုင်လို့ ဘယ်လိုသုံးရတယ်တော့ မသိဝူးဗျ)

ပထမဆုံး လုပ်သင့်တာက subject ကို ဘယ်နှစက္ကန့်လောက် ရိုက်ရင် exposure ကောင်းကောင်းရမလဲ

အရင် ၁ပုံ ရိုက်ကြည့်ပါ (ဆေးမချယ်ပါသေးနဲ့ဦး)

ကျနော် try တာကတော့ စက္ကန့် ၅ဝ နဲ့ ၁၀ဝ ပါပဲ …over/ under expose မဖြစ်အောင်တော့ အချိန်နဲ့ အပေါက်(ကိုပေါက် ကိုပြောတာမဟုတ်ပါ aperture ဖြစ်သည်) ကို လိုတိုးပိုလျော့ လုပ်ပါတယ်

 

Suitable exposue time ရပီဆိုရင်တော့ အဲ့သည့် ရတဲ့ အချိန် အတွင်း ဘာကို ဘယ်လို ဆေးချယ်မလဲ စဉ်းစားပါတယ် …

ဥပမာ exposure time 75second ရတယ်ဆို အဲ့သည့်အတွင်း အပြီးခြယ်ရမှာ ဖြစ်ပါတယ်

(တချို့လည်း ခြယ်ပြီးတော့မှ subject ကိုလိုတဲ့ exposure ရအောင် ဆက်ဖွင့်ရိုက်လေ့ရှိပါတယ် သည်နည်း inz@ghi မသုံးဖူးသေးပါ)

 

ခြယ်တယ် ဆိုတာကလည်း အလွယ်ပြောတာပါ ကိုယ့်subject တဝိုက်ကနေပြီး ကင်မလာ ဘက်လှည့်လှည့်ပြီး ဓါတ်မီးနဲ့ထိုးတာပါ …တချို့ကလည်း စာရေးကြတယ်ဗျ…. ဒါ့ပုံဆြာ ရဲ့ နာမည် တို့ အိုင်လက်ဖြူ တို့ ဘာညာပေါ့ စာရေးမယ်ဆိုရင်တော့ တခုရှိတာက မှန်စာ လိုမျိုး ပြောင်းပြန်ရေးရပါမယ် ..

အဲ့ဒါမှ ကင်မလာ ဘက်မှာ အတည့်ပေါ်မှာပါ

နောက်ပြီး မေးစရာရှိတာက ခြယ်နေတဲ့ လူပုံကြီး ဒါမှမဟုတ် လက်ပုံကြီး ပေါ်နေမှာလား ဆိုတာပါ …ဟုတ်ကဲ့ ဆက်တင်ပေါ်မူတည်ပြီး မပေါ်ချင်ရင် မပေါ်အောင် ချိန်လို့ရသလို lightpainting ဆွဲနေတာတဲ့

လူပုံ ဖော်ချင်ရင်လည်း ဖော်လို့ရကြောင်းပါ…

မပေါ်တဲ့အကြောင်းကိုပြောပါမယ် ငြိမ်နေတဲ့ ဆက်ပဂျက် ကိုတောင် ၇၅စက္ကန့် တိတိ အပေါက်ဖွင့်ရိုက်မှ

လုံလောက်စွာ expose ဖြစ်မယ် ဆိုတော့ အပါချာ အပေါက်က ရေလည် သေးငယ်ပါတယ် ..

နောက်ပြီး အိုင်အက်စ်အို အနိမ့်မှာ ထား ဆိုတာကလည်း အလင်းသိမှု light sensitivity ကို မြှင့်တင် ပြီး ပုံကို digital နည်းအရင် လင်းအောင် ဖြစ်ညှစ် မလုပ်စေချင်လို့ပါ

ဆက်ရရင် အဲ့သည့် ဆက်ပဂျက် နားမှာ ရိပ်ကနဲ ရိပ်ကနဲ ဖြတ်သွားမယ့် လက် ကဘယ်လိုမှ မပေါ်နိုင်တော့ပါဘူး ..(သည်ပုံတွေက အမှောင်မှာ ရိုက်တာ သည်တချက်ကြောင့် လည်းပါပါတယ်)

ပေါ်ချင်ယင်တော့  ၇၅စက္ကန့် မှာ ၆ဝ လောက် ငြိမ်ငြိမ်နေပေးလိုက်ပေါ့ဗျာ ..လူနဲ့တွဲရိုက်တဲ့ lightpainting

တွေမှာ သည်လို လုပ်ကြပါတယ် ..

 

နေ့ဘက်တွေမှာ သည် အပေါက်ကျဉ်းပြီး ကြာကြာ ရိုက်တဲ့နည်းနဲ့ လူတွေကို ရှင်းပစ်လိုက်လို့ရတယ်ဗျ..

(ရှင်းပစ်လိုက်တယ်ဆိုတာ ရှော့ ပစ်လိုက်တယ်ပြောတာမဟုတ်ဘူးနော်..)

လူသွားလူလာများတဲ့ ဘူတာရုံ လိုနေရာမျိုးတွေမှာ စက္ကန့် ၂၀ဝလောက်နဲ့ long exposure ဆွဲလို့ကတော့

လှုပ်ရှားသွားလာနေတဲ့လူတွေ အကုန်ပျောက်ပဲ …

 

(ဘာလဲ ယုံဝူးလား သဂျီး… ရှိဘုယ လမ်းဆုံက လူတွေ ရှင်းပစ်လိုက်ရမား …)

 

တက်ခနီကွေး နဲ့ပါတ်သတ်ပြီး ပိုသိချင်ရင်တော့ အွန်လိုင်းမှာ လေ့လာနိုင်ပါတယ်…ယူကျု့ပ် ကတချို့ ဗီဒီအို

တွေဆို သင်ယူဖို့ အတွက် အတော် ကောင်းမွန်ပါတယ်

ဒါ အွန်လိုင်းက ရတဲ့ ဆမ်ပယ်လ် တွေဖြစ်ပါတယ်… နိုင်ဂျံဂါးက ဆြာဂျီးတွေရဲ့ လက်ရာတွေပါ

 

 

သည့်ထက်မိုက်တဲ့ပုံတွေ အများကြီး ရှိသေးတယ်ဗျ…

ဒါတွေက လက်လှမ်းမီရာလေးတွေ ဆွဲချ ပြန်တင် လုပ်ထားတာပါ..

 

inz@ghi ရဲ့ sample တွေပါ …ကျနော့်ရဲ့ lightpainting 1.0 album ထဲကဖစ်ပါတယ်..

ပထမဆုံးစ ခြယ်တာဆိုတော့ လက်ရာကတော့ သိပ်မကောင်းလှပါ…

ကြိုးစား အားထုတ်မှုကလည်း တွေ့ဖူး မြင်ဖူးနေတဲ့ နိုင်ဂျံဂါးက ဆြာတွေကို အများကြီး မှီငြမ်းပါတယ်

 

ဓါတ်မီးကတော့ ၂မျိုးသုံးထားပါတယ် ယန်း၁၀ဝ ဆိုင်မှာ ဝယ်လို့ရတဲ့ စာကြည့် ဓါတ်မီးအဖြူရယ် လေဆာပွိုင့်တာ အနီရယ်ပါ…

ဆပ်ပဂျက်ကတော့ အဟီး….ဘုရားမကြိုက် နတ်မကြိုက်ပေမယ့် တားကြိုက်တဲ့ အရာလေးတွေပေါ့ …

 

 

 

 

ကင်မလာ လေ့လာနေကြတယ် ဆိုတဲ့ အဘဖော နဲ့ သဂျိုင်ခီး ရေ ..

ကင်မလာ ဝယ်မယ်ဆိုလည်း ဝယ်ကြဗျ …ဆြာတို့က သက်ကြီးဝါကြီး အတွေ့အကြုံများ

အမြင်တွေအကြားတွေ များ ဆိုတော့ SLRနဲ့ ရိုက်မယ့်နှက်မယ့်

ဆြာတို့ လက်ရာ ကြည့်ချင်လွန်းလှတယ်ဗျ..

ဝိခ်အန်းဒ်တွေမှာ အော်ဇီနဲ့ ယူအက်စ် က အလှပဂေးလေးတွေ နဲ့ အောက်ဒိုးချည်း လှိမ့်ထွက်နေလို့

အိမ်က မဒီများနဲ့ တော်ကီပွားရရင်တော့ တား တာဝန်မယူကြောင်းပါ

 

သည်တပိုစ့်ထ် တော့ သည်မျှ နဲ့ ကျေနပ်မယ် ထင်ပါသည်..

 

ခင်တဲ့..

Guy Inz@ghi

12 comments

  • blackchaw

    October 26, 2011 at 9:52 am

    လေ့လာ မှတ်သား ရပါတယ် ဂိုင်းအင်ဇာဂီရေ။

  • phantom

    October 26, 2011 at 12:08 pm

    တစ်ပုံလောက်တော့ ရိုက်ကြည့်ချင်တယ်ဗျာ မိုက်တယ် ကင်မလာလဲရှိဝူး ဒုတ်မီးလဲရှိဝူး ငှားမလား 😛

  • kai

    October 26, 2011 at 12:16 pm

    ရုပ်ရှင်ပညာထဲမတော့.. အလင်းရောင်ဟာ.. ပန်းချီဆွဲတဲ့စုတ်ချက်နဲ့ သဘောတူတူပဲလို့ တင်စားတာပါ..။
    အခုဓါတ်ပုံပညာထဲ.. မှင်တံဖြစ်နေပါရော့လား..။

    ကောင်းပါလေ့.. 😆

  • ပေါက်ဖော်

    October 26, 2011 at 12:19 pm

    ဂျပန်မလေး တစ်ယောက်ကို Sub ထားပြီး ဆေးချယ်ပြ ပါ ဆာ..
    😆

    • windtalker

      October 26, 2011 at 8:13 pm

      ဘိုဇာ ရေ
      ဘိုဇာ ပို ့စ်က ပညာအများကြီးရပါတယ် ။
      ခက်တာက လိုက်လုပ်ဖို ့ရန် ၊ ကင်မရာ မရှိတာ ခက်နေတာဗျ
      ဒီတော့က
      ပေါက်ဖော် ပြောသလိုဘဲ
      လှုပ်ရှားပြပါဦးလို ့တောင်းဆိုလိုက်ပါတယ်နော်
      🙂

    • Moe Z

      October 27, 2011 at 12:44 pm

      ဂျပန်မလေးတွေကို မချယ်ချင်ဘူးတဲ့ နောက်တစ်ခါ ဆီနီဂေါကအလှပဂေးလေး တစ်ယောက်ကိုချယ်ပြမယ်တဲ့ 😛

  • Foreign Resident

    October 26, 2011 at 12:35 pm

    သူ့ပုံတွေကြည့်ပြီး
    MG မှာ ခရီးသွားဓါတ်ပုံ လေးတွေ
    တင်ရမှာတောင် အားငယ် လာပြီ ။

  • inz@ghi

    October 26, 2011 at 12:44 pm

    ဘီလိုဖစ် ရတာလဲ ဘဖော ရယ် ..
    ဘဖော တို့ သဂျိုင်ခီး တို့ ကင်မလာဝယ်ချင်တယ်ဆိုလို့ တင်ရတာပါ …
    တား က ပညာသင်လေးပါ ပညာရှင် မဖြစ်ခင် (ပညာတွေ မသေမရှင်ဖြစ်နေတဲ့) ပညာငင်မဖစ်အောင်
    Genre စုံအောင် ရိုက်ကြည့်နေတုန်းပါ …
    အော်ဇီကမ်းခြေ က အလှအပလေးတွေလည်း ဂလုချင် ကြည့်ချင်ပါသေးတယ်ခည

    @ကိုပေါက်စ

    ကိုပေါက်ကို
    နဂိုကြောက်မို့
    ဂလို မနောက် ပါနဲ့ လို့

    @ သဂျိုင်ခီး
    ခိုးငွေ့သငယ်များ က ပီးသွားပလားဗျ…
    အဲ့လိုမျိုး ထပ်လုပ်မယ်ချို…လုပ်တော့ဝူးလား..

  • manawphyulay

    October 26, 2011 at 3:28 pm

    ဓာတ်မီးဆောင်ထားရင် ဖြစ်တယ်မလား။ ဟီး ဓာတ်မီးနဲ့ ရိုက်ကြည့်ဦးမယ်။

    • inz@ghi

      October 26, 2011 at 3:30 pm

      ရတယ်ဗျ ရိုက်ကြည့်ပါဗျာ.

  • Diamond Key

    October 27, 2011 at 10:12 am

    ကိုဇာရေ၊
    ပညာကောင်းလေးတွေပါဗျာ။ ဆက်ပြီး ဝေမျှပါအုံး။
    စောင့်မျှော် ဖတ်ရှု နည်းယူ လျှက်ရှိကြောင်းပါ။
    လေးစားမှုနဲ့
    စိန်သော့

  • alinsett

    October 27, 2011 at 12:08 pm

    သိပ်ကောင်းတဲ ့ပို ့စ်လေး အတွက်..ကျေးဇူးပါပဲ..ဗျာ။

Leave a Reply