ရန်ကုန်အင်းစိန်လမ်းမကြီးနှင့် ရှင်စောပုဘုရားလမ်း မီးပွိုင့်ယာဉ်တိုက်မှု

fattyOctober 27, 20111min24416

ယနေ့ မွန်းလွဲပိုင်းလောက်ကဖြစ်တယ်လို့ဆိုပါတယ် ကျနော်ရောက်သွားတော့
မီးသတ်ကားတောင်လမ်းသန့်ရှင်းရေးလုပ်ဖို့ ရောက်နေပါပြီ။
ယာဉ် ၆ စီး ဆင့်ကဲတိုက်တယ်လို့ဆိုပါတယ်။
နိုင်ငံခြားသားများပါသောယာဉ်တစီးလဲပါတယ်လို့ပြောပါတယ်။
ယာဉ်ကြောပိတ်ဆို့သွားတာကြောင့် ဘတ်စ်ကားများကို
ဗဟိုလမ်း( ရှမ်းလမ်း )မှပြေးဆွဲစေပါတယ် …။..။

16 comments

  • forever

    October 27, 2011 at 2:36 pm

    ခုနကဘဲတိုက်တယ် ကိုဖက်ရဲ.သတင်းက
    update အဖြစ်ဆုံးဘဲ….ကျေးဇူးတင်တယ်ဗျာ
    အပြင်မှာယဉ်ကျောရုှပ်လွန်းလို. သေချာမတွေ.ရဘူး
    လိုင်းကားကြီး၃စီးပါတယ်ထင်တယ်တိုက်တဲ.အထဲမှာ

  • blackchaw

    October 27, 2011 at 2:36 pm

    သတင်းဦး ပဲ ကိုဖက်တီးရေ။
    အသေအပျောက်တော့ မရှိဘူး မဟုတ်လား။

  • လင်းဝေကျော်

    October 27, 2011 at 2:38 pm

    အကျင့်ပါနေလို့ မှားတာတွေ့ရင် ပြင်ပေးပါရစေ ဦးဖက်ရေ။
    ပြည်လမ်း နဲ့ ရှင်စောပုလမ်း ထောင့်ပါ။ ( ရှင်စောပု ဘုရားလမ်းဆိုတာ က သပ်သပ်ရှိပါသေးတယ် )
    ရန်ကုန်-အင်းစိန်လမ်း ဆိုတာက လှည်းတန်း လမ်းဆုံကနေပြီး အင်းစိန်ဘက်ကိုသွားတဲ့လမ်းပါ။

  • nozomi

    October 27, 2011 at 2:40 pm

    ဟိုကိစ္စ သိပြီးပြီလား …?

    လာ မပြောနဲ့ MG မှာ ဖတ်ပြီးသား 🙂

    • MaMa

      October 27, 2011 at 9:10 pm

      နိုဇိုမီရဲ့ အခု ကြော်ငြာလေး မိုက်တယ်။ 🙂

  • နွယ်ပင်

    October 27, 2011 at 2:49 pm

    သတင်းကတော့ မြန်သလားမမေးနဲ့ လေးဖက်ရေ
    ဒါနဲ့ လူတွေများ အထိအခိုက်ရှိသေးလားဟင် …

  • ပေါက်ဖော်

    October 27, 2011 at 3:12 pm

    ဂေဇက် သတင်းဋ္ဌာန Good တယ်ဗျာ..
    ဟီး. ဟီး..
    😆
    လူတွေတော့ဘာမှဖြစ်လောက်ဘူးထင်တယ်နော့

  • etone

    October 27, 2011 at 3:26 pm

    သတင်းထူးပဲ လေးဖက်ရေ …အမိအရရိုက်လာခဲ့တာပဲ … ။ ပြည်တွင်းက ဂျာနယ်တစောင်ကို ပြန်ပို့လိုက် …. ဟဲဟဲ 🙄

  • ဆူး

    October 27, 2011 at 3:35 pm

    လိုင်းကားတွေကလည်း မတရားမောင်းတာ အဲဒီနားမှာ ပလိပ်ကား စောင့်ပြီး မိုင်နှုန်းစောင့်ဖမ်းမှသာ နှေးနှေးလေး မောင်းကြတာ.. လူတွေကလည်း မဖမ်းရင် မကြောက်ကြဘူး။
    ဖမ်းတော့လည်း သူတို့ ဆင်းရဲတဲ့ ဘဝကို မစာနာဘူး ဖြစ်မယ် ဒုက္ခများအောင် လုပ်တယ် ကြိမ်ဆဲ ကြတယ်။ ကိုင်း.. ဘယ်လို လုပ်ကြမလဲ.. ဦးနှောက်တွေ ဆေးဖို့ လိုလိမ့်မယ်။

  • ဆူး

    October 27, 2011 at 3:38 pm

    ယာဉ်တိုက်မှု ၂နေရာ ထင်လို့ ကြည့်နေတာ စိတ်မရှိနဲ့နော်.. ရန်ကုန်ပြည်လမ်း ဆိုပြီး ပြင်သင့်တယ်။ ရန်ကုန် အင်းစိန်လမ်း မဟုတ်သေးပါဘူး။

  • fatty

    October 27, 2011 at 3:43 pm

    ကိုလင်းဝေကျော်ပြောတာမှန်သဗျ လမ်းတွေတောင်မှားပြောကုန်ပြီ မှားမဲ့သာမှားတာ
    ကျနော်က အဲဒီနားမနီးမဝေးမှာနေတာလေ တိုက်တုန်းကတော့ပျင်းလို့သွားမကြည့်ဖြစ်ပါဘူး
    အသက်အရွယ်များကြီးလာတော့ ဘာမှမကောင်းတော့ပါဘူး ….။
    ဆူးဘဲပြင်ပေးတော့ …။

  • koyinmaung

    October 27, 2011 at 3:56 pm

    ကျေးဇူးဘဲ…ဆရာဖက်ရေ
    ခုလိုသတင်းထူးသတင်းဦးကိုတင်ပေးတဲ့အတွက်.
    မန်းလေရွာသားတွေကဂုဏ်ယူနေတယ်ဗျာ…နော့

  • pazflor

    October 27, 2011 at 9:45 pm

    If I am not wrong, this area is quite prone to accidents (very frequently). City Mart also should take care about terrific there.

  • windtalker

    October 27, 2011 at 9:52 pm

    UFN လို ့ကယ်တီဂိုရီ တပ်ပါဗျို ့
    အချိန်နဲ ့အမျှ တစ်ပြေးညီ ၊ သတင်းစုံ တင်ဆက်ပေးနေသော
    U Fatty News ပေါ့ ဗျာ
    ကျေးကျေးပါနော် ဦးဖက်

  • အီးတီ

    October 28, 2011 at 8:06 am

    ကိုဖက်သတင်းရတာမြန်လိုက်တာ။ Jumper movie ထဲကလို ခုန်သွားတာလားဗျ။
    သတင်းထူးလေးတွေ ဖတ်ကလို ့ ကျေးဇူးပါ။

  • khinmintatthu

    November 1, 2011 at 1:55 pm

    အခုလိုတင်ပေးတဲ့အတွက် ကျေးဇူးပဲဗျို့ …. ဒါပေမယ့် ကော်နက်ရှင်မကောင်းလို့ ပုံတွေက မြင်ရလိုက် မမြင်ရလိုက်တွေဖြစ်နေတယ်…. နောက်ထပ်သတင်းထူးရင်လည်း တင်ပေးဦးနော်….

Leave a Reply