ကာလင်း ၊ လာလီဂါ ၊ စီးရီးအေ

မောင် ပေOctober 26, 20111min1236

26/10/2011 ဗုဒ္ဓဟူးနေ ့ ၊  အချိန်နဲ ့ပွဲစဉ်များကတော့

ကာလင်းဖလား

၁:၁၅    စတုတ်   –   လီဗာပူး

။        ဝုဗ်   –   မန်စီးတီး

။        ဘလက်ဘန်း   –   နယူးကာဆယ်

။        အဲဗာတန်   –   ချဲဆီး

စပိန်လာလီဂါ

၀၀:၃၀    လီဗန်တေး   –   ဆိုစီဒက်

။           ဂီတာဖေး   –   အိုစာစူနာ

။           ဗယ်လကာနို   –   မာလာဂါ

။           ဇာရာဂိုဇာ   –   ဗလင်စီယာ

၂:၃၀       ရီးရဲ   –   ဗီလာရီးရဲ

။           မာယော့ကာ   –  ဂီဂျွန်

အီတလီ စီးရီးအေ

၁:၁၅       အေစီ   –   ပါးမား

။           အတ်တလန်တာ   –   အင်တာမီလန်

။           ချီယေဗို   –   ဘိုလော့နာ

။           လာဇီယို   –   ကာတားနီးယား

။            နာပိုလီ   –   အူဒီးနီး

။            ဂျီနိုအာ   –   ရိုးမား

။            စီဆီနာ   –   ကယ်ဂလီရာရီ

။            နိုဗာရာ   –   စီနာ

—————- ***** —————-

မနေ ့က သုံးပွဲခန် ့မှန်းရာမှာ ၂ ပွဲ မှားပြီး ၁ ပွဲ မှန်ပါတယ် ။

ဒီနေ ့ညအတွက် သေချာနိုင်မယ့် ပွဲစဉ်လေးတွေကို ခန် ့မှန်းကြည့်ရာမှာ

ချီယေဗို(၁၃)   –   ဘိုလော့နာ(၁၉)

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ချီယေဗို ဟာ အင်တာမီလန် ကို ၁-ဝ နဲ ့ရှုံးထားပြီး ဘိုလော့နာ က လာဇီယို ကို ၂-ဝ နဲ ့ရှုံးနိမ့်ထားပါတယ် ။

ချီယေဗို အသင်း နောက်ဆုံးကစားထားတဲ့ ၃ ပွဲ ကို ကြည့်ရင် ရဂိုး မရှိ ၊ ပေးဂိုး ၁ဂိုးသာ ရှိတဲ့ အတွက် ချီယေဗို ရဲ  ့ခံစားကောင်းမွန်ခြင်းကို သတိထားမိပါတယ် ။

ဘိုလော့နာအသင်းက နောက်ဆုံးကစားထားတဲ့ ၃ ပွဲမှာ ရဂိုး ၂ဂိုး ရှိပြီး ပေးဂိုး ၄ ဂိုး ရှိပါတယ် ။

အစဉ်အလာကို ပြန်ကြည့်ရင် ချီယေဗိုကွင်း နောက်ဆုံး၃နှစ်ဆက်တိုက် ဘိုလော့နာ အသာစီးမရခဲ့တာကို တွေ ့ရပါတယ် ။

ချီယေဗို ရဲ  ့အိမ်ကွင်းအားသာချက် နဲ ့အနိုင်ပြန်ရှာမယ် လို ့ယုံကြည်မိတာကြောင့် အနိုင်၁ဂိုးသာ လိုအပ်တဲ့ “ ချီယေဗို ” အသင်းကို အားပေးပါမယ် ။

—————- ***** —————-

မာယော့ကာ(၁၂)   –   ဂီဂျွန်(၂၀)

ပြီးခဲ့တဲ့ ပွဲမှာ မာယော့ကာ ဟာ အသလက်တီကို ကို သရေကစားထားပြီး ၊ ဂီဂျွန်အသင်းကတော့ ဂရာနာဒါ ကို ၂-ဝ နဲ ့အနိုင်ယူထားပါတယ် ။

မနှစ်က ရာသီ မာယော့ကာ အိမ်ကွင်းမှာ တွေ  ့ဆုံခဲ့တုန်းက ဂီဂျွန်အသင်းက ၄-ဝ နဲ ့အနိုင်ယူခဲ့ပါတယ် ။ အဲဒီရှေ  ့ရာသီတွေတုန်းက မာယော့ကာ ကွင်းမှာ၂ဂိုး၊၃ဂိုးပြတ်နဲ ့ရှုံးခဲ့ပါတယ် ။

မာယော့ကာ ၃ ပွဲဆက်တိုက် သရေကျထားပါတယ် ။ ဂီဂျွန်ကတော့ ၂ပွဲရှုံးခဲ့ပြီး ပြီးခဲ့တဲ့ ပွဲမှာ နိုင်ထားပါတယ် ။

ထုံးတမ်းစဉ်လာအရ မာယော့ကာ အနေနဲ ့နိုင်ပွဲ ပြန်ရသင့်နေပြီ ဖြစ်လို ့ ၊ အိမ်ကွင်းအားသာချက် နဲ ့အနိုင်ကန်မယ့် “ မာယော့ကာ ”  ပါဘဲ ။

—————- ***** —————-

ရီးရဲမက်ဒရစ်(၃)   –   ဗီလာရီးရဲ(၁၆)

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲ က မာလာဂါ ကို ၄-ဝ နဲ ့အနိုင်ယူထားပြီး ၊ ဗီလာရီးရဲ အသင်းက အိမ်ကွင်းမှာ လီဗန်တေး အသင်းကို ၃-ဝ နဲ ့ရှုံးထားပါတယ် ။

ပြီးခဲ့တဲ့ နှစ်နှစ် ရီးရဲ ကွင်းမှာ ဗီလာရီးရဲ ၄-၂ ၊ ၆-၂ ရလဒ်များနဲ ့ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ် ။

ရီးရဲ အသင်းအတွက် ထူးခြားမှုက တစ်လကြာ ဂိုးပေါက်ပျောက်နေခဲ့သော ဒိုလေး ဟာ ပြီးခဲ့တဲ့ မာလာဂါ နဲ ့ပွဲမှာ ဟက်ထရစ် နဲ ့ပြန်လာတာပါပဲ ။

ကြောက်စရာ တစ်ခုက ရီးရဲ ဒီပွဲကို ဂိုးပြတ်အောင် ကန်ပါ့မလား စဉ်းစားမိပေမယ့် ၊ ဒီပွဲနိုင်လိုက်ရင် အဆင့်၁ နေရာကို ဘာစီထက် ၁မှတ်အသာ နဲ ့ပြန်သာမှာပါ ။

ရီးရဲ အသင်းရဲ  ့ကစားသမားတွေ ရဲ  ့ဂိုးဆာလောင်မှုစိတ်ဓါတ် ၊ ဂိုးသွင်းယူနိုင်စွမ်းကို ယုံကြည်ထားပြီး ရီးရဲ ၃-ဝ ဗီလာရီးရဲ လို ့ခန် ့မှန်းလိုက်ပါတယ် ။

—————- ***** —————-

——————– ဘောလုံးပွဲချစ်သူတိုင်း အောင်မြင်ကြပါစေ ——————–

 

 

6 comments

  • blackchaw

    October 26, 2011 at 8:18 pm

    ဒေါက်တာ မောင်ပေ ၏ စွန့်စားခန်းများ
    ဇာတ်လမ်းတွဲကြီးကို စောင့်ကြည့်နေပါတယ်ဗျို့။

  • Koyin Sithu

    October 26, 2011 at 8:19 pm

    ဦးပေရေ… ကားလင်းအတွက် ခန့်မှန်းချက်ပြောချင်ပါတရ်..
    (၁) လီဗာပူး (စတုတ်က အိမ်ကွင်းမာတယ်.. ဒါပေမဲ့.. ဘာဘူရဲ့ ဟိုအပတ်က အောက်သင်းကို သရေကန်တဲ့ ရလဒ်ကြောင့် နည်းပြက လူကုန်ထုတ်ပြီး အနိုင်ကန်မယ့် သဘောရှိပါတယ်.. ၁-၂ လောက်တော့ သွားမှာပါ.. ။
    (၂) မန်းစီးတီး (မန်ယူကို ဂိုးပြတ်သိပ်သွားတဲ့ မန်စီးတီးရဲ့ ခြေဟာ ဝုဖ်လောက်တော့ လူကုန်မထုတ်ပေမဲ့ နှစ်ဂိုးပြတ်မယ့် သဘောရှိပါတယ်)
    (၃) ဘလက်ဘန်းနဲ့ နယူကာဆယ်က မိနစ် ၉ဝထိတော့ သရေပွဲဖြစ်မယ့် သဘောပါ..
    (၄) ချဲလ်ဆီး (ဘာပဲဖြစ်ဖြစ် အဲဗာတန်ကိုတော့ ငယ်နိုင်ဖြစ်တဲ့ အတွက် ချဲလ်ဆီးသေချာပေါက်နိုင်ပါမှာပါ.. အရင်အပတ်က တန်းတက်အသင်းကို ရှူံးခဲ့တဲ့ ဒေါသတွေကို ဘိုအာ့စ် ဒီပွဲမှာ အမျက်ဖြေမှာပါ))

    ကဲ ဦးပေ.. ကိုယ့်အတွေးနဲ့ ကိုယ်တော့ ၄မောင်းတော့ ရသွားပြီ… (၅)ဆလားမသိဘူး.. အဲ့အတိုင်းတော့ ရိုက်လိုက်မယ်..

    မောင်းသခင်.. ကိုရင်
    ပေါက်ရင် ဦးပေအတွက် ဘီယာပိုသောက်ခဲ့ပေးမယ်… ဟဲဟဲ.. 😀

    • windtalker

      October 26, 2011 at 8:31 pm

      တစ်ကယ်တော်တဲ့ ကိုရင်ဘဲ
      ကိုရင်ပြောသလိုဘဲ လီဗာပူး နဲ ့မန်စီးတီးကို ကြိုက်မိတယ် ။
      ဒီဖလား ကို မန်ယူတို ့ချဲဆီး တို ့လက်ရှောင်တာ များလို ့
      သူတို ့တွေ အနိုင်ကန်မယ့် လို ့မျှော်လင့်မိတယ်ဗျို ့

  • ပေါက်ဖော်

    October 26, 2011 at 8:27 pm

    အင်း..
    မောင်းသခင် ကိုရင်နဲ ့…ဘောဘုရင် မောင်ပေ တို ့တော့ တွေ ့ကြဘီ
    အခြေအနေကောင်းရင် သံချောင်းခေါက်ကြဦး.
    အောင်သေ..အောင်သား..အောင်အစားလေး ချီးမြှင့်ပေးရအောင်….

    ပြောရင်း..ညောင်းလာဘီ..မောင်ဘောပေရေ…ညောင်းလာဘီ
    ကျွတ်..ကျွတ်..ကျွတ်..
    😆

    • windtalker

      October 26, 2011 at 8:32 pm

      ညောင်းလာရင်
      အဘဖော ရေးတဲ့ ဆီမာဆတ် ကို မြန်မြန်လေး ပြေးဗျ
      သိပ်ကောင်းတာ
      ရှလွတ်ရှလူး ရှလွတ်ရှလူး ( ဆီနှိပ်ခန်းထဲမှ သံလွင်ဆီ လောင်းသံ )

  • “ဘီလူးကြီး”ogre

    October 27, 2011 at 7:40 am

    မောင်ပေ
    တို့ဂေးဇက်မှာ ဘော ပရိတ်သတ် အများသားလား
    ခန့်မှန်းချက်တွေသာ အကုန်မှန်ရင် မောင်ပေတော့ ဘော ဆရာဖြစ်ပြီ လုပ်ထားဟ :0

Leave a Reply