Free show ဖြစ်သွားတဲ့ IC ပွဲ

နွယ်ပင်October 27, 20111min17722

myanmarcelebrity.com မှ ပုံများကို ဖော်ပြထားပါတယ် …..

26.10.11 နေ့မှာ IC ပွဲရှိတယ်ဆိုပြီး ကြားကတည်းက IC ပရိသတ်နွယ်ပင်တို့ အားပေးဖို့ အသင့်ပြင်နေတာပေါ့ လက်မှတ်က ဘယ်မှာဝယ်ရမလဲ ဘာလဲ စုံစမ်းတော့ OKI ရဲ့ Promotion ပွဲလို့သိလိုက်ရတယ် အဲတာနဲ့ ဆပ်ပြာတွေပဲ ပြေးဝယ်ပြီး လက်မှတ်ပဲ ဝယ်ရမလို ဘာလိုလို ဖြစ်နေတုန်း သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမူနဲ့ လက်မှတ်တစ်စောင်ကို (6000) ပေးလို့ ရခဲ့တာပေါ့ အဲ့အချိန်တုန်းကတော့ ကိုယ့်ကိုကိုယ် ကံကောင်းလှချည်လို့ထင်နေခဲ့တာ ……….
ဒါပင်မယ် …………….. ပွဲစတဲ့ ရက်မှာတော့ ………………..
ကန်တော်ကြီးထဲမှာ များလိုက်တဲ့လူတွေ ICပွဲကို တော်တော်အားပေးကြတယ်ပေါ့ ဝင်ပေါက်မှာတင် လက်မှတ် တစ်စောင်ကို (5000) နဲ့အော်ရောင်းနေတော့ အဲ နွယ်ပင်တို့တော့ (1000) ရှုံးပြီပေါ့ ဒါပေမယ့် (1000) လောက်ပဲဟာ ကိစ္စမရှိပါဘူးဆိုပြီး ဝင်တော့ အထဲမှာ လူတွေက နည်းတာ မဟုတ်ဘူး ဒါနဲ ့ Show ကျင်းပမယ့် မျှော်စင်ကျွန်းထဲကို ဝင်တဲ့လမ်းမှာ လက်မှတ် (1) စောင် (2000) ဆိုတော့ ဟိုက် ..သေပါရောပေါ့ အဲတော့လည်း ကိုယ်ဝယ်ထားတာနဲ့ တန်အောင်ကြည့်မယ်ဆိုပြီး လူတွေကြားထဲ အတင်းတိုးဝင် လက်မှတ်စစ်ကို လက်မှတ်ပေးတော့ ဘယ်နှစ်စောင်လဲတောင် မရေဘူး …..ဝင်တဲ့ ….. နောက်လက်ထဲက ကိုင်ထားတဲ့ ဘာပုလင်း ညာပုလင်းတွေကို ဂရုတောင်မစိုက်ဘူး အေးဆေးပဲ ဒီလိုဆို သဘောပေါက်လိုက်ပါပြီ သေချာတယ် ဒါ Free show ဖြစ်သွားပြီဆိုပြီး ရှိသမျှ စိတ်ဓါတ်တွေအကုန်ကျပြီး လာတဲ့နောက်တော့ မထူးပါဘူးဆိုပြီး မထူးဇာတ်ခင်းပြီး လူအုပ်ကြားထဲ အတင်းတိုးဝင်ရတော့တာပေါ့ Free showဆိုတဲ့ ထုံးစံအတိုင်း လာလိုက်ကြတဲ့ လူတွေ လူပေါင်းစုုံ အလွှာပေါင်းစုံ စရိုက်ပေါင်းစုံ တကယ့်ကို စိတ်ညစ်စရာကြီးပေါ့ ရန်တွေ ဖြစ်လိုက်တာလည်း ဟိုနားတစ်ပွဲ ဒီနားတစ်ပွဲ ဒီကြားထဲ နှမချင်းမစာမနာ အမြတ်ထုတ်တဲ့လူနဲ့ ဒါကြောင့် လေးဖြူစဆိုတဲ့ အချိန်မှာ ICပရိသတ်ကြီး နွယ်ပင်တစ်ယောက် လက်လျော့လို့ ပြန်ထွက်ခဲ့ရတာပေါ့ အပြင်ကိုပြန်ထွက်လို့ ခဏမှာပဲ ရေတွေ ရွဲရွဲစိုနေတဲ့ လူ (2/3) ယောက်လောက်ကိုတွေ့တော့ သိချင်စိတ်နဲ့ စူးစမ်းမိပြန်ရော ဘာဖြစ်တာလဲဆိုတော့ လူတိုးလို့ ရေထဲပြုတ်ကျတာတဲ့ ကိုယ်တွေ အဲလိုမဖြစ်တာ ကံကောင်းတာပဲဆိုတဲ့ စိတ်ကလေးမွေးလို့ ပြန်ခဲ့ရပါပဲ … နောက်တစ်ခါများတော့ Promotion လုပ်တဲ့ Show ပွဲဆိုတော်ပါပြီ ……….

အော် ဒါနဲ့ စကားမစပ် နောက်လ (13) ရက်နေ့ IC Show ထပ်ရှိသေးတယ်ဆိုပဲ ဒီတစ်ခါ Premier ကလုပ်တာဆိုပဲ အထုပ်ကြီး (3) ထုပ်ကို လက်မှတ် တစ်စောင်တဲ့ နေရာက သုဝဏမိုးလုံလေလုံ အားကစားကွင်းဆိုပဲ…. 😛 🙂 😀

22 comments

  • Diamond Key

    October 27, 2011 at 10:28 am

    ဟူး အဲဒီလိုကြီးလား နွယ်ပင်ရေ၊ ဒီလိုပွဲတွေနဲ့ ဝေးတာ ကြာနေပါပြီ။

    • နွယ်ပင်

      October 27, 2011 at 10:49 am

      ပွဲတိုင်းတော့ မဟုတ်ပါဘူး ကိုစိန်သော့ရယ် အခုဟာက Promotion လုပ်တဲ့ပွဲဆိုတော့
      Company က သူတို့ပစ္စည်းလည်းရောင်းရရော ပွဲမှာ လူတွေက အရမ်းများလာတော့ လက်မှတ်စစ်က မနိုင်ပဲ အားလုံးကို လွှတ်ပေးလိုက်တယ်ထင်ပါတယ် ။ လက်မှတ်ကို ဝယ်ကြည့်တဲ့သူတွေရော ပစ္စည်းအခွံနဲ့လည်းပြီးကြည့်တဲ့ သူတွေရော နာတာပေါ့ ။ ဒီကြားတထဲ Free show ဖြစ်သွားတော့ လာလိုက်တဲ့လူတွေ မျှော်စင်ကျွန်းတောင် လျှံထွက်တယ်
      ဒီပွဲကတော့ တကယ့် စိတ်ပျက်စရာကြီးပါပဲ ……….. 🙁

  • kocho

    October 27, 2011 at 10:45 am

    မလုဎ်နဲ့သွားရင် မဒမ်ချိုက တကောက်ကောက်နဲ့AK47 နဲ့အပြစ်ခံရမယ် ပူးပေါင်းကြံစီမှုနဲ့ (အခန့်မသင့်ရင်) 😉

    • ဆူး

      October 27, 2011 at 2:41 pm

      မဒမ်ချိုက သေနပ်ပစ်တာ ဝါသနာပါပုံရတယ်နော်.. ဟို ပိုစ်မှာလည်း ပစ် ဒီပိုစ်မှာလည်း ပစ် နဲ့..
      ကိုချို တယောက်တော့ တစ်ကိုယ်လုံး အပေါက်တွေ တော်တော် များမယ် ထင်တယ်။

      • kocho

        October 27, 2011 at 2:56 pm

        မှားပြီးတင်မိတာဗျိုးဘွာတေးဘွာတေး(နွယ်ပင်ရေ)ဆောရီးနော ကျနော်လုဎ်တာနဲ့ မဒမ်ချိုလဲဗိုအောင်ဒင်သမီးဖြစ်တော့မယ် 😀

        • နွယ်ပင်

          October 27, 2011 at 3:17 pm

          မှားပြီးတင်လဲ လက်ခံပါတယ် အခုလို မှားပြီးတင်မိကြောင်း
          ဲပြန်လာပြောတာလည်း လက်ခံပါတယ် …. ဟီ … များများပြောလေကြိုက်လေပါ 😛

  • “ဘီလူးကြီး”ogre

    October 27, 2011 at 11:00 am

    စတိတ်ရှိုးဆိုတော်တော်လန့်သွားပြီဗျ
    တစ်ညထဲဖြစ်တဲ့ရန်ပွဲက (၁၅)ပွဲလောက်ရှိတယ်
    ၁၉၉၃ လောက်ကထင်တာပဲ ဟော်ကီကွင်းမှာ စိုးသူ သီချင်းလာတက်ဆိုရော
    လူတွေ ထိုင်ခုံတွေပေါ်တက်ကကြတာ ပြိုကျပြီး ရန်တွေဖြစ်တာများ
    ကောင်းကင်မှာ ခေါက်ကုလားထိုင်တွေပျံနေတာပဲ မနည်းလွတ်အောင်ရှောင်ပြီး ပြေးရတယ်
    တော်ပါပြီရှိုးပွဲတော့ သားသားကြောက်ကြောက် .. 😛

    • tz

      October 27, 2011 at 1:12 pm

      အကို ရယ် IC ပွဲမှာ အဲလို တွေ မဖြစ်ပါဘူး။ လက်မှတ်ခရော ကားခရော အကုန်ခံပြီးသွားနားထောင်ရတာဆိုတော့ တကယ် အားပေးတဲ့ ပရိတ်သတ်လောက်ပဲလာတာပါ။ free show မဟုတ်ရင်ပေ့ါ

  • Koyin Sithu

    October 27, 2011 at 11:22 am

    IC ရှိူးဆို ဖိုက်တာတွေဂျီးပဲလာကြတာ.. ဖဲ့မယ် ဆွဲမယ်ဆိုတာ ချည်းပဲ..
    ဖရီး ရှိူးဖြစ်သွားတော့ ပိုဆိုးသွားတာပေါ့…
    အိုင်စီဆိုရင် အိုက်ကော်ဖီပဲ သောက်တော့မယ်…
    စီးပွားရေးသမားတွေရဲ့ အကွက်ထဲတော့ မတိုးပါရစနဲ့..
    မနွယ် စောစောပြန်တာ တော်တော်ကောင်းသွားတယ်..

  • zaymdy

    October 27, 2011 at 11:51 am

    ပထမတော.IC freeshow ဆို.လို. သွားကြည်.မယ် ကြံသေးတယ်ဗျာ ဒါပေမယ် လက်မှတ်က တစ်သောင်းဆိုလို. မသွားပဲ ငြိမ်နေလိုက်တာ မှန်သွားသလို.လို… Freeshow ဆိုပေမယ် စည်းကမ်းရှိ၂တော. အားပေးစေချင်တယ်ဗျာ..IC ပွဲတိုင်းကြမ်းချင်ရမ်းချင်တည်းလူတွေ.တော်တော်များသဗျ…..တယ်ခက်ပါရောလားးး

  • we R one

    October 27, 2011 at 12:43 pm

    လေးဖြူ က ပြောတယ် ဒီနေ့ ပွဲဟာ လူ အများဆုံးတဲ့.. များမှာပေါ့ Free show ဖြစ်သွားပါတယ် ဆိုမှ .. 😀
    :ကျွန်မ လည်းပွြဲ့ပီးခါနီးမှ ပြန်လာတာတောင် လေးဖြူ မျက်နှာ ကို ၂ ခါလား ပဲ မြင်ခဲ့ရတယ်..။ 😀

    • windtalker

      October 28, 2011 at 12:45 pm

      ဟင်..ဆရာလေး က
      မယ်သီဝတ်ကြီးနဲ ့အိုင်စီရှိုးပွဲ မှာ သွားကဲခဲ့တာဘဲလား
      လားးးလား

  • tz

    October 27, 2011 at 1:07 pm

    Promotion ပွဲဆို Free Show ဖြစ်သွားတာ ကြုံခဲ့ဖူးတော့ မသွားတော့ဘူး။ 13 ရက်နေ့ရှိသေးတယ်လေ.
    သုဝဏ ကွင်းမှာ တွေ့ကြမယ်လေ။

  • MaMa

    October 27, 2011 at 5:17 pm

    VCD ထွက်လာမှပဲ (ခိုးကူးခွေလေး) အားပေးပါတော့မယ် နွယ်ပင်ရယ်။ 😀

  • နွယ်ပင်

    October 28, 2011 at 10:39 am

    ဒီနေ့ မနက်ပိုင်းမှ သူငယ်ချင်းတစ်ယောက်က လှမ်းပို့ပေးလိုက်တဲ့
    IC show ပွဲဓာတ်ပုံလေးတွေပါ ..
    IC ပရိသတ်ဘယ်လောက်များလဲဆို ဓာတ်ပုံထဲမှာသာ ကြည့်လိုက်ပါတော့ ….

    • R Ga

      October 28, 2011 at 11:39 am

      များတာကတော့ ic ပရိသတ်ရော free ပရိသတ်ရော
      ဖြစ်ပါလိမ့်မယ် ဒေါ်နွယ်ပင်ရေ …

  • စုံ စုံ

    October 28, 2011 at 12:44 pm

    တော်သေးတာပေါ့ ဒီလောက်များတဲ့ပွဲကိုသွားမကြည့်ဖြစ်တာ
    သွားများသွားခဲ့ရင် အသက်တောင်ထွက်နိုင်တယ် ဒီလူတိုးပုံနဲ့

  • etone

    October 28, 2011 at 12:54 pm

    ဆယ်ကျော်သက်တုန်းကတော့ ရှိုးပွဲဟေ့ဆိုတာနဲ့ …. ရောက်ပြီးသားပဲ … ။
    အခုတော့ အဲ့လို လူများတဲ့နေရာတွေ မသွားချင်တော့ဘူး … ။ လူကပဲ ဇီဆာကြောင်တာကြောင့်လား မသိဘူး… ချွေးစိုစိုမှာ သူတို့ အသားနဲ့ ကိုယ့်အသားထိမှာ အရမ်းရွံမိလို့ပါ … ။ ဒါနဲ့များ MRTV 4 ခုနှစ်ပြည့်တုန်းက ဘယ်လို ရောက်သွားမိလည်း နားတောင် မလည်တော့ဘူး 😛

    (တော်သေးတယ် … နွယ်ပင်တစ်ယောက် လူတိုးရင်း ရေထဲပြုတ်မကျပေလို့ … ) ဘော်ဒီဂတ်က မားမား မတ်မတ်ဘေးမှာရှိတာကိုး ဟီးဟိး :mrgreen:

  • char too lan

    October 28, 2011 at 1:30 pm

    hak hak :haha:
    လူတိုးခံရလို့ မွမွကြေ မွေမွေကြွ လာတာတောင် အသံက စိတ်ပျက်ပုံမပေါ်ဘူး ……….
    တိုးတိုးမေးမယ် တိတ်တိတ်လေးဖြေ (ဘယ်နားရူးရူး ဝင်ပေါက်ခဲ့တေးလဲဟင်) 😛

    • နွယ်ပင်

      October 28, 2011 at 1:43 pm

      အော် ချာတူးကလည်းနော် Promotion ပွဲဆို စိတ်ကုန်ပါပြီဆိုမှပဲ
      တကယ့်ကို အစစ်အမှန်ပွဲဆိုရင်တော့ သွားပြီးအားပေးရတာပေါ့
      နွယ်ပင်က IC ပရိသတ်ပဲဟာ တော်ကြာကိုယ်မလာလို့ ကိုလေးကြီး
      စိတ်မကောင်းဖြစ်နေရင် ဘယ်ကောင်းမလဲဟာနော် …. 🙂
      လှို့ဝှက်ချက်ဆိုတာ မေးတိုင်းမဖြေရဘူးလေ ဟ .. ဟ… 😛

  • ice

    October 30, 2011 at 10:52 am

    နိုဝင်ဘာ ၁၃ မှာ IC ပွဲ က သုဝဏမိုးလုံလေလုံ မှာ ဆိုတော ့ရေထဲ ကိုတော ့ပြုတ်ကျ စရာမရှိတော ့ဘူး။ဘေး ကနေပဲ ပြုတ်ကျရင် ပြုတ်ကျမှာ…ဟဟ

Leave a Reply