မောင်ဖက်တီးနှင့်အနာဂါတ်ကြိုဟောသူများ ……

fattyOctober 26, 20111min21217

လူကြီးတွေနှင့်ကျနော်စိတ်ပူတီးနှင့် ကျေနော်

ကျနော်ဘဝမှာ ပထမဆုံးကျဆုံးခြင်းဆိုတာကို စတွေ့ဘူးတော့အရှေ့တိုင်းသားပီပီ
ဗေဒင်ဆရာဆီကိုရောက်ခဲ့ပါတယ် ..။
ဗေဒင်ဆရာက နက္ခတ်နဲ့တွက်ပါတယ် ဆန်းကျမ်းနဲ့ညှိပါတယ် မဟာဘုတ်နဲ့လဲ
ကြည့်ပါတယ် ..။
ဘာပြောလဲဆိုတော့ ..။
ခင်ဗျားအလုပ်ကနားထားသလားတဲ့ ….။ ဟုတ်ပါတယ် …
မြန်မာအသံကနေ အရေးအခင်းပြီတော့ ကဒ်ပြားအပ်ပြီးထွက်ခဲ့တာပါ ….။

ဒီဇာတာမျိုးဟာ … အတွေ့အကြုံများခဲ့တယ်လို့ပြောရမှာဘဲဗျ။
ကျနော်ပြောချင်တာက ဘဝမှာ အတက်မြန်တတ်တယ် အဲသလိုဘဲ အကျလဲရှိတယ် ..။
ဆိုလိုတာက မင်းစိုးရာဇာထိပေါက်ရောက်တတ်တယ် … ။ ကျရင်လဲ ကျသွားတတ်တယ်ပေါ့ဗျာ ..။

ကျနော်မေးပါရစေဆရာ ….။
ကျရင်ဘယ်လောက်ထိကျသွားမှာလဲ …။

အင်း ခင်ဗျားဇာတာက ကျပေမဲ့လို့ ကျနော်ဆိုလိုတာက ဇီးရီုး ဆိုတဲ့အခြေအနေကိုပြောတာမဟုတ်ပါဘူး။
ခင်ဗျားကိုကယ်မဲ့မမဲ့သူတွေရှိတယ်ဗျ။
ခင်ဗျား ယုံတာမယုံတာအပထား မမြင်နိုင်တဲ့ပုဂိ္ဂုလ်များက
လည်းစောင့်လျှောက်ပေးနေတယ် နောက်တော့သိလာမှာပါ ..။

လောေလောဆယ်တော့ ခင်ဗျားဘုရားတရားလုပ်ပါ။
အညံ့ရှိတယ် …။

တခြားဟောတာတွေတော့ရေးမနေတော့ပါဘူး။
ကျနော့ဘဝမှာ ကျနော်လုပ်ခဲ့တာတွေကိုတန်းစီပြီးစဉ်းစားပြောရရင် ..
၁ ။ ဘွဲ့ရပြီးပြီးချင်း အင်္ဂလိပ်စာဆရာလဲလုပ်တယ် နိုင်ငံခြားသားတွေဆီမှာ လိုက်ပြီးသင်ယူရင်း
တပည့်လဲခံတယ် ။ မြန်မာ့ handicraft ဆိုင်လေးဖွင့်ထားတယ် ..။

၂ ။ မြန်မာ့အသံမှာ အလုပ်ရတယ် ။

၃ ။ Pepsi cola မှာလုပ်တယ်

၄ ။ KOMI Trading Korea Copmpany တခုမှာလုပ်လိုက်သေးတယ် ..။

၆ ။ KOREA နိုင်ငံကိုရောက်သွားတယ်
ရ ။ DAEWOO Company မှာလုပ်လိုက်သေးတယ် ။

၈ ။ နောက်ဆုံး လခစားအနေနဲ့တော့ GM အနေနဲ့ ကျိူင်းတုံဟိူတယ်မှာလုပ်လိုက်တယ် ..။

ဒီကြားထဲမှာ ကျူရှင်ပြတာလဲပါတယ် တက်စီဆွဲရတာလဲပါတယ် လမ်းလျှောက်ပွဲစားလုပ်တာလဲပါတယ် ..စုံလို့စုံလို့ပါဘဲလေ …. ဘဝဇာတ်ခုံမှာ ကျရနေရာက ကရတာပေါ့

အပေါ်ပုံကဒေဝူးမှာလုပ်ခဲ့တုန်ူကပုံပါ။

ကိုရီးယားမှာရိုက်ခဲ့တဲ့ပုံပါ။

နောက်ဆုံးပုံကတော့ ကျနော့ဘဝ ဖွတ်မွဲပြာစုဖြစ်နေချိန် အဓိဌန်ဝင်ပြီးအောင်ခဲ့တဲ့ ပါဒကြီးကုန်းတော်ပါ ..။
နောက်မှဆက်ရေးပါအုံးမယ် ..။ ဗေဒင်ဆရာတွေအမျိုးမျိုးတွေ့ခဲ့ပုံတွေနောက်တော့ဆက်ပါ့မယ်။
ကျေးဇူးတင်စွာဖြင့် ….။

17 comments

  • ဆူး

    October 26, 2011 at 5:38 pm

    ဗေဒင်တော်တော် မှန်တာပဲ.. ဟိဟိ.. ပုံတွေက စုံနေတာပဲ.. စခန်းမှာ သောင်းကျန်းတာလေး ဆက်ပါအုန်း။

  • Koyin Sithu

    October 26, 2011 at 6:23 pm

    ဦးဦးဖက်လည်း ဘဝတော်တော်စုံတာပဲ..
    ဗေဒင်ဆရာတွေမျိုးစုံဟောပြပေးပုံလဲ နောက်ဆက်ရေးပေးပါအုန်း..
    အဘခနဲ့ကော ဗေဒင်တွက်ဖူးလားခင်ဗျာ..
    တွက်ဖူးတယ်ဆိုရင် အဲ့အကြောင်းလေး ပို့စ်ရေးပေးပါ..
    တောင်းဆိုပါတယ်… 🙂

  • windtalker

    October 26, 2011 at 6:44 pm

    ဟက်စကီး ၃ စင်း နောက်ခံထားပြီး ရိုက်ထားတဲ့ ပုံကို မြင်ရတော့ ဦးဖက်တီး ကို ဘယ်ဌာနက ပါလိမ့်လို ့သိချင်စမ်းပါဘိ ။ ရက်စွဲကလဲ လတ်လတ်ဆတ်ဆတ်ကြီး ဆိုတော့က ။ ဖြေပါဗျို ့

  • blackchaw

    October 26, 2011 at 7:08 pm

    ဓါတ်ပုံ ဖေါ်ပြပေးတဲ့ အတွက်
    လေးစားပါတယ် ကိုဖက်တီးရေ။
    အရင်က ဖေါ်ပြဘူးလားတော့ ကျွန်တော်မသိပါဘူး။
    ဘာပဲဖြစ်ဖြစ် ကိုဖက်တီး ဘဝအပြောင်းအလဲလေးတွေ၊
    အချိုးအကွေ့ အတက်အကျလေးတွေကို ရေးပြပါဦးဗျာ။
    ကျွန်တော် တကယ်လေးစားစွာ စောင့်ဖတ်နေမှာပါ။ ကျေးဇူးပါဗျာ။

  • pooch

    October 26, 2011 at 7:18 pm

    လေးဖက် စိတ်ဝင်စားတယ် … စောင့်ဖတ်မယ်….

  • fatty

    October 26, 2011 at 7:24 pm

    စောင့်တော့ဖတ်စေချင်ပါတယ် ဒါပေတဲ့ကျနော့ကိုလေးစားဖို့တော့ ကျေးဇူးပြုပြီးမလုပ်ပါနဲ့ မလိုပါဘူး။
    ရဟတ်ယာဉ်တွေနောက်ခံဖြစ်နေတာက ကိုရီးယားမှာရှိတဲ့အမေရိကန် ်စခန်းတခုကိုနောက်ခံ့ထားပြီးကြုံတုန်းအမှတ်တရ ရိုက်ခဲ့လို့ပါခင်ဗျား။

    အဘခနဲ့တော့ မတွက်ဘူးသေးဘူးဘူးဗျ ကျနော့ကိုညွှန်းပါအုန်း ကျနော်ကိုယ့်ကိုကိုယ်စုံလှပြီထင်တာ မကုန်နိုင်သေးပါလားနော် …။
    ရက်စွဲ လတ်ဆတ်နေတာက ပုံဟောင်းကိုပြန်ရိုက်ထားလို့ပါဗျာ။

  • zaymdy

    October 26, 2011 at 7:37 pm

    လေးဖက် ဘဝကိုစိတ်ဝင်စားသွားပြီးှဗျာ ဘဝကြီးဆိုတာကလည်း ဆရာကြီးဦးသုခ သီးချင်းတည်းကလို. တစ်ကယ်ကို အတက်အကျအနိမ်.အမြင်. အချိုးအကွေ.ဆုံလင်ပါပေဗျာ… ဆက်လက်ရေးသားစာသားများ စောင်မျှော်ဖက်ရူနေပါသည်ဗျာ…

  • z-Z

    October 26, 2011 at 8:54 pm

    စောင့်မျှော်လျက်ပါ ……..
    မြန်မြန်လေးတော့ တင်နော် လေးဖက် …. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 27, 2011 at 12:37 am

    ( မြန်မာအသံကနေ အရေးအခင်းပြီတော့ ကဒ်ပြားအပ်ပြီးထွက်ခဲ့တာပါ ….။ )
    မအပ်ရင် ဝင်မှာလေ 😀 😀 😀
    ပုံ……….
    ………… ဘိုးတော် အောင်ပု

  • thit min

    October 27, 2011 at 6:04 am

    ကဒ်ပြားအပ်တာတော့ တော်တော်သဘောကျသွားတယ်။
    ကျနော်ရွာထဲစဝင်လာပြီး ပထမဆုံး သဘောကျသွားခဲ့တဲ့ စာက ဦးဖက်ရဲ့စာပါ။
    ခုတလောမှ နဲနဲပြန်အရေးစိတ်လာတာဝမ်းသာမိတယ်။
    ကျနော် ဖတ်သူနေရာကအနေများတော့မယ်လို့စဉ်းစားချိန်မှာ။

    ဘဝအတွေ့အကြုံ(မလိုအပ်ဘဲအသက်နဲ့ရင်းပြီးတောင်စီးပွါးရှာခဲ့ဘူးတဲ့ကျနော်)စုံတယ်လို့ထင်တဲ့
    ကျနော်ကိုကျနော် ဦးဖက်စာ ဖတ်လိုက်တော့ တော်တော်ကျုန့်ဝင်သွားတယ်၊သေးသွားတယ်။

    စောင့်ဖတ်မယ်ဗျာ။
    လေးစားပါသည်ခင်ဗျား။

  • MaMa

    October 27, 2011 at 7:27 am

    အနာဂတ်ကြိုဟောသူနဲ့ အီတုန်းနဲ့ တွေ့တုန်းကတော့ ၂ပေလောက် မြင့်သွားတယ်။ (ခုန်တာ ပြောပါတယ်။) ဦးဖက်တီးတော့ ဘယ်လောက်မြင့်သွားသလဲ သိချင်သား။

  • fatty

    October 27, 2011 at 8:26 am

    ဒီလိုဘဲဗျာ ဘဝဆိုတာ ကောင်းတာတွေ့ယူ မကောင်းတာတွေ့ ရှောင်ပါ။
    ကျနော် တလောက ဆေးကုသမှုခံနေလို့ မရေးနိုင်ခဲပါဘူး …။ အားလုံးကိုကျေးဇူးတင်လျှက်ပါ။
    ကျနော်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ နံပါတ် ၅ ကျန်သွားပါတယ် ။ ၅ က ပရီမီရားကော်ဖီမစ်မှာ
    Marketing Manager အနေနဲ့ လုပ်ခဲ့ပါတယ် ..။

    • “ဘီလူးကြီး”ogre

      October 27, 2011 at 9:15 am

      လေးဖက်
      လုပ်တွေက စုံလှချည်လား အတွေကြုံကောင်းလေးတွေတော့ များမှာပေါ့
      သင်ခန်းစာယူဘို့ရေးပါအုံး စောင့်ဖတ်နေပါမယ်ဗျာ

  • စုံ စုံ

    October 27, 2011 at 8:58 am

    ဦးဖက်တို့လို့အတွေ့အကြုံစုံတဲ့သူတွေရေးပြပြောပြတော့လဲ
    ဗဟုသုတလဲတိုးသလို လေ့လာမှတ်သားစရာတွေလဲရတာပေါ့
    စောင့်ဖတ်နေပါ့မယ်ဦးဖက်ရေ

  • etone

    October 27, 2011 at 9:27 am

    ဗေဒင်ပညာနဲ့ ဆက်စပ်နေတယ်ဆိုတာ ဖတ်ရတော့ ဘယ်လိုများလဲလို့ … စိတ်ဝင်စားတယ် … နောက်အပိုင်းတွေကိုလည်း စောင့်ဖတ်နေပါတယ် … ။

    ဒါနဲ့ … ငယ်ရုပ်မပျောက်သေးဘူးနော် ဟီးဟီး :mrgreen: အခုကတော့ .. ခန့်ချောကြီး … 😀

  • လင်းဝေကျော်

    October 27, 2011 at 2:29 pm

    ငယ်ငယ်တုန်းက ပိုချောတာကိုး။
    ဒီလောက်စုံမှန်း သေချာသိရင် အင်တာဗျူး လုပ်လိုက်ပါတယ်။

  • koyinmaung

    October 27, 2011 at 8:33 pm

    ဒုတိယပုံကအတွင်းရေးမှူ ၂ ဦးတင်ဦးနဲ့အတူရပ်နေတယ်လို့ထင်ပါတယ်
    ဟုတ်ပါသလားဆရာဖက်….

Leave a Reply