” ရောင်းရန်မဟုတ်ပါသော ပန်းကလေးများ “

black chawOctober 27, 20116min23922

 

ဒီရက်ပိုင်း ဆရာ အင်ဇာဂီ၊ ဆရာ charm boy ၊ ဆရာ ကိုချို၊ ဆရာ ကိုစိန်သော့ တို့ရဲ့ pro ရိုက်ချက်တွေကို

မြင်ရတဲ့အတွက် အပျော်တမ်း ဓါတ်ပုံကင်မရာလေးနှင့်သာ နှစ်ပါးသွားနေရပါသော ကျွန်တော့် မှာ

နည်းနည်း စိတ်အားငယ်မိသည်အထိ ဖြစ်ရပါသည်။ သို့သော်တဲ့လည်းပေါ့လေ တကူးတက မဟုတ်သော်ငြားလည်း

ပန်းလှလှ တွေ့ပြန်တော့လည်း လက်ကမနေနိုင်ဖြစ်ပြီး ရိုက်ဖြစ်ရပြန်ပါသည်။

ရွာသူရွာသားတွေလည်း သည်းခံခွင့်လွှတ်ပြီး ကြည့်ပေးကြပါလို့ ကြိုတင် တောင်းပန်အပ်ပါသည်ခင်ဗျား။

 

ငါ့ကို မြန်မြန် နမ်းပါ ဆိုတဲ့ ပန်းအနီလေးတွေ။

 

သူကလည်း ငါ့ကို မြန်မြန် နမ်းပါတဲ့ အနီမဟုတ်တော့ဘူး။

 

အမည်ပေးမထား ဆိုတဲ့ ပန်းချီကားလေးလို အမည်မသိ ပန်းတစ်ပွင့်။

 

အနီရောင် ပိန်းပန်းတစ်ပွင့် ၏ အလှ။

 

သနားစရာ မျက်နှာငယ်လေးတွေနဲ့ kiss me quick ပန်းလေးများ။

 

အရောင်နောက်တစ်မျိုးနဲ့ kiss me quick ။

 

အဖြူရောင် Kiss Me Quick စုံတွဲ။

 

ဒါလည်း Kiss Me Quick ပဲ။

 

ပန်းရောင်ရှိသော ပန်းလေးများ၏ အလှ။

 

အဝါရောင် စိန်ပန်းလို့ ထင်တာပါပဲ။

 

ဒါလည်း စိန်ပန်းလို့ ထင်တယ်။

 

ပုန် န ရိတ် ပန်းလေးများ။ ကော်နက်ရှင်ကို စိတ်ညစ်လို့ သတ်ပုံ ဂရုမစိုက်နိုင်တော့ပါ။

 

လမ်းဘေးနားကပန်း လှသလိုရှိပေမယ့် တန်ဘိုးထားခြင်း မခံရရှာဘူး။

 

လမ်းဘေးခြုံကြိုခြုံကြားက ပန်းဖြူဖြူလေးတစ်ပွင့်။

 

ကျွန်တော် ကြိုက်တဲ့ ပန်းပုံလေး။

 

စွယ်တော်ပင်ပေါ် တွယ်တက်ပြီး ညီညီညွတ်ညွတ် ပွင့်နေကြသော စက္ကူပန်းဖြူဖြူလေးများ။

 

ပန်းပင်တွေရောင်းတဲ့ ဆိုင်က စက္ကူပန်းလေး။ ခရမ်းရောင်ဘက်ကိုတောင်ရောက်နေတယ် လှတယ်ဗျ။

 

နည်းနည်းလေး သတိပေးထားပါရစေ။ အခုတင်လိုက်တဲ့ ပုံတွေက ရောင်းရန် မဟုတ်ပါ။

မိတ်ဆွေတို့ အနေနဲ့ ဒေါ်လာ ဘယ်လောက်ပေးပေး ကျွန်တော့် အနုပညာကိုတော့ တန်ဘိုးဖြတ်မခံနိုင်ပါဘူးခင်ဗျာ။

အဲဒါကြောင့် လိုချင်ရင်၊ အသုံးလိုရင် အလကားယူသုံးနိုင်ပါတယ်ဗျာ။ ဟားဟား။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

22 comments

  • ပေါက်ဖော်

    October 27, 2011 at 3:29 pm

    မရောင်းဘူးဆိုတော့လဲ ခိုး..အဲ..အဲ..
    တောင်းယူရတာပေါ့ဗျာ…. 😆
    ရိုက်ချက်တွေကတော့ ပန်းပေါင်းစုံလင်ပါပဲ..တွေ ့တဲပန်း အကုန် ရိုက်ထည့်ပလိုက်တယ်.ကြာလို ့
    😆

  • MOEPWINTPHYU

    October 27, 2011 at 3:31 pm

    ဝယ်မလိုဟာကို ရောင်ရန်မဟုတ်ဆိုတောအလကားပဲယူသွားပါပြီ မိုးပွင်တိုအိမ်မှာလည် မြန်မြန်နမ်းပါ ပန်းလေးတွေရှိတယ်
    ရွာကအိမ်လေ အိမ်ပြန်ချင်သွားပြီ ဓာတ်ပုံကြည်ပြီး …….

  • pan pan

    October 27, 2011 at 3:35 pm

    ဦးချောက အလကားပေးတယ်ဆိုလို့
    “အမည်ပေးမထား ဆိုတဲ့ ပန်းချီကားလေးလို အမည်မသိ ပန်းတစ်ပွင့်။” ဆိုတဲ့
    သုံးပုံမြောက် ခရမ်းပြာရောင်ပန်းလေး ယူသွားပြီဗျို့
    ဝေါပေပါလုပ်ချင်လို့
    ကျေးဇူးဦးချော

  • nozomi

    October 27, 2011 at 3:48 pm

    မြန်မြန်နမ်းပါ ဆိုတဲ့ကောင်မလေး တစ်ယောက် အဲ ပန်းလေးတစ်ပွင့်လောက် လိုချင်ပါတယ်

    အမည်မရှိတဲ့ပန်းလေး သဘောကျမိတယ်

  • Shwe Ei

    October 27, 2011 at 3:50 pm

    kiss me quick လေးတွေချစ်ဖို့ကောင်းတယ်။ ပန်းလှလှလေးတွေ ခြံဝန်းကျယ်ကျယ်နဲ့ စိုက်နိုင်တဲ့ဘဝအမြန်ရချင်ပါသည်။

  • ဆူး

    October 27, 2011 at 4:11 pm

    ဦးလေး အမဲဆီ မြေပဒေသာ ကျွှန်းမှာ သွားရိုက်တာ ဖြစ်မယ် နီလာ ပျိုးဥယျာဉ် ဆိုတဲ့ ဆိုင်းဘုတ်လေး တွေ့တယ်နော်။

  • Diamond Key

    October 27, 2011 at 4:22 pm

    ပန်းပုံလေးတွေက လှပါ့ဗျာ။
    ပုံဏ္ဍားရိပ် ပန်းလေးရိုက်ဖို့ ဘုန်းကြီးကျောင်းရှေ့က မြောင်းထဲတောင် ဆင်းရိုက်တယ်ပေါ့။
    စိတ်ရှည်ရှည်နဲ့ ပုံကောင်းရအောင် ရိုက်တတ်တာလည်း ချီးကျူးတယ်ဗျာ။

  • blackchaw

    October 27, 2011 at 4:27 pm

    ဒီတစ်ခါ သမီးလေး ဆူး မှားသွားပါတယ်ကွယ်။ ပွိုင့် ၅ ပွိုင့် နှုတ်ပါမယ်ဗျာ။
    Kiss Me Quick တွေ အားလုံးက ဦးဘလက် ရဲ့ ယောက္ခမ ကြီး စိုက်ထားတဲ့
    ပန်းလေးတွေပါ။ ပိန်းပန်းအနီလေးရောပေါ့။ ကျန်တဲ့ ပန်းလေးတွေကတော့
    ဒီနေ့ ဦးဘလက် မြောက်ဥက္ကလာအမေ့အိမ်က အပြန်
    တွေ့သမျှလမ်းဘေးကပန်း အကုန် လက်သရမ်းလာခဲ့တာပါကွယ်။
    နီလာ ဆိုတဲ့ ပန်းပင်ရောင်းတဲ့ဆိုင်က ကျိုက်ဝိုင်းဘုရားလမ်း နဲ့ မင်းဓမ္မလမ်းဆုံနားလေးမှာ
    ဖွင့်ထားတာပါ။ ဦးဘလက် ရိုက်ခဲ့တဲ့ စက္ကူပန်းပင်လေးက ကျပ် ၉၀၀၀ဝ ပါတဲ့။

  • blackchaw

    October 27, 2011 at 4:29 pm

    ကိုစိန်သော့ရေ။
    အဲဒါ ဓါတ်ပုံဆရာ တစ်ယောက်ရဲ့ အတွေးပဲဗျ။
    ကွက်တိပဲဗျာ။ ထိုင်ကြည့်ပြီးပြောနေသလားထင်ရတယ်။

  • Moe Z

    October 27, 2011 at 4:30 pm

    အဝါရောင်ပန်းလေး လှတယ်ဗျို့
    ပေးတဲ့သူကပေးတော့လည်း ယူသွားပြီနော်

  • ဆူး

    October 27, 2011 at 4:43 pm

    ဆူး အမှတ်မှားသွားတာပါ နီလာ ပျိုးဥယျာဉ်ကို မင်းဓမ္မလမ်းမှာ မြင်နေကျကို မေ့ပြီးတော့ မြေပဒေသာကျွှန်းဆိုပြီး အလျင်စလို သိကြောင်း ကြွားမိတာပါ။
    မင်းဓမ္မလမ်းက အဲဒီ ဆိုင်မှာ ဆူး တို့ အပင်တွေ ဝယ်နေကျပါ။ အပင်ပုပုနဲ့ သီးတဲ့ အပင်တမျိုး ယိုးဒယားမျိုးတဲ့ အဒေါ်တယောက်က သွားဝယ်တာ ၁၅၀ဝ တဲ့.. ဆူး တို့ သူဝယ်လို့ အားကျပြီး သွားဝယ်တာ ၂၅၀ဝ တဲ့ မဝယ်ဘူး ဆိုပြီး ပြန်လာတယ် အဒေါ်ကို ပြန်ပြောပြတော့ နောက်တခါ လူကြုံ မှာလို့ သွားထပ်ဝယ်တာ ၁၅၀ဝ တဲ့.. လူကြည့်ပြီး ပိုက်ဆံပို တောင်းတယ် ထင်တယ်။ မကျေနပ်ဘူး။
    အဲဒီ ဆိုင်က ပန်းအိုးတွေကို တွံတေးဘက်မှာ ဆင်းဝယ်ကြတယ်။
    အဲဒီ ဆိုင်က ပိန္နဲပင် တပင် ဝယ်လာတယ် ၂တောင်လောက်တော့ မြင့်တယ်။
    ၁၅၀၀ဝ တဲ့.. စစ်လို့လည်း မရဘူး အပင် အရိုးသေးသေးလေးက အသီးတွေ သီးလို့ ဝယ်လာသေးတယ်။ အိမ်မှာလည်း ထပ်သီးတယ် အပင်အရိုးသေးသေးက အသီးမနိုင်လို့ ညိုးသွားတယ်။ နောက်ပိုင်းတော့ အပင်က အသီးမသီးတော့ဘူး။ သူများ ပြောတာကတော့ ကိုင်းကူး ကိုင်းဆက် လုပ်တာ အပင် မျိုးရင်းက အသီးသီးတဲ့ အချိန်ဆို တခါတရံ အပင်ကြီးက ဩဇာ မကုန်သေးရင် သီးတယ် ဆိုလား…

    ဦးလေး အမဲဆီ က ယောက္ခမပိုက်နက်လည်း မချန် အမေ ပိုက်နက်လည်း မချန် လမ်းမှာ တွေ့တာလည်း ပါအောင် မော်ဒယ် လုပ်ခိုင်းထားတယ်ပေါ့။

  • အနှိုင်းမဲ့

    October 27, 2011 at 5:41 pm

    တတိယမြောက်ပုံကို iris ပန်းလို့ခေါ်တယ်ထင်တယ်။google မှာ iris လို့ရိုက်လိုက်ရင် အဲပန်းတွေပေါ်တယ်။
    kiss me ပန်းတွေရဲ့အောက်ကပန်းရောင် ပန်းကတော ့နွယ်သာကီပန်းလို့ခေါ်တယ်။
    သူ့အောက်က ပန်းက စိန်ပန်းကလေး ခေါ်တယ်။ အဝါရော လိမ္မော်ရော…။သူ့အောက်နားက အနီရောင်ပန်းက ခေါင်ရမ်းပန်းပါ။ အောက်ဘက်က အဖြူရောင်ပန်းက စွယ်တော်ပန်းပါ။
    သူတို့ကိုယ်ပိုင် နာမည်လေးတွေ ရှိပါတယ်။

  • kocho

    October 27, 2011 at 5:58 pm

    ရှိတာလေးနဲ့လှအောင်ဝတ် တဲ့ကျနော်ဒို့ဘွားတော်(ကျန်နော့ဆရာရင်း) ကအမြဲသင်ပေးဘူးပါတယ် ကျနော်လဲဒီလိုပဲခံယူတတ်ပါတယ် ရှိတာနဲ့ရိုက်တတ်တဲ့ဆရာချော လက်ရာများအား နှစ်သက်မိပါကြောင်း

  • windtalker

    October 27, 2011 at 9:34 pm

    ကိုဘလက်ရေ
    နောက်တစ်ခါများ ပန်းပုံတွေ ရိုက်မယ် ဆိုရင်
    ဂေဇက်က မောင်ပေ့ အတွက် ဇီဇဝါ ပန်းပွင့် ပုံလေး ပါ ရိုက်ခဲ့ပေးပါဗျို ့
    မွှေးလည်း တစ်ကယ်မွှေးတဲ့ ပန်းပွင့်ဖြူဖြူလေးတွေ ရယ်ပါ

  • ကျနော်လဲတင့်မလို့ ပန်းပုံလေးတွေစုထားတယ်။
    လွိုင်ကော် တောင်ကြီး အောင်ပန်းလမ်းဘေးကပန်းလေးတွေပါ။
    နောက်အားရင်တော့တင်မယ်လေ။

  • စုံ စုံ

    October 28, 2011 at 8:58 am

    ဦးဘလက်ချောရေ ပန်းတွေအားလုံးကိုလှအောင်ရိုက်ထားတာဘယ်လိုထပ်ပြီး
    ချီးကျူးရမလဲတောင်မသိတော့ဘူး တကယ်ကိုလှပါတယ် အားလုံးလဲသဘောကျတယ်
    ရွာထဲမှာလဲ ဘယ်သူဘယ်ပုံတင်တင် အားလုံးလှနေတော့တာဘဲ
    လှတာတွေကြည့်ပြီး ကိုယ်ပါရောယောင်လို့လှလာတယ်လိုု့ခံစားရတယ် 😛

  • blackchaw

    October 28, 2011 at 9:07 am

    ကိုပေါက်ရေ။
    ကိုပေါက်လည်း အပျော်တမ်းကင်မရာ လေးနဲ့ပဲ မဟုတ်လား။
    ကျွန်တော်တို့က စေတနာလေးတွေ နည်းနည်းပိုထည့်မှ
    တော်ကာကျတော့မယ်ဗျို့။
    ဥပမာ – ကိုပေါက်လမ်းသလားနေသည် လိုမျိုးပေါ့။

    • inz@ghi

      October 28, 2011 at 9:12 am

      မှောင် (မှောင်တာနဲ့ ဘလက်တာနဲ့ တူတူဘဲ..)

      မှောင်လည်း ထလာဘယ်လ် ဖိုထိုဂလပ်ဖီ ရိုက်တော့ မလို့ပေါ့နော်…
      တားကတော့ ခုတလော အိုင်အာရ် နဲ့ ကန်းဒစ် ကို သိပ် စိတ်ဝင်စားနေပါတယ်

      လမ်းဘေးအဆိုတော်တွေ လျောက်ရိုက်ပီး စုထားတာရှိတယ်
      အဆင်ပြေရင် တင်ပါ့မယ်

      ခင်တဲ့
      Inz@ghi

  • etone

    October 28, 2011 at 10:23 am

    အမည်ပေးမထား ဆိုတဲ့ ပန်းချီကားလေးလို အမည်မသိ ပန်းတစ်ပွင့်။ ကတော့ ကောက်လှိုင်းဆီပန်းလို့ခေါ်ပါတယ် … မြန်မာ မုန့်တွေထဲမှာ ခရမ်းရောင်လေးရှိတဲ့ မုန့်က .. အဲ့ဒီပန်းတွေနဲ့ လုပ်တယ်လို့ ကြားဖူးပါတယ် (ဟုတ်မဟုတ်မသိ 😛 )

    လမ်းဘေးခြုံကြိုခြုံကြားက ပန်းဖြူဖြူလေးတစ်ပွင့်။ ကတော့ …ဆွယ်တော်ပန်းလေးပါပဲ … သူ့အရွက်ကိုမြင်လိုက်ရလို့ပါ … ။

    လမ်းဘေးနားကပန်း လှသလိုရှိပေမယ့် တန်ဘိုးထားခြင်း မခံရရှာဘူး ဆိုတဲ့ ပန်းလေးကတော့ …ကုလားမသာပန်းလို့ အရပ်ခေါ်ကြပါတယ် … နာမည်ကသာ ဆိုးနေတာပါ … တကယ့်မသာ အခန်းနားတွေမှာ သုံးခဲပါတယ် … ။ ဒါ့ပြင် ပန်းရဲ့ ဖွဲ့စည်းပုံလှတာကြောင့် … တချို့ ပိတ်စတွေပေါ်မှာ ပွင့်ရိုက်အဖြစ်နဲ့ အဲ့ဒီပန်းကို ရိုက်နှိပ်အသုံးပြုတာမြင်ဖူးပါတယ် … ဒီတော့ နာမည်သာ ဆိုးတာ … လာဘ်မကောင်းတဲ့ ပန်းတော့ မဟုတ်လောက်ဘူးထင်တယ်နော် … 🙂

  • နွယ်ပင်

    October 28, 2011 at 10:31 am

    ပန်းပုံလေးတွေက တော်တော်လှတယ်
    ရောင်းရန်မဟုတ်ဆိုတော့ တောင်းရင်ရောဟင် ….. 🙂

Leave a Reply