အလွမ်းစာမျက်နှာ

MariposaOctober 27, 20111min510

ဝေးကြပြီ ဆိုမှတော့
ဘာကို လွမ်းနေရဦးမှာလဲ
ဒါပေမယ့် . . .
ငါကတော့ လွမ်းတယ် ။
မင်းမရှိတဲ့ နောက်ပိုင်း
အလွမ်းတွေနဲ့
အဖော်လုပ်နေခဲ့ရတာ ကြာပြီ ။
အချိန်ဆိုတဲ့ အရာကလည်း
ငါ့အလွမ်းကို မကုစားနိုင်ဘူး ။
လူဆိုတာ . . .
ကိုယ့်သမိုင်း ကိုယ်ရေးကြတယ်ဆိုရင်
မင်းနဲ့ပတ်သက်ခဲ့တဲ့
ငါ့ရဲ့ သမိုင်းစာမျက်နှာတွေမှာ
အလွမ်းတွေချည်းပဲ ဖြစ်နေလောက်ပြီ ။