မကြာခင် မော်ဒယ်လောကမှာ မြင်တွေ ့ရဖွယ်ရှိတဲ့ ကောင်မလေး

GreeNSheePOctober 27, 20111min34727

သူကလေးနဲ ့ဖေ့ဘုတ်မှာ ခင်မင်ခဲ့ရပါသည် ။

သူကလေး ဆိုတာ ၊ နာမည် က အိန်ဒရေ ။

ကွန်ပျူတာ တက္ကသိုလ် ကျောင်းသူလေး ဖြစ်သည် ။

1993 မွေးသူလေး ဆိုတော့ ၁၈ နှစ် ပြည့်ပြီးဖြစ်သည် ။

သူကလေးက ဟိန္ဒူမလေး ဖြစ်သည် ။

သူကလေး နဲ ့ချက်တင်းထိုင်ရာမှ သူကလေး၏  “ ပြင်းပြသော ရည်ရွယ်ချက်မှာ မော်ဒယ်ဖြစ်ချင်တာ ” ဟု သိလိုက်ရသည် ။

ခက်သည် ။ သူကလေးကို ဘီလ်ဘုတ်ထောင်ရိုက်ရအောင်လည်း ၊ ကိုယ်က ယခုသုံးသည့် အင်တာနက်ဖိုုးတောင် မနည်းတွက်နေရတဲ့လူစား ။

ဒီတော့ သူကလေး ၏ အလှဓါတ်ပုံများကို ပြန်လည် ဝေမျှ လိုက်ခြင်းဖြင့် ၊ သူကလေးကို မော်ဒယ်အဖြစ် သုံးမည့် မော်ဒယ်အေဂျင်စီများ ၊ စီးပွားလုပ်ငန်းရှင်များ တွေ ့မြင်ကြစေရန် ရည်ရွယ်လိုက်ပါသည် ။

eindray
eindray
eindray
eindray
eindray
eindray
eindray
eindray

 

27 comments

  • water-melon

    October 27, 2011 at 10:10 pm

    အစ်ကို GreenNSheeP ရေမော်ဒယ်လောက သူထက်သာတဲ့လူတောင် တိုးမပေါက်နေတာဗျ။ ခုခေတ်က တော်တော်များများမိန်းကလေးတိုင်းကို ဖြစ်ချင်တာကို မေးလိုက်တိုင်း မော်ဒယ်ဖြစ်ချင်တာနဲ့ အဆိုတော်နဲ့ မင်းသမီးတဲ့။ တိုင်းပြည်ကို ကျေးဇူးဆပ်နေကြတာလေ။ တစ်ဖက်တစ်လမ်းက ဇာတ်ကားတွေနဲ့ ပုုံတွေနဲ့လေ။ တစ်ချို့တော်တဲ့ ပညာရှင်တွေကလည်း ပြည်ပက လစာကောင်းတော့ ပြည်ပဘဲထွက်တာများတယ်။ ကြုံတုန်းပြောတာပါ ဆိုင်တော့မဆိုင်ပါဘူးနော်။ အဟီးနောက်ထပ် လန်းလန်းတွေရှိရင်မျှအုန်းနော။ အခုုုပုံတော့ မကြိုက်လို့မကူးတော့ဘူး အစ်ကိုရေ။

  • water-melonရေ
    ဒီပုံကိုတင်တဲ့သူက ပညာသားပါပါနဲတင်ထားတာ။
    ဒီအတို်င်းကြည့်ရင်ရိုးရိုးလေးပါဘဲ။
    ကြည့်တဲ့နေရာအနေအထား ဘိုလိုပြောရင် အန်ဂယ်ပြောင်းကြည့်လိုက်ပါ
    ဖုံးထားတဲ့နေရာလေးကနေတထူးခြားတာလေးတွေမြင်ရပါမယ်။
    နေရာပြောင်းကြည့်လိုက်နော်။

    • water-melon

      October 27, 2011 at 11:23 pm

      ကြည့်လိုက်ပြီ။ ခက်တာက ကိုပေါက်တို့လို အနီအောက်ရောင်ခြည်မစွမ်းဆောင်နိုင်သေးဘူးဗျ။
      ခုုမှကျင့်တုန်းမလို့ပါ။ ထူးခြားတာကတော့ ချွန်ထွက်နေတာဘဲ နှာခေါင်းလေးပြောတာပါ။
      အဟီး ဘာဘဲဖြစ်ဖြစ်ကြိုက်တယ်ဗျာ 😀

  • မှော်ဆရာ

    October 27, 2011 at 10:36 pm

    အကိုရေ နောက်တစ်ခါ ဓါတ်ပုံရိုက်ရင် မျက်လုံးကို အသေကြီးမထားပါနဲ့လို့ ….
    ကင်မရာကို ကိုယ့် ကိုကြည့်နေတဲ့ လူလို့ သဘောထားပါလို့ ..
    မျက်လုံးက သေလွန်းအား ကြီးတယ်ဗျာ …
    မျက်လုံးလေး အသက်ဝင်ရင် ပိုကြည့်ကောင်းသွားမယ် …
    အကြံပေးကြည့်တာပါနော်…

  • အလွန်တရာလှရင်တော့ စပွန်ဆာရနိုင်ပါတယ်။
    အလွန်တရာအေးတယ်ဆိုရင်လဲ စပွန်ဆာပေးတဲ့သူတွေ့နိုင်ပါတယ်။
    အင်း အလွန်တရာ ရိုးတယ်ဆိုရင်တော့ စပွန်ဆာက…………………………………

    • မှော်ဆရာ

      October 29, 2011 at 2:23 pm

      ဟယ် ကိုပေါက် ….. ကြည့်စမ်း ကြည့်စမ်း သိပ်သိနေပါ့လား.
      မဟုတ်မှလွဲရော စပွန်ဆာ ကိုပေါက်လားမသိ ….

  • ဖီးကျူ

    October 28, 2011 at 1:09 am

    ဟာရကေး … ဟိန္ဒူကားလားမလေးပေါ့နော်
    ဘာပဲဖြစ်ဖြစ် အကောင်ကြီးကြီး စပွန်ဆာရရင်တော့
    ချောင်လည်မှာပါ (စားဝတ်နေရေး ပြောတာပါ)

  • ကြောင်ကြီး

    October 28, 2011 at 9:26 am

    ပုံမကြည့်ခင် သိုးစိမ်းရေးတဲ့ စာဖတ်လိုက်တာ ကောင်မလေးနာမည် အိန်ဒရေဆိုတော့ နောက်ပြီထင်တာ သူလေးကို တွေ့လိုက်ရမှ ဦးကြောင် အိန္ဒြေမဆည်နိုင်အောင် သွားရည်တများများ ဖြစ်သွားရတယ်။ အိန္ဒြေလေးကို ချစ်လွန်းလို့ ဦးကြောင်ငယ်ငယ်ကထဲက နွားသားမစားဘူး.. သိလား..။ ဦးကြောင်ပြောတာ ယုံရင် ဂျီတော့ထဲမှာ ချစ်လိုက်..မှားလို့ ချက်လိုက်ကြရအောင်နော်။ :cops:

  • etone

    October 28, 2011 at 9:42 am

    ဓါတ်ပုံကိုကြည့်ရတာ အက်ထရက်ရှင် သိပ်မရှိသလိုပဲနော် … ဖော်ထားတာနဲ့ … ဓါတ်ပုံတစ်ပုံ ကြည့်ကောင်းပြီလို့ မဆိုနိုင်ပါဘူး … ။ အနုပညာဝါသနာပါပေမယ့် … ကိုယ့်မှာ ကိုယ်တိုင်အိတ်စိုက်မလုပ်နိုင်လျှင် အဆင်ပြေမှာ မဟုတ်ပါဘူး … ။ မဖြစ်နိုင်တာနောက်ကို လိုက်နေရင်း .. ဖြစ်နိုင်တာတွေပါ ဆုံးရှုံးရတတ်ပါတယ် …. ။ တကယ့်ကို ကိုယ်တွေ့ပါပဲ … 🙂

    ကိုယ့်ကိုယ်ကို ကွန်ဖီးဒန့် ရှိတယ်ဆိုလျှင် အခုပွဲတွေရှိတယ် … ဝင်ပြိုင်ကြည့်ပါ … ဆုတစ်ခုခုလောက်ချိတ်တာနဲက အခွင့်လမ်းတွေ ပွင့်လာနိုင်ပါတယ် … လတ်တလော ပြိုင်ပွဲဆိုလို့ကြားမိတာ …. အော်ရာမင်း အက်ဖ်က ပွဲတခုရှိတယ် … ။

  • htet way

    October 28, 2011 at 9:57 am

    မသိမူ(အဝိဇ္ဖာ)ကကြောက်ဖို့ကောင်းပါတယ်။ လောကမှာမက်မောမူဟာကြောက်စရာ
    ကောင်းပါတယ်။အလှမက်ရင်ဘဝပျက်ကြတယ်လေ။ဝါသနာကိုအရင်းတည်ပြီးကြိုးစား
    လို့အောင်မြင်သူတွေရှိကြပါတယ်။နေရာတိုင်းမှာအခွင့်ရေးသမားတွေရှိပါတယ်။ဆောင်း
    ပါးရှင်ကစေတနာနဲ့တင်ပေးတာပါ။သက်ဆိုင်သူတွေကလည်းမြေထောင်မြှောက်ပေးကြ
    ရင်ကောင်းမှာပါ။ဟိန္ဒမလေးလို့တောမသုံးပါနဲ့ဗျာသူကိုကြည့်ရတာနိင်ငံသားပါ။မော်ဒယ်
    ဖြစ်နိုင်ပါတယ်။ကြိုးစားမယ့်ပုံပါ။ကဲ…ဓါတ်ပုံမော်ဒယ်ကောင်မလေးရေ အောင်မြင်ပါစေ
    ကွယ်။မင်းလေးအေးချမ်းပါစေ။

  • ရွှေဘိုသား

    October 28, 2011 at 10:23 am

    အစ်ကို GreeNSheeP ရေ ကျနော် နဲ့ ဆက်သွယ်ပေးပါလား ကျနော် ရွှေဘို သနပ်ခါး ကြော်ငြာချင်တာ မင်းသမီး မငှားချင်ဘူး ဝါသနာပါတဲ့ လူငယ်တွေနဲ့ပဲ ရိုက်ချင်လို့ လေးပေါက် ဒီတစ်ခုတော့ လိုက်လျောပေးနော် သားသားငှားလိုက်တော့မယ်

  • pan pan

    October 28, 2011 at 10:27 am

    ဘဇာကြောင့်များ မော်တာဂဲလုပ်ချင်ရပါလိမ့်
    သူ့ပုံလေးက မဆိုးပါဘူး
    အသက်လေးကလည်းငယ်တော့ နုနုငယ်ငယ်ပေ့ါ
    ထူးထူးခြားခြား ထင်းကနဲတော့ ဖြစ်မနေဘူး
    နာမည်ရလာရင်တော့ အပြင်အဆင်တွေလည်း တမျိုးဖြစ်လာတော့မှာပေ့ါလေ 🙄

  • ဆူး

    October 28, 2011 at 11:15 am

    မျက်လုံး အရောင်လက်မလက်ဘူးနော်.. ဥပမာ ကင်မရာကို ညို့အားပြင်းပြင်းနဲ့ စိုက်ကြည့်တာမျိုး.. ကင်မရာသမားကို ကိုယ့်ကို စကားလာပြောတဲ့ လူကို ပြန်စိုက်ကြည့်ပြီး ပြောတဲ့ ပုံစံမျိုး… အာရုံ စူးစိုက်ပြီး တည့်တည့် ကြည့်တာမျိုးပေါ့.. နောက်ပြီး မျက်လုံး အနေအထား ခြယ်သ ထားတာနည်းနည်း အရောင်တင်သင့်တယ် နှုတ်ခမ်းနီ အရောင်လေးလည်း နည်းနည်း တင်ပေါ့.. အသားနည်းနည်းတိုးအောင် ပဲနဲ့ နို့တော့ များများ စားသင့်တယ်.. လက်မောင်းတွေက အသားမရှိလို့ အရိုးကြီးပဲ အသားတွေတောင် ချောင်နေတယ်။ ဟိဟိ..
    ခေးမလေးက ပင်ကို သဘာဝ အလှ ရှိပါတယ်။ ငယ်တယ် ဆိုတော့ နုတာလည်း ပါတာပေါ့.. ငယ်ဂုဏ်ပေါ့။

    • ကြောင်ကြီး

      October 28, 2011 at 12:00 pm

      စိတ်ထင်တာ လျောက်ပြောမနေနဲ့ ဖွားဆူး။ မြန်မာမော်ဒယ်တွေကြည့်လိုက်ရင် အဆီတထပ် အသားတထပ် (စိတ်ဆိုးနဲ့နော် ကြောင်ကြီးပြောရင် နဲနဲပိုတတ်တယ် 😀 ) သူတို့ လက်မောင်းတွေက ခြေသလုံးလောက် ခြေထောက်တွေက ပေါင်လောက်၊ ပေါင်လုံးတွေက ခါးလောက်ရှိလို့ ဦးကြောင် ကိုယ့်ဗလကိုယ်ကြည့်ပြီး စိတ်အားငယ်ရတယ်။ အိန္ဒြေလေးဆိုက်က အနေတော်ပဲ။ ကြီးသင့်တဲ့နေရာကြီးထားရင် ပြီးတာပဲ။ နော် အိန္ဒြေနော်…..။ 😉

      • kai

        October 28, 2011 at 12:14 pm

        ကိုရင်ကြောင်ကြီး.. အမေရိကန်မျက်လုံးဖြစ်နေပြီ..။
        အခုတယောက်က.. အရပ်လည်းရှည်ပုံရပါတယ်..။ ကြွက်သားလေးဘာလေး ထွက်အောင်.. အားကစားတော့လုပ်သင့်တယ် ထင်တာပဲ..။

        ဆိုတော့… ကိုရင်သိုး( SheeP) က.. အင်တာဗျူးလုပ်ပြီး Category, Mandalay Gazette > Cover Faces မှာတင်လိုက်ပါလား..။
        ရွာသူတွေဆီက.. အနေအထား..ဘာညာ.. အိုင်ဒီယာအကူအညီတောင်းပေါ့..။
        ယူအက်စ်က..ရုပ်ရှင်ဒါရိုက်တင်းနဲ့.. ကျောင်းပြီးပြီး.. မြန်မာပြည်ရုပ်ရှင်ပြန်ရိုက်မယ့်.. ရိုက်နေတယ့် လူတွေရှိတယ်..။
        သူတို့က.. မြန်မာမိုဒယ်တွေကို.. အမေရိကန်မျက်လုံးနဲ့ကြည့်နေတာ…။

        အခုလို ပါးပါးသွယ်သွယ်.. အသစ်ဆို စိတ်ဝင်စားချင်စားမှာပေါ့…။ 😉

        • GreeNSheeP

          October 29, 2011 at 2:02 pm

          အက်ဒမင်ရေ
          ကျောင်းပြီးမှ သူလေးဝါသနာပါရာကို သူလေး မိဘများက ခွင့်ပြုမှာပါတဲ့ ။

  • chityimhtoo

    October 28, 2011 at 12:05 pm

    တူလေးကဘယ်ဒူရေးရဲ။ ဓါတ်ရှင်မင်းဒမီးဖစ်ချင်တာလား။ဒါဆိုပြောပေးပါနော်…မြဟင်္သာရယ် ရီပိုရယ် ဖျံသိုရယ် ဆာဒူးကြီးရယ် ကြော်ငြာလေးအတွက်မင်တမီးလိုလို့လို့…..နော်နော်နော်

  • zaymdy

    October 28, 2011 at 12:38 pm

    အနော်ပြည်လမ်းက ဘယာကြော်ဆိုင်လေးအတွက် ကြော်ငြာ ရိုက်ချင်တယ်ဗျို…:P
    ကျွန်တော်လည်းအကြံဝင်ပေးမယ် ဒီထက်ဝလာအောင် (ပြည်2)လေးဖြစ်လာအောင် တစ်နေ. ငှက်ပျော်သီး ဖီးကြမ်း အလုံး 50 စားပါလို.. ဟီး 🙂

  • ko r kar

    October 29, 2011 at 3:02 am

    ပုံစံလေးကတော့်မဆိုးပါဘူး ဦးလေးတို့အကြိုက်ပေါ့ ဘယ်ပြောကောင်းမလဲ။

    • Yin Nyine Nway

      October 29, 2011 at 2:48 pm

      ဟဲ့ ကလေး ကလေးအရာနေစမ်း ရွေဘိုသား
      လူကြီးတွေတောင် ဝေစုမတက် ..(အဲ…မှားလို့)
      ဘယ်လို အက်ထရက်ရှင် ရှိအောင် လုပ်ရမှန်း မသိပါဘူးဆိုနေမှ

  • water-melon

    October 29, 2011 at 11:26 am

    ဟေ့ဟေ့ အကုန်လုံးပြန်ကြတော့။ သူလေးကို ဌားပြီးပြီကွ။ ဖရဲသီးရဲ့ သစ်သီးဆိုင်လေးအတွက် wallpaper ရိုက်ဖို့ ဒါရိုက်တာ ဒေးဗစ်ကင်မရွန်းတောင် မန်းလေးရောက်နေပြီ။လက်လျှော့လိုက်ကြပါတော့။
    ရွာသူရွာသားတွေလည်း လာခဲ့ပါအုန်းဖိတ်ပါတယ်။
    ကျွေးမှာက cafe JJ မှာနော်
    အချိန်က ၉နာရီ ၅၉မိနစ် မှ ၁ဝနာရီ ထိ
    လက်ဆောင်ပေးလည်းပျော်ပါတယ်။

  • Nyein

    October 29, 2011 at 3:52 pm

    မေးလိုက်ကြည့်ချင်ပါတယ်……သူများကို စော်ကားတာတော့ဟုတ်ပါဘူး…..မော်ဒယ်ဖြစ်ခြင်တာလား……….စပွန်စာ ရှာချင်တာလားလို့လေ…..ဟဲဟဲ…..:)

  • KMN

    October 29, 2011 at 4:45 pm

    ”ကိုယ်ဖြစ်ချင်တာဖြစ်ကြမယ်ဆိုရင်တော့ စိတ်ဆင်းရဲမှုဆိုတာ လောကမှာရှိမှာမဟုတ်” အားငယ်မိသောစကားကိုဆိုခြင်းမဟုတ်၊ မိမိအနေထားဟာ ရည်မှန်းချက်ဆီ ရောက်နိုင်/မရောက်နိုင် သုံးသပ်ဖို့တော့ လိုမည်ထင်၊ မဟုတ်က Nyein ပြောသလိုဖြစ်သွားမယ်။

  • Mr.Know-All

    October 29, 2011 at 11:09 pm

    နာမည် နဲ့ နေပုံထိုင်ပုံနဲ့ လွဲနေသလိုပဲနော်
    ခုခေတ်က မော်ဒယ်မှန်ရင် ပြနိုင်ရမယ်ဆိုတဲ့ သဘောလား
    အရင်တုန်းကတော့ အလှူမလုပ်နိုင်ရင် ဈေးရောင်းတဲ့
    ခုခေတ်ကတော့ မော်ဒယ်လုပ် ဖြစ်နေပြီလားမသိပါဘူးဗျာ
    တစ်ခုတော့လည်းရှိပါတယ် ဝိုင်းစု သီချင်းထဲကလို ကုသိုလ်ရပါတယ် ပေါ့
    အဲတော့ ဝိုင်းပြီးသာဓုခေါ်လိုက်ကြရအောင်ဗျာ
    သာဓု…သာဓု…သာဓု. ဂလု (အဲ ယောင်လို့)
    (မှတ်ချက်-လေးစားထိုက်သော ပြည်သူချစ် အနုပညာရှင်များကို လေးစားပါသည်)

  • Toungoo Thar

    November 1, 2011 at 8:28 pm

    မော်ဒယ်ဂဲယ်ဖြစ်ချင်တာတဲ့… ရည်ရွယ်ချက်ကကောင်းပါတယ်…
    ကိုယ့်အတွက်ကောင်းမယ်ထင်ရင် တကယ်ကောင်းပါတယ်…

  • pasi

    November 23, 2011 at 11:49 pm

    သူဘာသာ ဘာကြီးဖြစ်ချင်ဖြစ်ချင် ဖြစ်ပါစေ လောလောဆယ်ပုံလေးတွေနဲ့ ဦးပေစိတို့ကို ဒါနပြုတာကို သာဓုခေါ်ရမယ်လေ …. ဟုတ်ဗူးလား ဟဲဟဲဟဲ(ကောလိပ်ဂျင်နေဝင်း ရယ်သံဖြင့်ရယ်သည်)

Leave a Reply