သူက အချစ်ကို ချစ်ခြင်းသက်သက်သာ မကဘဲ သက်ဆိုင်ရာဘာသာရပ်တွေကိုပါ သင်ကြားပေးခဲ့တယ်

ပထမဆုံးသင်ခန်းစာက စိတ်ခံစားချက်လေ

သူ့ဆီက စကားတစ်ခွန်းနဲ့တင်

ရင်ခုန်ခြင်း၊စိတ်ကြည်နူးခြင်းတွေ ပေးတတ်သလို

စကားတစ်ခွန်းနဲ့တင်ပဲ

စိတ်ရှုပ်ခြင်း၊ ၀မ်းနည်းခြင်းတွေလည်း ပေးတတ်ပြန်တယ်

မေးလ်တစ်စောင်ကို အကြိမ်ကြိမ် အခါခါ ဖတ်ချင်နေပြန်အောင် ရေးပေးတတ်သလို

မြင်တာနဲ့ မျက်ရည်ကျလာအောင်လည်း လုပ်တတ်ပြန်တယ်

နောက် စိတ်တို စိတ်ရှုပ်ထွေးပြီး delete လုပ်ဖြစ်အောင်ရောပေါ့

ညတိုင်း အလွမ်းတွေကို ပေးတတ်ပြန်သလို

စိတ်ပူပန်ခြင်းနဲ့ အိပ်မပျော်ခြင်း ညတွေကိုပါ ဆောင်ကျဉ်းပေးပြန်တယ်

သူရဲ့ ချစ်ြုခင်းကိုလည်း အပြည့်အ၀ ယုံကြည့်မိသလို

တစ်ခါတစ်ရံ ဝေေ၀၀ါးဝါးနဲ့ လမ်းပျောက်စေတတ်ပြန်တယ်

လူတွေကို အဆုံးစွန်မယုံကြည်တတ်အောင်ရယ်

လူတိုင်းကို စေတနာထားပြီး ဆက်ဆံစရာမလိုဘူးဆိုတာကိုပါ ပြောပြခဲ့တယ်

မိတ်ဆွေအပေါင်းအသင်းဆိုတာ relationship တစ်ခုထက်မပိုဘူးဆိုတာနဲ့

ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်ကသာ ကောင်းခြင်း၊ ဆိုးခြင်းဆိုတာတွေကို

တစ်သက်တာလုံးမျှဝေခံစားပေးနိုင်တယ်တဲ့

ဘ၀ကို တစ်နေရာထဲမှာဘဲ ရပ်တန့်မနေသင့်ဘဲ

အားကုန်ရွက်လွှင့်ဖို့ အင်အားတွေကိုပေးတယ်

လေနုအေးကိုကြည်နူးခံစားဖို့နဲ့ လှိုင်းထန်မုန်တိုင်းဒဏ်တွေကို ရင်ဆိုင်တတ်ဖို့

နောက် လောကဒဏ်တွေရယ်………………..

အပြင်ပန်းကို ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ စိတ်သဘောထားကို မသတ်မှတ်ဖို့ရယ်

ကိုယ့်အပေါ်ချိုသာနေပေမယ့် ကုန်းဆင်းတွန်းချမယ့်သူနဲ့

လမ်းဖြောင့်ဖြူးပေမယ့်လည်း ခြေထိုးခံမယ့် သူတွေ ရှိနေသေးကြောင်းရယ်ပေါ့

 

 

 

 

 

 

About နီကီတာ

has written 23 post in this Website..

何もあきらめないで頑張れば何もできる!