ကိုငြိမ်းလူ ဒီနေ.မနက်စောစော အိပ်ရာနိုးတော. အလုပ်အားရက်လဲဖြစ်ပြန်တော.

မျက်နှာသစ်ပြီးအိမ်ရှေ.၀ရံဒါကနေ ကိုနေတဲ.ပတ်ဝန်းကျင်ကို  လေ.လာရေး

လုပ်နေမိတယ်

လမ်းမပေါ်ကိုမျက်စေ.ကစားနေတုန်း အသားဖြူဖြူတရုတ်သွေးပါတဲ.အသက် ၅၀ကျော်

အမျိုးသမီးတယောက်နဲ.ခပ်ငယ်ငယ်၃၀ကျော်အမျိုးသမီးတယောက် ဆွဲခြင်းကိုယ်စီနဲ.ဈေး

ဝယ်ကပြန်လာရင်းအမျိုးသမီးကြီးက အားရ၀မ်းသာနဲ. အမျိုးသမီးအငယ်ကိုပြောပြနေတဲ.

စကားသံကိုကြားလိုက်ရတော. ကိုငြိမ်းလူအတော်အံသြသွားတယ်

အမျိုးသမီးကြီးက ပြောနေတာက မနေ.ကမြစ်ဆုံ ရေကာတာကို အစိုးရသက်တမ်း ၅နှစ်

အတွင်းဆက်မလုပ်ဘဲ ရပ်ဆိုင်းထားမယ်.အကြောင်း ဦးသိန်းစိန်ကကြေညာသွားတယ်ပေါ.

သူပြောနေတဲ.လေသံက အားရ၀မ်းသာပုံစံနဲ. ကိုငြိမ်းလူ သူတို.ကိုကြည်.ရင်း မြန်မာနိင်ငံသား

တွေ နိင်ငံအရေးကိုစိတ်ဝင်စားလာတာ အိမ်ရှင်မတွေကပါ မကျန်ပါလားဆိုပြီး အံသြရင်းနဲ.

ဒီမနက်ခင်းလေးကတော.ကျက်သရေရှိလိုက်တာလို.  တယောက်ထဲပြုံးလိုက်မိတယ်

 

 

တနေ.ပေါ. ကိုငြိမ်းလူ ရဲ.သားတော်မောင် တစ်တန်းကျောင်းသားကို အင်္ဂလိပ်စာ မညံ.အောင်

စနေတနင်္ဂနွေမှာ ကျုရှင်ထားတော. သားတော်မောင်ကို ကြိုဘို.ကိုငြိမ်းလူအလုပ်ဖြစ်လာပြန်ရော

ကျောင်းမလွတ်ခင် ခလေးမိဘတွေက သူတို.ချင်းတယောက်နဲ.တယောက်အလာပစကားတွေ

ပြောနေကြတာပေါ. ကိုငြိမ်းလူ လဲ သားကိုစောင်.ရင်း ဘေးက အသက် ၃၅ ၊ ၄၀အရွယ် လူနှစ်ယောက်

စကားပြောသံကိုနားစွင်.လိုက်တော. တယောက်က ပြောတာ အခုအောက်ကားတွေ ကိုအစိုးရက

အသစ်သွင်းခွင်.ပြုတယ်ပေါ.ခင်ဗျားရော  ဘယ်လိုလဲပေါ. အဲဒီမှာနောက်တယောက်ကပြောတာ

ပျော်စရာကြီးဗျာတဲ. သတင်းမထုတ်ခင်၂ရက်လောက် ကြိုသိရတယ်တဲ. ကား၃စီးလောက်ရလိုက်တယ်

တဲ.အားရ၀မ်းသာနဲ.ပြောနေတာ ကိုငြိမ်းလူကတော. မသိလို.အောက်ဈေးနဲ.ရောင်းလိုက်တဲ.ကားပိုင်ရှင်

တွေကို စိတ်ထဲကမြင်ယောင်ရင်း  ဒီလိုစီးပွားဟာ တရားလား မတရားလား ဘယ်လိုစံနှန်းတွေနဲ.

တိုင်းတာရမလဲစဉ်းစားနေမိတော.တယ်ဗျာ….

 

 

ကိုငြိမ်းလူအမျိုးသမီးက သတင်းကျွတ်ကျောင်းပိတ်ရက်မှာ သူ.ဇာတိ မြင်းခြံကိုပြန်ချင်တယ်ဆိုတာနဲ.

မိသားစု ခရီးထွက်ဖြစ်တယ်လေ အဲ.ဒိမှာ အခါကောင်းကိုကြုံရတယ် အကြောင်းက နိင်ငံတော်သမတ

ကြီးက လွတ်ငြိမ်းချမ်းသာခွင်.ဒုတိယအကြိမ်ပေးပြီဆိုတဲ.သတင်းပေါ. ကိုငြိမ်းလူလဲ ကုသိုလ်ယူမယ်

ဆိုပြီးမြင်းခြံထောင်ရှေ.မှာသွားစောင်.ရင်း တယောက်ယောက်ကိုကူညီမယ်ဆိုပြိးပေါ.

အကျဉ်းချုပ်ပြောရရင် လွတ်လာတဲ.လူတယောက်ကို ဘယ်ကိုပြန်မှာလဲဆိုတော. ရန်ကုန်တဲ.

ကောင်းပြီဗျာ ကျွန်တော် ကူညီပါ.မယ်ဆိုပြီး ကားနဲ.ခေါ်လာခဲ.တယ် လမ်းမှာအစာပြေ ဆိုင်မှာ

ကျွေးရင်းနဲ. မေးကြည်.တာပေါ. ခင်ဗျား ဘာမှုနဲထောင်ကျတာလဲပေါ. သူပြောမှ ကိုငြိမ်းလူ

လန်.သွားတယ် သူပြောတာက သူကလူသတ်မှုနဲ.ထောင်ကျတာတဲ. ရဲ၂ယောက်ကိုဓါးနဲခုတ်တဲ.အမှုတဲ.

ခပ်မြန်မြန်ဘဲ ကားကြီးဝင်းကိုခေါ်သွားပြီးကားလက်မှတ်ဖြတ်ပြီးထားခဲ.လိုက်ရတယ် ပြီးတော.မှ

တယောက်ထဲ ရီမိပါတယ်….

 

မုန်တိုင်း ရခိုင်ကိုဝင်တော.မယ်လို. TV ကနေ သတိပေးချက်တွေ ကိုတွေရတော. ကိုငြိမ်းလူ

တယောက် ဒီတခါတော. ကြိုတင်ကာကွယ်ရေးတွေနဲ.ရခိုင်သားတွေအတွက် စိတ်ချရလောက်ရဲ.

တွေးနေတုန်း နောက်ရက်တွေကျတော. ရခိုင်မုန်တိုင်းက မကွေးတိုင်းကလူတွေကို တစစီ ဖဲ.ခြွေ

သွားတာစိတ်မကောင်းကြီးစွာနဲ.တွေ.ရကြားရပါတော.တယ် သဘာဝဘေးအန္တရယ်တွေကို

ကာကွယ်ရာမှာ ကြိုတင်ကာကွယ်မှုနဲလို.လား   နည်းပညာတွေ လိုအပ်လို.လား ကျယ်ကျယ်ပြန်.ပြန်.မသုံးသပ်မိလို.လား ဘာဘဲပြောပြော ပခုက္ကူသားတွေကတော.

အသက်နဲ.ရင်းပြီး လိုအပ်ချက်တွေကိုပြသွားတာဘဲလို.စိတ်မကောင်းစွာတွေးနေမိပါတော.တယ်

 

 

About ထာဝရ

ထာဝရ has written 27 post in this Website..

It's your choice how you live your life. It's all about altitude