ဘန်ကောက်တွင် ညမထွက်ရအမိန့် ရက်ထပ်တိုး

littlekaungMay 21, 20101min691

ဘန်ကောက်တွင် ညမထွက်ရအမိန့် ရက်ထပ်တိုး ညမထွက်ရအမိန့် ကို ဘန်ကောက် အပါအဝင် တစ်ခြားမြို့နယ် ၂၄ ခုကို ညမထွက်ရအမိန့် ရက်ထပ်တိုး လိုက်ပါတယ်. ညမထွက်ရအမိန့်ကို စနေ နေ့အထိဖြစ်ပြီး ည ၈ နာရီ က နေ မနက် ၆ နာရီ ကို ည ၉ နာရီ က နေ မနက် ၅ နာရီ ထိ ဖြစ်ပါတယ်. အကျီ င်္အနီဝတ် ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်တွေ လက်နက်ချ အဖမ်းခံခဲ့ကြပေမဲ့ ဆန္ဒပြ သမားတွေက ဒီကနေ့ မြို့တော်တခွင်မှာ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာပါ။ ထိုင်း စတော့ခ်ရှယ်ယာဈေးကွက်၊ အဓိက ကုန်တိုက်ကြီးတခု၊ ဒေသခံ ရုပ်မြင်သံကြားဌာန တခုနဲ့ ဘဏ်တွေမှာ မီးလောင်မှုတွေ ဖြစ်ပွားနေတာပါ။ တိုက်ခိုက်မှုတွေ ဘန်ကောက်မြို့မှာ သာမက တခြားနယ်မြို့တွေမှာပါ ဖြစ်ပွားနေပြီး ဥဒုံဌာနီ၊ ခွန်ခေး စတဲ့မြို့တွေမှာလည်း အစိုးရ အဆောက်အဦးတွေကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေက နောက်ထပ် သွေးမြေကျမှုတွေကို ရှောင်ရှားနိုင်ဖို့ ဆန္ဒပြပွဲတွေကို အဆုံးသတ်တော့မယ်အကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ကြတာပါ။ ဘန်ကောက်မြို့က ဆန္ဒပြ သူတွေ အကာအရံ အတားအဆီးတွေနဲ့ ယာယီစခန်းချထားရာ နေရာတွေကို ဝင်ရောက် ဖြိုခွင်းခဲ့တဲ့နောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေအတွင်း အီတလီ သတင်းထောက်တဦးလည်း သေဆုံးခဲ့ပြီး နောက်ထပ် နိုင်ငံခြားသားသတင်းထောက် ၂ ဦး လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ref;daily news

One comment

  • yannaingech

    May 21, 2010 at 4:42 am

    အရက်မူးပြီးသောင်းကျန်းတော့…ရပ်ကွက်ရုံးမှာရှင်းရင်ပြီးသွားတယ်။ ဒီမိုကရေစီမူးပြီးသောင်းကျန်းတော့…ဘယ်လိုရှင်းကြမလဲ…အရပ်ကတို့ရေ…

Leave a Reply