မမှီလျှင်မလှမ်းနဲ့ စိတ်မောရတာ အဖတ်တင်မယ် (၁)

etoneOctober 27, 20111min27630

 

ဘကြီး FR တို့ … ကိုချောကလက်ကြီးတို့ရဲ့ ဒီရက်ပိုင်း ပို့စ်တွေကိုဖတ်ပြီး …etone လည်း ပို့စ်တစ်ခုဖတ်ရာက ကော့မန့်ရေးလျှင် ရှည်နေမှာမို့ .. ( ခေတ်မှီအောင် ) ပို့စ်တစ်ပုဒ်ပဲ တင်လိုက်ရပါတော့တယ် … ။

ညီမ nikita ရေးတဲ့ မြင်တွေ့နေရသော ဘဝအစိတ်အပိုင်းများပို့စ်ကို ဖတ်ပြီး … ဆွေးနွေးချင်စိတ်ဖြစ်လာတဲ့အတွက် စာပြန်ရေးလိုက်ပါတယ် … ။ သူ့မရဲ့ ပို့စ်ထဲမှာရေးသားထားတာကတော့ … အခြေခံ လူတန်းစားတွေရဲ့ ဘဝကို စာနာထောက်ထားပြီး ပညာတတ်ထက် ငွေကြေးနောက်လိုက်နေရတဲ့ အကြောင်းကို ရေးသားထားခဲ့တာပါ … ။ အထူးသဖြင့် …. သူမနေ့စဉ် မြင်တွေ့နေရတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝရပ်တည်မှုကို သူမဧ။် ကိုယ်ပိုင် စိတ်ကူးဖြင့် မြင်ရတဲ့ ရှူထောင့်က ဝေဖန်ရေးပြထားတာပါ .. ။

အခြေခံလူတန်းစားလို့ ဆိုလိုက်တာနဲ့ …. ကျွန်မတို့ စိတ်ထဲ ပြေးမြင်မိတာ ….. စာမတတ်ပေမတတ် …. စက်ရုံ အလုပ်ရုံ အလုပ်သမများနှင့် … ကာယကိုအသုံးပြုပြီး ထမ်းပိုးနေတဲ့ ကုန်ထမ်းသမားတွေပါပဲ …. ။ ယခင်ကတော့ ကျွန်မလည်း nikita နီးတူ အတွေးမျိုး ရှိခဲ့ဖူးပါတယ် … အခြေခံ လူတန်းစားဆိုကတည်းက ဘာမှ မတွေးပဲ အရာရာ နိမ့်ကျသူလို့ ထင်မှတ်ပြီး ရောယောင် သနားမိ နေတာပါပဲ … ။ သေချာ ဂဃနဏသိချိန်မှာတော့ … ကိုယ့်ကိုယ်ကိုယ်ပဲ သနားမိပါတော့တယ် …  😀

တကယ်တမ်း အခြေခံ လူတန်းစားတွေထဲမှာမှ … မကြုံဖူးလျှင် ယုံလောက်စရာမရှိတဲ့ လူတွေ အလုပ်ဝင်လုပ်နေတယ်ဆိုတာ အံ့ဩဝမ်းသာစွာနဲ့ သိလိုက်ရပါတယ် … ။ စက်ရုံ အလုပ်ရုံက အလုပ်သမ အများစုကတော့ …. အစိုးရ အသိမှတ်ပြု အတန်းပညာ မတတ်သူ များပါတယ် …. ။ မတတ်ဘူးဆိုတဲ့နေရာမှာ …. စာတလုံးမှ မဖတ်တာမျိုးတော့မဟုတ်ဘူး … မူလတန်း ၊ အလယ်တန်း စသည်ဖြင့် သေစာရှင်သာ ဖတ်တတ်သူများသာ …… အများစု ပါပါတယ် …. ။ နယ်မှ လာသူများဖြစ်ပြီး ရန်ကုန်မှာ ဆွေမျိုးရင်းချာ နေစရာမရှိလျှင် အဆောင်ငှားပြီးနေကြပါတယ် ….။ အတန်းပညာကို တစ်ဝက်တစ်ပြတ်သင်ပြီး စီးပွားရေး ရုန်းကန်ဖို့ အတွက် အလုပ်လာလုပ်သူတွေ …  အင်္ဂလိပ်နံပါတ် ၊ မြန်မာဂဏန်းတွေတော့ ကျွမ်းကျင်စွာ တက်မြောက်ပါသေးတယ် …. ။ ထုတ်လုပ်မှု ဖြစ်စဉ်တိုင်း နံပါတ်စဉ်နဲ့လည်ပတ်နေတာကြောင့် မူလတန်းထိပဲ တက်ခဲ့ရသည်ဆိုဦးတော့ … သူတို့နံပါတ်ကောင်းကောင်းဖတ်တတ်ပါသေးတယ် …..။ ပြန်မပြောတတ်သာရှိမယ် ….. အလုပ်ကနေ အကြားသင်ရင်း … စက်ရုံထဲ အတူ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားရဲ့ instruction အတိုင်း အပြည့်ဝလိုက်လုပ်နိုင်ပါတယ် …. ။ မယောင်ရာဆီလူး သင်တန်းတက်တဲ့ လူငယ်တွေတောင် နိုင်ငံခြားသားက လမ်းမသိလို့ မေးရင် …. ပြန်ပြောဖို့ တွန့် ဆုတ်နေတာမျိုး လက်ဟန်ခြေဟန်နဲ့ ညွှန်တာမျိုးတွေ တွေ့နေရတဲ့ အချိန် …သူတို့လေးတွေ နိုင်ငံခြားသားတစ်ယောက်နဲ့ အလုပ်အတူလုပ်နိုင်တာ ကျွန်မကတော့ ကြည့်ပြီး ကြည်နူးမိတယ် ….။.

နောက်တစ်ချက် … သူတို့ … သူမတို့ အလုပ်ချိန် နားရက် နည်းပါးပါတယ် … ဒါပေမယ့်လည်း သူမတို့ ကျေနပ်ကြတယ် … အချိန်ပိုဝင်ငွေရနေခြင်းကြောင့်ပါ … နယ်မှလာသူ အများစု ဖြစ်တာကြောင့် … အထွေထူးထူး လည်ပတ်စရာလည်းမရှိကြပါ … ။ ဒါ့ပြင် အဆောင်နေ လူရေ ထူထပ်တာကြောင့် … အဆောင်မှာနေတဲ့ အချိန် သက်သက်သာသာ နေရာတာထက် အနေကြပ်ပြီး ကသိကအောက်များတာကြောင့် …. အလုပ်စောဆင်းပေးမှာတောင် စိုးရိမ်နေတတ်ကြသေးတယ် …. ။ ဘယ်လောက်နည်းပါးတဲ့ အချိန်ပိုဝင်ငွေပဲဖြစ်ပါစေ … သူမတို့ အချိန်ပိုဆင်းတဲ့ နာရီပေါ်မူတည်ပြီး အကျိုးခံစားခွင့်ပေးထားပါတယ် … ။ အချိန်ပိုဆင်းချိန်ပေါ်မူတည်ပြီး စက်ရုံပိုင်းမှ မုန့်ကျွေးတာမျိုး ၊ ထမင်းကျွေးတာမျိုး လုပ်ပေးတဲ့အတွက် အိမ်မှာ ချက်စားစရာမလိုပဲ ညနေစားစရိတ်ပါငြိမ်းပါသေးတယ် …. ။ နောက်ပြီး …. အဆောင်မှာ ဖောဖောသီသီ မသုံးရတဲ့ရေ …. ရေသန့်စက်ထပ်ထားပေးတဲ့ စက်ရုံတွေမှာ သောက်လို့ ချိုးလို့ ရနေပြီလေ …. ။ အချိန်ပိုဆင်းတိုင်း အလုပ်နဲ့လက် မပြတ်လုပ်နေရတယ် မထင်ပါနဲ့ …. မဟုတ်ပါဘူး … အချိန်ပို ပိုညဉ့်နက်လေ …သူတို့က ပိုပျော်လေပါပဲ …. ။ စက်ရုံပိုင်းက တာဝန်ရှိသူတွေ စောင့်ကြည့်မနေနိုင်တဲ့ အနေထားမှာ အလုပ်သမား အချင်းချင်း ပြန်အုပ်ချုပ်ရချိန် …. တစ်ရေးတစ်မောတောင် အိပ်စက်ကြပါသေးတယ် …. ။ ဒါက သူတို့ရတဲ့ အခွင့်ရေးပါ …။ မိမိကိုယ်ရေးကိုယ်တာ ခွင့်ယူပြီး ပြန်တာကလွဲလို့ …. သတ်မှတ်ချိန်အလုပ်ဆင်းလျှင် ကားခမကုန်ပဲ ဖယ်ရီစီး အိမ်ပြန်ရောက်နိုင်ပါသေးတယ် …. ။ ဖယ်ရီမစီးပဲ အိမ်နီးလို့ လမ်းလျှောက်ပြန်အုံးတော့… ကားမစီးတဲ့အတွက် ကားခကို လစာထုတ်တဲ့အခါ ရက်တွက်နဲ့ ပေါင်းပေးပါသေးတယ် … ။ နယ်မှ လာသူတွေအတွက် စက်ရုံမှာ ဆင်းနေရတဲ့ အချိန်က တွက်ခြေကိုက်ပါတယ် …. ။ ထုတ်လုပ်မှု လိုအပ်ချိန် အချိန်ပို ညဘက်ထိဆင်းရပါတယ် …အဲ့လို အခါမျိုးမှာ သူမတို့ ပိုပြီးတွက်ခြေကိုက်ပါတယ် …. ညစာ ထမင်းကျွေးတာအပြင် ….. ရေချိုးတာမျိုး … တချို့ဆို ဖြိးလိမ်းပြင်ဆင်တာမျိုး …. အိမ်ပြန်ချိန်သန်းခေါင်နီးပါးကြောင့် အိမ်မပြန်တော့ပဲ စက်ရုံမှာ အိပ်စက်အနားယူလို့ရတာမျိုးနဲ့ … စက်ရုံမှာ အိပ်တဲ့လူတွေကို နောက်နေ့ မနက်စာထမင်းပါကျွေးတဲ့အခါ … သူတို့အတွက် …  ကုန်ကျစရိတ်သက်သာစေပါတယ် …. ရည်းစားသညာနဲ့အပြင်ထွက်မတွေ့ရတာကလွဲလျှင် အရာရာ အဆင်ပြေပါတယ် … ။ အချိန်ပို မခေါ်ပဲ စောစောပြန်လွှတ်တဲ့ရက်တွေများတဲ့ လဆိုလျှင်တောင် ဝင်ငွေသိသိသာသာလျှော့နေတာကြောင့် မျက်နှာမကောင်းကြပါဘူး …. ။

သူတို့ရဲ့ ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး … target ကျော်လွန်တဲ့ အုပ်စုကို ဆုပေးတဲ့ စနစ်လည်း စက်ရုံအတော်များများမှာ ထားပေးထားပါတယ် …. ။ ဆုရတဲ့ ငွေ အနည်းဆုံး နှစ်သိန်းမှ ငါးသိန်းထိပေးတာကြောင့် …. အုပ်စုတစ်စုမှာ လူတစ်ရာရှိစေဦးတော့ … ခွဲဝေယူလျှင် သူမတို့ အလှပြင်သုံးစရိတ်ထွက်လာနိုင်ပါတယ် …. ။ စက်ရုံအလုပ်သမားများ (အိုတီချိန်မှ လွဲပြီး) ကျန်တဲ့အချိန် အလှပြင်ခွင့်မရှိပါဘူး …. သူတို့ရဲ့ သနပ်ခါး နှုတ်ခမ်းနီ လက်သည်းနီတွေကနေ …. ထုတ်ကုန်အပေါ် စွန်းထင်းမှု ဖြစ်စေတာကြောင့်ပါပဲ … ။

(ဆက်ပါဦးမည်)

30 comments

  • etone

    October 27, 2011 at 4:58 pm

    ဗျို့သဂျီးရေ… ဘာလို့ စာလုံးတွေကြီးနေပါလိမ့် … တကယ့်ကို စိတ်ပိန်တယ် … ပြန်ပြင်ပေးပါဦး ဘယ်နားကပြင်ရမှန်း မတွေ့လို့ …. ကျေးဇူးပါ

    • MaMa

      October 27, 2011 at 5:34 pm

      အီတုန်းရေ- ဘလက်ချောနဲ့ အပြိုင် (ကျောင်းတုန်းက စာစီစာကုံး ရေးရင် စာမျက်နှာမြန်မြန်ပြည့်အောင် လုပ်သလိုများ) လုပ်ထားတာလားလို့ 😉

      • windtalker

        October 27, 2011 at 8:00 pm

        ကြည့်ရတာ ဒီပို ့စ် တိုက်ပင်းနေတုန်းက
        “သေးသေးလေးဘဲလား ကြီးကြီးလား ” သီချင်း ဖွင့်ထားတယ် မှတ်ဒယ်
        ဟုတ်တယ်ဟုတ်

  • ဆူး

    October 27, 2011 at 5:10 pm

    စားလုံးတွေ ပြူးပြူးကို လန် နေတာပဲ.. အဟိ.. ဖြစ်မှ ဖြစ်ရလေ..
    Edit page မှာ Html ဘက်အခြမ်း ဝင်ပြီးတော့ အပို ကုတ်တွေ ဖျက်ပလိုက် အဆင်ပြေသွားလိမ့်မယ် ထင်တယ်။

    • etone

      October 28, 2011 at 9:06 am

      ရုံးဆင်းခါနီးဆိုတော့ … သဂျီးကိုပဲ အလုပ်ပေးခဲ့တယ်လေ .. ဟီးဟီး … ပြင်နေလျှင် … ဖယ်ရီကျန်ခဲ့မှာမို့ … မပြင်တော့ပဲ ထားခဲ့လိုက်တာ ဟီး 😛

      • windtalker

        October 28, 2011 at 1:04 pm

        အတုန် ရေ ၊ နင် ့ပို ့စ်ကို နင် ့အချစ်တော်ဒွေ က ဝိုင်း အားပေးထားကြတယ် ထင်ပါရဲ ့
        ရဲပဒေါင်းကို ခတ်နေတာဘဲ

        • etone

          October 28, 2011 at 1:21 pm

          ဟဲဟဲ … အလင်းကြောက်ကြတယ်ထင်ပါရဲ့ … ဟီးဟီး … ဟား ဟား .. ဟိုးဟိုး .. ဟူဟူး … :mrgreen: 😆

  • ပေါက်ဖော်

    October 27, 2011 at 5:22 pm

    အတော်ဘဲ..ညောင်းနေတာနဲ ့..
    မော်နီတာနား ကပ်စရာမလိုတော့ဘူး..
    😆

  • naywoonni

    October 27, 2011 at 6:13 pm

    ဟီးး အဝေကြီးကနေလှမ်းဖတ်လို့ရတယ်…။ မှီတယ် အိတုန်ရေ့……. စာလုံးတွေကိုပြောတာ

  • koyinmaung

    October 27, 2011 at 6:14 pm

    ကောင်းတယ်အိတုန်ရေ မျက်မှန် ဘေးချထားလိုက်တယ်
    အားပေးနေပါတယ်….
    အလုပ်အတွေအကြုံလေးတွေ စိတ်ဝင်စားဘို့ကောင်းပါတယ်
    ဒါနဲ့ အလုပ်ရှင်ကဘာလူမျိုးလဲဗျ…

    • etone

      October 28, 2011 at 9:03 am

      ပိုင်ရှင်အစစ်က ကိုရီးယားလူမျိုးပါ ဒါပေမယ့် နိုင်ငံသား တစ်ယောက် အမည်ခံထားပါတယ် … ။
      အုပ်ချုပ်သူ ဒါရိုက်တာ အပိုင်းကတော့ မြန်မာ ပါ … general manager နဲ့ production manager ကတော့ ကိုရီးယားလူမျိုးဖြစ်ပြီး … ကျွမ်းကျင်ပညာရှင် နဲ့ စက်ပြင်တွေကိုတော့ အင်ဒိုနီးရှားတွေခေါ်ထားပါတယ် … ။

  • fatty

    October 27, 2011 at 8:17 pm

    ဒေါ်ဒေါ်တုန်ရေဦးဖက်တို့အတွက် အတော်အဆင်ပြေတာကွဲ့။
    ကျေးဇူးနော် …. စက်ရုံက လုပ်ငန်းအတွေ့အကြုံတွေက စိတ်ဝင်စားဖို့ကောင်းပါတယ် ..။
    သူတို့ကြားမှာ ဇာတ်လမ်းတွေအများကြီးပါ …။ သူတို့နဲ့ရော စကားပြောဖြစ်ရဲ့လား …။

    • etone

      October 28, 2011 at 9:00 am

      လေးဖက်ရေ … စကားပြောဖူးတာတင်မကဘူး .. .နေ့စဉ် တွေ့ဆုံ ဆက်ဆံနေရပါတယ် … ။ ကျွန်မတို့ စက်ရုံ သုံးရုံမှာ တစ်ရုံကို အနည်းဆုံး အလုပ်သမား နှစ်ထောင်ကျော်ရှိတယ် … ။ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့လည်း အရောဝတဝင်ရှိပါတယ် … ။ သူတို့ ရဲ့ အသုံးစရိတ် ချွေတာနိုင်ပုံကိုလည်း …. တအံ့တဩ သိခွင့်ရခဲ့ပါတယ် …. ။ တာဝန်ယူတတ်မှုလေးတော့ နည်းနည်း အားနည်းနေသေးတယ် ….. ဒါကလည်း သူတို့ပိုင် အလုပ်မဟုတ်တာကြောင့် ပါ … ။ 🙂

      • နွယ်ပင်

        October 28, 2011 at 9:33 am

        etone ရေ စက်ရုံ လုပ်ငန်းအတွေ့အကြုံ အကြောင်းလေးတွေ
        ရေးပြတာ တကယ်ကောင်းပါတယ် နွယ်ပင်တို့လို ဒီဘက်နဲ့
        သိပ်မသိတဲ့ လူတွေအတွက်တော့ ဗဟုသုတ တစ်မျိုးပါပဲ ။
        ဒါနဲ့ စကားမစပ် etone ပိုစ့်ကို အားပေးလူတစ်ယောက်တော့
        ရှိမယ်ထင်တယ် ရဲရဲကို နီလိုပါလား ….. 🙂

        • etone

          October 28, 2011 at 9:46 am

          အင်း ဟုတ်ပါ့ အစ်မနွယ်ပင်ရေ … မီးနီပြပြီး အားပေးထားတယ် ဟဲဟဲ … 😛

  • pooch

    October 27, 2011 at 10:44 pm

    စာလုံးတွေ ကြီးတော့လည်း တမျိုးကောင်းတာပဲ သိပ်အားမစိုက်ရဘူးပေါ့….
    ဒီလို မျိုး ဘဝလေးတွေ အဆင်ပြေတာ ကြားရတော့လည်း ဝမ်းသာစရာပါပဲ……
    ဆက်အုန်းမယ် ဆိုတော့ စောင့်ဖတ်အုန်းမယ်…

  • အီးတီ

    October 28, 2011 at 5:19 am

    ကြီးလိုက်တဲ့ စာလုံးကြီးတွေ။ ဖတ်ကတာတော့ အဆင်ပြေပါတယ်။

  • pan pan

    October 28, 2011 at 8:45 am

    အဲဂလိုဆိုတော့လည်း တယ်ကောင်းပါ့လားအစ်မရ
    တချို့သတင်းတွေထဲဖတ်ရတော့ စက်ရုံမှာ အလုပ်သ္မားတွေ ဆန္ဒပြတာဘာညာကြားရလို့
    လုပ်ခနည်းလို့၊ အလုပ်ရှင်ညစ်လို့ဆိုပြီး
    ဒီလိုစက်ရုံမျိုးဆိုတော့လည်း ကောင်းပါလေ့
    ဘာတွေက ဘယ်လိုရှိတတ်လဲဆိုတာ အစ်မပြောပါဦး
    ဗဟုသုတရတာပေ့ါ၊ မှတ်ထားရအောင် 🙂

    • etone

      October 28, 2011 at 9:15 am

      ညီမ ပန်ပန်ရေ .. စက်ရုံမှာ ဆန္ဒပြတယ်ဆိုတာ တကယ်လိုအပ်လို့တောင်းဆိုတာထက် …. ဝေးလား ဝါးလား … တိုင်ပင်ပြီး လုပ်ကြတယ်ဆိုတာ ခဏခဏ အဲ့လိုဖြစ်ပြီးနောက် အစ်မသိခဲ့ရတယ် … ။ တစ်ခါတစ်လေ … သူတို့ ဆန္ဒပြမယ်ဆိုပြီး အချင်းချင်းကြားနေတာတွေရှိတယ် .. ဒါပေမယ့် … လူမညီလို့… မဖြစ်ပဲ ပျက်သွားတာတွေလည်း ကြားဖူးတယ် … ။ လုပ်ခ လစာဆိုတာကတော့ … လူတိုင်း တိုးလိုချင်ကြတာပါပဲ … အစ်မတို့လည်း ရမယ်ဆိုလျှင် လိုချင်တာပေါ့လေ … ဒါပေမယ့် … ကိုယ်လိုချင်တဲ့ ပမာဏနဲ့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းတာ တန်ရဲ့လားဆိုတာတော့ သိရမှာပေါ့နော် …. ။ အလုပ်ချင်းအတူတူ တခြားစက်ရုံတွေနဲ့ ယှဉ်တဲ့အခါ .. အ စ်မတို့ ပေးတဲ့ လစာက ယှဉ်ကြည့်တောင် ပိုပါသေးတယ် … ။ အလုပ်ဝင်တာမှ တစ်လမပြည့်သေးဘူး .. လစာ တိုးတောင်းချင်တယ်ဆိုတာတွေကလည်း ရှိသေးတယ်လေ … လူအမျိုးမျိုး စိတ်အထွေထွေပါပဲ … ။ သူတို့ကို အိုဗာတိုင်းမ် ဆင်းတဲ့အခါ … ညနေ 8နာရီအထိဆို ပေါင်မုန့်ကျွေးတယ် … good morning က ထုတ်တဲ့ ပေါင်မုန့်လေ … အဲ့ဒါမစားချင်တဲ့လူ .. ပိုက်ဆံယူမယ်ဆိုလည်း ပေးတယ် … ။ အခုနောက်ပိုင်း .. အတော်လေးကို လိုက်လျှောပေးထားပါတယ် …. ဆူဆူပူပူ ဆန္ဒပြမယ် ဘာညာဆိုလျှင်လည်း … အလုပ်ပျက်လို့လေ …. ။ ဒုတိယပိုင်းကျလျှင် အဲ့ဒါတွေပါပါဦးမယ် … ။ စောင့်ဖတ်ပါဦးနော် …. ။ 🙂

      • pan pan

        October 28, 2011 at 10:04 am

        ိအချိန်ပိုဆင်းရရင် ဝန်ထမ်းတွေကို တစ်ခုခုကျွေးတာတော့ တကယ်ကောင်းတာ
        လူတစ်ယောက်က တနေကုန်အလုပ်လုပ်ပြီးရင် စွမ်းအင်ကကျလာပြီလေ
        အိမ်မှာ၊ အပြင်မှာ ပိုက်ပိုက်ရှိရင် ဝယ်စားလို့ရပေမယ့် အလုပ်ထဲကျ မလွယ်တော့ဘူး
        ကျွေးတယ်ဆိုတာတော့ တော်တော်ကောင်းတယ်
        အလုပ်သမားလည်း ကောင်းတယ်၊ အလုပ်ရှင်ဖက်ကလည်းကြည့်တော့ ကောင်းတယ်
        အလုပ်လည်း မြန်မြန်ကောင်းကောင်းပြီးနိုင်တာပေ့ါ
        စောင့်မျှော်ဖတ်ရှုပါ့မယ် အစ်မတော်ရေ….. 🙂
        စိတ်ဝင်စားနေပါတယ်

  • nikita

    October 28, 2011 at 9:27 am

    🙁 အဟင့် ခေါင်းစဉ်က တစ်မျိုးပဲ

    လူတိုင်းကတော့ ရှုထောင့်အမျိုးမျိုးက ကြည့်ကြတာပဲလေ
    ကိုယ်မြင်ရာပေါ့
    ဥပမာ – ပန်းဥယျာဉ်ထဲမှာ ရိုက်ထားတဲ့ မော်ဒယ်လ်တစ်ယောက်ဓာတ်ပုံ ဆိုပါတော့
    ကြည့်လိုက်ရင်
    တစ်ချို့က ပန်းတွေရဲ့အလှကို အရင်မြင်မယ်
    တစ်ချို့က ရှုခင်း
    တစ်ချို့က အဝတ်အစား
    တစ်ချို့က body structure
    အင်း……. တစ်ချို့ က………..

    *လူတစ်ကိုယ် အမြင်တစ်မျိုးပေါ့* 😀

    • etone

      October 28, 2011 at 9:35 am

      ဟုတ်ပါတယ် … လူတိုင်းမှာ မတူညီတဲ့ အတွေးတွေရှိပါတယ် ..ဝင်ရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ် … ခေါင်းစဉ်လေးက … ပထမပိုင်းမှာ သိပ်မသက်ဆိုင်ပေမယ့်.. တတိယပိုင်းမှာ သက်ဆိုင်လာပါလိမ့်မယ် … ဘာလို့လဲဆိုတော့ … ညီမနီကီတာရဲ့ စက်ရုံမှာ အလုပ်လုပ်နေပြီး … သင်တန်းတက်ချင်တဲ့ သူငယ်ချင်းလို အဖြစ်ပျက်လေးတွေပါမှာမို့လို့ပါပဲ … ။ 🙂

      • nikita

        October 28, 2011 at 10:01 am

        အင်း
        ဒါဆိုရင်တော့ စိတ်ဝင်စားသွားပြီ
        ဖတ်ချင်လာပြီ 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 28, 2011 at 10:19 am

    စက်ရုံတစ်ခုလုံးရဲ့အသွင်ပြင်ကို မတင်ပြပေးနိုင်ရင်တောင်
    အတွင်းပိုင်းဖွဲ့စည်းပုံအချို့လောက်တင်ပြပေးစေလိုပါတယ် ဒေါက်တာ
    လေ့လာခွင့်ရခြင်လို့ပါဒေါက်တာ
    စာအရေးအသားနဲ့လေယူလေသိမ်းက ကြေးမှုံနဲ့ မြန်မာ့အလင်းသတင်းစာတွေထဲက
    နိုင်ငံတော်ဝံဂျီးမှ ရေဘေးဒုက္ခသည်ဒွေဂို သွားရောက်တွေ့ဆုံအားပေးဒါကို
    ဒုက္ခသည်ဒေဂ အလွန်ဝမ်းသာအားရရှိဂျဒယ်ဆိုဒဲ့အကြောင်းဂို
    အယ်ဒီတာဂရေးပြဒါဂို ဖတ်ရသလို ခံဇားရဘာဒယ် ဒေါက်တာ
    ဆက်လက်ဖော်ပြဘာ ဒေါက်တာ မျှော်လင့်နေဘာမယ် ဒေါက်တာ
    ဘာဂို မမှီပီး ဘာဂိုမလှမ်းနဲ့ ဆိုဒါ ( ဝီစကီဒွင်ရောသော soda မဟုတ်ဘာ )
    မပေါ်သေးလို့ပါ ဒေါက်တာ
    ( ဒေါက်တာကို တတ်နိုင်သမျှ ဘိုလိုပီအောင်ပြောသည် ( တာ ) ကို လေသံအနည်းငယ်နှိမ့်ပြောသည် )

    • etone

      October 28, 2011 at 12:49 pm

      စက်ရုံ တွင်း ဓါတ်ပုံတွေ ပါ့ဘလစ်ချ်မဖြစ်ချင်လို့ … ကြေးနန်းရိုက်ပြီး အပ်ဒိတ်မဖြစ်တော့တဲ့… စက်ရုံရဲ့ ဝက်ဖ်ဆိုက်လိပ်စာ ပို့ပေးလိုက်မယ် … ။ ….
      ဒီမယ် အဘပု ….အစိုးရကို ယောင်ဝါးဝါး ဖားစရာ ဘာကိစ္စမှမရှိသလို စက်ရုံပိုင်းကိုလည်း ဖားစရာဘာကိစ္စမှမရှိဘူး … တန်ရာတန်ကြေးရလို့ … အလုပ်လုပ်တယ် … လုပ်ထားတဲ့ အလုပ်နဲ့ ပတ်သတ်လို့ … လူမသိသေးတာတွေပြောပြတယ် ဒီလောက်ပဲ … ။ သေသေချာချာ ထဲထဲဝင်ဝင်သိချင်လျှင် မြန်မာပြည်ပြန်ရောက်တဲ့အခါ လာလော့လာ …. ဒါဘဲ ။ 😆

  • “ဘီလူးကြီး”ogre

    October 28, 2011 at 10:24 am

    အနီကဒ်ပြတဲ့သူက
    ပထမ စာလုံးကြီးတွေကိုမသိသေးဘူးနဲတူတယ် ဗျ
    လုပ်ငန်းခွင် အတွေ့အကြုံတွေကတော့ပြောမဆုံးပေါင်တောသုံးတောင် လိုဖြစ်နေတယ်ဗျ
    တစ်ချို့ဟာတွေဆို သိပ်စိတ်ဝင်စားဘို့ကောင်းတယ်လေ..စောင့်ဖတ်နေပါတယ်ဗျား။။။

  • ကြောင်ကြီး

    October 28, 2011 at 11:06 am

    ဟုတ်ကဲ့.. ဒေါ်အီးဒုံးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တော်မှာ ကျင်းပမဲ့ အိုင်အယ်လ်အို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်အစည်းအဝေးကို အလုပ်သမားကိုယ်စားလှယ်အဖြစ် စေလွှတ်ဖို့ ပြည်သူလူထု တရပ်လုံးက တခဲနက် ရွေးကောက်တင်မြောက်လိုက်တဲ့ သံမဒဂျီး ဦးသိန်းစိန်မှ အတည်ပြုလိုက်သည်။

  • hmee

    October 28, 2011 at 1:51 pm

    လူအမျိုးမျိုး ဘဝအထွေထွေ ပဲနော်။ ကိုယ်မသိရသေးတာမို့ ဗဟုသုတရပါတယ်။ တုံပို့စ် တခုလုံး ရဲရဲနီနေပါလား။ ရွာသူလား၊ ရွာသားလား နှောက်ယှက်နေပြီ။ ကွင်းပိုင်၊ ရွာပိုင်တွေကို ပသရတော့မယ် ထင်ပါ့။ 🙁

  • chitlay

    October 28, 2011 at 2:14 pm

    etone ကို အားပေးတဲ့သူ များတယ်လား …. ရဲရဲကိုတောက်နေတာပဲ … 😀

    • etone

      October 28, 2011 at 2:40 pm

      လုပ်ချင်တာတွေလည်း လုပ်ကြပါစေကွယ် .. ဟဲဟဲ … 😆

Leave a Reply