မင်းဘယ်ပြေးမလဲ မိချိုသဲ

black chawOctober 26, 20111min1229

ဘလက်ချော မေးလ်ထဲကရပြန်ပါတဲ့ ချစ်သူကို စိတ်မချဖြစ်နေတဲ့ ရွာသူတွေ အသုံးဝင်မယ့် လင့်လေးတစ်ခုကို ဝေမျှ ပေးချင်ပါတယ်။

ရွာသူားတွေ သိပြီးသား၊ တင်ပြီးသား ဖြစ်နေရင်လည်း ဝိုင်းသာဆဲကြပါတော့ဗျာ။

မြန်မာပြည်ကြီးတိုးတက်နေတာ ရွာသူရွာသားတွေ အမြင်ပါပဲ။ လူတစ်ယောက် ဟန်းဖုန်းတစ်လုံး

ကိုင်နိုင်တဲ့ ခေတ်ကို ရောက်နေပါပြီ။ ဟန်းဖုန်းကနေ ခြေရာခံတဲ့ စံနစ် ပေါ်နေပါပြီဗျာ။
ခင်ဗျားတို့ရဲ့ ချစ်သူမှာ ဟန်းဖုန်းလေး တစ်လုံးတော့ ရှိရမယ်၊ ဖုန်းဖွင့်ထားဘို့လည်း လိုလိမ့်မယ်။
ဂြိုဟ်တုကနေ ခင်ဗျားတို့ချစ်သူရဲ့ ဖုန်းကိုချိတ်ဆက်ပြီး ဖုန်းပတ်ဝန်းကျင်က ပုံရိပ်တွေကို ဖေါ်ပြပါလိမ့်မယ်။

ရှေ့က ကုဒ်နံပတ် ခံစရာမလိုပါဘူး၊ ဖုန်းနံပတ်ကိုသာ အစအဆုံးရိုက်ထည့်လိုက်ပါ။

ရွာသူတွေ ကိုယ့်ချစ်သူ ကို ခုချက်ခြင်း လှမ်းချက်လို့ရပါပြီနော်၊ အောက်ကလင့်လေးက ကူညီပါလိမ့်မယ်။
နိုင်ငံ နာမည် ရွေး၊ ကိုယ့်ချစ်သူရဲ့ ဖုန်းနံပတ်ကိုရိုက်ထည့်၊

ဟင်းဟင်း မင်း ဘယ် ပြေး မ လဲ မိ ချို သဲ။

http://www.themobiletracker.com/english/index.html

တစ်ခုတော့ သတိပေးချင်တယ်ဗျာ။

စိတ်ကိုလျှော့ကြပါလို့။

 

9 comments

  • ပေါက်ဖော်

    October 26, 2011 at 4:09 pm

    တွေ ့ပြီတွေ ့ပြီ..
    ချုံကွယ်မှာ ထမီလှန်ပြီး ရှူရှူး ပေါက်နေဒယ်..
    😯

  • amatmin

    October 26, 2011 at 4:19 pm

    ကိုဘလက်ကြီးရေ…
    ကိုယ့်.ဘာသာပြန်ရှာလိုက်တာ..
    သူယောင်မယ်လေးဘေးနားရောက်သွားတယ်ဗျာ…တကယ်သာဆိုရင်တော့..ဟင်းးးး

  • ဆူး

    October 26, 2011 at 4:51 pm

    ဆူး မှာ ရိုက်စရာ ဖုန်းနံပါတ် မရှိတော့ ဦးလေး အမဲဆီ ရဲ့ ဖုန်းနံပါတ်ကို ရွာထဲကနေ တဆင့် သိထားလို့ ရိုက်ထည့်လိုက်တာ သေချာ တွေ့လိုက်တယ် ဦးလေး ဂျီးတောတော များတယ် ထင်တယ်နော်။

  • alinsett

    October 26, 2011 at 4:54 pm

    ကိုယ် လည်း လိုက်ရှာ လိုက်ဦးမယ် ။ မတွေ ့ရလို့တော့ မဟုတ်ဘူး။ မရှိသေးလို ့ ။ဟဲဟဲ

  • Shwe Ei

    October 26, 2011 at 4:56 pm

    ဒီပို့စ်တခါတင်ပြီးသားပါဗျို့။ ဘယ်သူတင်တာလဲ မှတ်မိတော့ဘူး။ နည်းနည်းကြာဘီ။

    • Shwe Ei

      October 26, 2011 at 4:58 pm

      အရေးအသားမဆီလျော်ရင် ဆောရီးပါ ဦးချောရေ။ ကျနော်ဆိုလိုတာ ဦးချောပေးထားတဲ့ လင့်ခ်ကို တခြားခေါင်းစဉ်တခုနဲ့ တင်ထားပီးသားရှိတယ်လို့ ပြောချင်တာပါ။

  • blackchaw

    October 26, 2011 at 6:25 pm

    Shwe Ei ရေ။
    စိတ်ပေါ့ပါးစေဘို့ အပျော်ပါဗျာ။
    သိပြီးသားဆို ခွင့်လွှတ်ပါ။

  • windtalker

    October 26, 2011 at 6:51 pm

    ဒီလို နဲ ့တင် ဘယ်ရမလဲ ကိုဘလက် ရဲ ့
    ခင်ဗျား ဖုန်းနံပါတ် အရင်ပေး ။
    ဒါမှ စမ်းရဲမယ် ။

Leave a Reply