အချစ်ဦး ၊ အချစ်ရူး

MariposaOctober 27, 20111min791

မချစ်ဖူးလျှင် ၊ ချစ်ဖူးချင်၍
ချစ်မိပြန်လျှင် ၊ မမုန်းချင်အောင်
ဘဝင်ညွှတ်နူး ၊ အချစ်ထူးသည့်
အရူးပမာ ၊ လမ်းတကာတည့် ။

မျှော်လင့်မိတိုင်း ၊ ရင်ထဲနင့်ဆို့
ထားခဲ့ဒဏ်ရာ ၊ မဖြေသာလည်း
ရင်မှာဝမ်းနည်း ၊ လွမ်းဆွတ်သော်လည်း
စိတ်မှာနာကျင် ၊ ထားခဲ့ချင်လည်း
ချစ်ဦးသူမို့ ၊ ပြစ်မယူဘူး . . . ။ ။

One comment

  • blackchaw

    October 29, 2011 at 11:04 am

    တစ်သက်တစ်ခါ၊
    တစ်လွှာတစ်ရွက်၊
    တစ်ခက်တစ်ပွင့်၊
    ငုံအဆင့်မို့၊
    ရင့်လို့ပဲဝါဝါ၊
    ညှာတံပဲပျောက်ပျောက်၊
    ဖျောက်ကနဲပဲကြွေကြွေ၊
    မြေမှာပဲရောက်ရောက်၊
    ဖွဖွလေးကောက်လို့၊
    ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်…..။
    စာသား နည်းနည်းမှားရင် ခွင့်လွှတ်ပါဗျာ။ ကိုစိန်ဝင်း (ပုတီးကုန်း) ရဲ့ အချစ်ဦးကဗျာလေးကို
    သတိရသွားလို့ပါ။

Leave a Reply