ဖက်တီးဘဝကျဆုံးခဲ့စဉ် ……..

fattyOctober 27, 20111min21422

ကျနော်မြန်မာ့အသံကထွက်ပြီးပြီးချင်း ထုံးစံအတိုင်း
အလုပ်လက်မဲ့ လက်ဖက်ရည်ဆိုင်ထိုင်
ပွဲစားလိုလိုဘာလိုလိုပေါ့ဗျာ ..။
ွှဲအဲ နေအုံး မြန်မာ့အသံကမထွက်ခင် လူတယောက်ကို
အကူအညီပေးခဲ့ဘူးတယ် ။
သူက နောက်ပိုင်းမှာ အရေးပါလာသူဖြစ်မှာမို့အခုကထဲက အစပျိုး
ထားပါရစေ။

အဲးဒီလူက မြန်မာနိုင်ငံကနေ UNV နဲ့ ပြည်ပထွက်သွားလိုက်တာ
အနည်းဆုံး၃ လ နေမှပြန်ဝင်ရမယ်ဆိုတဲ့ Rules ကို နားမလည်
ဘဲ အရေးအခင်းဖြစ်ခါနည်းတော့စိတ်ပူပြီးပြန်ချလာပါရော ..။
လေဆိပ်ကနေ သူ့ ပတ်စ်ပိုစ် ကိုသိမ်းလိုက်ရောဆိုပါတော့ ..။

အဲဒီလူ ပျာနေပြီ ပြန်ထွက်လို့မရတော့ဘူး ။
ခွင့်တပါတ်နဲ့ ခဏပြန်လာတာတဲ့ ..။
ထိုင်ပြီးငိုရုံကလွဲလို့ဘာမှ မတတ်နိုင်ဘူးပေါ့ ..။

ကျနော်ကူညီလိုက်ပါတယ် ..။
အဲဒီတုန်းက အလုပ်ထဲမှာ ဦးအေးကိုရဲ့သား ကိုခင်မောင်ဆန်းရှိတယ်
သူက ရိုးရိုးအေးအေးကြီး။
နောက်ပြီးဥိးစန်းယု သမက်ရှိတယ်။
ဝန်ကြီးချုပ် ဦးစိန်ဝင်းသားဇော်ကြီးရှိတယ် ..။

ကျနော်ကိုခင်မောင်ဆန်းကိုဘဲပြောပြီးအကူအညီတောင်းလိုက်ပါတယ် …။
သူတို့ကျတော့အလွယ်လေးပါ ..။
စာတိုလေးတစ်စောင်ရေးပြီး major တယောက်ဆီလွှတ်လိုက်တယ် …။
နောက်နေ့ သွားယူတော့ရလာခဲ့တယ် ..။

နောက်တခါ အဲဒီလူဘဲ ….
သူရယ်သူ့မိသားစု ကလေးတွေရော နိုင်ငံခြားကိုလိုက်ကြတော့မဲ့အချိန်
တပါတ်လောက်အလိုမှာ ….
ကမာရွတ်ရဲစခန်းရှေ့ ( အဲဒီတော့ ရဲစခန်းကနေရာရွှေ့ပြီ )
၄၂ လိုင်ကားပေါ်မှာ သူ့အမျိုးသမီးဆွဲကြိုူဖြတ်လုလို့သူကဝင်ဆွဲတော့
ဟိုက ဓားနဲ့ ထို့လိုက်တယ်။

ဒဏ်ရာက ကံကောင်းလို့မပြင်းထန်ပါဘူး ဒါပေတဲ့ ပြသနာက
ပိုက်ဆံအိပ်ပါ ပါသွားလို့ တမိသားစုလုံးရဲ့ ပတ်စ်ပိုစ်တွေရော ရှားပါး စာအုပ်တွေရော
ပါသွားတော့တာပါဘဲ။
ကျနော်အဲဒီအကြောင်းတွေကိုခရီးထွက်နေလို့ဖြစ်ျတဲ့ည ပိုင်းကျမှပြန်ရောက်ပြီးသိရတာ

သိသိချင်း ၉ နာရီကျော်နေပြီဆိုတော့ ပဒုမ္ပာကွင်းကစစ်တပ်ကို pass တောင်းပြီး
လိုက်သွားရတယ်။
ဟိုရောက်တော့ အကျိုးအကြောင်းမေး ကမာရွတ်ရဲစခန်းဖုန်းဆက်တော့
သူ့ case ကိုင်တဲ့သူက ကျနော့ English Speaking Class ကိုတက်ဖူတဲ့
တပည့်လေးတယောက်ဖြစ်နေရော။
ဒါနဲ့ နောက်နေ့ကျတော့ အမှိုက်ပုံမှာပြစ်ထားခဲ့လို့ဆိုပြီး
passport တွေနဲ့စာအုပ်စာတမ်းတွေ အကုန်ပြန်ရတယ် ။
သူတိုချင်းကြတော့လည်း တယ်ဟုတ်ပါလားဗျ ..။

ဆေးရုံကပေးမဆင်းပြန်ဘူး …။ ပြသနာကတမျိူးပြီးတမျိုးဗျာ ..။
ကျနော်ကလည်းတနေ့ကမှ ကျန်းမာရေးဌာနက ညွှန်မှုးတွေနဲ့
TV သွားရိုက်ထားတာဆိုတော့ ခင်နေတာပေါ့ သူတို့ပြောပြီးအကူအညီယူရပြန်ရောဗျို့။

အားလုံးအဆင်ပြေသွံားတယ်ဆိုပါတော့ဗျာ …..။
နောက်ဆုံးတော့ ကျနော်မြန်မာ့အသံက ထွက်ပြီး
ကူညီစရာရှိတဲ့သူတွေကူညီပြီး ကျနော့အတွက် အလုပ်ရှာရတော့တယ် ..။

သတင်းစာတွေလျှောက်ဖတ်တော့ အခု ဆိုင်းဘုတ်ကြီးကြီးနဲ့
ခင်ဗျားတို့တွေ့နေရမဲ့ သချာင်္ ဦးသန်းစိန် က ရခိုင်ပြည်နယ်ရမ်းဗြဲ ကျွန်းပေါ်က
ကျောက်နီမော်ဆိုတဲ့ရွာလေးတရွာအတွက် တွဲဘက်အ ထ က မှာလုပ်ဖို့
ကျောင်းဆရာတွေလိုတယ်ဆိုလို့ သွားလျှောက်တော့ English ပြဖို့
အရွေးခံရတယ်ဆိုပါတော့ဗျာ။

မြန်မာ့အသံ Aircon ခန်းကနေ တကဲ့ သဘာဝလေကောင်းလေသန့်ရတဲ့
ကျွန်းလေးပေါ်ရောက်သွားတာဘဲဗျာ ..။
အဲဒီမှာ တနှစ်လုပ်ခဲ့ရတယ် ..။

ဗေဒင်ဆရာက ဘာဟောလဲဆိုတော့ ….
ခင်ဗျား … ဇာတာက နိုင်ငံခြား (သို့) ရေခြားမြေခြား နယ်စပ်လိုမျိုးသွားရမယ် ….တဲ့
နှလုံးလမ်းကြောင်းမှာကျွန်းခံနေတာမဟုတ်ဘူးကျွန်းပေါ်ကိုရောက်သွားတာပါကလား
ပြီးတော့ …. သူများက ခင်များဆီလာလာပြီးတိုင်ပင်မယ်
ခင်များအတွက်တော့လှည့်ကြည့်မှာ မဟုတ်ဘူးတဲ့ …..။
မင်းတိုင်ပင်အမတ်ဇာတာမျိုးတဲ့ ..။

ကျနော်အဲဒီကပြန်လာတော့မှ အိမ်ထောင်ကျပါတယ် ..။ကျနော်အသက်မွေးဝမ်းကျောင်းက
ကျူရှင်ပြနေရတယ်။ အမျိုးသမီးက ကိုယ်ဝန်ကြီးနဲ့ အသားဝါဖြစ်ပါလေရော …..။
ဘယ်လေက်ဆိုးလဲပြောပြအုံးမယ် …
ဘာလီရေသောက်ရမယ်ဆိုလို့ ဘာလီရေဝယ်ဖို့ပိုက်ဆံမရှိဘူး …..။
ကျနော် အဲဒီအချိန်မှာ စာရေးခဲ့တုန်းကရထားတဲ့မဟေသီတို့ ပေဖူးလွှာတို့ သပြေ
ရွှေအမြုတေ ရှိသမျှစာအုပ်တွေအကုန်ချရောင်းလိုက်ရတယ် ..။

ကျနော်တော်တော်လေးခံစားလိုက်ရပါတယ် ကျနော်အနှစ်သက်ဆုံးစာအုပ်တွေလေ ..။
ကိုယ့်ဆောင်းပါးလေးတွေပါလို့ စာမူခ ၇၅ ကျပ်ရယ် စာအုပ်လေးတအုပ်ရယ်ရတာ ..။
အခုတော့ အဟောင်းဆိုင်တောင်သွားမစပ်နိုင်ဘူး အမြန်လိုလို့
ကုလားလက်ထဲအပ်လိုက်ရတယ် ကျနော့လက်တွေများတုန်လို့
ကျနော်ကဗျာကယာ ကိုယ်ရေးတဲကစာမျက်နှာလေးကိုလှန်ကြည့်မိသေးတယ် ..။

အဲဒီအချိန်ကျနော် ဇီးရိုးလောက်ဖြစ်နေပြီ …။
ဗေဒင်တော့ နဲနဲစိတ်ဝင်စားစပြုလာပြီ …..။
ဘယ်သူက ဖန်တီးနေတာလဲ ဘာကြောင့်မှန်တာလဲ … လို့တွေးနေပြီ …။
ကိုင်းနောက်မှ ဆက်တာပေါ့ …………..

ကျေးဇူးတင်လျှက်ပါ

22 comments

  • zaymdy

    October 27, 2011 at 11:33 am

    ဇတ်ရှိန်က တက်နေပြီးဗျို. ဆက်ရေးပါဦး စောင်မျှော်ပြီး အားပေးနေပါတယ် ဦးဖက်…

  • ကြောင်ကြီး

    October 27, 2011 at 11:35 am

    မင်းတိုင်ပင်ခံ ဇာတာပါတယ်ဆိုရင်တော့ နေရာမှန်တွေ့ပြီသာ မှတ်လိုက်ပေတော့။ ကျွန်ုပ်ကြောင်မင်း ဦးဖက်အား သက်တော်ရှည် အမတ်ကြီးအဖြစ် ခန့်လိုက်ပြီ။ 🙂

  • “ဘီလူးကြီး”ogre

    October 27, 2011 at 11:39 am

    လေးဖက်
    မနေ့က နက်ဂတစ် ပြန်တောင်းပြီးသွားပြီးလားဗျ
    သူကမှ တစ်ကယ့် (အင်တာနက်)နော် သတိသာထားပေတော့..။။။ 🙂
    မှတ်ချက်။။
    (အင်တာနက်)ဆိုသည်မှာ““အတွင်းပိုင်းနက်နဲချင်းကိုပြောလိုပါသည် 8)

  • Koyin Sithu

    October 27, 2011 at 11:54 am

    ဦးဖက်… ဘာလီရေ မဝယ်နိုင်တဲ့အချိန်က
    ကျွန်တော်နဲ့တွေ့ရင် ဝီစကီကော၊ ကိုလာပါ.. သေချာပေါက်တိုက်မှာ..
    အဘဖက်တို့ ခေတ်ကောင်းတုန်းက စစ်အစိုးရ တန်ခိုးအလွန်ထွားနေတဲ့အချိန်လား..

  • လင်းဝေကျော်

    October 27, 2011 at 1:02 pm

    အဲဒီတော့ ရမ်းဗြဲကျွန်းကို လူပျိုဘဝနဲ့ ရောက်သွားတာပေါ့။
    ဦးဖက်ပြောတဲ့ မြန်မာပြည်မှာ အလှဆုံးဆိုတဲ့ မိန်းကလေးတွေကို အဲဒီမှာတွေ့ခဲ့ပြီး
    အပြန်ကျမှ ဘာဖြစ်လို့ အိမ်ထောင်ပြုတာတုန်း။ နည်းနည်း ရှင်းဖို့လိုနေပြီထင်တယ်။

  • hmee

    October 27, 2011 at 1:50 pm

    လေးဖက်ရေ စောင့်ဖတ်နေပါတယ်။

  • etone

    October 27, 2011 at 1:59 pm

    လေးဖက်က etone တို့ အသက် နှစ်ဆလောက် နေခဲ့ဖူးတော့ … ဘဝအကြောင်း ပိုစုံစုံလင်လင် သိပါလိမ့်မယ် … ။ အနိမ့်အမြင့် အတက်အကျတွေနဲ့ …. ဘဝဆိုတာ ဒီလိုပဲလို့တော့ ကြားဖူးတယ် … ကိုယ်တိုင်ကတော့ …. အတွေ့ကြုံ မရင့်သန်သေးဘူးလေ …. နိမ့်လွန်း မြင့်လွန်းတဲ့ ဘဝမျိုးတော့ မရှိခဲ့သေးဘူး … အဝေးကြီးကို မျှော်ကြည့်ရင်း ဘာတွေကြုံရမလဲတွေးပြီး စိတ်မောမိတယ် …. ။ 🙁

  • pan pan

    October 27, 2011 at 2:05 pm

    အသက်ကြီးတဲ့လူတော်တော်များများ ဘဝလည်း တော်တော်စုံတယ်နော်
    လေးဖက်လည်း တက်လိုက်ကျလိုက်ပါလား

  • kocho

    October 27, 2011 at 2:06 pm

    စာအရေးအသားကောင်းလှပါကြောင်း အားပေးလျှက်

  • နွယ်ပင်

    October 27, 2011 at 2:16 pm

    လေးဖက်ရေ ဖတ်ကောင်းတုန်း ဇာတ်လမ်းက ပြတ်သွားတယ်
    ဆက်ရေးပါဦး စောင့်ဖတ်နေပါတယ်
    ဘဝဆိုတာ တက်လိုက်ကျလိုက်နဲ့ပါပဲလေ …..

  • amatmin

    October 27, 2011 at 2:47 pm

    လေးဖက်က..မင်းတိုင်ပင်အမတ်ဇာတာမျိုး..တဲ့
    ကျွန်တော်က တော့ ကိုယ့်ဘာသာတိုင်ပတ်နေတဲ့ အမတ်မင်း..:D
    ဘာပဲ ပြောပြော ဘဝ စုံတဲ့လူ ဆိုတာ.လေးဖက်တို့လိုဖြစ်မယ်..
    ဆက်ပါဦး…..ဗေဒင်တန်ခိုး နဲ့ ဘဝတမျိုး ပြောင်းခန်းကိုမျှော်နေပြီ..ဗျ.

  • ဆူး

    October 27, 2011 at 2:55 pm

    စာအုပ်တွေ ရောင်းတဲ့ နေရာကို ဖတ်တော့ စိတ်မကောင်းဖြစ်မိတယ်။
    ဆူး အဖေက စာဖတ် သိပ်ဝါသနာပါတယ် အိမ်မှာဆို စာအုပ်တွေ အများကြီးပဲ သေတ္တာတွေနဲ့ ထည့်ထားတာ အိမ်နဲ့ စာအုပ်သေတ္တာနဲ့တောင် မကာမိဘူး။ စာအုပ်စင်ဆိုလည်း အပြည့်ပဲ.. များပြားလှတဲ့ စာအုပ်တွေကို အိမ်ပြောင်းတော့ အဖေ က နေမကောင်းတော့ မလာနိုင်ပဲ အိမ်ဟောင်းက စာအုပ်တွေ ရှင်းတဲ့ အခါ မဂ္ဂဇင်းတွေ တခြား ဗဟုသုတ စာအုပ်တွေ အများကြီးပဲ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှာ သွားလှူလိုက်တယ်။ စာကြည့်တိုက် စာအုပ် အဟောင်းတွေ ကြည့်ပြီး ရှားပါး စာအုပ်မို့ ဝမ်းသာပါတယ် ဒီစာအုပ်မျိုးတွေက သီးသန့် သိမ်းထားမဲ့ စာအုပ်မျိုးမို့ တကယ်လို့ ပြန်ရှာဖတ်ချင်ရင်တော့ စာအုပ် အလှူရှင်ပါဆိုပြီး ပြောပါဆိုပြီး ပြောလိုက်တယ်။ စိတ်ထဲတော့ သိပ်ဘဝင်မကျလှဘူး။ တစိတ်တပိုင်း စာအုပ်တွေ ကုန်သွားတော့ ကျန်တဲ့ စာအုပ်တွေ ကို မသိမသာ ကုလား ခိုးရောင်းလိုက်တယ်။ ပိုက်ဆံ က သိပ်ရမယ် မကျန်သေးဘူး စစ်ဆေးရေး လာလို့ ပြန်တိုင်မှာ စိုးလို့ ရောင်းတာ ရပ်လိုက်ရတယ်။ အဖေ က သိတော့ စိတ်ဆိုးတယ် ဆူတယ်။ အဖေ ရဲ့ စိတ်ကို နားလည်လိုက်တယ်။ စိတ်တော့ မကောင်းပေမဲ့ အဲဒီတုန်းကတော့ စာအုပ်ခိုးရောင်းလို့ ပိုက်ဆံ ရတာကို ပိုသဘောကျတယ်။ အခုတော့ တွေးမိရင် စိတ်မကောင်းဘူး။ ဦးလေးလည်း စာအုပ်ရောင်းတာ ကိုယ်တိုင် ဆိုတော့ ပိုပြီး ခံစားရမယ် ဆိုတာ ပိုနားလည်တယ်။

  • fatty

    October 27, 2011 at 3:50 pm

    ဒီကနေ့တော့ဆက်ရေးချင်ပေမဲ့ ယာဉ်တိုက်မှုသတင်းကြောင့်ကိုတာပြည့်သွားလို့ခွင့်လွှတ်ပါခင်ဗျား ….။

  • Shwe Ei

    October 27, 2011 at 4:18 pm

    ဦးဖက်က စိတ်ဝင်စားစရာအကွက်လေးချပြပြီး ဆက်ရန်လုပ်သွားတယ်။ ဗေဒင်… ဗေဒင်… (ဗဒင်နဲ့ ဘာတော်ပါလိမ့်)။

  • MaMa

    October 27, 2011 at 5:09 pm

    ခုမှပဲ ဘာပဲလိုလိုကို တွေ့တော့တယ်။ အကူအညီလိုရင်တောင်းဖို့ (ဦးဖက်တီးဆိုတာ ကူညီတတ်တယ်) မှတ်ထားဦးမှ။ 😛

    • windtalker

      October 27, 2011 at 8:50 pm

      မှန်လိုက်တဲ့ မမ ရယ်
      ဦးဖက်ရေ ၊ ရန်ကုန်ရောက်လို ့
      အဆက်အသွယ်များ လုပ်လာခဲ့ရင်
      ဂေဇက်က အနော့် ကို မမေ့ပါနဲ ့နော်
      🙂

  • koyinmaung

    October 27, 2011 at 5:52 pm

    အသက်၅ဝအထင်ရှိ ဆရာဖက်တို့ဆရာပေါက်တို့လို
    ကိုယ်ဘဝ..ဖြတ်သန်းခဲ့ရတဲ့အမှတ်တရလေးတွေဖတ်ရတာ
    သဘောကျတယ်ဗျာ…
    ခုခေတ်လူငယ်တွေလဲဗဟုသုတရပါတယ်…
    ဆက်ရေပါဆရာဖက် စောင့်မျော်နေပါတယ်….

  • captainamerica

    October 27, 2011 at 6:57 pm

    ဖတ်လို.ကောင်းပါတယ်ဦးဖက်။ စောင့်မျှော်လျှက်ပါ………..

  • fatty

    October 27, 2011 at 7:46 pm

    ကျနော် အသက် ၅ဝကျော်ပြီလေ … ရှေ့လျှောက်လူဖြစ်ရတာဘာလုပ်ဖို့တုန်း ….
    ဘာကိုဆက်ပြီးလူ့ဘဝရဲ့ အရသာကိုခံစားအုံးမှာလဲ ……..။
    ကိုယ်သိခဲ့တာ ကိုယ့်အတွေအကြုံ အကောင်းအဆိုးတွေနဲ့ လူတွေကို နောက်မျိုးဆက်တွေကိုကူညီဖို့ဘဲလို့ယူဆတယ်ဗျာ …။
    ပြီးတော့ ကျနော် ဗေဒင်ပညာကိုစိတ်ဝင်စားတယ် အဲဒါနဲ့လူတွေကိုကူညီနိုင်ပါတယ် ကျနော့ ပိုစ်ထဲမှာထည့်ရေးပါ့မယ် ..။ ကျနော့ဆီကိုလာပြီးအကူအညီတောင်းရင် အိပ်နေရင်လဲဘယ်အချိန်ဖြစ်ဖြစ်လာနှိုးလှဲ့ပါ။

    • kai

      October 28, 2011 at 5:44 am

      ဦးဖက်.. ဦးဖက်.. ထပါဦးဗျ..
      ကျုပ်ဆီမှာ.. တိုကျိုဖက်က.. ဂျပန်ကားတွေ. .ရောင်းဖို့ အစင်းရာချီလာအပ်ထားတယ်.။
      ဝယ်မလား..။ 😆
      (နောက်တာ မဟုတ်ပါ)

      • ကြောင်ကြီး

        October 29, 2011 at 10:54 am

        ကျနော့်ဆီလည်း တင့်ကားဆယ်စီး ထိုင်းနယ်စပ်အရောက် ဈေးနှုန်းပို့ပေးပါ။ ကျောင်းသားတပ်မတော်ကို ပို့ပေးချင်ပါတယ်။။ (မနောက်တာ ဟုတ်ပါတယ်) 😆

  • fatty

    October 28, 2011 at 6:11 pm

    အခုမှနိုးလာလို့ပါ။
    ကျနော့ဆီ
    ဈေးနှုံး အသေးစိတ်ပို့ပေးပါ ( invoice )
    margin သိတ်မတင်ပါနဲ့ ဝယ်ရင်လော့လိုက်ဝယ်မှာပါ။
    ( နောက်တာမဟုတ်ပါ )

Leave a Reply