ဒေါ်ဂွက်ထော်ဆို ပျော်လွန်းလို့..

htet wayOctober 27, 20111min1400

မြန်မာပြည်မှာဆင်းရဲသားလျှော့နည်းရေးဆိုပြီးမြို့တွေမှာလုပ်လာကြတယ်။သိပ်ကောင်းတဲ့လုပ်

ဆောင်ချက်လေးပါ။ဒီမိုကရေစီစတင်ကျင့်သုံးပြီးလုပ်ဆောင်ချက်လေးလို့ပြောရင်ရပ်တယ်။ရပ်ကွက်

တွေမှာတဦးကိုသုံးသောင်းချေးပါတယ်။လုပ်ငန်းရှင်တွေဆီကငွေကိုထုပ်ချေးစေပြီးအတိုးနုန်းကနှစ်

ကျပ်ကျပါတယ်။အိမ်ဘေးနားကဒေါ်ဂွက်ထော်ဆိုပျော်လွန်းလို့ထတောင်ကပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကပြန်ချေးတာငွေတစ်ရာကိုတစ်ဆယ်တိုးပါ။သေသေချာချာစုံစမ်းပြီး

တော့ ..ဒေါ်ဂွက်ထော်ရေစီး့ပွားရေးလုပ်ငန်းရှင်တွေကချေးတာတစ်ရာကိုနှစ်ကျပ်တိုး

အခုချေးတာကတစ်ရ ာတစ်ဆယ်တိုးဘယ်လိုသဘောရလဲဆိုတော့

အိုကွယ်..ငါတို့ဆင်းရဲသားတွေကိုဘယ်သူယုံလို့လဲငါတို့တွေငွေအတွက်ငွေတစ်ရာကို

တစ်ဆယ်တိုးပေးရလဲယူပျော်ပါတယ်…တဲ့။အုပ်ချုပ်ရေးမှူးရုံးကရှစ်ကျပ်ပိုယူတာကတော့နောင်

ကိုချေးယူသူတွေကိုစုငွေသဘောပေးမယ်လို့ပြောပါတယ်။ငွေချေးသူတွေကိုရှင်းပြတာကြောင့်

သိရတာပါနောင်ခါလာနောင်ခါဈေးတော့မလုပ်ပါစေနဲ့လို့ဆုတောင်းမိပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီရနေပါပြီ။ဒါပေမယ့်မတိုးတက်သေးပါဘူး။

ဆိုက်ကားနင်းတဲ့ကိုဘသာကအရင်အစိုးရလက်ထက်ကလည်းကျွန်တော်ဆိုက်ကားသမား

အခုလည်းဆိုက်ကားသမားပါပဲလို့ပြောလာတော့ကျွန်တော်အတွေးဆင့်ပွားမိပါတယ်။လွပ်လပ်သော

ပြောရေးဆိုခွင့်နှင့်တိုးတက်သောလူအဖွဲ့အစည်းကိုတည်ဆောက်ရာမှာဒီမိုကရေစီစစ်ဖို့လိုအပ်ပါတယ်။

ကျွန်တော်တို့ညဉ်ဆိုးတွေဖျောက်ဖျက်ပစ်ရပါမယ်။ကျွန်တော်တို့ကိုယ်ကျင့်တရားတွေပြန်ဆန်းစစ်

ရပါအုံးမယ်။တကယ်တော့ကျွန်တော်တို့တွေအကြောက်တရားတွေများနေကြတုန်းပါပဲ။

အတိတ်ကအရိပ်တွေလွှမ်းမိုးနေတုန်းပါပဲ။စာရိတ္တတွေ၊ဖိနိပ်ချင်တာတွေ၊စည်းကမ်းတွေ

ပြုပြင်ကြရမှာပါ။

အခုဆင်းရဲသားလျှော့နည်းရေးကိုဆောင်ရွက်ရာမှာပညာပေးဟောပြောပွဲလေး

ပါတွဲဖက်လိုက်ရင်ပိုမကောင်းပေဘူးလား။အသိဉာဏ်မြင့်မားသူတွေများလေဖွံ့ဖြိုးလေပါပဲ။ဆင်းရဲသား

လျှော့နည်းမူဟာဘယ်သူမှလုပ်လို့မရပါဘူးကူညီလို့ပဲရမှာပါ။

ကိုယ်တိုင်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။မိမိကိုယ်တိုင်အားထုတ်ရမှာပါ။ငွေထုပ်ချေးပေးတာတော့

အင်မတန်ကောင်းပါတယ်။မြို့တွေမှာကြပ်တည်းနေကြတဲ့လူတွေများလွန်းပါတယ်။ဒီထက်ပိုပြီးစဉ်း

စားလုပ်ဆောင်ရင်မကောင်းပေဘူးလား။

ပညာမြင့်မှလူမျိုးတင့်မယ်ဆိုတဲ့ဆိုရိုးအတိုင်းအသိပညာမြှင့်တင်ရေးတွေ

ဆောင်ရွက်ပေးရင်ပိုကောင်းမယ်လို့ထင်ပါတယ်။ငွေကြေးတစ်နေ့တာရရှိတာနဲ့အသုံးစရိတ်မညီမျှ

တဲ့ဖြစ်စဉ်ပေါ်မှာကျွန်တော်တို့ကျရှုံးနေကြတာပါ။ဝင်ငွေလည်ပတ်စီးဆင်းမူမှန်ကန်လာရင်၊ဝင်ငွေ

ထွက်ငွေညီမျှလာရင်၊စနစ်တကျကူညီတာတွေရှိနေရင်ကျွန်တော်တို့လိုချင်တဲ့အလင်းရောင်ရလာ

မှာပါ။အရင်းစစ်ရင်စနစ်ကိုပင်အပြစ်တင်သည်..ဆိုတဲ့ဆရာဒေါင်းနွယ်ဆွေရဲ့ကဗျာလေးကိုပဲရွတ်ဆို

မိပါတော့တယ်။