ကျွန်မရဲ့ အခြားတစ်ဖက် – ၁

နီကီတာOctober 27, 20111min18912

သူက အချစ်ကို ချစ်ခြင်းသက်သက်သာ မကဘဲ သက်ဆိုင်ရာဘာသာရပ်တွေကိုပါ သင်ကြားပေးခဲ့တယ်

ပထမဆုံးသင်ခန်းစာက စိတ်ခံစားချက်လေ

သူ့ဆီက စကားတစ်ခွန်းနဲ့တင်

ရင်ခုန်ခြင်း၊စိတ်ကြည်နူးခြင်းတွေ ပေးတတ်သလို

စကားတစ်ခွန်းနဲ့တင်ပဲ

စိတ်ရှုပ်ခြင်း၊ ဝမ်းနည်းခြင်းတွေလည်း ပေးတတ်ပြန်တယ်

မေးလ်တစ်စောင်ကို အကြိမ်ကြိမ် အခါခါ ဖတ်ချင်နေပြန်အောင် ရေးပေးတတ်သလို

မြင်တာနဲ့ မျက်ရည်ကျလာအောင်လည်း လုပ်တတ်ပြန်တယ်

နောက် စိတ်တို စိတ်ရှုပ်ထွေးပြီး delete လုပ်ဖြစ်အောင်ရောပေါ့

ညတို်င်း အလွမ်းတွေကို ပေးတတ်ပြန်သလို

စိတ်ပူပန်ခြင်းနဲ့ အိပ်မပျော်ခြင်း ညတွေကိုပါ ဆောင်ကျဉ်းပေးပြန်တယ်

သူရဲ့ ချစ်ြုခင်းကိုလည်း အပြည့်အဝ ယုံကြည့်မိသလို

တစ်ခါတစ်ရံ ဝေဝေဝါးဝါးနဲ့ လမ်းပျောက်စေတတ်ပြန်တယ်

လူတွေကို အဆုံးစွန်မယုံကြည်တတ်အောင်ရယ်

လူတိုင်းကို စေတနာထားပြီး ဆက်ဆံစရာမလိုဘူးဆိုတာကိုပါ ပြောပြခဲ့တယ်

မိတ်ဆွေအပေါင်းအသင်းဆိုတာ relationship တစ်ခုထက်မပိုဘူးဆိုတာနဲ့

ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကသာ ကောင်းခြင်း၊ ဆိုးခြင်းဆိုတာတွေကို

တစ်သက်တာလုံးမျှဝေခံစားပေးနိုင်တယ်တဲ့

ဘဝကို တစ်နေရာထဲမှာဘဲ ရပ်တန့်မနေသင့်ဘဲ

အားကုန်ရွက်လွှင့်ဖို့ အင်အားတွေကိ်ုပေးတယ်

လေနုအေးကိုကြည်နူးခံစားဖို့နဲ့ လှိုင်းထန်မုန်တိုင်းဒဏ်တွေကို ရင်ဆိုင်တတ်ဖို့

နောက် လောကဒဏ်တွေရယ်………………..

အပြင်ပန်းကို ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ စိတ်သဘောထားကို မသတ်မှတ်ဖို့ရယ်

ကိုယ့်အပေါ်ချိုသာနေပေမယ့် ကုန်းဆင်းတွန်းချမယ့်သူနဲ့

လမ်းဖြောင့်ဖြူးပေမယ့်လည်း ခြေထိုးခံမယ့် သူတွေ ရှိနေသေးကြောင်းရယ်ပေါ့

 

 

 

 

 

 

12 comments

  • Koyin Sithu

    October 27, 2011 at 11:33 am

    နီကီတာ ပြောတဲ့ သူ.. ဆိုတဲ့သူက စာဖိုမှူးမဟုတ်ရင်..
    ကျောင်းဆရာ ဖြစ်ရမယ်… လို့ ထင်ပါတယ်.. ဘာသာရပ်တွေ အစုံလည်း သင်ပေးတယ်..
    အရသာပေါင်းစုံလည်း ပေးတယ်ဆိုတော့… အဟီးး.. 😀
    ((မေးလ်တစ်စောင်ကို အကြိမ်ကြိမ် အခါခါ ဖတ်ချင်နေပြန်အောင် ရေးပေးတတ်သလို
    မြင်တာနဲ့ မျက်ရည်ကျလာအောင်လည်း လုပ်တတ်ပြန်တယ်))
    အဲ့သူကြီးဆီက ပညာတွေသင်ချင်လိုက်တာ….
    အခြားတစ်ဖက်ဆိုတော့… နောက်တစ်ဖက်ကျန်သေးတယ်ပေါ့… 🙂

    • nikita

      October 27, 2011 at 1:04 pm

      အဟတ်
      သူက nikita ရဲ့ အခြားတစ်ဖက်လေ
      နောက်တစ်ဖက်က nikita ကိုယ်တိုင်ပဲပေါ့ 🙂

  • alinsett

    October 27, 2011 at 11:58 am

    နံရံ၏ အခြားတစ်ဖက် ကိုတော့ ဖတ်ဖူးတယ် ။ ကျွန်မရဲ ့အခြားတစ်ဖက်ကိုတော့အခုမှ ဖတ်ဖူးတာပါ ။
    ခံစားချက်ကို သိမ်မွေ ့တဲ ့စကားလုံးတွေ နဲ ့တင်ပြသွားတာ…အင်း..ကောင်းတယ် လို ့ပြောပါရစေ။
    စာရေးကောင်းသူ မို ့ ဖတ်လို ့ကောင်းအောင် ရေးနိုင်တာပါနော် ။
    နောက်လည်း ရေးပါဦး.။

  • we R one

    October 27, 2011 at 12:56 pm

    စားဖိုမှုရော ကျောင်းဆရာရော ၂ ခုလုံးဖြစ်နိုင်တာပဲလေ… 😀 အဲဒီ ကျန်တဲ့ နောက်တစ်ဖက် ကိုလည်း ဖတ်ချင်လိုက်တာ..

    • nikita

      October 27, 2011 at 1:22 pm

      စားဖိုမှူးလဲ ဟုတ်ဘူး
      ကျောင်းဆရာလဲ ဟုတ်ဘူး
      သူက သင်္ဘောသီး 😛

      • etone

        October 27, 2011 at 4:12 pm

        သဘောင်္သီးဆိုတော့ … ဘလန်ဒါထဲ ထည့်ဖျော်လည်းကောင်းတယ် …. ခြစ်နဲ့ ခြစ်ပြီး …သုတ်စားလည်းကောင်းတယ် … ယိုထိုးစားလည်း ကောင်းတယ် ဟီးဟီး 🙄

      • MaMa

        October 27, 2011 at 5:19 pm

        အင်းး အစိမ်းစားလည်း ကောင်း၊ ဝမ်းရောင်စားလည်း ကောင်း၊ အမှည့်စားလည်း ကောင်း တဲ့ အသီးပဲ။ (သဘောင်္သီးကို ပြောတာနော်။)

        • Koyin Sithu

          October 27, 2011 at 7:54 pm

          ပြောရင်းနဲ့တောင် သင်္ဘောသီးစားချင်လာပြီ… ဂလု..
          တစ်ခုကျန်သေးတယ်.. အကင်းထွက်စ.. အညှောင်ထွက်စကော
          ဘယ်လိုစားရမလဲ.. စားကောင်းလား..

  • windtalker

    October 27, 2011 at 8:32 pm

    သင်္ဘောသီး ဆိုလို ့၊ ယိုးဒယား သင်္ဘောသီးထောင်း စားချင်စိတ် ဖြစ်လာမိ သဗျ ။
    ကန်စွန်းရွက်ဖားဖားလေးတွေ ရယ် ၊ ပဲသီးတောင့်လေးတွေ ရယ် ၊ ငရုတ်သီးစိမ်းတောင့်တွေကို နုတ်နုတ်စင်းထားတာရယ် ၊ ပုစွန်ခြောက်အကောင်ကြီးကြီး တွေရယ် ၊ မြေပဲလှော်သန် ့သန် ့လေးတွေ ရယ် ၊
    သင်္ဘောသီးအမျှင်လေးတွေ ရယ် ၊ ငံပြာရည်ကောင်းကောင်းရယ် ၊ သံပုရာသီး အစစ် တစ်ခြမ်း လောက်ရယ် နဲ ့ဆို ၊ အားပါး…ရှလွတ် ၊ အဲဒါစားပြီးရင်တော့ စကော့စမ်းရေ လေး တစ်ခွက်တော့ လိုမယ် ၊ ဂလု

  • nikita

    October 28, 2011 at 8:28 am

    အမလေး
    ပြောရင်းနဲ့ လမ်းကြောင်းလွဲကုန်ပြီ
    ရွာသားတွေလုပ်မှပဲ nikita ရဲ့ သင်္ဘောသီးလေးတော့
    ကိုယ်ကျိုးနဲပါပြီ 🙁

  • inz@ghi

    October 28, 2011 at 8:33 am

    သဘောင်္သီး ကိုး …ဒါကြောင့် တော်ကီကောင်းတာ ….
    ရွာထဲက နာမည်ကျော် သင်္ဘောသီးကြီးတွေလည်း တော်ကီကောင်းကြပါသည် …သတိချပ်ပါ
    စာဆိုတောင် ရှိသေး ဘာတဲ့ …
    ပင်လယ်ဟာ ကျယ်တယ် နက်တယ်
    သဘောင်္သီးက လည်တယ် နပ် တယ်
    ပင်လယ်မှာ လှိုင်းရှိသလို
    သင်္ဘောသီး မှာလည်း သမိုင်းချိဒလယ် ဆိုပဲ
    ခစ်ခစ် …

    ခင်တဲ့(သင်္ဘောသီးမဟုတ်တဲ့)
    Inz@ghi

    • nikita

      October 28, 2011 at 9:16 am

      ကို inz@ghi လဲ တော်ကီကောင်းပါတယ် 🙂

Leave a Reply